Tuesday 10 November 2009

YangonUnitedFanClub


ရန်ကုန်ယူနိုက်တက်ကို အားပေးတဲ့ပရိတ်သတ်များအတွက် ဖန်ကလပ်ဖိုရမ်ထွက်ပေါ်လာပါပြီ။  ဒီဖိုရမ်ထဲမှာ
မြန်မာနေရှင်နယ်လိဂ်အသင်းပေါင်းစုံနဲ့ ပက်သက်တဲ့  သတင်းတွေ၊ ဘောလုံးသမားတွေရဲ့  အကြောင်းတွေ၊
သူတို့ရဲ့ကစားကြပုံ၊ ကွင်းတွင်းကွင်းပြင်မှ ပရိတ်သတ်အသံတွေ၊ မျှဝေခံစားလိုတဲ့အကြောင်းတွေ၊ စတာတွေ
ကိုသိရှိခံစားနိုင်ကြသလို အသင်းနဲ့ ပက်သက်ပြီး ဝေဖန်အကြံပေးလိုတာတွေကိုလည်း ကြိုဆိုလျက်ပါ။  ဒီ အ
သင်းတင်မက အခြားအသင်းများကို ကြိုက်နှစ်သက်တဲ့သူတွေလည်း ၀င်ရောက်ဆွေးနွေးဖတ်ရှုနိုင်မှာပါ။

၂၀၀၈ခုနှစ်ဒီဇင်ဘာလကစပြီးမြန်မာအစိုးရဟာနှစ်ပေါင်းတစ်ရာကျော်ကြာအပျော်တမ်းဘောလုံးစနစ်မှကြေး
စားအဆင့်သို့ ကူးပြောင်းပေးခဲ့ပါတယ်။  အဲဒီကစပြီး ကြေးစားဘောလုံးအသင်း၊  ဘောလုံးသမား၊ စတာတွေ
ပေါ်ထွန်းလာပြီး  နောက်ဆုံး  ဘောလုံးအကယ်ဒမီကျောင်းများအထိ  ဖွင့်လှစ်နိုင်ခဲ့ပါတယ်။  မြန်မာ့ဘောလုံး
လောက တိုးတက်ဖွံ့ဖြိုးဖို့ လုပ်နေတဲ့အထဲမှာ  အင်တာနက်အွန်လိုင်းမှ လှုပ်ရှားမှုများဟာလည်း တစ်ထောင့်
တစ်နေရာက ပါဝင်နေပါတယ်။ ဒီလို  ဘောလုံးအသင်းဝဘ်ဆိုဒ်များ၊ ဖိုရမ်များလွှင့်တင်ခြင်းဖြင့်  နိုင်ငံတကာ
ဈေးကွက်ကို လွယ်ကူစွာထိုးဖောက်နိုင်မှာမို့ အသင်းတိုင်းအသင်းတိုင်းဟာ  အွန်လိုင်းကို ကောင်းစွာအသုံးချ
ပြီး ၀ဘ်ဆိုဒ်များရေးသားပြီးလွှင့်တင်နေကြတာပါ။

ဒီဖိုရမ်ဟာလည်း  မြန်မာ့ဘောလုံးလောက တိုးတက်ရေး အတွက် အုတ်တစ်ချပ်  သဲတစ်ပွင့်  ပါဝင်နေတာမို့
ဘောလုံးချစ်ပရိသတ်များကလည်း  တစ်ထောင့်တစ်နေရာက လွယ်ကူစွာဝင်ရောက်ရေးသားအကြံပေးဆွေး
ကြမယ်လို့ ထင်မြင်မိပါတယ်။
(မှီငြမ်း-fwd mail)

No comments: