Monday 17 August 2009

အချစ်ဆုံးရဲ့ DNA ကို လည်ဆွဲ လုပ်သိမ်းထားမယ်

လုံးဝ ရိုမန်းတစ်ဆန်တဲ့ သတင်းလေးပါ။ မြန်မာနိုင်ငံရဲ့ကျန်းမာရေးနှင့်ဆေးပညာဂျာနယ်HealthDigest မှာ
ဖော်ပြထားတဲ့ ထူးဆန်းပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းလေးဖတ်လိုက်ရပါတယ်။ အဲဒါကတော့ သိမ်း
ထားချင်တယ် အချစ်ဆုံးရဲ့ ဒီအန်အေ ဆိုတဲ့ခေါင်းစဉ်လေးပါ။
ဟုတ်ပါတယ်။ မိမိတို့ရဲ့ အမြတ်နိုးဆုံး၊ အချစ်ဆုံးသူရဲ့ အမှတ်တရဖြစ်စရာတစ်ခုခုကို မိမိကိုယ်နဲ့ မခွဲမခွာ အ
မြဲတမ်း ဆောင်ထားချင်သူတွေအတွက် ကိုယ်မြတ်နိုးချစ်ခင်ရတဲ့သူရဲ့ ဒီအန်အေ  ကိုလည်ဆွဲပြားထဲမှာထည့်
ပြီး အမြတ်တနိုးသိမ်းထားနိုင်ပါပြီတဲ့။  ကိုယ့်အချစ်ဆုံးသူရဲ့  ပါးစောင်ကနေရနိုင်မယ့်  အသားစ  ဒါမှမဟုတ်
သွေးနမူနာကို ယူ၍သော်လည်းကောင်း၊ ဒါမှမဟုတ် ကိုယ့် အချစ်တော်ခွေးလေး၊ ကြောင်လေးတွေရဲ့အမွေး
ဒါမှမဟုတ် အချစ်တော်ငှက်ကလေးတွေရဲ့ တောင်ပံအမွေးကို ယူပြီး ဗီဇအပိုင်းအစကလေးကို ထုတ်ယူမိတ္တူ
ပွား၊ သေးငယ်တဲ့ ဖန်ပြွန်လေးနဲ့ ထည့်ပြီး ဆွဲပြားအဖြစ်ဆွဲကြိုးမှာ ချိတ်၊ လည်မှာဆွဲထားနိုင်ပါတယ်။  အမေရိ
ကန်နိုင်ငံ ရတနာcompany တစ်ခုက ၀န်ဆောင်မှုပေးပြုလုပ်ပေးနေတဲ့ ယခုလို ဗီဇလေးကို  လည်မှာဆွဲနိုင်
တဲ့ ဆွဲပြားလေးတစ်ခုကို အမေရိကန်ဒေါ်လာ၇၅ကျသင့်တယ်လို့ဆိုထားပါတယ်။ခုဒီလိုစိတ်ကူးဟာဟိုးအရင်
ကိုယ့်အချစ်ဆုံးသူရဲ့ ဆံပင်မွေးကို ဖြတ်ယူပြီး ကြုတ်နဲ့ထည့်  လည်မှာဆွဲထားတဲ့သဘောမျိုးပါပဲ။  ဒီအန်အေ
လည်ဆွဲ လုပ်ပေးဖို့ အော်ဒါမှာကြားမှုတွေ အများကြီးပါပဲတဲ့။ တကယ်လို့ စာဖတ်သူစိတ်ဝင်စားရင်တော့  အ
ခုဖော်ပြထားတဲ့ လိပ်စာမှာ သွားရောက်လေ့လာနိုင်ပါတယ်။ လိပ်စာကတော့...
www.perpetua.us ပါ။
ကိုယ့်ချစ်သူအတွက် မှာယူချင်တဲ့ ရေခြားမြေခြားရောက်နေတဲ့ သူငယ်ချင်းများအတွက်ကတော့ အထက်ပုံပါ

လိပ်စာကို ဆက်သွယ်မှာယူနိုင်ပါတယ်။ မြန်မာနိုင်ငံမှသူငယ်ချင်းများကတော့ အဝေးရောက်သူငယ်ချင်းများ
ကနေတစ်ဆင့်မှာယူနိုင်ပါတယ်။အောက်ပုံပါငွေချေစနစ်ဟာမြန်မာနိုင်ငံကိုထောက်ပံ့မပေးနိုင်တာကြောင့်ပါ။
အဝေးရောက်သူငယ်ချင်းများ အကောင့်မရှိသေးရင်တော့ အောက်ကပုံလေးကိုနှိပ်ပြီး အကောင့်လုပ်နိုင်ပါပြီ
Sign up for PayPal and start accepting credit card payments instantly.

8 comments:

neking said...

စိတ်ဝင်းစားစရာပဲ။ဒါပေမယ့်ကိုယ့်ပစ္စည်းကိုသူတို့ဆီရောက်အောင်ဘယ်လိုပို့မလဲဗျ

poemflower said...

မလုပ်ဘူး၊ ကြောက်စရာကြီး :P

Han Thit Nyeim said...

စိတ်ဝင်စားစရာပဲ... ဒါပေမယ့် လမ်းမှာ ခွေးမွှေး၊ ကြောင်မွှေးတွေနဲ့ ပစ္စည်းချင်းမှားလို့ကတော့ ဒုက္ခ...။

Anonymous said...

ဂွတ်သားဗျ.. စမ်းကြည့်ချင်စမ်းတယ်.. ခံစားမှုတစ်မျိုးပေးတာပေါ့..

Unknown said...

ရိုမန်းတစ်ဆန်အောင် လုပ်လိုက်အုန်းမယ်ဗျာ..
ပိုက်ပိုက်ရှိရင်...

Anonymous said...

အလကားရရင်တော့ လုပ်မယ်ဗျာ။ လုပ်ဖို့ လူအရင်ရှာရဦးမယ်ဗျ.ဟီး

ahphyulay said...

ချစ်သူများလောကအတွက် အဆန်းဆုံးသော
အစီအစဉ်သစ်ကလေးပါ။ ရှာရှာဖွေဖွေတင်ပြ
တတ်လွန်းပါတယ်။မောင်နှမအားလုံးလိုပဲကျေး
ဇူးတင်ပါတယ်။အဲဒီအတွက်။
ကျွန်တော် မသွားဖြစ်သေးလို့ တစ်ပုဒ်တင်
ဖြစ်တယ်ဗျို့ ။ လာလည်တဲ့ အတွက်ကျေးဇူးကမ္ဘာပါ။

yangonthar said...

ချစ်သူများအတွက် ချစ်ကဲပိုရန်ပေါ့ဗျာ ကျေးဇူး သတင်းလေး အတွက်
:D
ရန်ကုန်သား