Saturday 17 December 2011

Virtual Visa Card များပြည်တွင်း၌ ပိုမိုတွင်ကျယ်လာ


ပြည်ပရှိ အွန်လိုင်းဝက်ဘ်ဆိုက်များမှ Dataများအား OnlinePayment စနစ်ဖြင့်ဝယ်ယူနိုင်သော Virtual Visa Card ပြည်တွင်း၌ ယခင်က ထက် ပိုမိုတွင်ကျယ်စွာအ သုံးပြုလာကြောင်း ယင်းcardအားဝန်ဆောင်မှုပေးသည့်Web Host မှကိုလွင်မျိုးကပြောသည်။
အဆိုပါ Virtual Visa Card အား ယခင်က online ပေါ်တွင်သာ ရောင်းချပေးခဲ့ရာမှ သုံးစွဲသူများ ပိုမို ကြိုက် နှစ်သက်ကြခြင်း ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သော Monsoon ICT Fair တွင်ဈေးကွက် တွင် စတင် မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်။
“အရင်ကတော့ ဒီကတ်ကို အွန် လိုင်းပေါ်မှာပဲ ရောင်းချ တယ်။ အခု နောက်ပိုင်း စိတ်ဝင်စားတဲ့ သူတွေ များ လာတော့ ပြီးခဲ့တဲ့ ICT ပွဲမှာ offline  အနေနဲ့ အပြင်မှာ ထုတ် ရောင်းတာပါ။ ဒီ card က ပြည်ပ ၀က်ဘ်ဆိုက် တွေမှာရှိတဲ့ ပိုက်ဆံနဲ့ ၀ယ်ရတဲ့ data တွေ၊ software တွေကို ဒီကနေ အွန်လိုင်းပေါ်က ၀ယ်ပြီး သုံးလို့ရတဲ့ card ပါ။ ပြပွဲကာ လမှာ ၀ယ်တဲ့သူတွေ အတွက် နှစ်စဉ် ကြေး တစ်နှစ်စာ ကျပ် ၁၀,၀၀၀ ကိုမယူဘဲ ၀န်ဆောင်မှု ပေးတယ်။ အခုကတော့ ပြပွဲပြီးသွားပြီဆိုတော့ ဒီ card လုပ်ချင်တယ် ဆိုရင် ခမေိ ကြေးက ကျပ် ၁၀,၀၀၀၊ နှစ်စဉ် ကြေးက တစ်နှစ် ကိုကျပ် ၁၀,၀၀၀ ကျသင့် ပါတယ်။ card  အထဲက ပိုက် ဆံအတွက်ကတော့ သတ်မှတ် ထား တဲ့ပမာဏတွေ ဖြည့်သွင်း ထားနိုင်ပါ တယ်” ဟု ကိုလွင်မျိုးကရှင်းပြသည်။
card အတွင်းဖြည့်သွင်းနိုင် သော deposit fee များမှာ USD 20, USD 50, USD 100, USD 200 ဟူ၍ဖြစ်ပြီး USD 20 အတွက် ၀န်ဆောင်ခရာခိုင်နှုန်း ၂၀၊ USD 50 အတွက် ၁၅ ရာခိုင်နှုန်း၊ USD 100 အတွက် ၁၃ ရာခိုင်နှုန်း၊ USD 200  အတွက်ဝန်ဆောင်ခ ၁၂ ရာ ခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ (The myanmar post)

No comments: