Saturday 31 January 2009

G-talk Dictionary

Gtalk ကနေ အဘိဓာန်သုံးလို့ရမယ့်နည်းလေးပါ။ လုပ်နည်းလေးကတော့ ဒီလိုပါ။ သင့်သူငယ်ချင်းကို invite
လုပ်သလိုမျိုး Add ရမှာပါ။ လိပ်စာလေးတွေကို ဂျီတော့ထဲကိုသာပေါင်းထည့်လိုက်ပါ။   ဆာဗာအွန်လိုင်းဖြစ်
လာပြီဆိုရင်တော့ ခါတိုင်းသင့်သူငယ်ချင်းနဲ့ chat သလိုမျိုး  စကားလုံးတစ်ခုကို ရိုက်ထည့်လိုက်ပါ။  အလိုအ
လျောက်ဘာသာပြန်ပေးပါလိမ့်မယ်။ အောက်ပါလိပ်စာများကို ရိုက်ထည့်ပေးရုံနဲ့ ဘာသာစကားတစ်ခုကနေ
တစ်ခုကို ဆာဗာအွန်လိုင်းဖြစ်တဲ့အချိန်တိုင်းမှာ ဘာသာပြန်ပေးမှာပါ။ ရိုက်ထည့်နည်းကတော့  ဥပမာ သင်
က အင်္ဂလိပ်ကနေဂျာမန်ဘာသာပြန်ချင်တယ်ဆိုရင် en2de@bot.talk.google.comကိုဒီလိုလေးရိုက်ထည့်
လိုက်ရုံပါပဲ ...
အပြန်အလှန်ဆိုရင်တော့အောက်ပါအတိုင်းတစ်ခုခုရိုက်ပြီးနောက်က@bot.talk.google.comထည့် Addပါ။
ar2en, en2ar (Arabic<->English)
bg2en (Bulgarian->English)
de2en, en2de (German<->English)
de2fr, fr2de (German<->French)
el2en, en2el (Greek<->English)
es2en, en2es (Spanish<->English)
fi2en (Finnish->English)
fr2en, en2fr (French<->English)
hi2en (Hindi->English)
hr2en (Croatian->English)
it2en, en2it (Italian<->English)
ja2en, en2ja (Japanese<->English)
ko2en, en2ko (Korean<->English)
nl2en, en2nl (Dutch<->English)
ru2en, en2ru (Russian<->English)
uk2en (Ukrainian->English)
ur2en (Urdu->English)
zh2en, en2zh (Chinese<->English)

အင်္ဂလိပ်ကနေ မြန်မာလိုဘာသာပြန်ချင်ရင်တော့  en2mm@mmgeeks.com ကို Add လိုက်ပါ။
ဂျီတော့မှာ အွန်လိုင်းဖြစ်တဲ့သူငယ်ချင်းမရှိဘူးဆိုရင် ဒါလေးနဲ့အဖော်ပြုလို့ရတာပေါ့။  အပျင်းလည်းပြေ၊ ဗဟု
သုတလည်းရ၊ ပြီးတော့ ဘာသာစကားတစ်ခုကိုလွယ်လွယ်ကူကူနဲ့တတ်မြောက်နိုင်မှာမို့ အခုပဲ Add လိုက်မယ်....
(အင်္ဂလိပ်-မြန်မာ ဂျီတော့အဘိဓာန်ကို ညီနေမင်းဘလော့ဂ် မှ သိရပြီး ကျန်တာလေးတွေကို www.en.onsoftware.com မှထပ်ဖြည့်ပေးလိုက်ပါတယ်။)

Wednesday 28 January 2009

ရှုမြင်သုံးသပ်ခြင်း

တစ်နေ့မှာ ဖခင်တစ်ယောက်ဟာ သူ့ရဲ့ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုနဲ့အတူ သူ့သားငယ်လေးကိုခေါ်ပြီး

လူတွေ ဘယ်လောက်ဆင်းရဲမွဲတေတယ်ဆိုတာပြဖို့ လယ်ယာတွေရှိတဲ့နိုင်ငံကို အပျော်ခရီးတစ်ခုထွက်ခဲ့ကြ
တယ်။ သူတို့ဟာ အလွန်ဆင်းရဲတဲ့မိသားစုလေးတစ်ခုမှာ တစ်နေ့နဲ့တစ်ည တည်းခိုကြပြီးအချိန်တွေကို  ကုန်
လွန်စေတယ်။ သူတို့ အဲဒီခရီးကနေပြန်လာတဲ့အခါ ဖခင်ဖြစ်သူကသူ့သားကိုမေးတယ်။ "ဒီအပျော်ခရီးထွက်ရ
တာဘယ်လိုနေလဲ"။
"အရမ်းကောင်းတာပဲ ဖေဖေ"
"ဒီလောက်ဆင်းရဲတဲ့လူတွေကို သားတွေ့ခဲ့ပြီမဟုတ်လား" ဖခင်ဖြစ်သူကမေးတယ်။
"ဟုတ်"
"ဒါဆို သားဘာတွေလေ့လာသင်ယူခဲ့သလဲ"
သားဖြစ်သူကဖြေတယ်။ "သားတွေ့ခဲ့တဲ့ဟာတွေက သားတို့အိမ်မှာ ခွေးတစ်ကောင်ပဲရှိတယ်။  သူတို့မှာလေး
ကောင်ရှိတယ်။ သားတို့မှာ ဥယျာဉ်နားအထိရောက်တဲ့ ရေကန်လေးရှိတယ်။  သူတို့မှာ  အဆုံးမရှိတဲ့မြစ်ငယ်
လေးရှိတယ်။ သားတို့က ဥယျာဉ်လေးထဲမှာ မီးချောင်းတွေထွန်းတယ်။ သူတို့မှာကြယ်လေးတွေရှိတယ်။သား
တို့ဒိုင်ဗင်ထိုးလို့တဲ့နေရာက ရှေ့ခြံကွက်လပ်ထိရောက်တယ်။ သူတို့မှာ မိုးကုပ်စက်ဝိုင်းကြီးရှိတယ်။
ကောင်လေးပြောပြီးတဲ့နောက်မှာ သူ့အဖေက ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
သူ့သားက ထပ်လောင်းပြောတယ်။..."သားတို့ဘယ်လောက်ဆင်းရဲတယ်ဆိုတာပြလို့ ...ကျေးဇူးပဲ ဖေဖေ"
အရာရာတိုင်းဟာ ရှုမြင်တဲ့ပေါ်မှာပဲမူတည်တယ်ဆိုတာ မမှန်ပေဘူးလား။  သင့်မှာ  အချစ်၊ သူငယ်ချင်းတွေ၊
မိသားစုလေး၊ ကျန်းမာရေး၊ ကောင်းတဲ့ဟာသလေးတွေ၊ ဘဝအပေါ်ကောင်းတဲ့အမြင်လေးတွေ.. ဒါတွေအား
လုံးရှိရင် သင့်မှာ အရာရာရှိမှာပါပဲ !
သင်ဟာ ဒီအချက်လေးတွေကို တစ်ခုမှဝယ်နိုင်မှာမဟုတ်ပါဘူး။ သင့်မှာ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှု
တစ်နည်း  စိတ်ကူးပုံဖော်ကြည့်မယ်ဆိုရင် သင်ဟာ ပိုင်ဆိုင်မှုအားလုံးကိုရရှိနိုင်ပါလိမ့်မယ်။  ဒါပေမဲ့ သင်ဟာ
ဘဝအပေါ်မှာထားတဲ့ စိတ်ဓာတ်ရေးရာ ချို့တဲ့ရင်တော့ သင့်မှာ ဘာမှရှိမှာမဟုတ်ပါဘူး !
(www.inspirationpeak.com)

Tuesday 27 January 2009

Firefox ကိုမြန်အောင်လုပ်နည်း

Firefox ကိုမြန်အောင်လုပ်တဲ့နည်းပါ။ မြန်မမြန်စမ်းကြည့်စေချင်ပါတယ်။ မှားမှာတော့မကြောက်ပါနဲ့ ...
အောက်ပါအတိုင်းလေးလုပ်ရုံလေးပါပဲ ... ရိုက်ထည့်ရမယ့်ဟာလေးတွေကို copy and paste လုပ်ပြီးရှာပါ၊
ပေါင်းထည့်ပါ။
  1. Open Firefox, and type about:config in the address bar. Don’t worry about the warning that comes out. about-config_warning
  2. Use the filter above to find network.http.pipelining and set it to True by double clicking on it.
  3. Create a new boolean value named network.http.pipelining.firstrequest and set that to True, as well.
  4. Find network.http.pipelining.maxrequests, double click on it, and change its value to 8.
  5. Now look for network.http.proxy.pipelining and again set it to True.
  6. Create two new integers named nglayout.initialpaint.delay and content.notify.interval, setting them to 0.
  7. Now restart your browser and check a few heavy-loading websites to see if those changes worked or not.
    အပြည့်အစုံ- http://www.universefirefox.com/how-to/how-to-speed-up-firefox-3

connection မြန်ချင်သလား

PC မဂ္ဂဇင်းကြီးရဲ့ဖော်ပြချက်အရ အင်တာနက်ဆက်သွယ်မှုကိုမြန်ဆန်စေတဲ့ software တစ်ခုပါ။ လက်ရှိ
သင်သုံးနေသော connection ထက်ပိုမိုမြန်ဆန်စေမှာတော့အမှန်ပါ။ Access kit ဖြင့်သုံးရသော Dial-up
modem, Cable, Wireless, LAN, နှင့် မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်မှု အားလုံးအတွက် ကွန်ယက်
ဆက်သွယ်မှုကို မြန်ဆန်စေမယ့် Optimizer ပါ။
connection ကိုမြန်ဆန်စေမယ့် ဒီ Software က အားကောင်းတဲ့ application တစ်ခုပါ။ သင့်ရဲ့ ကွန်ယက်
ဆက်သွယ်မှုကို မြန်ဆန်စေရုံသာမက အင်တာနက်နဲ့ဆက်နွှယ်ပက်သက်တဲ့ လုပ်ငန်းဆောင်တာတွေအား
လုံးအတွက် ဒီဇိုင်းလုပ်ထားတာပါ။ ဆိုလိုတာက အင်တာနက်နဲ့ပက်သက်သမျှ ဝက်ဘ်ဆိုဒ်ကြည့်ခြင်း၊ မေးလ်
ပို့ခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ အွန်လိုင်းဂိမ်းဆော့ခြင်း၊ Skype (အင်တာနက်နှင့်ဖုန်းခေါ်ခြင်း) စတဲ့ လုပ်ငန်းတွေ
အတွက် ပိုမိုပြီးမြန်ဆန်စေမှာပါ။
ကွန်ယက်ဆက်သွယ်မှုဟာ သင့် ကွန်ပျူတာက hardware ရဲ့မြန်နှုန်းပေါ်မှာ မူမတည်ပါဘူး။ သင့်မှာရှိထား
တဲ့ ကွန်ယက်ဆက်သွယ်မှု အမျိုးအစားပေါ်မှာမူတည်ပါတယ်။ ဒီ software ဟာ ကွန်ယက်ဆက်သွယ်မှုမျိုး
သာမက အင်တာနက်ဆက်သွယ်မှု များကိုပါ မြန်ဆန်စေပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီဆော့ဖ်ဝဲလေးကို 
DOWNLOAD လုပ်ကြရအောင် ...
အဲဒီ ဒေါင်းလုဒ်လင့်ခ်က windows XP နဲ့ windows vista တွေအတွက်ပါ။ တစ်ခြားကွန်ပျူတာအမျိုးအစား
များအတွက်ကတော့ ဒီမှာ ရနိုင်ပါတယ်။ (သုံးရတာ အရမ်းလွယ်ကူလွန်းတာကြောင့်အခုပဲစမ်းကြည့်မယ်)

