Monday 5 December 2011

Web proxy ဖြင့် ကျော်ပြီး Gmail အကောင့်သစ် ဖွင့်နိုင်


ဂျီမေးလ်အကောင့် အသစ်ဖွင့်ရန် အခက်အခဲ ကြုံနေရာမှ ယခုအခါ ကိုယ်တိုင် အခမဲ့ အကောင့်အသစ် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။  Unknown Object  ဆိုင်များကို အခကြေးငွေပေး၍ ဆောင်ရွက်စရာ မလိုတော့ဘဲ ယခု နည်းလမ်းကို အသုံးပြုပါက အကောင့်အသစ်ကို လွယ်ကူစွာ ရရှိနိုင်မည်။ ဂျီမေးလ် အကောင့်အသစ် ဖွင့်လိုသူများ အနေဖြင့် ဂျီမေးလ် အကောင့်ကို Web Proxy မှ ကျော်ပြီး ဖွင့်၍ ရနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂျီမေးလ် အကောင့်များသည် ယခုအခါ သမားရိုးကျနည်းနှင့် ဖွင့်ရန် ခက်ခဲနေပြီး အခုနောက်ပိုင်း မြန်မာပြည်တွင် ဂျီမေးလ် အကောင့်ဖွင့်ရန် ခက်ခဲနေသည်မှာ ကာလ အတော်တန်ကြာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ Proxy ကျော်ဖွင့်ရာ၌ Login Name ကို Check Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက်ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ Login Name မရလျှင် ပြန်ဖြည့်ထည့်ပြီး ပြန်ဖွင့်ရမည်နည်းမှာ - ပထမဦးစွာ http://hidemyass.com ကို အရင်သွားရမည် ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် https://mail.google.com ဟု ရိုက်ထည့်ပြီး Hide My Ass Button ကိုနှိပ်ရမည်။ ထို့သို့ နှိပ်၍ Access denied ဟုပေါ်နေလျှင် https://mail.google.com ဟု ရိုက်ထည့်ရမည်ဖြစ်ပြီး Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ်ပြီး Gmail Window ကျလာလျင် Creat an account ကိုကလစ်လိုက်ပြီး ပုံမှန် ဆောင်ရွက်နေကျ အတိုင်း ဖြည့်စွက်ပြီး အကောင့်ဖွင့်ရမည် ဖြစ်သည်။ သို့သော် ဤသို့ အကောင့်အသစ် ဖွင့်ရာ၌ ကွန်နက်ရှင် ကောင်းမွန်ရန် လိုအပ်ပြီး ကွန်နက်ရှင် နှေးနေလျှင် သုံးလေးခေါက်လောက် ကြိုးစားဖြည့်စွက်ပြီး ဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ (IT Weekly)

No comments: