Thursday 8 December 2011

IT ပစ္စည်းများကို Hire Purchase စနစ် ဖြင့် ဝယ်ယူနိုင်ပြီ


Lucky Bird ကုမ္ပဏီနှင့် ပြည် တွင်းပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်သော United Amera ဘဏ်တို့ ပူးပေါင်းစီ စဉ်မှုဖြင့် IT နှင့် ဆက်စပ် ပစ္စည်း များကို Hire Purchase စနစ်ဖြင့် ဝယ် ယူနိုင်မည့် အစီအစဉ် တစ်ရပ်ကို စ တင်လိုက်ပြီဖြစ် ကြောင်းသိရသည်။ Hire Purchase အရစ်ကျငွေသွင်းစနစ် အရ Lucky Bird Group of Campanies မှ IT နှင့် ဆက်စပ် ပစ္စည်းများဖြစ် သော ACER, ASUS, DELL, FUJITSU, LENOVO, MSI, TOSHIBA အမှတ် တံဆိပ်များဖြစ်သော Notebook များ၊ Netbook များ၊ copier များ၊ Projector များအပါအဝင် OPTOMA, INFOCUS, MISUBISHI အမှတ်တံဆိပ် Projector များကိုပါ ပစ္စည်းတန်ဖိုး၏ 30% နှင့် ဘဏ်မှချေးငွေ အတွက် အတိုးနှုန်း ကို တစ်ကြိမ်ပေးသွင်းကာ ကျန်ငွေ များကို ၂ လ အရစ်ကျပေးသွင်း ခြင်းဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဝယ်ယူမည့် သူများအ နေဖြင့် United Amera ဘဏ်တွင် Account ဖွင့်ထားသူတစ်ဦး (သို့မ ဟုတ်) နှစ်ဦးမှ Guarantor အဖြစ် ထောက်ခံပေးရန်လိုအပ်ကြောင်း သိရသည်။
ထိုအစီအစဉ်ကို နိုဝင် ဘာလ ၂၈ ရက်နေ့မှစတင်ကာ Lucky Bird Computer အရောင်းဆိုင် များ ဖွင့်လှစ်ထားကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြို့ ကြီးများတွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ အထက်ပါ Hire Purchase အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ Lucky Bird ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က “ဝယ်ယူသူတွေအနေနဲ့ မိမိ ဝယ်ယူတဲ့ ပစ္စည်းတန်ဖိုးကို တစ် ကြိမ်တည်းနဲ့ အပြည့်ပေးစရာ မလို တော့ဘဲ မိမိပုံမှန်ဝင်ငွေမှ အချိုး ကျငွေကြေးဖြင့် လစဉ်ပေးဆပ်သွား ရုံဖြင့် IT ပစ္စည်းများကို လူတိုင်း အဆင်ပြေစွာနဲ့ သုံးစွဲနိုင်မှာပါ”ဟု ပြောကြားခဲ့ သည်။ Hire Purchase အရစ်ကျငွေသွင်းစနစ်ဖြင့် ရောင်း ချခြင်းကို တိုက်ခန်းများ၊ ကွန်ဒိုများ အပါအဝင် ဖုန်းလိုင်းကတ်များနှင့် IT ပစ္စည်းများ ဝယ်ယူရာတွင် စတင် သုံးစွဲစမ်းသပ်ခြင်းဖြစ်ပြီး အဆင် ပြေပါကအခြားပစ္စည်းများကိုပါ Hire Purchase စနစ်ဖြင့်ဝယ်ယူနိုင်တော့ မှာ ဖြစ်ကြောင်း သိရသည်။ (netguide journal)

No comments: