Thursday 30 July 2009

မြန်မာ Website များကို တစ်နေရာတည်း စုစည်းပေးထားတဲ့ myanmardaily

မြန်မာဝဘ်ဆိုဒ် အတော်များများကို RSS အခြေခံနဲ့စုစည်းပေးထားတဲ့  ဆိုဒ်လေးဖြစ်ပါတယ်။  ပို့စ်များကို RSS
နဲ့ စုစည်းပေးထားတဲ့အတွက်  ဝဘ်ဆိုဒ်တစ်ခုက  ပို့စ်တစ်ခုတင်တိုင်းတင်တိုင်း ဒီဆိုဒ်လေးထဲကနေ အသစ်အ
သစ်များကို ၂၄နာရီ အချိန်နဲ့တစ်ပြေးညီ ဖတ်ရှုနိုင်ပါလိမ့်မယ်။ ဒီထဲမှာ မြန်မာ့သတင်း(နိုင်ငံရေးမပါ)၊ ဘလော့
များ၊ ဂျာနယ်များ၊ အိုင်တီနည်းပညာ၊ အင်ဂျင်နီယာနည်းပညာ၊ အထွေထွေဗဟုသုတ၊ အခမဲ့ပေးသောသီချင်း
ဖိုင်များ၊ဆော့ဖ်ဝဲများ၊ အနုပညာဆိုင်ရာ၊သီချင်း၊ ကျန်းမာရေး၊ ဘာသာရေး၊ ဗေဒင်၊ အစားအသောက်၊ ဟာသ
အထွေထွေလမ်းညွှန်၊ ဘလော့ဂ်လမ်းညွှန် စတာတွေနဲ့ဆိုင်တဲ့ ဝဘ်ဆိုဒ်များရဲ့လင့်ခ်များကို တစ်နေရာတည်း
စုထားပြီး အချိန်နဲ့တစ်ပြေးညီဖတ်ရှုနိုင်အောင် စီမံပေးထားပါတယ်။ Cbox မှာလည်း ကိုယ့်ရဲ့ ထင်မြင်ချက်ကို
ပေးထားခဲ့နိုင်ပါသေးတယ်။ ကဲ မြန်မာ့ပထမဦးဆုံး RSS အခြေခံ ဝဘ်ဆိုဒ်လမ်းညွှန် ဆိုဒ်လေးကို  သွားချင်ရင်
 
(လိပ်စာကိုတော့ mysteryzillion မှ သိရပါတယ် ခင်ဗျာ)

4 comments:

မေဇင် said...

ဒီလိုလေး သိရအောင် ဖြန့်ဝေပေးတာ ကျေးဇူးတင်ပါတယ်..။

Unknown said...

မင်္ဂလာအပေါင်းနှင့်ပြီးပြည့်စုံပါစေ..

ahphyulay said...

အလွယ်တကူသုံးစွဲလို့ ရအောင် တဆင့် စုဆောင်း
ဖြန့် ဝေပေးတဲ့ အတွက်ကျေးဇူးပါ။လာလည်ဖတ်ရှု့ 
ပေးသွားတဲ့ အတွက်လည်းကျေးဇူးကမ္ဘာပါ။
စိတ်ပျက်စရာအမှားများနဲ့ တစ်ပုဒ်တင်မိပြန်ပြီ။
အားယင်မြည်းပါအုံး၊အခါးအရသာကိုပါ။

ဇော် said...

ကျေးဇူးတင်တယ် စင်ကရေ..။
ခုပဲ သွားကြည့်နေတာ။
မျက်စိသိပ်မကောင်းလို့ အိမ်မလည်ဖြစ်ဘူးဟာ။
အဲ့ဒါကြောင့်။ =)