Showing posts with label သုတ. Show all posts
Showing posts with label သုတ. Show all posts

Tuesday, 2 June 2009

ရယ်မောခြင်းအမျိုးမျိုး

ရယ်မောခြင်းသည်စိတ်အာဟာရတစ်မျိုးဟုဆိုကြသည်။ရယ်မောခြင်းဆိုင်ရာအတွေးခေါ်အမျိုးမျိုးရှိကြသည်။
အောက်ပါတို့မှာ မြန်မာဝီကီမှ တစ်စိတ်တစ်ဒေသ ကူးယူဖော်ပြသော ရယ်မောခြင်းဆိုင်ရာ အယူအဆတို့ဖြစ်
ပါသည်။
အနောက်တိုင်းအယူ
လူတစ်ဦးတစ်ယောက် ပြုံးရယ်သည့်အခါ မျက်နှာတွင်ရှိသော အကြောပေါင်း ၁၅ခုမှာ ကျုံ့သွားပြီး အသက်ရှူ
ဟန်လည်းအနည်းငယ်ပြောင်းလဲသွားသည်ဟု ယခုခေတ်အနောက်တိုင်း သိပ္ပံဆရာများကဆိုပါသည်။လူတစ်
ဦး ပြုံးရယ်ဟန်ကို အသေးစိတ်လေ့လာကြည့်လျှင်-
၁။ ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း ၂။ အထက်နှုတ်ခမ်းမြင့်တက်သွား
၍ သွားများပေါ်လာခြင်း ၃။ နှာခေါင်းနှင့်နှုတ်ခမ်းအကြားရှိ အသားများ ကွေးကောက်တွန့်လိမ်ခြင်း ၄။ မျက်စိ
များ အရောင်တက်လာခြင်း ၅။ အောက်မျက်ခမ်းအသားလေးများ တွန့်လိမ်ခြင်းများကိုမြင်တွေ့ရမည်ဟုဆိုပါ
သည်။ ယင်းငါးမျိုးသောမျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣနြေ္ဒမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်သည်။
ထို့ထက်ပိုမိုပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်းဖြစ်ပွားလာမည်ဆိုလျှင်မူမျက်ရည်များထွက်လာတတ်၍မျက်
စိအရောင်တောက်ပမှုလျော့ပါးသွားတတ်ပေသည်။ အသံလည်းထွက်လာသည်။ ဝါးကနဲပွဲကျပြီး ခွက်ထိုးခွက်
လန် ရယ်မောသည်အထိ အဆင့်အတန်း အမျိုးမျိုးပြောင်းလဲသွားတတ်သည့် လက္ခဏာများရှိကြောင်း  ကမ္ဘာ
ကျော်လောကဓာတ်ဆရာကြီး ချားလ်စ်ဒါဝင် က ရေးသားဖော်ပြခဲ့ဖူးသည်။
အရှေ့တိုင်းအယူ
ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်းပင်ဖြစ်သည်။ သို့မဟုတ် ကြည်နူးစရာ၊ပီတိဖြစ်စရာတည်းဟူသော
ပျော်မွေ့နှစ်သက်သည့် စေတသိက်အဆင့်သို့ ပို့ဆောင်ခြင်းဖြင့် တမုဟုတ်အတွင်းဆိုက်ရောက်စေသည်။
ရယ်မောခြင်း ၆ မျိုး
၁။ မျက်စိပွင့်ရုံပြုံးရယ်ခြင်း  ၂။  သွားစဉ်းငယ်ပေါ်ရုံရယ်ခြင်း  ၃။  ညှင်းညှင်းချိုချိုအသံထွက်ရုံရယ်ခြင်း ၄။ ပခုံး
နှင့် ဦးခေါင်း လှုပ်ကြွ၍ရယ်ခြင်း ၅။  မျက်ရည်ထွက်အောင်ရယ်ခြင်း  ၆။  ကိုယ်ကိုလှုပ်ကာ  ခုန်ပေါက်ရယ်ခြင်း
စသည်ဖြင့်ရေးသားထားပါသည်။
အနောက်တိုင်းဟာသ ၉ မျိုး
မြင့်ရာမှနိမ့်ရာသို့လျှောကျခြင်း၊ သရုပ်ပျက်၊  ဥပမာမြောက်၊  ပကာသနကိုဖောက်ထွင်းပစ်ခြင်း၊ သဏ္ဍာန်လုပ်
သရုပ်ဖော်၊ အသံထွက်ဆင်တူ၊ ဇဝနဥာဏ်၊ ခေတ်ပြောင်၊ စကားထာ စကားဝှက်
နောက်ဆက်တွဲ ၆ မျိုး
နာမည်ကျော် ဥရောပစာရေးဆရာ  ကောစလားက ယင်းသို့ဟာသ ၉မျိုးဖော်ပြထားသော်လည်း အမှန်မှာ အ
ခြားအမျိုးအစားအများအပြားကျန်ရှိနေသည်ကို လက်လှမ်းမီသလောက်ဖော်ပြရသော်-
အနန္တောအနန္တငါးပါးကိုပျက်ရယ်ပြူခြင်း၊ ကျောင်းသားအလွဲဖြေ၊ ခနိုးခနဲ့၊ ကလေးချော့၊ စာဖျက် စသည်တို့ဖြစ်
သည်။ 

Sunday, 22 February 2009

ILBC SCIENCE FAIR 2007

ရဟတ်ယာဉ်

ရဟတ်ယာဉ်
ရဟတ်ယာဉ်သည်  လေထဲတွင် သွားလာနိုင်ယုံမျှမကဘဲ  ဒေါင်လိုက် တည့်တည့်မတ်မတ်ပင်  တက်ဆင်း နိုင်
သောယာဉ်အမျိုအစားဖြစ်ပြီး ပင့်အားရရှိနိုင်ရန် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသောပန်ကာဒလက်များတပ်
ဆင်ထားကြသည်။ ၄င်းတို့အတွက် ပင့်အားကို Rotor  ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်၊
ဆင်းနိုင်ကြသည်။ လေယာဉ်ပျံများထက် ရဟတ်ယာဉ်များ၏အားသာချက်မှာ တည့်တည့်တက်ဆင်းနိုင်သော
ကြောင့် ပြေးလမ်းမလိုအပ်ခြင်းနှင့် လေထဲတွင် ရပ်တန့်နိုင်ခြင်းတို့ဖြစ်သည်။ ရဟတ်ယာဉ်များသည်  သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မီးသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
နှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များဖြစ်ကြသည်။
အေဒီ (၄၀၀) ခန့်ကတည်းက တရုတ်ကလေးငယ်များသည် ပန်ကာဒလက်သုံး၍ လေထဲပျံတက်နိုင်သော က
စားစရာများ ကစားခြင်းတို့မှာ ရဟတ်ယာဉ်များပေါ်ပေါက်လာခြင်း၏ ကနဦးအစဖြစ်သည်။ ၁၇၅၄တွင် ရုရှတို့
က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ပျံတက်နိုင်သော ယာဉ်ပုံစံကို  ရေးဆွဲခဲ့ကြသည်။ ၁၈၆၀ မှ ၁၈၈၀
ကာလအတွင်း ရဟတ်ယာဉ်ပုံစံမျိုးစုံကို  တီထွင်ခဲ့ကြသည်။  ၁၈၈၀တွင်  သောမက်စ်အက်ဒီဆင်က  ရဟတ်
ယာဉ်ပုံစံငယ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ပြင်သစ်ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီ
ထွင်ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အ
မြင့် (၂) ပေခန့်မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြားပြင်သစ် ပညာရှင်တစ်ဦးက ပေ(၂၀)အ
မြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့သည်။ ၁၉၅၁တွင် အမေရိကန်ရေတပ်က တာဘိုင်အင်
ဂျင်သုံးရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉)ရာစုနှောင်းပိုင်းရောက်လာသောအခါ ပိုမို၍ပေါ့ပါး လျင်မြန်
ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
လီယိုနာဒို ဒါဗင်ချီသည်လည်း လေထဲသို့ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန်လွန်သွားကဲ့သို့ဒလက်ပါဝင်သော
ပုံကို ရေးဆွဲစိတ်ကူးခဲ့ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟုသူ့ခေတ်အခါက
လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့စကီးသည် အောင်မြင်မှုရအောင် တီ
ထွင်နိုင်ခဲ့သည်။
 စစ်ဘက်သုံးရဟတ်ယာဉ်များ
AH-64 Apache
တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။ ပထမဆုံးပျံသန်းမှုကို
၁၉၇၅ စက်တင်ဘာ၃၀ တွင်ပြုလုပ်ခဲ့သည်။ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈)သန်းရှိသည်။(၁၉၉၆)
ခုနှစ်မှတန်ဖိုးဖြစ်သည်။ ထိုသို့သော ရဟတ်ယာဉ်ပေါင်း ၂၀၀၀ ခန့်ထုတ်လုပ်ပြီးဖြစ်သည်။
..............
 
Eurocopter Tiger
၎င်းအမျိုးအစားမှာတိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်းနာမည်
အတိုင်းပင်ဖြစ်သည်။ ပထမဆုံးပျံသန်းမှုကို ၁၉၉၁ ဧပြီတွင်ပြုလုပ်ခဲ့သည်။ စတင်တာဝန်ထမ်းဆောင်သောခု
နှစ်မှာ ၂၀၀၃ခုနှစ်ဖြစ်သည်။ အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဂျာမဏီ၊ ပြင်သစ်၊ သြစတြေးလျ နှင့်စပိန်နိုင်
ငံတို့ဖြစ်သည်။ တစ်စီးတန်ဖိုးမှာ ကန်ဒေါ်လာ (၃၈-၄၈)သန်းဖြစ်သည်။ (wikimyanmar)
..............
ယခုအခါ စစ်ဘက်သုံးတင်မက တစ်အိမ်ထောင်စုသုံး ရဟတ်ယာဉ်များကို တစ်ချို့နိုင်ငံများတွင် လိုင်စင်ပေး
အသုံးပြုလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း များမကြာသော ကာလတွင် မတလ ရဟတ်
ယာဉ် ၊ စက ရဟတ်ယာဉ် ၊ နောက် နံပါတ်ပြားမပါသော ရဟတ်ယာဉ်များ ရောက်ရှိလာတော့မည်မှာ မြေ
ကြီးလက်ခက်မလွဲပင်ဖြစ်ပါတော့သည်။ :) :) :)

Friday, 6 February 2009

အကယ်ဒမီ

နိုင်ငံပိုင်သတင်းစာများရဲ့ကြေငြာချက်အရ ၂၀၀၇ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီး
ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ  ၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။  တစ်နှစ်လုံးမှာမှ  လက်ချိုးရယ်လို့ရ
တဲ့ ရုပ်ရှင်ကားများထဲမှ  အကောင်းဆုံးရုပ်ရှင်ဆုများကို ချီးမြင့်မှာဖြစ်ပါတယ်။ အကယ်ဒမီ အကယ်ဒမီ နဲ့ ပြော
ပြောနေပေမယ့် မြန်မာနိုင်ငံရဲ့ အကယ်ဒမီသမိုင်းကြောင်းသိသူခပ်ရှားရှားရယ်ပါ။ ကျွန်တော်အပါအဝင်ပေါ့...
ဒီနေ့တော့ အကယ်ဒမီ ဆိုတာကြီးနဲ့ပက်သက်တဲ့ ဗဟုသုတအကြောင်းလေးကို မျှဝေပါရစေ ... ဒီလိုပါ ....
မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုပ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ပြည့်နှစ်တွင်ပေါ်ထွန်းလာခဲ့ပြီးပထမဆုံးအကယ်ဒမီ
ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ဖြစ်သည်။ ၁၉၅၂-၅၃ခုနှစ်တို့တွင် ဇာတ်ကားဆု(၃)ဆု၊ ပညာသည်ဆု
(၂)ဆုဖြင့် စုစုပေါင်းထူးချွန်ဆု(၅)ဆု ချီးမြင့်ခဲ့သည်။  ပထမအကောင်းဆုံးဇာတ်ကားဆု-ရွှေကိန္နရီရုပ်၊  ဒုတိယ
အကောင်းဆုံးဇာတ်ကားဆု-ငွေဒေါင်းရုပ်၊တတိယအကောင်းဆုံးဇာတ်ကားဆု-ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး
အမျိုးသားပညာသည်ဆု-ရွှေရင်ထိုး၊ အကောင်းဆုံးအမျိုးသမီးပညာသည်ဆု-ရွှေရင်ထိုး.....စသည်ဖြင့် အဆင့်
အလိုက်ဆုများချီးမြင့်ခဲ့သည်။  ၁၉၅၂ခုနှစ်တွင်  ပထမဆုံးအကြိမ်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ဗြိတိသျှ
ဘားမားရုပ်ရှင်  ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ မာလာရီ  ဇာတ်ကား၌အကောင်းဆုံး  သရုပ်ဆောင်ထားသော
ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။   မြန်မာနိုင်ငံတွင် ပထမဆုံးဆုချီးမြင့်ခြင်း
ခံရသည့်ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ချစ်သက်ဝေ ဇာတ်ကားဖြစ်
သည်။ အဆိုပါဇာတ်ကားတွင်သရုပ်ဆောင် ကြည်ကြည်ဌေး မှာ မြန်မာ့ပထမဆုံး အမျိုးသမီး ထူးချွန်ဆုကိုရရှိ
ခဲ့သည်။ 
၁၉၅၄ခုနှစ်တွင် ပထမဆုံးချီးမြင့်သော ဒါရိုက်တာ ထူးချွန်ဆုကို သြော်မိန်းမ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှရ
ရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု ဒုတိယ ရရှိခဲ့သည်။ ၁၉၅၅ခုနှစ်
တွင်ဇာတ်ကားထူးချွန်ဆုကို ပထမ၊ဒုတိယ၊တတိယ ခွဲမနေတော့ဘဲ အကောင်းဆုံးဇာတ်ကားဆုတစ်ဆုတည်း
ကိုသာ ချီးမြင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊  အမျိုးသမီးပညာသည်ဆု၊  ဒါရိုက်တာဆုများကို  ပေးအပ်နေ
ခြင်းဖြစ်ရာအထူးဆုအနေဖြင့် ဝင်းမော်မှ ဖိုးပြုံးချို ဇာတ်ကားဖြင့်  ၁၉၅၅ခုနှစ်တွင် ပထမဆုံးချီးမြင့်ခြင်းခံရပြန်
သည်။ ၁၉၅၆ခုနှစ်တွင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ လွမ်းငွေ့တဝေ
ဝေ ဇာတ်ကားဖြင့်ရရှိခဲ့သည်။၁၉၆၂ခုနှစ်တွင်ထူးထူးခြားခြားပေးအပ်ခဲ့သည့်ဆုမှာဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်
တစ်ခုလုံးကို  အထမြောက်အောင်ပို့ပေးရသော သရုပ်ဆောင်များအဖြစ်  ဦးကျောက်လုံး  နှင့်  ဒေါ်မေနွဲ့ တို့မှ
အတွေ့ဇာတ်ကားကြီးဖြင့် အကောင်းဆုံးဇာတ်ပို့ဆုများ အဦးဆုံးရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ  ရုပ်ရှင်သမိုင်းတွင်  ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။  အောင်
ထွန်းလေးသည် ၁၉၇၇ခုနှစ်တွင် အဖေတစ်ခုသားတစ်ခု ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင်ဆုကို
ရရှိခဲ့သည်။
၁၉၉၁ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆုအပြင်ငွေသားနှစ်သောင်းကို ချီးမြင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင်
အများဆုံး အထောက်အပံ့ပေးနိုင်သောဆုတစ်ဆုရရှိခဲ့သည်။ ထိုဆုမှာ ပရိသတ်ကို ငိုအောင်၊ရယ်အောင်၊ ရင်
ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံ၏ဂီတဖခင်ကြီး တစ်ဦးဖြစ်
သည့် ဂီတလုလင်မောင်ကိုကို  မှ  ၁၉၉၁ခုနှစ်တွင် မယ်သီတာလိုမိန်းကလေး  ဇာတ်ကားဖြင့်  ပထမဆုံးရရှိခဲ့
သည်။  ၁၉၉၃ခုနှစ်တွင် ငွေသားနှစ်သောင်းကို  ချီးမြင့်ခြင်းမပြုတော့ဘဲ  ရွှေကိန္နရီရုပ်တွင်တပ်ဆင်သော ငွေ
ကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြင့်ခဲ့သည်။ ရှားရှားပါးပါး ပရိသတ်
သတိမထားနိုင်သည့်  ပညာသည်ဆုတစ်ဆုကို  ၁၉၉၄ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌  ထပ်တိုးချီးမြင့်ခဲ့သေးသည်။
ထိုဆုမှာ  ရုပ်ရှင်အသံဆုဖြစ်သည်။  ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ သရဖူ ဇာတ်ကားဖြင့်  ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး  အကောင်းဆုံးကြည့်ရှုနိုင်အောင်  အပြတ်အတောက်မရှိအောင်   စွမ်းဆောင်ပေးနေ
သောသူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏အဆင့်အတန်းကို
ဖော်ပြနေသောတည်းဖြတ်ဆုကို ၁၉၉၇ခုနှစ်တွင် ချီးမြင့်ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်) မှ သူ့ကျွန်မခံပြီ ဇာတ်
ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ်ချီးမြင့်ခံ
ခဲ့ရသော ဆုတစ်ဆုချင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများကို ... ... .
ဤနေရာ တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ (ညွှန်း-wikimyamar)
ဒီအစီအစဉ်လေးကို ပံ့ပိုးကူညီတာကတော့ ..... :)
နောင်ဆို ရုပ်ရှင်သမိုင်းအကြောင်းပြောလျှင် စူပါသည်လည်း မပါမပြီးဖြစ်တော့မည်ဖြစ်သောကြောင့်.... အခုပဲ
ဝယ်သောက်ပါတော့လို့ ကြေငြာလိုက်ရပါသည်။ စူပါကို ကြော်ငြာခလေးတောင်းဦးမှ ... :)
(ရွှင်လန်းချမ်းမြေ့ပါစေ...)

Sunday, 14 December 2008

Wi Max

Wi Max ဆိုတာဘာလဲ...
Wi Max  ဆိုတာ  World Wide Interoperability for Microwave Access  ရဲ့အတိုကောက်ဖြစ်ပါတယ်။  ရေဒီယို
ကြိမ်နှုန်းခွင်တွေသုံးပြီး  digital bits ပမာဏများစွာကို  ကြိုးမဲ့စနစ်နဲ့  ထုတ်လွှတ်ချိတ်ဆက်နိုင်မယ့်  နည်းပညာ
ဖြစ်တယ်။ mobile computer နဲ့  handhelds  တွေကနေ ကြိုးမဲ့ချိတ်ဆက်နိုင်တဲ့  Wi-fi wireless network  တွေကို
ထပ်ဆင့်  တိုးချဲ့မွမ်းမံထားတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့  Broadband entertainment
နဲ့  Internet Access  တွေဟာ Fibrotics cable line  တွေအပေါ်  အခြေခံတည် ဆောက်ထားတာဖြစ်လို့  ကုန်ကျ
စရိတ်  အင်မတန်ကြီးပါတယ်။  WiMax  ဟာ  ကြိုးမဲ့ရေဒီယို နည်းပညာကို  အသုံးပြုထားတာကြောင့်  ကုန်ကျ
စရိတ်များစွာသက်သာတယ်။ WiFi နဲ့ WiMax ဘာကွာသလဲဆိုတော့ လက်ရှိလေဆိပ်၊ ကော်ဖီဆိုင်၊  ဟိုတယ်
တွေမှာ  Hotspot တွေထားပြီး အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်အောင်လုပ်ထားတဲ့ WiFi စနစ်ဟာမီတာအ
နည်းငယ်လောက်အကွာအဝေးထိ  ချဉ်းကပ်ပြီးမှ ဆက်သွယ်လို့ရတယ်။ WiMax ကတော့  မိုင် ၃၀  အကွာအ
ဝေးက လှမ်းဆက်သွယ်နိုင်တယ်။  အချက်အလက်သယ်ဆောင် ဝင်ဆံ့မှုအားမှာလည်း  အဆ ၅၀ ပိုလာမယ်။
အသုံးပြုသူတွေအတွက်ဘာတွေပေးစွမ်းမလဲ
TV,TiVo, note book PC နဲ့ Smart phone  အသုံးပြုတွေအားလုံးမှာ  WiMax access chip  တပ်ဆင်လိုက်တာနဲ့
မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုတွေကို သွားလာလှုပ်ရှားရင်း ကြိုးမဲ့စနစ်နဲ့ အသုံးပြုလာနိုင်တယ်။ Ultra-
fast, Websurfing, video telephone calls နဲ့ Movie viewing တွေကိုအင်တာနက်ဆက်ကြောင်းကနေလုပ်ဆောင်
လာနိုင်တယ်။ အပြိုင်အဆိုင် လုပ်ဆောင်လာတာနဲ့အမျှ ကုန်ကျစရိတ်တွေလည်း သက်သာလာမယ်။
(ကွန်ပျူတာဂျာနယ် ၂၀၀၈ခု ဧပြီ အမှတ် ၁၇၀)

Saturday, 29 November 2008

ကမ္ဘာစစ်ကြီးများ

...............
ပထမကမ္ဘာစစ်
ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့သောစစ်ပွဲမျိုး သမိုင်းတွင်တစ်ခါမှ မ
ဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ်အကြာတွင် နောက်တစ်
ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးဖြစ်လာသောကြောင့် ပထမကမ္ဘာစစ်ဟုခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်
အတွင်းတွင် စစ်သည်ပေါင်း ၉သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က  သာမန်
ပြည်သူများ အများဆုံးဖြစ်သည်။ ကျဆုံးသော စစ်သည်များအား ဦးခေါင်းမှနေ၍  ခြေဖျားထိဆက်လိုက်လျှင်
၁၅၀၈၄ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ရှိသည်ဟုပြောကြသည်။  ထိုအကွာအဝေးသည်  ကမ္ဘာကြီးကို တစ်
ပတ်ပတ်ပါက ထက်ဝက်နီးခန့်ရှိမည်ဖြစ်သည်။
ပါဝင်သော နိုင်ငံများ
ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီး နှစ်ခုပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှတို့ပါဝင်
သော မဟာမိတ်နိုင်ငံများ (Allied powers) နှင့် ဂျာမနီ၊ သြစတြီးယားနှင့် ဟန်ဂေရီ တို့ပါဝင်သော ဗဟိုအင်
အားကြီး နိုင်ငံများ (Central power) တို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။  နောက်ပိုင်းတွင်  မဟာမိတ်နိုင်ငံများ
ဘက်မှ ဂျပန်နိုင်ငံ စသောနိုင်ငံများ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီးယား
စသော နိုင်ငံများပါဝင်လာခဲ့သည်။  စစ်ပွဲကြီးပြီးကာနီးတွင်မှ အမေရိကန်နိုင်ငံသည် မဟာမိတ်များဘက်မှ ပါ
ဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။

 ................
စစ်ဖြစ်ပွားသော နေရာများ
တိုက်ခိုက်မှုအားလုံးသည် အင်္ဂလိပ်ရေလက်ကြားမှ ဆွစ်ဇာလန်အကြား အရှေ့ဥရောပ အပါအဝင် ဥရောပ
တိုက်၌ ဖြစ်ပွားခဲ့သည်။  အရှေ့အလယ်ပိုင်းဒေသနှင့်  အာဖရိကတိုက်တို့တွင်လည်း  အနည်းငယ်ဖြစ်ပွားခဲ့
သည်။ 
စစ်ဖြစ်ရသည့်အကြောင်းအရင်းများ
အရင်းရှင်နိုင်ငံကြီးများအကြား  အချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့်  ပထမကမ္ဘာစစ်ကြီး စတင်
ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ-
(၁) ကိုလိုနီနယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
 (၂) အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း           
   (၃) မဟာမိတ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းလာခြင်း
  (၄) လက်နက်အပြိုင်အဆိုင်တပ်ဆင်လာခြင်း          
စသည်တို့ကြောင့်ဖြစ်သည်။
 စစ်ဖြစ်ရခြင်းအကြောင်းအရင်းများ
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် သြစတြီးယားအိမ်ရှေ့မင်းသား  ဖရန်စစ်ဖာဒီနန်  နှင့်
့်
ကြင်ယာတော်တို့  ဘော့စနီးယားနိုင်ငံ ဆာရာယေဗို မြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။  ဘော့စနီးယား

နိုင်ငံသည် ၁၉၀၈  ခုနှစ်တွင်  သြစတြီးယားနိုင်ငံ၏  သိမ်းပိုက်ခြင်းကို  ခံခဲ့ရသည်။   ဆားဘ်လူမျိုးများသည်

သြစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနှင့် ပေါင်းစည်းလိုကြသည်။  သြစတြီး

ယားမင်းသားကို လုပ်ကြံသူမှာ ဘလက်ဟန်း ဟုခေါ်သော အကြမ်းဖက်အသင်းဝင် ဘော့စနီးယားအမျိုးသား

တစ်ဦးဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယားပေါင်းစည်းရေးကို  လိုလားသူဖြစ်သည်။  ဆားဘီး

ယားနိုင်ငံမှ ယင်းကဲ့သို့ လုပ်ကြံမှုမျိုးပေါ်ပေါက်အောင်အားပေးသည်ဟုဆိုကာ သြစတြီးယားက ဆားဘီးယား

ကို ပြင်းထန်သည့်ရာဇသံများပို့ခဲ့သည်။ သြစတြီးယား၏ ရာဇသံကို  ဂျာမနီက ထောက်ခံခဲ့သည်။  ထိုရာဇသံ

ပါ အချက်အလက်များသည် ဆားဘီးယား၏ လွတ်လပ်ရေးကို ထိပါးသောကြောင့် လည်းကောင်း၊ ရုရှနိုင်ငံ၏

ထောက်ခံမှုရရှိသောကြောင့်လည်းကောင်း၊ ဆားဘီးယားသည်  သြစတြီးယားကို  ရင်ဆိုင်ရန်  စစ်ပြင်ဆင်မှု

များ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း၊ သြစတြီးယားအား  အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ၁၉၁၄၊ ဇူလိုင် (၂၈) တွင် သြစတြီးယားက ဆားဘီးယားကို စစ်ကြေငြာခဲ့သည်။ သြစတြီးယားနှင့်

ဆားဘီးယားတို့   စစ်ဖြစ်ရာတွင်   သြစတြီးယားဘက်မှ  ဂျာမနီသည်လည်းကောင်း၊    ဆားဘီးယားဘက်မှ

ပြင်သစ်၊ ရုရှ နှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီးပါဝင်တိုက်ခိုက်ခဲ့ကြသည်။  ကိုလိုနီခွဲဝေးပေးမည်ဟူ

သော အင်္ဂလန်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅တွင် အီတလီသည် ယင်းတို့ဘက်မှ  ပါဝင်တိုက်

ခိုက်ခဲ့သည်။

.................
ပထမကမ ၻာစစ္ပံုရိပ္မ်ား
 
 Péronne မြို့မြင်ကွင်း
................

 
စစ်ကြီးအပြီး အမေရိကန်နှင့်ပြင်သစ် တပ်ဖွဲ့များ ဓာတ်ပုံအရုက်ခံကြစဉ်
(ရထားအမြှောက်)
...................

ဗြိတိသျှတပ်ဖွဲ့၏ အလွန်လေးလံသော လမ်းပေါ်သွားအမြှောက်
.................

အမေရိကန်၏ မိုင်၃၀ ထိကျည်ရောက်သော ရထားအမြှောက် 
........................

ဂျာမန်တို့ရဲ့လက်နက်
............

ဂျာမန်တို့ရဲ့ကျည်ဆန်ခွံကြီး
................
ဒီလောက်လက်နက်ကြီးတွေနဲ့ ပစ်မှတော့ လူတွေသန်းနဲ့ချီ မသေဘဲနေပါ့မလားခင်ဗျာ။

 ဒုတိယကမ္ဘာစစ်
ဒုတိယကမ္ဘာစစ်ကို  အတိုကောက်အားဖြင့်  WW II  သို့မဟုတ်  World War II ဟုလည်းခေါ်ကြပြီး ပထမ

ကမ္ဘာစစ်၏  အဆက်အဖြစ်  တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းရှင်များက သုံးသပ်ကြသည်။  ကမ ၻာ့

အင်အားကြီး နိုင်ငံများက မဟာမိတ်နှစ်ဖွဲ့ အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနှင့် ဝင

ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။  စစ်သားဦးရေ သန်း၁၀၀ ကျော် ပါဝင်တိုက်ခိုက်ကြပြီး  အဓိက ဝင်ရောက်

တိုက်ခိုက်ကြသူများသည် ၄င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် Science နည်းပညာများကို

သုံးစွဲကြကာ စစ်ပွဲအတွင်းအသာစီးရရန်ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်

များအပြင် အရပ်ဖက်ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်းသန်း၇၀လောက် သေကြေ ပျက်

ဆီးခဲ့ရာတွင် အများစုမှာ အရပ်သားများဖြစ်ကြသည်။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်း

အားဖြင့်  အမေရိကန်ဒေါ်လာ  ၁ထရီလီယံ (၁၀၀၀ဘီလီယံ၊ ဒေါ်လာသန်းပေါင်း တစ်သန်း)ခန့်မျှ ကုန်ကျခဲ့

ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရသည်။

ပထမကမ္ဘာစစ်ပွဲအပြီးအခြေအနေ
ပထမကမ္ဘာစစ်အပြီးတွင် ကျင်းပသည့် ဗာဆိုင်းညီလာခံသည် အမှန်တကယ်တွင် စစ်နိုင်နိုင်ငံများက စစ်ရှုံး

နိုင်ငံများထံမှ အကျိုးအမြတ်များကို တောင်းယူခြင်း၊ စစ်ရှုံးနိုင်ငံများကို စာချုပ်ပါအချက်အလက်များ ဖြင့်တား

ဆီး ချုပ်ချယ်ရန်ကြိုးစားကြသည့်ညီလာခံသာဖြစ်သည်။ ထိုညီလာခံတွင် အကျိုးအများဆုံးအနေနှင့် အင်္ဂလိပ်

နှင့်  ဂျပန်၊  ပြင်သစ်တို့သည်  စစ်ရှုံးနိုင်ငံများထံမှ  ကိုလိုနီနယ်အများအပြားကို  လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့ကြ

သည်။ စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျာမနီ  (ယခင်သြစတီးယား)  မှာ  ကိုလိုနီနယ်များသာမက  ဥရောပတိုက်ပေါ်ရှိ

နိုင်ငံ၏နယ်နိမိတ်များကိုပါ ခွဲဝေပေးခဲ့ရသည့်အတွက် အနစ်နာဆုံးဖြစ်ခဲ့ရသည်။ စစ်ရှုံးနိုင်ငံမဟုတ်သည့်တိုင်

အီတလီမှာ မည်သည့်အကျိုးအမြတ်မှ မယ်မယ်ရရ မရရှိဘဲ  တိုင်းပြည်အခြေအနေဆိုးရွားသည်သာ အဖတ်

တင်ခဲ့သည်။  စစ်နိုင်သည့်  ဂျပန်မှာလည်း ဝေစုများရသည့်တိုင် လက်ျာအစွန်းရောက် အမျိုးသားရေးစစ်ဝါဒီ

များက  အုပ်ချုပ်လာသည့်အတွက်  နယ်ချဲ့ခြင်းကို  လိုလိုလားလားပြင်ဆင်ဆက်လုပ်ရန်  အားသန်နေခဲ့ပြန်


သည်။ စစ်ရှုံးနိုင်ငံများအနေနှင့်လည်း အဖက်ဖက်မှ ဖိနှိပ်ခံရသည့်အတွက် တိုင်းပြည်အခြေအနေမှာ ဆိုးဆိုး

ဝါးဝါး ဖြစ်နေခဲ့ရပြီး တိုင်းပြည်အတွင်း အစွန်းရောက်အမျိုးသားရေးဝါဒဖြစ်ပေါ်လာရေးအတွက် တွန်းအားပေး

နေသကဲ့သို့ ရှိနေခဲ့ပြန်သည်။ အပြည့်အစုံသို့

Sunday, 16 November 2008

Singapore & Merlion

 
မာလိုင်းရင်း (Merlion) မှာ စင်ကာပူနိုင်ငံ၏ ထင်ရှားသော အဓိက အမှတ်သင်္ကေတဖြစ်သကဲ့သို့ နိုင်ငံ့ကျက်
သရေဆောင်ထင်ပေါ်ကျော်ကြား လူသိများသော  အထင်ကရ ကမ္ဘာကျော်  ရုပ်တုကြီးလည်းဖြစ်သည်။  အ
မှန်စင်စစ် မာလိုင်းရင်းရုပ်တုမှာ စင်ကာပူ ကမ္ဘာလှည့်ခရီးသည် မြှင့်တင်ရေးအဖွဲ့၏ ပြိုင်စံရှား တစ်မူထူးခြား
လှသော အမှတ်တံဆိပ် သင်္ကေတ အမှတ်အသားဖြစ်သည်။
စင်ကာပူ
စင်ကာပူသည် အိန္ဒိယသမုဒ္ဒရာအတွင်း မလေးကျွန်းစွယ်တောင်ဘက်စွန်းတွင်တည်ရှိသော အလွန်သေးငယ်
သည့် ကျွန်းကလေးဖြစ်သည်။  စင်ကာပူနိုင်ငံသည်  မလက္ကာရေလက်ကြားကို  မျက်နှာမူလျက်တည်ရှိသော
မြို့ပြကလေး  ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနှင့်  ပစိဖိတ်သမုဒ္ဒရာတို့အကြား   အဝင်အထွက်တံခါးပေါက်ဖြစ်သည်။
ထို့ပြင်ဥရောပနှင့် အရှေ့ဖျားဒေသတို့အကြား အဆင်ပြေဆုံးရေကြောင်းခရီးလမ်းလည်းဖြစ်သည်။
စင်ကာပူကျွန်းသည် စိန်ပွင့်ပုံရှိပြီး အခြားကျွန်းငယ်ကလေးပေါင်း ၆၀ ခန့် ဝန်းရံလျက်ရှိသော  ပင်မကျွန်းကြီး
တစ်ကျွန်းဖြစ်သည်။  စင်ကာပူသည်အရှေ့လောင်ဂျီတွဒ်  ၁၀၃ဒီဂရီ ၃၆မိနစ်  အရှေ့လောင်ဂျီတွဒ် ၁၀၄ဒီဂရီ
၂၅မိနစ် တို့ဆုံရာ တွင်ရှိပြီး အီကွေတာ၏တောင်ဘက် ၁၃၇ကီလိုမီတာ အကွာတွင်တည်ရှိသည်။
စင်ကာပူသည် အရှေ့မှအနောက် သို့ ၂၆ မိုင် (၄၂ကီလိုမီတာ) ရှည်လျားပြီး မြောက်မှတောင်သို့ ၁၄မိုင်(၂၃
ကီလိုမီတာ)ကျယ်ဝန်းသည်။ စင်ကာပူသည် အနီးဝန်းကျင်ရှိ ကျွန်းငယ်ကလေးများအပါအဝင် စုစုပေါင်း အေ
ရိယာ အကျယ်အဝန်း ၂၂၄ စတုရန်းမိုင် (၆၄၀စတုရန်းကီလိုမီတာ) ရှိပြီး ကမ်းရိုးတန်း အရှည်မှာ ခန့်မှန်းခြေ
၁၅၀ ဒဿမ ၅ ကီလိုမီတာရှိသည်။
ခေတ်မီနိုင်ငံ
စင်ကာပူနိုင်ငံမှာ ကမ္ဘာ့မြေပုံပေါ်တွင် အလွန်းသေးငယ်သော အစက်အပြောက်ကလေးမျှသာ ဖြစ်သော်ငြား
လည်း နိုင်ငံတစ်နံတစ်လျားတွင် မိုးမျှော်အဆောက်အအုံအမြောက်အမြားဖြင့် ကမ္ဘာပေါ်တွင် ခေတ်မီအတိုး
တက်ဆုံး နိုင်ငံများအနက်တစ်နိုင်ငံဖြစ်သည်။ စင်ကာပူသည် အရှေ့တောင်အာရှဒေသတွင်  အကြီးဆုံး ဆိပ်
ကမ်းဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အကြီးဆုံးဆိပ်ကမ်းဖြစ်သည်။
စင်ကာပူသည်  အာရှဒေသတွင် ကုမ္ပဏီထိပ်တန်းအဆင့်မြင့် အရာရှိကြီးများမှ အငှားယာဉ်မောင်းသမားများ
အထိ  လူတန်းစားအလွှာအသီးသီးမှလူတိုင်း  ရိုးရာလေသံတဝဲဝဲနှင့်  အင်္ဂလိပ်ဘာသာစကားကို   နေ့စဉ်နေ့
တိုင်း သုံးနှုန်းပြောဆိုသော အာရှနိုင်ငံဖြစ်သည်။ အချိန်ကုန်သက်သာသော နှိတ်ခလုပ်ပုံစံအမျိုးအစား တယ်
လီဖုန်းများကို ကမ္ဘာပေါ်တွင် ဗွေဆော်ဦး စတင်ပြောင်းလဲသုံးစွဲခဲ့သော နိုင်ငံဖြစ်သည်။
စင်ကာပူ၏ အခြားထူးခြားသော ဝိသေသ လက္ခဏာများမှာ စင်ကာပူသည်  ကမ္ဘာ့အကြီးဆုံး  ပင်လယ်ဆိပ်
ကမ်းဖြစ်ခြင်း၊ ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဖြစ်ခြင်း၊ ကမ္ဘာပေါ်ရှိ အဓိက  လေကြောင်းလိုင်း  ၅၀  ကျော်၏
ခရီးစဉ်များ ပျံသန်းပြေးဆွဲရာ အစည်ကားဆုံးလေဆိပ်ဖြစ်ခြင်း၊ တစ်နှစ်လျှင် လေကြောင်းခရီးသည် ၁၁သန်း
ကျော်အား   ဝန်ဆောင်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးနေသောနိုင်ငံဖြစ်ခြင်း၊   နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်
ခြောက်သန်းခန့်  လာရောက်လည်ပတ်သည့်နိုင်ငံဖြစ်ခြင်း၊  စင်ကာပူသည် အာရှဒေသ၏ အဓိက အချက်အ
ချာ ကုန်သွယ်ရေး ဗဟိုဌာန ဆိပ်ကမ်း တစ်ခုဖြစ်ခဲ့ပြီး  ခဲမဖြူ၊  ရော်ဘာ၊  အုန်းသီး၊  စားအုန်းဆီ၊  ဆန်၊ သစ်၊
ဂုန်လျှော်၊ ဟင်းခက်အမွေးအကြိုင် နှင့် ကော်ဖီ စသည့်ကုန်စည်များကို သင်္ဘောပြောင်းတင်ပို့သည့်ဆိပ်ကမ်း
ဖြစ်ခြင်း စသည့် လက္ခဏာများဖြစ်သည်။
ထို့ပြင် စင်ကာပူသည် ကမ္ဘာပေါ်တွင် တတိယမြောက်အကြီးဆုံး ရေနံချက်ဌာနနှင့် ဖြန့်ချိရေးဌာနဖြစ်သည်။
ကမ္ဘာပေါ်တွင် ထိပ်တန်းသင်္ဘော တည်ဆောက်ရေး အခြေစိုက်စခန်းနှင့်  သင်္ဘောပြန်လည်မွမ်းမံပြုပြင်ရေး
အခြေစိုက်စခန်းဖြစ်သည်။  စင်ကာပူသည်ကမ္ဘာပေါ်တွင် နောက်ဆုံးပေါ်ခေတ်မီအီလက်ထရောနစ် ပစ္စည်း
ကိရိယာ အစိတ်အပိုင်းများ အဓိက တင်ပို့သော နိုင်ငံဖြစ်သည်။ စင်ကာပူတွင် ဘဏ်ပေါင်း ၁၃၀ကျော်တည်
ထောင်   ဖွင့်လှစ်ထားသဖြင့်   အရှေ့တောင်အာရှဒေသတွင်  အဓိကအချက်အချာကျသော   စီးပွားရေးနှင့်
ဆက်သွယ်ရေး  ဗဟိုဌာနလည်းဖြစ်သည်။  ၂၁ရာစုသို့  ဦးတည်ပြောင်းလဲနေသော  အချိန်ကာလတွင် နိုင်ငံ့
စီးပွားရေးမှာ  အရှိန်အဟုန်မပျက်  ပုံမှန်   တိုးတက်ဖွံ့ဖြိုးလာသောကြောင့်  အာရှဒေသတွင်အတိုးတက်ဆုံး
အာရှနဂါး လေးကောင်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။
...................
 
ဥယျာဉ်မြို့တော်
စင်ကာပူနိုင်ငံမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး မြို့တော်မှာ စိမ်းလန်းစိုပြည် သာယာလှပသောကြောင့် အာရှဒေ
သတွင် ဥယျာဉ်မြို့တော်ဟု တင်စားရည်ညွှန်းကြသည်။ စင်ကာပူသည် နိုင်ငံစိမ်းလန်းစိုပြည်သာယာရေးမူဝါ
ဒ ကို ၁၉၆၇ ခုနှစ်က စတင်ချမှတ်အကောင်အထည်ဖော်ခဲ့သည်။ သို့ဖြင့် နှစ်ပေါင်းများစွာအတွင်း  စင်ကာပူ
ရှိ လမ်းကြီးလမ်းငယ်အသွယ်သွယ်တစ်လျှောက်တွင် သစ်ပင်မျိုးစုံတို့ကို စနစ်တကျ  ပြုစုပျိုးထောင်စိုက်ပျိုးခဲ့
သည်။
စင်ကာပူနိုင်ငံရှိ လမ်းကြီးလမ်းငယ် အသွယ်သွယ် တစ်လျှောက်တွင် ပန်းပင်၊ နွယ်ပင်၊ သစ်ပင်၊ မြက်ခင်းပြင်
များဖြင့်  အလှဆင်ထားသဖြင့်   ရောင်စံပန်းပွင့်များ၊  ဝေဝေဆာဆာ  အပင်များစိမ်းစိမ်းစိုစိုနှင့် အစဉ်သဖြင့်
အရိပ်ဆာယာ အေးမြသာယာပြီး မျက်စိပသာဒရှိကာ စိတ်ချမ်းမြေ့ကြည်နူးဖွယ်ဖြစ်ခဲ့သည်။
စင်ကာပူနိုင်ငံသည်  စိမ်းစိမ်းစိုစိုရောင်စုံ ပန်းပင်သစ်ပင်မျိုးစုံကို အကြီးအကျယ် အလေးပေးလှပစွာ  စိုက်ပျိုး
ထားမှုကြောင့် စင်ကာပူနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုအကောင်း
ဆုံး သွင်ပြင်လက္ခာ တစ်ရပ်ဖြစ်လာခဲ့သည်။  စင်ကာပူနိုင်ငံသည်  အသစ်ဖောက်လုပ်ခဲ့သော  လမ်းများအား
လုံး တစ်လျှောက်တွင် ရောင်စံပန်းပင်သစ်ပင်များဖြင့် ရှုမငြီးအောင် စိမ်းစိမ်းစိုစို  လှပဝေဆာကျက်သရေဖြာ
နေစေရန် အစဉ်အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့မှုကြောင့် စင်ကာပူနိုင်ငံမှာ အိပ်မက်တိုင်းပြည်ကလေး
တစ်ခုသဖွယ် တင့်တယ်စွာ အသွင်ပြောင်းလဲလာခဲ့သည်။
စင်ကာပူတွင် လူမျိုးပေါင်းစုံနေထိုင်လျက်ရှိပြီး အဓိကအားဖြင့် တရုတ်၊ မလေးရှားနှင့်အိန္ဒိယလူမျိုးတို့ အများ
ဆုံး အခြေချနေထိုင်ခဲ့ကြသည်။ စင်ကာပူနိုင်ငံတွင် ဟော့စ်ကိန်း၊ တဲ့ချူး၊   ကန်တုန်၊  ဟိုင်နန်နှင့် ဟတ် ဘာ
သာစကားပြောဆိုသော တရုတ်လူမျိုးမှာ  စင်ကာပူလူဦးရေ  စုစုပေါင်းလေးသန်းကျော်၏  ၇၆ဒဿမ ၈ ရာ
ခိုင်နှုန်း၊ မလေးရှားလူမျိုး ၁၄ရာနှုန်း၊ တမီလ်ဆစ်ခ်၊ ပါကစ္စတန် စသည့်အိန္ဒိယ လူမျိုး ၇ ဒဿမ ၉ရာခိုင်နှုန်း
ဥရောပနှင့် အာရှသွေးနှောသည့် လူမျိုး ၁ ဒဿမ ၄ ရာခိုင်နှုန်းရှိသည်။ 
နောက်ခံသမိုင်းကြောင်း
အေဒီသုံးရာစုတွင် တရုတ်တို့သည် စင်ကာပူကို ကျွန်းဆွယ်အစွန်အဖျားရှိကျွန်းဟု ခေါ်သော  ပူလျိုချွန်း  ဟု
ရေးသားဖော်ပြခဲ့သည်။ ခုနှစ်ရာစုအတွင်းက စင်ကာပူသည် အလွန်စည်ကားသော  ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်
သည်ဟု ယူဆရသည်။ 
စင်ကာပူသည် ခုနစ်ရာစုက  ပင်လယ်မြို့ဟု ခေါ်သော တီးမားဆက် အဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး  ဆူမား
တြားကျွန်း ရှေးဟောင်းဆရီဝိဂျာယား အင်ပါယာ၏ အချက်အချာကုန်သွယ်ရေး ဗဟိုဌာနဖြစ်ခဲ့သည်။ ၁၂ရာ
စု   ခန့်လောက်ကမူ   စင်ကာပူကျွန်းမှာ   အလွန်ဖွံ့ဖြိုးစည်ပင်ခဲ့သော   ကုန်သွယ်ရေး ဆိပ်ကမ်းဖြစ်ခဲ့သည်။
နောက်ပိုင်းရာစုများတွင် တီးမားဆက်မြို့အမည်မှာ  တရုတ်နှစ်စဉ်သမိုင်း မှတ်တမ်းများထဲတွင်  ပါရှိခဲ့ပြီး အ
ရှေ့တောင်အာရှဒေသသို့ ရေကြောင်းဖြင့် ခရီးဆန်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
၁၃ရာစုတွင် တီမားဆက်မြို့သည် စင်ကာပူရ (Singapora) မြို့ဟူသော အမည်တွင်ခဲ့သည်။ စင်ကာပူရမှာ
သင်္သကရိုက် ဘာသာစကားဖြစ်ပြီး ခြင်္သေ့မြို့ ဘာသာပြန်သည်။ ထိုသို့ စင်ကာပူရ ဟုအမည်တွင်ရခြင်း၏အ
ကြောင်းအရင်းမှာ  အေဒီ  ၁၃ရာစုက   ဆူမားတြားကျွန်း၏  ရှေးဟောင်းဆရီဝဂျာယား  အင်ပါယာမင်းသား
ဆန်းင်နီလ်လာဥတာမား သည် တီမားဆက်ကျွန်းကို ရှာဖွေတွေ့ရှိခဲ့ရာမှစတင်ခဲ့ခြင်းဖြစ်သည်။
ဆရီဝိဂျာယားအင်ပါယာ  ဆူမာတြားကျွန်း၏  နေပြည်တော်  ပလယ်ပ်ဘန်း (Palembang)  မြို့မှ  မင်းသား
ဆန်းင်နီလ်လာဥတာမားသည်  သင်္ဘောပျက်သဖြင့်  အမည်မသိကျွန်းပေါ်သို့ အမှတ်မထင် ရောက်ရှိခဲ့သည်
ဟု ၁၃ ရာစု မလေးနှစ်စဉ်သမိုင်းထဲတွင် မှတ်တမ်းတင်ဖော်ပြခဲ့သည်။ မင်းသားသည် တီမားဆက်ကျွန်းပေါ်
သို့ တက်လာသောအခါ အလွန်ထူးဆန်းလှသော သတ္တဝါတစ်ကောင်ကို အမှတ်တမဲ့ ရိပ်ခနဲမြင်လိုက်မိသည်
ဟုဆိုသည်။
မင်းသားက ယင်းသတ္တဝါမှာ အလွန်လှပပြီး လျင်မြန်သော သတ္တဝါဖြစ်ပြီး ကိုယ်ပိုင်းမှာ နီနီရဲရဲနှင့် ခေါင်းမှာမူ
မည်းနက်နေကြောင်းဖော်ပြခဲ့သည်။  အမှန်စင်စစ်တွင်  ယင်းသတ္တဝါမှာ မည်းနက်နေကြောင်းဖော်ပြခဲ့သည်။
အမှန်စင်စစ်တွင်   ယင်းသတ္တဝါမှာ   ကျားဖြစ်ဖွယ်ရှိသော်လည်း   မင်းသားကမူ   ခြင်္သေ့ဟုသာခေါ်ခဲ့သဖြင့်
တီးမားဆက်မြို့မှ ခြင်္သေ့မြို့ ဟု ဘာသာပြန်သော စင်ကာပူရအမည်တွင်ခဲ့ခြင်းဖြစ်သည်။
၁၀၁၂ မှ ၁၀၄၄ ထိ တန်ဂျိုးကို အုပ်ချုပ်စိုးစံခဲ့သော   ရာဂျင်ဒြာကုလဒေဝ(၁)  သည် မိမိလက်အောက်ငယ်
သားများ၏ ကေသရာဇာခြင်္သေ့မင်းပမာ ရဲစွမ်းသတ္တိကို ဂုဏ်ပြုသည့်အနေဖြင့် စင်ကာပူကျွန်းအား အိန္ဒိယအ
မည်ဖြစ်သော ခြင်္သေ့မြို့ စင်ကာပူရ ဟု ကင်ပွန်းတပ် မှည့်ခဲ့ခြင်းလည်းဖြစ်နိုင်ဖွယ် ရှိသည်။ တစ်ဖန်  စင်ကာ
ပူရ အမည်မှာ  အင်္ဂလိပ်ဘာသာ စကားဖြင့် စင်ကာပူအဖြစ်သို့ ပြောင်းလဲလာခဲ့ပြီး ယနေ့ ထက်တိုင် စင်ကာ
ပူ ဟု အမည်ဆက်လက်တွင်ခဲ့သည်။
နှစ်ပေါင်း ၁၀၀ အကြာတွင် စင်ကာပူမှာ ဂျာဗား၊ ဆီယမ်း (Siam) (ယခုယိုးဒယား) နှင့် ရေတပ်ဗိုလ်ချုပ်ချင်
ဟို ခေါင်းဆောင်သော တရုတ်ရေတပ်တို့အကြားတွင်  အချင်းများစစ်မက်  ဖြစ်ပွားရာနေရာဖြစ်ခဲ့သည်။ စင်
ကာပူ ကျွန်းကို မာဂျာပါဟစ်မှ ဂျာဗားကျွန်းသားတို့က ၁၃၆၅ ခုနှစ်တွင် ဖျက်ဆီးခဲ့ကြသည်။ ထိုစဉ်မှစ၍ စင်
ကာပူကျွန်းမှာ၁၉ရာစုနှစ်အစပိုင်းကာလအထိ မထင်မရှားတိမ်ကောခဲ့သည်။ နောက်ဆုံးတွင် စင်ကာပူကျွန်း
ကို  လူတို့စွန့်ခွာခဲ့ကြသဖြင့်  ၁၈၀၀ ပြည့်နှစ်အထိ အဆောက်အအုံများအားလုံးကို သစ်တောကြီးက ဖုံးလွှမ်း
သွားသည်အထိ လူသူကင်းမဲ့ခဲ့သည်။
၁၈၁၁ခုနှစ်တွင် မလေးအကြီးအကဲ တစ်ဦးခေါင်းဆောင်သော မလေးလူမျိုး ၁၀၀ ခန့် စင်ကာပူကျွန်းတွင် အ
ခြေချ နေထိုင်ခဲ့ကြသည်။ ယနေ့ခေတ် မလေးရှားနိုင်ငံ၊ ဂျဟိုးပြည်နယ်စော်ဘွားများ၏ ဘိုးဘွားဘီဘင်များမှ
တိုက်ရိုက်ဆင်းသက်ပေါက်ဖွားလာခဲ့သော မျိုးရိုးစဉ်ဆက်  (Temmenggong)  ဟူသော အကြီးအကဲတစ်ဦး
က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ေ  နာက်ပိုင်း  ရှစ်နှစ်အကြာ  ၁၈၁၉  ခုနှစ်  ဇန်နဝါရီ  ၂၈ရက်နေ့တွင်ဗြိတိသျှ
အရှေ့အိန္ဒိယ company မှ အုပ်ချုပ်ရေးအရာရှိတစ်ဦးဖြစ်သူ  (Sir Thomas Stamford Raffles) (၁၇၈၁-
၁၈၂၆) က စင်ကာပူကျွန်းသို့  ရောက်ရှိလာခဲ့ပြီး  ဗြိတိသျှတို့အတွက် အကောင်းဆုံး ကုန်သွယ်ရေးဗဟိုဌာန
ဖြစ်လာစေရန် တည်ထောင်ခဲ့သည်။ 
တစ်ချိန်တစ်ခါကသော် စင်ကာပူမြစ်မှာ နိုင်ငံ၏ စီးပွားရေးအတွက် အသက်သွေးကြောဖြစ်ခဲ့သည်။ ၁၈၁၉ခု
နှစ်က  ဆာသောမတ်  စင်ကာပူမြစ်ကမ်းပေါ်သို့  ခြေမချမီကာလကပင်  အဓိကအချက်အချာကျသော ကုန်
သွယ်ရေး ဗဟိုဌာနဖြစ်လာခဲ့သည်။ စင်ကာပူမြစ်မှာ  ပင်လယ်ပြင်တွင် လှည့်လည်ကျက်စားသွားလာနေထိုင်
သော ပင်လယ်ပျော်လူသားများ၏ နေထိုင်ရာ အိမ်လှေကလေးများ ကွန်းခိုရာစခန်းဖြစ်ခဲ့သည်။ စင်ကာပူမြစ်
အတွင်းမှ အလွန်သေးငယ်သော တံငါရွာကလေးဖြစ်သည့် စင်ကာပူကျွန်းမှာ ကုန်စည်များကုန်တင်ကုန်ချရာ
အကောင်းဆုံးဆိပ်ကမ်းဖြစ်ခဲ့သည်။
...................
 
ဆာသောမတ်စ်သည်  မလက္ကာရေလက်ကြားဒေသတွင်  ဒပ်ခ်ျလူမျိုးတို့၏  ကြီးစိုးလွှမ်းမိုးထားမှုကို  တန်ပြန်
တွန်းလှန်နိုင်ရေးအတွက် ကုန်သွယ်ရေးဗဟိုဌာနတစ်ခုတည်ထောင်ရန်လည်းကောင်း၊  စက်ရုံတည်ဆောက်
ရန်အတွက်လည်းကောင်း သင့်လျော်မည့်နေရာကို ပိုက်စိပ်တိုက်ရှာဖွေခဲ့သည်။ စင်ကာပူကျွန်းမှာ အရှေ့နှင့်
အနောက် ဒေသတို့အကြားလမ်းဆုံလမ်းခွဖြစ်သော ကြောင့် အသင့်လျော်ဆုံးဖြစ်ခဲ့သည်။   ဆာသောမတ်စ်
သည် စင်ကာပူကျွန်းကို ၁၈၁၉ခုနှစ်တွင်  ဂျဟိုးပြည်နယ်စော်ဘွားတစ်ဦးထံမှ  ငှားရမ်းခဲ့ပြီး  မကြာမီ အလွန်
ကားသော ဆိပ်ကမ်းအဖြစ်တည်ထောင်ခဲ့သည်။ သို့ဖြင့် စင်ကာပူ မှာ မလေး၊  တရုတ်၊  အိန္ဒိယ၊  အရှေ့ အ
လယ်ပိုင်းနှင့်  အခြားနိုင်ငံများမှ  လာရောက်ပြောင်းရွှေ့နေထိုင်သူများအတွက်  အလားအလာကောင်းသော
အာရှနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။
ထို့နောက်  ၁၈၂၄ ခုနှစ်တွင်  စင်ကာပူကျွန်းကို  ဗြိတိသျှသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။  နောင်နှစ်
ပေါင်း  ၁၁ဝအတွင်း  ဆာသေမတ်စ်  မျှော်မှန်းထားသကဲ့သို့  စင်ကာပူမှာ စည်ပင်ဖွံ့ဖြိုးသော အကောက်ခွန်
 လွတ် ဆိပ်ကမ်းတစ်ခု ဖြစ်လာခဲ့ပြီး  စီးပွားရေး  စခန်းထခဲ့သည်။  ဒုတိယကမ္ဘာစစ်ကြီး  အတောအတွင်းက
ဂျပန်တို့သည် စင်ကာပူကို တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် ၁၉၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင်စင်ကာပူ
သည်  ဂျပန်လက်အောက်ကျရောက်ခဲ့သည်။ ၁၉၄၅  ခုနှစ်  စက်တင်ဘာလ  ၅ရက်နေ့တွင်  စင်ကာပူကို ဗြိ
တိသျှ တပ်များက ပြန်လည်သိမ်းပိုက်ခဲ့သည်။ နောက်ပိုင်းနှစ်စုများတွင်  စင်ကာပူပြည်သူပြည်သားများသည်
လွတ်လပ်ရေးရရှိရန် စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းခဲ့ကြသည်။ စင်ကာပူသည် ၁၉၅၉ခုနှစ်တွင် ကင်းဗရစ်ခ်ျ
တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်သော  မစ္စတာလီကွမ်းယူသည်  စင်ကာပူ၏  ပထမဦးဆုံးဝန်ကြီးချုပ် ဖြစ်
လာခဲ့သည်။
...........................
 
မစ္စတာ လီကွမ်းယူ
၁၉၆၃ခုနှစ် စက်တင်ဘာလ ၁၆ရက်နေ့တွင် စင်ကာပူသည် မလေးရှားပြည်ထောင်စုဟုခေါ်တွင်သော နိုင်ငံ
ရေး  နှင့်  စီးပွားရေး  မဟာမိတ်အဖွဲ့တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။ မလေးရှားပြည်
ထောင်စုအဖွဲ့မှာ မာလာယာပြည်ထောင်စု၊  ဆာရာဝပ်နှင့်  မြောက်ဘော်နီယို  (ယခုဆာဘား)  တို့အကြား
ပူးပေါင်းဖွဲ့စည်းထားသော   မဟာမိတ်အဖွဲ့ဖြစ်သည်။  မလေးရှားပြည်ထောင်စုအဖွဲ့ကို  မာလာယာဝန်ကြီး
ချုပ် တွန်ကူအဗ်ဒူရာမန်က မလေးရှားဟု ကင်ပွန်းတပ်ခေါ်တွင်စေရန် အဆိုပြုခဲ့သည်။ 
၁၉၆၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် စင်ကာပူသည် လွတ်လပ်သော သမ္မတနိုင်ငံ တစ်နိုင်ငံထူထောင်ရန်
မလေးရှားနိုင်ငံပြည်ထောင်စုနိုင်ငံမှ တသီးတခြားခွဲထွက်ခဲ့သည်။ စင်ကာပူသည် ၁၉၆၅ခုနှစ် သြဂုတ်လတွင်
လွတ်လပ်ရေးရရှိခဲ့ပြီး ထိုစဉ်မှစ၍ လွတ်လပ်ရေး အပြည့်အဝ ရရှိခဲ့သည်။
နောက်ပိုင်း နှစ်ပေါင်း ၃၀ကျော်ကာလအတွင်း  စင်ကာပူသည်  အရှေ့တောင်အာရှဒေသ၌  ကုန်သွယ်ရေး၊
စီးပွားရေး၊ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း နှင့် တန်ဖိုးမြှင့်  ပို့ကုန်ထုတ်လုပ်ရေးနှင့်  ဝန်ဆောင်မှုလုပ်ငန်းများ
တွင် သာလွန်ထူးခြားသောနိုင်ငံ  ဖြစ်လာစေရေးဟူသော ရည်မှန်းချက်  ပေါက်မြောက်အောင်မြင်စေရန် အ
လေးထား ကြိုးပမ်းအားထုတ်ခဲ့သည်။
စင်ကာပူ၏ မျှော်မှန်းချက်ဖြစ်သော အဆင့်မြင့်ပညာရေးနှင့်  နည်းပညာလေ့ကျင့်ရေးအစီအစဉ်များ၊  ရင်းနှီး
မြှုပ်နှံမှု မဟာဗျူဟာများ၊ လေကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများကို  အကောင်အထည်ဖော်ဆောင်
ရွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခဲ့သည်။ သို့ဖြစ်ရာ  စင်ကာပူသည်  ဖွံ့ဖြိုးဆဲနိုင်ငံများထဲတွင်  ကမ္ဘာပေါ်
တွင် ခေတ်အမီအတိုးတက်ဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့သည်။
..................
 
အမှတ်သင်္ကေတ
၁၉၆၄ခုနှစ်တွင် စင်ကာပူ ကမ္ဘာလှည့်ခရီးသည် မြှင့်တင်ရေးအဖွဲ့ STPB(Singapore Tourist Promotion
Board ကို တည်ထောင်ခဲ့သည်။  စင်ကာပူအစိုးရသည်  မားလိုင်းရင်းကို   အက်စ်တီပီဘီ၏   အမှတ်တံဆိပ်
သင်္ကေတအမှတ်အသားအဖြစ် သဘောတူခွင့်ပြုခဲ့သည်။ သို့ဖြစ်၍ မားလိုင်းရင်း အမှတ်တံဆိပ်ကို အက်စ်တီ
ပီဘီ၏ ကမ္ဘာလှည့်ခရီးသည် မြှင့်တင်ရေးလုပ်ငန်းနှင့် ကြော်ငြာလုပ်ငန်းများတွင်  ကျယ်ကျယ်ပြန့်ပြန့်  တွင်
တွင်ကျယ်ကျယ် အသုံးပြုခဲ့သည်။
မားလိုင်းရင်း စီမံကိန်းကို အကောင်အထည်ဖော်ရခြင်းမှာ  စင်ကာပူအနေဖြင့် ထူးခြားထင်ရှားသော  ကမ္ဘာ
လှည့် ခရီးသည်လုပ်ငန်း အမှတ်သင်္ကေတ လိုအပ်လျက်ရှိပြီး ယင်းအမှတ်သင်္ကေတ လိုအပ်လျက်ရှိပြီး  ယင်း
အမှတ်သင်္ကေတဖြင့် စင်ကာပူနိုင်ငံကို ချက်ချင်းတန်းခနဲ မှတ်မိခွဲခြားသိရှိနိုင်စေရန်ဖြစ်သည်။
နောက်ပိုင်းတွင် မားလိုင်းရင်းကို စင်ကာပူကမ္ဘာလှည့်ခရီးသည် မြှင့်တင်ရေးအဖွဲ့၏ အထင်ကရ  အမှတ်တံ
ဆိပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ထင်ပေါ်ကျော်ကြားလူသိများလာခဲ့ရာ စင်ကာပူနိုင်ငံအတွက်  အမှတ်
သင်္ကေတအဖြစ် မားလိုင်းရင်းကိုပင် ဆက်လက် အသုံးပြုသွားရန် အသင့်လျော်ဆုံးဖြစ်မည်ဟု ယူဆဆုံးဖြတ်
ခဲ့ကြသည်။
.....................
 
ကေသရာဇာခြင်္သေ့မင်း မားလိုင်းရင်း
မားလိုင်းရင်းမှာ စင်ကာပူနိုင်ငံ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းများ၏ ပြိုင်စံရှားတစ်မူထူးခြားလှသော အထင်
ကရ အမှတ်တံဆိပ်ဖြစ်သည့်အပြင်   စင်ကာပူနိုင်ငံ၏  ကမ္ဘာကျော်ထင်ရှားသော အဓိက အမှတ်သင်္ကေတ
လည်းဖြစ်သည်။ မားလိုင်းရင်းမှာ ခြင်္သေ့ဦးခေါင်းနှင့်  ငါးကိုယ်ထည်ရှိသော  ခံ့ညားထည်ဝါလှသည့်  သတ္တဝါ
ဖြစ်သည်။ စင်ကာပူမြစ်အတွင်းမှ ကေသရာဇာ ခြင်္သေ့မင်း  မားလိုင်းရင်း  ရုပ်တုသည်  စင်ကာပူမြစ်ဝအနီးရှိ
မားလိုင်းရင်း ဥယျာဉ် (Merlion Park) အတွင်း၌ တည်ရှိသည်။

မားလိုင်းရင်းဥယျာဉ်အတွင်း၌ တည်ရှိသော မားလိုင်းရင်းရုပ်တုမှာ ၂၈ပေ (၈ဒသမ ၆မီတာ) မြင့်ပြီး တန်ချိန်
၇၀လေးလံသည်။ မားလိုင်းရင်းရုပ်တုကို   စင်ကာပူနိုင်ငံမှ  ဆုရနာမည်ကြီး   ပန်းပုဆရာ   အကျော်အမော်
မစ္စတာ လင်းမ်နန်းဆင်း (Lim Nang Seng) က အနုပညာလက်ရာမြောက်စွာ အနုစိတ်ပန်းပုထုဆစ်ပုံဖော်
ခဲ့သည်။
မားလိုင်းရင်းရုပ်တုကြီးနှင့်   ကျောခိုင်းလျက်မလှမ်းမကမ်းတွင်  မားလိုင်းရင်း ခြင်္သေ့ပေါက်ကလေးရုပ်တုကို
လည်း ထုလုပ်တပ်ဆင်ထားသည်။ မားလိုင်းရင်း ရုပ်တုကြီးနှင့်  မားလိုင်းရင်း  ခြင်္သေ့ပေါက်ရုပ်တုကလေးတို့
ကိုဖန်သားဖြင့် ရေလှိုင်းပုံဖော်ထားသောအောက်ခြေပေါ်တွင် မားမားမတ်မတ်ခိုင်မာစွာ တပ်ဆင်ထားသည်။
ပထမနေရာ
မားလိုင်းရင်းရုပ်တုကို အင်ဒါဆန်တံတားနှင့်အက်စ်ပလန်နိတ်ဒ်တံတားနှစ်ခုအကြားရှိ သေးငယ်ကျဉ်းမြောင်း
သော အငူအစွန်းကလေးပေါ်ရှိ မားလိုင်းရင်းဥယျာဉ်တွင် ၁၉၇၂ ခုနှစ်ကပထမဦးဆုံး စတင်တပ်ဆင်ခဲ့သည်။
စင်ကာပူမြစ်ဝအတွင်း ခံ့ညားထည်ဝါသော မားလိုင်းရင်း ရုပ်တု၏ ရှုခင်းမှာ  အလွန်မျက်စိပသာဒရှိလှသည်။
မားလိုင်းရင်းဥယျာဉ်မှာ လာရောက်ကြည့်ရှုသူများဖြင့် အစဉ်စည်ကားလျက်ရှိသည်။ နှစ်ပေါင်း ၂၀ကျော် အ
ကြာတွင် တစ်ချိန်တစ်ခါက ထင်ရှားပေါ်လွင်လှသော ရှုခင်းမှာ  ၁၉၉၇ခုနှစ်တွင် အက်စ်ပလန်နိတ်ဒ်တံတား
တည်ဆောက်ပြီးစီးခဲ့မှုကြောင့် မြင်ကွင်းဆိုးဆိုးရွားရွားထိခိုက်ခဲ့ရသည်။
စင်ကာပူပင်လယ်ကမ်းခြေကို မားမားမတ်မတ်ရပ်ကာ စောင့်ရှောက်ကာကွယ်ပေးလျက်ရှိသောမားလိုင်းရင်း
ရုပ်တုမှာ ပင်လယ်အော်အတွင်း၌    ခံ့ညားထည်ဝါလှသော  ရှုခင်းကို  လက်လွတ်ဆုံးရှုံးခဲ့သည်။   သို့ဖြစ်ရာ
မားလိုင်းရင်း အတွက် ရှုခင်းမြင်ကွင်းကောင်းသော  သင့်လျော်မည့်နေရာသစ်တစ်ခုရှာဖွေရန်  အချိန်တန်ခဲ့
သည်။
..........................
 
နေရာသစ်ပြောင်းရွှေ့ခြင်း
မားလိုင်းရင်းရုပ်တုအတွက် သင့်လျော်မည့်နေရာကို ရှာဖွေပြီးနောက် ဖူလ်လာတန်အဆောက်အအုံနှင့်ကပ်
လျက်  ရှိသောနေရာကို   မားလိုင်းရင်းဥယျာဉ်သစ်အဖြစ်   ရွေးချယ်သတ်မှတ်ခဲ့သည်။   မူလ မားလိုင်းရင်း
ဥယျာဉ်နှင့် ၃၉၅ ပေခန့် (မီတာ ၁၂၀) သာ ကွာဝေးပြီး မားလိုင်းရင်းဥယျာဉ်သစ်မှာ ပင်လယ်အော် ရှုခင်းကို
အကာအကွယ်အတားအဆီး  ကင်းမဲ့စွာ  လွတ်လွတ်ကင်းကင်းတွေ့မြင်နိုင်သည်။ ထို့ပြင် နောက်ခံ ရှုခင်း အ
ဖြစ် စင်ကာပူမြို့၏ ခံ့ညားထည်ဝါသော မိုးမျှော် အဆောက်အအုံကြီးများကိုလည်း တွေ့မြင်နိုင်သည်။
မားလိုင်းရင်းဥယျာဉ်သစ်မှာ ရှင်းလင်းထားသောမြေလွတ်ပေါ်တွင် သီးသန့်တည်ဆောက်ထားပြီး မူလနေရာ
အကျယ်အဝန်းထက် လေးဆပိုမိုကြီးမားကျယ်ပြန့်သည်။ ဥယျာဉ်သစ်၏ စုစုပေါင်း အကျယ်အဝန်းမှာ ခန့်မှန်း
ခြေ စတုရန်း ၂၅၀၀ မီတာ ရှိသည်။   သို့ဖြင့်  မားလိုင်းရင်းရုပ်တုနှင့်  မားလိုင်းရင်းခြင်္သေ့ပေါက်ကလေးတို့၏
ရုပ်တုတို့ကို မားလိုင်းရင်းဥယျာဉ်နေရာသစ်တွင် ပြောင်းရွှေ့တပ်ဆင်ခဲ့သည်။  မားလိုင်းရင်းဥယျာဉ်သစ်တွင်
နေရာပြောင်းရွှေ့တပ်ဆင်ခဲ့သော  မားလိုင်းရင်းရုပ်တုကို  ၂၀၀၂ခုနှစ်တွင်  စည်ကားခမ်းနားစွာ   ဖွင့်လှစ်ခဲ့
သည်။
........................
 
အသွင်သစ်နေရာသစ်
အသစ်ပြန်လည်မွမ်းမံပြင်ဆင်ထားသော မားလိုင်းရင်း  ဥယျာဉ်မှာ  အမှန်တကယ်ပင်  မျက်စိပသာဒရှိသော
မြင်ကွင်းတစ်ရပ်ဖြစ်သည်။ စင်ကာပူမြစ်ဝအနီးရှိ မားလိုင်းရင်း ရုပ်တုမှာ ပင်လယ်ဘက်သို့  မျက်နှာမူထားပြီး
ဖန်သားဖြင့်  ရေလှိုင်းပုံဖော်ထားသော  အောက်ခြေပေါ်တွင်  မားမားမတ်မတ်ခံ့ခံ့ထည်ထည်  တည်ရှိသည်။
ယင်းဖန်သားရေလှိုင်းများကို ညဘက်တွင် လျှပ်စစ်မီးများဖြင့် ထိန်ထိန်ညီးညီးထွန်းညှိထားသည်။    ညဘက်
တွင် မားလိုင်းရင်းခြင်္သေ့ပါးစပ်ပေါက်ထဲမှ ရေများ  ဒလဟောပန်းထွက်နေသည်ကို  လျှပ်စစ်မီးရောင်ဖြင့်  အ
ထင်းသားပေါ်လွင်အောင်  ထွန်းညှိထားသဖြင့်  ရှုမငြီးအောင်  လှပတင့်တယ်စွာ  ကျက်သရေဝေဖြာ ခံ့ညား
ထည်ဝါနေသည်။
မားလိုင်းရင်း  ခြင်္သေ့ပေါက်ကလေး၏  ရုပ်တုကိုလည်း  ဖန်သားဖြင့်ပုံဖော်ထားသော  ရေလှိုင်းပုံအောက်ခြေ
ပေါ်တွင် တပ်ဆင်ထားပြီး  ထူးထူးခြားခြား  ဒီဇိုင်းပုံစံထုပ်ထားသော  ရေကန်ငယ်ကလေးအတွင်းသို့  ခြင်္သေ့
ပေါက်ကလေး၏ ပါးစပ်ထဲမှ ရေများ   အဆက်မပြတ်ပန်းထုပ်လျက်ရှိသည်။  မားလိုင်းရင်းရုပ်တု၏  ဝန်းကျင်
တစ်ခုလုံးကို လျှပ်စစ်မီးရောင်များဖြင့် အနုပညာမြောက်စွာ ထွန်းညှိထားသော ရေပြင်ရှုခင်းနှင့် မြေပြင်ရှုခင်း
နှင့် မြေပြင်ရှုခင်းတို့ဖြင့်  အသေးစိတ်ခဲရာခဲဆစ် မျက်စိပသာဒဖြစ်အောင်  ရှုချင့်စဖွယ် အလှဆင်ထားသည်။
မားလိုင်းရင်း ဥယျာဉ်သစ်၏ အဓိက သွင်ပြင်လက္ခဏာမှာ လူ၃၀၀ဆံ့ရှုခင်းကြည့်ရှုနိုင်သော ကုန်းပတ်ကပြင်
ပါရှိခြင်းဖြစ်သည်။ ဤကုန်းပက်ကပြင်ကလေးပါရှိခြင်းကြောင့် လာရောက်ကြည့်ရှုသော ဧည့်သည်များအနေ
ဖြင့် မားလိုင်းရင်းရုပ်တု၏ ရှေ့ဘက်မြင်ကွင်းမှာ စင်ကာပူမြို့၏ မိုးမျှော်အဆောက်အအုံကြီးများ၏ ရှုခင်းမြင်
ကွင်းကျယ်ကို နောက်ခံထားပြီး စိတ်တိုင်းကျ ဓာတ်ပုံရိုက်ယူနိုင်သည်။
............................
 
 
ဆယ်န်တိုဆာကျွန်း
မားလိုင်းရင်းမှာ စင်ကာပူ၏ အဓိက အမှတ်သင်္ကေတ အဖြစ် ကမ္ဘာတစ်လွှား လူသိများထင်ရှားလာခဲ့သော
ကြောင့် မားလိုင်းရင်းမျှော်စင်ကြီး တစ်ခိုကို ဆယ်န်တိုဆာကျွန်း ပေါ်တွင် ထပ်မံတည်ဆောက်ခဲ့သည်။  ၄င်း
ကျွန်းသည်  ပင်လယ်ကမ်းခြေ  အပန်းဖြေစခန်းတစ်ခုသာမက  ကလေးတို့အကြိုက် ဒစ်စနေကမ္ဘာပုံစံ ပျော်
ရွှင်ဖွယ်  အပန်းဖြေပန်းခြံ၊  အရှေ့တောင်အာရှဒေသတွင်  အကြီးဆုံး  (Under water world)၊   ပန်းရောင်
လင်းပိုင်သရုပ်ပြပွဲရှိသော  လင်းပိုင်ကန်၊  လိပ်ပြာပြတိုက်ပန်းခြံ၊  စင်ကာပူကို စတင်စွန့်စားခြေချခဲ့သူများ ပြ
တိုက် နှင့် ဒုတိယကမ္ဘာစစ်အတွင်းက  လက်နက်ချခဲ့ပုံများပြတိုက်၊  ကမ္ဘာပေါ်တွင် တစ်ခုတည်းသာရှိသော
ရှားပါးကျောက်တုံးပြတိုက် စင်ကာပူဆိပ်ကမ်းနှင့် ဒေသတွင်းသုံးလှေအမျိုးအမျိုးပြတိုက် စသည်ဖြင့် လေ့လာ
ကြည့်ရှုဖွယ်ရာများစုံလင်သဖြင့်   ဒေသခံပြည်သူများရော   ကမ္ဘာလှည့်ခရီးသည်များပါ   အထူးနှစ်သက်ကြ
သည်။
........................
 
Under water world   မှာ လာရောက်လေ့လာကြည့်ရှုသူများ  သမုဒ္ဒရာရေနက်အတွင်း  ရောက်ရှိနေသည့်
အလား မီတာ ၁၀၀ ရှည်လျားသော ဖန်ပြွန်တွင်းမှ တစ်ဆင့် အပူပိုင်းဒေသ သမုဒ္ဒရာနှင့် ပင်လယ်နေငါးမျိုးစုံ
ကို ရေငုပ်သမားတစ်ဦးပမာ ကြည့်ရှုနိုင်သည်။ ငါးမန်းကြီးများနှင့် ငါးလိပ်ကျောက်ကြီးများကို လက်တစ်ကမ်း
အကွာတွင် သဘာဝအတိုင်းမြင်တွေ့ရပြီး အပူပိုင်းဒေသ  ချစ်စရာ့ရောင်စုံငါးကလေးများကို  မိမိရှေ့မှ  ပွတ်
ကာသီကာ  ဖြတ်သန်းကူးခပ်သွားသည်ကို  ကြည့်ရှုနိုင်သည်။   ၄င်းပြတိုက်တွင်  ငါးအမျိုးအစားပေါင်း  ၃၅၀
ကျော်နှင့်  ငါးမျိုးစုံ  ၅၀၀၀ကျော်  ပြသထားသဖြင့် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံး ပြတိုက် ဖြစ်
သည်။ 
ဆယ်န်တိုဆာကျွန်းသို့  Mount Feber  မှလည်းကောင်း၊   လမ်းခုလပ်ရှိ   World Trade Center   မှ လည်း
ကောင်း၊ ကောင်းကင်ကြိုးတန်းမှ Cable Car စီး၍သွားနိုင်သကဲ့သို့ ဘတ်စ်ကား၊ ကူးတို့သင်္ဘောတို့ဖြင့်သွားပါ
က ၁၀ မိနစ်အကြာတွင်ရောက်နိုင်သည်။ ဆယ်န်တိုဆာကျွန်းသို့ Cable Car စီးသွားလျှင် ပင်လယ်ပြင်ထက်
အလွန်မြင့်မားသော နေရာမှ အသက်ရှုမှားလောက်အောင် လှပသော မြေပြင်ရှုခင်းများကို ကောင်းကင်ယံမှ
အပေါ်စီးထင်ရှားစွာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကျွန်းပေါ်သို့ ရောက်သောအခါ  ဆယ်န်တိုဆာကျွန်းဝန်းကျင်
တစ်ခုလုံးရှိ အထူးစိတ်ဝင်စားဖွယ် သဘာဝရှုခင်းနှင့် လူတို့ဖန်တီးထားသော  ရှုခင်းများကို  ရထားစီး၍  လေ့
လာကြည့်ရှုနိုင်သည်။
.........................
 
မားလိုင်းရင်းမျှော်စင်(ဆယ်န်တိုဆာ)
ဆယ်န်တိုဆာကျွန်းပေါ်တွင် စင်ကာပူ၏ အမှတ်သင်္ကေတဖြစ်သော မားလိုင်းရင်း ကို  မျှော်စင်ကြီးတစ်ခု အ
သွင် တည်ဆောက်ထားသည်။ မားလိုင်းရင်းမျှော်စင်မှာ ၁၂ ထပ်ရှိပြီး ၃၇မီတာ (၁၂၁ပေ) မြင့်သည်။
မားလိုင်းရင်းမျှော်စင် အတွင်း၌  ရိုးရိုးလှေကားသာမက  ဓာတ်လှေကားလည်းတပ်ဆင်ထားသဖြင့်  ခြင်္သေ့ဦး
ခေါင်းအတွင်းရှိအမြင့်ဆုံးအထပ်ပေါ်သို့တက်ကာ ခြင်္သေ့ပါးစပ်ပေါက်အတွင်းမှ စင်ကာပူမြို့နှင့် အနီးပတ်ဝန်း
ကျင်ရှိ ကျွန်းများကို အပေါ်စီးမှ မြင်ကွင်းကျယ် လေ့လာကြည့်ရှုနိုင်သည်။
ညဘက်တွင် မားလိုင်းရင်းမျှော်စင်ကြီးကို ရောင်စုံလျှပ်စစ်မီးများထွန်းညှိထားသောအခါ ရှုမငြီးအောင် ခံ့ညား
ထည်ဝါနေသည်။  မားလိုင်းရင်း၏ မျက်လုံးများကို  ညဘက်တွင်  လျှပ်စစ်မီးများဖြင့်  တောက်ပထိန်လင်းစွာ
ထွန်းညှိထားပြီး ခြင်္သေ့နှာခေါင်းပေါက်ထဲမှ  မီးခိုးလုံးများအလိပ်လိပ်  မှုတ်ထုပ်လိုက်သောအခါ  မားလိုင်းရင်း
ရုပ်တုကြီးမှာ သက်ဝင်လှုပ်ရှားလာပြီး ရှုမငြီးအောင် ကျက်သရေ ဝေဖြာခံ့ညားထည်ဝါနေသည်။ 
စင်ကာပူမြစ်အတွင်းမှကေသရာဇာခြင်္သေမင်း မားလိုင်းရင်း ရုပ်တုနှင့် ဆယ်န်တိုဆာကျွန်းပေါ်မှမားလိုင်းရင်း
မျှော်စင်တို့မှာ စင်ကာပူနိုင်ငံ၏ ကမ္ဘာကျော်ထင်ရှားသော အမှတ်သင်္ကေတဖြစ်ပြီး နောင်လာမည့် နှစ်ပေါင်း
များစွာတိုင် နိုင်ငံ့ကျက်သရေဆောင် ရုပ်တုကြီးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ မားမားမတ်မတ်  ဆက်လက်  ရပ်
တည်နေဦးမည်ဖြစ်သည်။
(သုတစွယ်စုံ မဂ္ဂဇင်း အုပ် ၂၅၀ မြောက်အထူးထုတ်)

Saturday, 15 November 2008

သွေးပိုင်ရှင်များရဲ့စိတ်ထား

လူ့ရုပ်ရည်က စိတ်ကိုမဖတ်နိုင်ပေမယ့် သွေးအမျိုးအစားကတော့ လူ့စိတ်ကိုဖတ်နိုင်တယ်လို့ဆိုနေပြန်ပါပြီ။ 
ကဲသင်ရော ဘယ်သွေးအမျိုးအစားထဲမှာပါပြီး ဘယ်လို စိတ်ထားမျိုးရှိလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်...
A= စိတ်လှုပ်ရှားလွယ်၊ စိတ်ထိခိုက်သူများဖြစ်ကြပြီး၊ ဝေဖန်ခံနိုင်စွမ်းရည် အားနည်းကြသည်။ အချစ်ရေးနှင့်
ပက်သက်ပြီး အချစ်ကြီးသူများဖြစ်ကြသည်။ တစ်ဦးဆိုတစ်ဦး စွဲစွဲလန်းလန်းဖြစ်တတ်ကြပြီး ချစ်သူနှင့်ခွဲခွာရ
လျှင် အခြားသူများထက် ပို၍ခံစားရတတ်သည်။
B= မိမိတို့နေတတ်သလို စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူတတ်ကြသည်။ အချုပ်အချယ်မခံလိုဘဲ လွတ်
လပ်စွာ နေလိုစိတ်ပြင်းပြကြသလို ဖန်တီးနိုင်စွမ်း တီထွင်နိုင်စွမ်း ရှိကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး ရံ
ဖန်ရံခါ အချစ်ကိုပေါ့ပေါ့ဆဆ သဘောထားတတ်ကြသလို မိမိကိုယ်ကိုသာ ပိုမိုခင်တွယ်၊ ဦးစားပေးတတ်၍
ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
O= လွန်စွာ ပြင်းထန်သော၊ တိကျသော၊ ပြတ်သားသောသူများ ဖြစ်ကြပြီး၊ ရည်မှန်းချက်ကြီးမားကာ မဖြစ်မ
နေ လုပ်ဆောင်တတ်ကြသလို အားသွန်ခွန်စိုက်ဆောင်ရွက်တတ်ကြ၏၊ အချစ်ရေးနှင့်ပက်သက်ပြီး မိမိကိုယ်
ကို မိမိ အချစ်ကြီးသည် အစွဲအလန်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက်မဟုတ်ဘဲ
ချစ်သူနှင့် ခွဲခွာရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။
AB= အရာရာကို မျှမျှတတ ဝေဖန်ပိုင်းခြားဆင်ခြင်တတ်ကြပြီး မိမိသဘောဆန္ဒ သက်သက်ကိုမကြည့်ဘဲ အ
များ၏ ဆန္ဒကိုဆောင်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး စိတ်ကူးယဉ်အိပ်မက် မက်လွန်းသူများ
ဖြစ်ကြသည်။ အခြေအနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။
.......................................................

Thursday, 6 November 2008

ဘားရက်အိုဘားမား

 
ဘားရက်အိုဘားမား
....................................................... 
အမေရိကန်ပြည်ထောင်စု၏ နိုဝင်ဘာလ ၄ရက် သမ္မတရွေးကောက်ပွဲတွင်  အနိုင်ရရှိသွားသော ဆီနိတ်တာ

Barack obama  သည် အမေရိကန်ပြည်ထောင်စု သမိုင်းတွင် လေးဆယ့်လေးယောက်မြောက် ပထမဦးဆုံး

လူမဲသမ္မတ  ဖြစ်လာခဲ့ပြီဖြစ်သည်။ ၄င်းကို ၁၉၆၁ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ဖွားမြင်သည်။  ကိုလမ္ဘီ

ယာ  တက္ကသိုလ်နှင့် ဟားဗတ်တက္ကသိုလ်တို့မှ ဘွဲ့ရခဲ့သော ဘားမားသည် ဟားဗတ်၏ ဥပဒေ  အာဘော်များ

ကို  အမေရိကန်  ပြည်ထောင်စုတွင်  စတင်အသုံးချတော့မည်ဖြစ်သည်။   ၄င်းသည်  ၁၉၉၂  ခုနှစ်မှ  သည်
၂၀၀၄ ခုနှစ်ထိ ချီကာဂိုတက္ကသိုလ်တွင် ကျောင်းဆရာလုပ်ပေးခဲ့သေးသည်။ ၂၀၀၄ ခုနှစ် ဇူလိုင်တွင် Dem-
cratic National Convention တွင်ရှိသော kenote address သို့ပြောင်းခဲ့သည်။  ၄င်းကို  ၂၀၀၄ ခုနှစ် နိုဝင်

ဘာတွင် မဲဆန္ဒ ၇၀% ဖြင့် ဆီးနိတ်သို့ ရွေးချယ်ခြင်းခံခဲ့ရသည်။ ၄င်းနောက် ၂၀၀၇ ဖေဖော်ဝါရီတွင် သမ္မတ

ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ၂၀၀၈နိုဝင်ဘာတွင် မဲဆန္ဒ ၅၃%

၊ လွှတ်တော်အမတ်နေရာ ၃၄၉ နှင့် ရီပက်ဘလီကန် အမတ် John McCain ကို အနိုင်ရကာ သမ္မတဖြစ်လာ
ခဲ့သည်။ ၄င်းသည် လာမည့် ၂၀၀၉ ဇန်နဝါရီ ၂၀ တွင် သမ္မတသက်တမ်း စတင်မည်ဖြစ်သည်။

အိုဘားမားကို ဟာဝိုင်ရီကျွန်းစု ဟိုးနိုးလူလူ တွင်မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၄င်း၏ မိဘများသည်  Hanoa တွင်

ရှိသော ဟာဝိုင်ရီတက္ကသိုလ် တွင်ကျောင်းတက်ရင်း တွေ့ရှိချစ်ကြိုက်ခဲ့သည်။ ခုနှစ်အားဖြင့်ဆိုသော်  အိုဘား

မားလေး မမွေးခင် ၁၉၆၀ တွင်ဖြစ်သည်။ ထိုအချိန်တွင် ၄င်း၏ ဖခင်သည်   နိုင်ငံခြားသားစာသင်သားအဖြစ်
နှင့်သာဖြစ်သည်။  အဘယ့်ကြောင့်ဆိုသော်  ၄င်း၏ ဖခင်မှာ ကင်ညာနိုင်ငံသား  ဖြစ်သောကြောင့်ဖြစ်သည်။
နောင်သော် ၁၉၆၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် လက်ထက်ခဲ့သည်။  အိုဘားမား ၂ နှစ်အရွယ်  ၁၉၆၄ တွင်
မိဘများလမ်းခွဲခဲ့ကြသည်။ အိုဘားမား၏ ဖခင်သည် ကင်ညာသို့ပြန်လာခဲ့ပြီး ၁၉၈၂ တွင် ကားမတော်တဆ
ဖြင့်ကွယ်လွန်ခဲ့သည်။ မကွယ်လွန်ခင် သူ့သားလေးကို တစ်ကြိမ်ထက်မကသာ တွေ့ခွင့်ရခဲ့သည်။

 
အိုဘားမား၏ မိသားစု ဓါတ်ပုံ (ယာမှဘယ်-Barack obama, မအေတူဖအေကွဲ
ညီမလေး  Maya Soetoro, မိခင် Ann Dunham နှင့်  အဖိုး တော်သူ Stanley 
Dunham,  ဟာဝိုင်ရီ)
မိခင် Dunham သည် လမ်းခွဲပြီးသော် Lolo Soetoro နှင့် လက်ဆက်ခဲ့ပြန်သည်။ ထို့နောက်  မိသားစုသည်

Soetoro နေထိုင်ရာ အင်ဒိုနီးရှားတွင်ရှိသောနေအိမ်သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ အိုဘားမားသည် အသက်

ဆယ်နှစ် မပြည့်မီအချိန်ထိ ဂျကာတာတွင်ရှိသော ဒေသကျောင်းများတွင် ပညာသင်ကြားခဲ့သည်။  ၄င်းနိုင်ငံ

 တွင် မပျော်သော  အိုဘားမားလေးသည်  မိခင်ဘက်မှ အဖိုးအဖွားအဖွားများနေထိုင်ရာ ဟိုးနိုးလူလူသို့ ပြန်

 လာခဲ့ပြန်သည်။ သားကိုချစ်ရှာသော အိုဘားမား၏ မိခင်သည် ဟာဝိုင်ရီသို့ ၁၉၇၂ ခုနှစ်တွင်ပြန်လာခဲ့ပြီးနှစ်

အတော်အတန်ကြာ နေထိုင်ခဲ့သည်။ တစ်ဖန် ၁၉၇၇ ခုနှစ်တွင်  အင်ဒိုနီးရှားသို့ တစ်ကျော့ပြန်လာခဲ့ပြန်သေး
သည်။ ထိုနိုင်ငံမှ Arthropological ပညာရပ်ဆိုင်ရာနယ်ပယ်တွင် ခြေချခဲ့သည်။ သူမသည် ကျန်သော ဘဝ
အစိတ်အပိုင်းလေးကို အင်ဒိုနီးရှားတွင် ကုန်လွန်စေခဲ့သည်။  ၁၉၉၅ ခုနှစ်တွင် သားဥအိမ်  ကင်ဆာဖြင့်ဘဝ
နဂုံးချုပ်ခဲ့သည်။ 

မိဘမဲ့ဖြစ်သွားရှာသော အိုဘားမားသည် အထက်တန်းကျောင်းနေစဉ်အရွယ်တွင် ကိုကိန်း နှင့် အရက်များမှီ
ဝဲခဲ့ကြောင်း  သူကိုယ်တိုင်  ဝန်ခံခဲ့သည်။  အထက်တန်းကျောင်းပြီးသော်  LA  သို့ပြန်လာခဲ့ပြီး   Occidental
ကောလိပ်တွင်  နှစ်နှစ်ကြာ  ပညာသင်ကြားခဲ့သည်။  ၄င်းနောက်  နယူးယောက်တွင်ရှိသော  ကိုလမ်ဘီယာ
တက္ကသိုလ်သို့ပြောင်းရွှေ့ခဲ့ပြီး နိုင်ငံရေးသိပံ္ပ အဓိကယူ၍  နိုင်ငံတကာ ဆက်ဆံရေးတွင် အထူးပြုသင်ကြားခဲ့

သည်။ ၁၉၈၃ ခုနှစ်တွင် ကိုလံဘီယာမှ B.A ဘွဲ့ရရှိခဲ့သည်။
အိုဘားမားသည် ၁၉၈၈နောက်ပိုင်းတွင် ဟားဗတ်တက္ကသိုလ်သို့ဝင်ရောက်ခဲ့သည်။ ပထမနှစ်နောက်ဆုံးတွင်

အိုဘားမားကို  သူ၏   စာမေးပွဲရလဒ်အဆင့်များနှင့်   စာစီစာကုံးအရေးအသားများကြောင့်   Harvard Law

Review တွင် အယ်ဒီတာအဖြစ်ခန့်အပ်ခဲ့သည်။ ၁၉၉၀ ဖေဖော်ဝါရီတွင် အယ်ဒီတာ  အယောက်ရှစ်ဆယ်ကို

အကြံပေးရသော အချိန်ပြည့်အယ်ဒီတာချုပ် အဖြစ်တိုးမြှင့်ခန့်ထားခဲ့သည်။
အိုဘားမားသည်   အလုပ်လောဘကြီးသောသူဖြစ်ရကား  ဥပဒေနှင့်ပက်သက်သော  အလုပ်မျိုးစုံတွင်  ကျင်

လည်ခဲ့သည်။ ၄င်းအချက်နှင့်အညီ သူသည် ၁၉၉၂ ခုနှစ်မှစ၍ ချီကာဂိုဥပဒေဆိုင်ရာ တက္ကသိုလ် တွင် ဆယ့်

နှစ်နှစ်ကြာအောင် ကျောင်းဆရာအဖြစ် ဥပဒေပညာရပ်များကို သင်ကြားပို့ချခဲ့သည်။ ၄င်းနောက် သမ္မတဖြစ်

ရေး ကြိုးပမ်းမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ အိုဘားမားကို  ၁၉၉၆  ခုနှစ်တွင်  အိလိနွိုက်ပြည်နယ်

ဆီနိတ်တာအဖြစ်ရွေးချယ်ခဲ့သည်။ ၄င်းအပြင် ၁၉၉၈ နှင့် ၂၀၀၂ ခုနှစ်များတွင် အိလိနွိုက်ကိုယ်စားပြုအမတ်

အဖြစ်သို့ ထပ်မံရွေးချယ်ခြင်းခံရပြန်သည်။ ၂၀၀၃ ခုနှစ်တွင် အိလိနွိုက်ပြည်နယ်ဆီနိတ်တာ ကျန်းမာရေးနှင့်

လူမှုအကျိုးဆောင်ကော်မတီများတွင်  အဓိကအခရာ  လူကြီးဖြစ်လာခဲ့ပြီဖြစ်သည်။  ထို့နောက် ၂၀၀၄ ခုနှစ်

နိုဝင်ဘာတွင်  အမေရိကန်ဆီးနိတ်  ဖြစ်လာရန်အတွက် အိလိနွိုက်ဆီးနိတ်အဖြစ်မှ  နှုတ်ထွက်ခဲ့ပြီးကြိုးပမ်းခဲ့

ဲ့
ရာ ယခု အမေရိကန် သမ္မတလောင်းဖြစ်လာခဲ့သည်။
အိုဘားမားကို လူပျိုအရွယ်ငယ်စဉ်က Barry ဟုခေါ်ကြပြီး ကောလိပ်ကျောင်းတွင်မူ အိုဘားမားနှင့်သာ အိမ်

လိပ်စာကို ရှာနိုင်မည်ဖြစ်သည်။ အိုဘားမားသည် ၁၉၈၉ တွင် ၄င်း၏ ဇနီး Michelle Robinson နှင့် ချီကာဂို

တွင် တွေ့ခဲ့ပြီး  ၁၉၉၂ ခုနှစ်  အောက်တိုဘာ ၃ ရက်နေ့တွင်  လက်ထပ်ခဲ့သည်။  ယခုအခါ Malia Ann နှင့်

Natasha  သမီးလေးနှစ်ယောက်ကို  ပိုင်ဆိုင်ထားပြီးဖြစ်သည်။   အင်တာဗျူးတစ်ခုတွင်  အိုဘားမားပြောပြခဲ့

သည်မှာ " ကျွန်တော့်ဇနီး Michelle  ပြောပြလိမ့်မယ်။ ကျွန်တော်တို့ ခရစ်စမတ်မှာ တွေ့ကြပြီဆိုရင် အမေရိ


ကန်ပြည်ထောင်စု သေးသေးလေးဖြစ်သွားသလိုမျိုးပဲ။  ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ မအေတူဖအေ

ကွဲ တွေက အများကြီးကိုး " ဟူသတည်း။
ဲ့
ဲ့

ဲ့

 
 ဘားရက်အိုဘားမားငယ်စဉ်က...မိခင်ဖြစ်သူ Ann Dunham ချီထားပုံ
..........................................................
အိုဘားမားသည် ဘက်စကတ်ဘောအားကစားကို အထူးနှစ်ခြိုက်သည်။ အထက်တန်းကျောင်းမှစ၍ကျောင်း

ဘက်စကတ်ဘောအသင်းတွင် ပါဝင်ခဲ့သူဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ငြိမ်း

ချမ်းရေးနှင့် စာပေကိုချစ်မြတ်နိုးသည်။ သူရေးခဲ့သောစာအုပ်များမှာအောက်ပါအတိုင်းဖြစ်သည်။