Sunday 25 January 2009

သက်ရောက်မှု

သားအဖနှစ်ယောက်ဟာ တောင်ကုန်းတွေပေါ်ကနေဖြတ်လျှောက်သွားနေကြတယ်။
တစ်နေရာအရောက်မှာ သူ့သားဟာ ရုတ်တရက် လဲကျသွားတယ်။ "အား ......!!!!!!!"
ကောင်လေးက နာကျင်စွာနဲ့အော်ဟစ်မြည်တမ်းတယ်။
သူ့အသံက တောင်ကုန်းတစ်နေရာရာကနေပြန်ပြန်လာတဲ့အသံကို ကြားပြီး အံ့သြနေတယ်။
"အား.........!!!!!!!!!"
ကောင်လေးက ထူးဆန်းစွာနဲ့အော်တယ်။ "မင်းဘယ်သူလဲ"
သူ့ဆီအဖြေပြန်လာတယ်။ "မင်းဘယ်သူလဲ"
အဲဒီလိုပြန်လာတဲ့အသံကို ဒေါသတကြီးနဲ့ ထပ်အော်တယ်။ "ငကြောက်"
သူထပ်ပြီးအဖြေပြန်ရတယ်။ "ငကြောက်"
သူဟာသူ့အဖေမျက်နှာကိုကြည့်ပြီးမေးတယ်။ "အဖေ...ဘာဖြစ်နေတာလဲဟင်"
အဖေဖြစ်သူက ပြုံးပြီးပြောတယ်။ "ငါ့သား ... အာရုံပြုထား"
ပြီးတော့ သူက တောင်ကုန်းကြီးကို အော်ပြောတယ်။ "ငါမင်းကိုမြတ်နိုးတယ်"
အသံကပြန်လာတယ်။ "ငါမင်းကို မြတ်နိုးတယ်"
ထပ်အော်ပြန်တယ်။ "မင်းက လူတော်ပဲ"
အသံပြန်လာတယ်။ "မင်းက လူတော်ပဲ"
ကောင်လေးက အံ့လည်းသြနေတယ်။ နားလည်းမလည်ဘူး။
အဲတော့မှ အဖေက ရှင်းပြတယ်။ "လူတွေက ဒီဟာကို အက်ကိုး (Echo) လို့ခေါ်ကြတယ်။ ဒါပေမဲ့ ...
တကယ့်တကယ်တမ်းကျတော့ ဒါဟာ ဘဝပါပဲ။
သားလုပ်လိုက်တဲ့အလုပ်တစ်ခု ဒါမှမဟုတ် စကားတစ်ခွန်းက သားဆီကိုပြန်လာတာပဲ။
အဖေတို့ရဲ့ဘဝက အဖေတို့ရဲ့ အပြုအမူတွေရဲ့ရိုးရှင်းတဲ့တန်ပြန်သက်ရောက်မှုပါပဲ။
သား .. ကမ္ဘာကြီးထဲမှာ အချစ်ကို လိုချင်ရင် သားရင်ထဲမှာ အချစ်တွေကို ပိုဖန်တီးရမယ်။
တကယ်လို့ သားက သားရဲ့အသင်းထဲမှာ ယှဉ်ပြိုင်မှုတွေများစေချင်ရင် သားရဲ့ယှဉ်ပြိုင်မှုတွေကို
တိုးတက်အောင်လုပ်ရမယ်။
ဒီလိုမျိုးဆက်နွှယ်မှုမျိုးက ဘဝရဲ့ရှုထောင့်အားလုံးအပေါ်မှာ အကျိုးသက်ရောက်တယ်။
ဘဝ က သားလုပ်လိုက်တဲ့အပြုအမူအပေါ်မှာမူတည်ပြီး သားကို တစ်ခုခုပြန်ပေးမှာပဲ။
ဘဝဆိုတာ တစ်ခုအပေါ်တစ်ခု တည်မှီနေတာမဟုတ်ဘူး။ ဘဝဆိုတာ သားရဲ့ တန်ပြန်တုံ့ပြန်မှုပါပဲ...! "
(www.inspirationpeak.com)

Saturday 24 January 2009

ဝေဖန်အကြံပြုချက်များကို ကမ်းလင့်လျက် ...

ခြံစည်းရိုးထဲက သံချောင်းလေးများ

တစ်ခါတုန်းက အရမ်းဒေါသကြီးတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့အဖေဟာသူ့ကိုသံတစ်အိတ်ပေးပြီး
ဒေါသဖြစ်တဲ့အချိန်တိုင်းမှာ သံတစ်ချောင်းကို ခြံစည်းရိုးနောက်ကျောထဲကိုရိုက်သွင်းဖို့ပြောတယ်။
ပထမနေ့မှာ ကောင်လေးဟာခြံစည်းရိုးထဲကို သံချောင်း၃၇ချောင်းရိုက်သွင်းခဲ့တယ်။ နောက်ရက်သတ္တပတ်
အတော်ကြာမှာ သူဟာသူ့ဒေါသကို ထိန်းနိုင်လာတယ်။ ပြီးတော့ သူရိုက်သွင်းတဲ့သံချောင်းရေကလည်းတ
ဖြည်းဖြည်းလျော့ပါးလာတယ်။ သူဟာ သူ့ဒေါသကို ထိန်းရတာဟာ သံချောင်းလေးတွေကို ခြံစည်းရိုးထဲကို
ရိုက်သွင်းရတာထက်လွယ်ပါလားဆိုတာကိုတွေ့လာတယ်။ နောက်ဆုံးမှာ ကောင်လေးဟာလုံးဝဒေါသမကြီး
တော့တဲ့နေ့ရောက်လာတယ်။ သူဒေါသမကြီးတော့တဲ့အကြောင်းကို သူ့အဖေကိုပြောပြတယ်။ အဲတော့ သူ့
အဖေက သူ့ကို ဒေါသကိုထိန်းနိုင်တဲ့နေ့တွေတိုင်းမှာ သံချောင်းလေးတွေကို ပြန်နှုတ်ဖို့အကြံပေးတယ်။ နေ့
တွေရက်တွေကုန်လွန်သွားတယ်။ နောက်တော့ သူဟာ သူ့ဖခင်ကို သံချောင်းလေးတွေအကုန်နှုတ်ပြီးပြီလို့
ပြောတယ်။ 
ဖခင်ဖြစ်သူက သူ့လက်ကိုဆွဲပြီး ခြံစည်းရိုးရှိရာကိုခေါ်လာတယ်။ အဖေဖြစ်သူကပြောတယ် "..သား..မင်း
လုပ်နိုင်ပြီပဲ ...ဒါပေမဲ့ ... ခြံစည်းရိုးထဲက အပေါက်လေးတွေကိုကြည့်စမ်း .. သား ၊ ခြံစည်းရိုးကဘယ်
တော့မှတစ်မျိုးတည်းမဟုတ်ဘူး။ သား စိတ်ဆိုးဒေါသတကြီးနဲ့ပြောလိုက်တဲ့စကားတွေဟာ ဒီခြံစည်းရိုးလိုပဲ
အမာရွတ်တွေကျန်ခဲ့တယ်။  လူတစ်ယောက်ရဲ့ ကိုယ်ပေါ်ဓားတင်ပြီး ဆွဲချပစ်လိုက်။ သားဘယ်လောက်ပဲ
ဆောရီးလို့ပြောပြော ဒဏ်ရာကတော့အဲဒီနေရာမှာပဲ ကျန်ခဲ့မှာမဟုတ်လား။"
ကောင်လေးဟာ သူ့အဖေပြောလိုက်တဲ့အလွန်အင်မတန်အင်အားကြီးတဲ့ စကားလုံးတွေကို သဘောပေါက်
သွားတယ်။ သူဟာသူ့အဖေဘက်မျက်နှာမူပြီးပြောတယ်။"အဖေ...သားအဖေ့အပေါ်မှာ ထားခဲ့တဲ့အပေါက်
လေးတွေအတွက် သားကိုခွင့်လွှတ်ပါ။"
"ခွင့်လွှတ်နိုင်တာပေါ့သားရဲ့"
(www.inspirationpeak.com)

