Thursday 27 August 2009

နားမလည်နိုင်တဲ့ eTm SMS

GSM<>Gtalk
မက်ဆေ့ပို့လို့ရတဲ့ ဝန်ဆောင်မှု ခုတစ်လော အွန်လိုင်းဖြစ်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်နေပါတယ်။ ခဏ
ခဏ အဲဒီလိုဖြစ်တယ်။ နောက်ပြီး စနေတနင်္ဂတွေဆို  လုံးဝအွန်လိုင်းဖြစ်မလာဘူး။  ကျွန်တော် ငွေသွင်းပြီး အ
ကောင့်ဖွင့်ထားပါတယ်။ ၂၄နာရီအွန်လိုင်းမဖြစ်တော့ သုံးရတာ အဆင်မပြေဘူး။ နောက်ပြီး ခဏခဏ  ပြဿ
နာတက်တယ်။ အွန်လိုင်းကနေ မက်ဆေ့ပို့လို့မရတာမျိုးတို့ တော်တော်နဲ့မရောက်တာမျိုးတို့  ဖြစ်လေ့ရှိတယ်။
ဟိုတစ်လောကလည်း  ကိုယ်က အကောင့်လုပ်ထားပါရက်နဲ့  ၅ နဲ့စတဲ့ ဟန်းဖုန်းတွေပို့လို့ရပြီး ၂ နဲ့စတဲ့ ဂျီကိုပို့
လို့မရလို့ ရုံးခန်းကို ဖုန်းဆက်အကြောင်းကြားတော့မှ ပြန်ရတယ်။ ခုလည်း ပြဿနာလား၊ သူ့ရဲ့ လျှို့ဝှက် ဟာ
ကွက်လားတော့မသိဘူး။ ဂျီ ကဒ်ဖုန်းကနေ အွန်လိုင်းကို မက်ဆေ့ပို့လို့ရနေတယ်။ ပုံမှန်ဆို ကဒ်ဝယ်အကောင့်
လုပ်ထားသူသာ မိမိလုပ်ထားတဲ့ ဂျီတော့၊    ဖုန်းနဲ့သာပို့လို့ရတာပါ။ ကျွန်တော်အကောင့်လုပ်ထားတာက ဖုန်း
နံပါတ်တစ်မျိုးပါ။ ဒါပေမဲ့ ခုရက်ပိုင်း ဂျီ ကဒ်ဖုန်းနဲ့အကောင့်မလုပ်ဘဲပို့လို့ရနေတယ်။  လေးငါးခြောက်စောင် ပို့
ကြည့်တယ်။  ရောက်လည်းရောက်တယ်။  ကိုယ့်ဂျီတော့ကိုအကောင့်လုပ်ထားလို့လားတော့မသိဘူး။  ဒါပေမဲ့
အကောင့်လုပ်မထားတဲ့သူတွေဆီ လှမ်းပို့ကြည့်တော့မရောက်ဘူးလို့လည်းပြောကြတယ်။ နောက်ပြီးသူတို့ဆီ
gtalk@etmsms.com
အွန်လိုင်းမဖြစ်ဘူးလို့ပြောကြတယ်။ ခုဖြစ်နေတာက အကောင့်လုပ်မထားတဲ့ ဂျီကဒ်ဖုန်းကနေ အကောင့်လုပ်
ထားတဲ့ ဂျီတော့ဆီကိုပို့လို့ရနေတာပဲဖြစ်ပါတယ်။  အဲဒါဟာ ၄င်းစီးပွားရေးအဖွဲ့အစည်းရဲ့ ဟာကွက်လား  ဒါမှ
မဟုတ် ကဒ်ဖုန်းတွေနဲ့ပဲ စမ်းသပ်နေတာလားတော့မသိဘူး။ နားမလည်နိုင်တဲ့ eTm SMS ပါ။

2 comments:

yangonthar said...

အလည်ရောက်ပါတယ်
ပျော်ရွှင်ပါစေ
ရန်ကုန်သား :D

Unknown said...

ူုeTmsms Services တွေကိုစိတ်ဝင်စားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ Gtalk2SMS service အစမှာတော့ ဟုတ်ပါတယ်။ 5 နဲ့စတဲ့ ဖုန်းနံပါတ်တွေကို ပို့လို့မရသေးပါဘူး customer တစ်ယောက် complaints တက်လာတာကိုလည်း မှတ်မိပါတယ်။ အဲဒီလို complaints တက်ပေးတဲ့အတွက် အရမ်းကိုကျေးဇူးတင်ပါတယ်။ အခုတော့ ဘယ်ဖုန်း(any GSM)ကိုမဆို message ပို့လို့ရနေပါပြီ။ gtalk@etmsms.com ကိုတော့ မကြာခဏ down မသွားအောင်၊ Service ကိုပိုမိုကောင်းမွန်လာအောင် ဂရုစိုက်ပေးနေပါတယ်။ တခါတလေ မီးပျက်တာတို့ connection လုံးဝမကောင်းတာတို့ ဖြစ်တဲ့ အခြေအနေမှာ gtalk@etmsms.com down တတ်ပါတယ်။GMS နှင့် gmail (2) ခုစလုံးကို Register လုပ်ထားသူဟာ GSM ကနေလည်း အခြား Any Gtalk ကို Message ပို့လိုရပြီး၊Gmail မှလည်း any GSM ကို ပို့လို့ရမည်ဖြစ်ပါတယ်။Gmail က Member ဖြစ်ရင်တော့ Register မလုပ်ထားသည့် GSM နှင့်လည်း အပြန်အလှန် Message ပို့နိုင်မှာ ဖြစ်ပါတယ်။ eTmsms နှင့် ပက်သက်ပြီးတိုက်ရိုက် complaints တက်ချင်တယ်ဆိုရင်တော့ customercs4@gmail.com ကို invite လုပ်ပြီး complaints တက်နိုင်ပါတယ်။သိချင်တာလေးတွေရှိ ရင်လည်း မေးမြန်းနိုင်ပါတယ်။ email ပို့ချင်တယ်ဆိုရင်တော့ customerservices@etmsms.com ကိုပေးပို့နိုင်ပါတယ်။ ရုံးဖုန်းတွေကတော့ 652283,507153,507154 ပါ။ Customers တွေအားလုံး eTmsms services တွေကိုသုံးခြင်းဖြင့် စိတ်ချမ်းသာ နိုင်ကြပါစေ။