you are my life

တစ်ခါကအိန္ဒိယက ကလေးတစ်ယောက်ကို သူ့မိဘတွေက ဘော်ဒါကျောင်းကိုပို့လိုက်တယ်။ သူတို့ကလေး
ကိုမပို့ခင် အဲဒီကောင်လေးဟာ သူ့အတန်းထဲမှာအတော်ဆုံးကျောင်းသားတစ်ယောက်ပါ။ စာမေးပွဲတိုင်းမှာ
ထိပ်ဆုံးမှာရှိပါတယ်။ သူဟာ လူတော်တစ်ယောက်ပါ။  ဒါပေမဲ့ဒီကောင်လေးကို အိမ်ကနေဝေးပြီး ဘော်ဒါ
ကျောင်းကို ပို့လိုက်တဲ့အချိန်ကစပြီး အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။ သူ့ရဲ့ကျောင်းတုန်းကအဆင့်
တွေဟာ ကျစပြုလာပါတယ်။ သူဟာအစုအဝေးနဲ့နေရတာကိုမုန်းလာတယ်။ သူဟာတစ်ချိန်လုံး အထီးကျန်
ဆန်နေခဲ့တယ်။ မှောင်နေတဲ့အချိန်မှာများဆိုရင် သူ့ကိုယ်သူ အဆုံးစီရင်ချိန်စိတ်ပေါက်တဲ့အထိပါပဲ။ ဒါတွေ
အားလုံးဟာ ဘာကြောင့်လဲဆိုတော့ သူဟာ သူ့ကိုယ်သူ ဘာမှအသုံးမကျတဲ့ကောင်လို့ထင်ပြီး ဘယ်သူက
မှ သူ့ကို မနှစ်မြို့ကြဘူးလို့ခံစားနေရတာကြောင့်ပါပဲ။
သူ့ရဲ့မိဘများက သူ့ကလေးကို စိုးရိမ်စပြုလာတယ်။ ဒါပေမဲ့ သူကလေး တစ်ခုခုမှားနေတာကိုတော့ သတိ
မထားမိကြပါဘူး။ ဒါ့ကြောင့် သူ့ဖခင်ဟာသူနဲ့စကားအနည်းငယ်ပြောကြည့်ဖို့ဆုံးဖြတ်ပြီး ဘော်ဒါကျောင်းကို
လိုက်လာခဲ့တယ်။ 
သားအဖနှစ်ယောက်ဟာကျောင်းနားကရေကန်ဘောင်လေးမှာထိုင်ကြတယ်။ အဖေဖြစ်သူက သားကိုသူ့ရဲ့
အတန်း၊ ဆရာဖြစ်သူတွေနဲ့အားကစားအကြောင်းကို အကြမ်းဖျင်းမေးကြည့်တယ်။ ခဏလောက်ကြာတော့
သူ့အဖေဟာ သူ့သားကိုပြောတယ်။ " သား ... အဖေ ဒီနေ့ ဒီနေရာကိုဘာကြောင့်လာတယ်ဆိုတာ သိ
လား " ။ သားဖြစ်သူက ပြန်ဖြေတယ်။ " သားရဲ့ကျောင်းသင်ခန်းစာ ရလဒ်တွေကို စစ်ဖို့မလား " လို့ဖြေ
တယ်။ 
" မဟုတ်ဘူး... မဟုတ်ဘူး ...သားရဲ့။ အဖေဒီကိုလာတာ သားဟာအဖေ့အတွက်အရေးကြီးဆုံးလူတစ်
ယောက်ဖြစ်တယ်ဆိုတာကိုပြောဖို့လာတာ  သားရဲ့ ...၊  အဖေသားကို  ပျော်ရွှင်နေတာပဲမြင်ချင်တယ်။
အဖေသားရဲ့စာမေးပွဲအဆင့်တွေကိုဂရုမစိုက်ဘူး။ အဖေသားအကြောင်းပဲဂရုစိုက်တယ်။ အဖေသားရဲ့ပျော်
ရွှင်မှုကိုပဲဂရုစိုက်တယ်။ သားဟာအဖေရဲ့ဘဝကြီးပါကွာ..."
ဒီစကားလုံးလေးတွေကြားပြီးတဲ့နောက် ကောင်လေးဟာ မျက်ရည်တွေဝိုင်းလာတယ်။ သူဟာ သူ့အဖေကို
ဖက်ထားလိုက်တယ်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက်အချိန်အတော်ကြာအောင် စကားမပြောကြဘဲ
နေကြတယ်။
အခုတော့ ကောင်လေးဟာသူလိုချင်တာမှန်သမျှရရှိသွားပါပြီ။ သူဟာ ဒီကမ္ဘာကြီးမှာသူ့ကို နှစ်နှစ်ကာကာ
ဂရုစိုက်တဲ့သူတစ်ယောက်ယောက်ရှိသေးပါလားဆိုတာကို သိသွားပါပြီ။ သူဟာကမ္ဘာကြီးကိုလူတစ်ယောက်
နဲ့ ကိုယ်စားပြုလိုက်တယ်။ ဒီနေ့မှာတော့ ဒီကောင်လေးဟာ ကောလိပ်ကျောင်းမှာ အဆင့်ပထမနေရာမှာ
ရှိနေပါတယ်။ ပြီးတော့ သူဝမ်းနည်းနေတာကို ဘယ်သူကမှ မမြင်ရတော့ပါဘူး ...!
ကျေးဇူးပါပဲ အဖေ ... အဖေဟာသားရဲ့ဘဝကြီးပါပဲ
(www.inspirationpeak.com)

Friday 23 January 2009

အိပ်ဖန်စောင့် (မျိုးကြီး)

ဖားပုံပြင်

ဖားအုပ်စုတစ်ခုဟာ သစ်တောတွေထဲကနေ ဖြတ်လျှောက်ခရီးသွားနေကြတယ်။ တစ်နေရာအရောက်မှာဖား
နှစ်ကောင်ဟာ  တွင်းနက်ထဲကို  ကျသွားတယ်။  အဲဒီအချိန်မှာ  တစ်ခြားဖားတွေက  အဲဒီတွင်းဘယ်လောက်
နက်တယ်ဆိုတာကိုကြည့်နေကြတဲ့အချိန် သူတို့ဟာ အဲဒီဖားနှစ်ကောင်သေတာအေးတာပဲ လို့ပြောကြတယ်။
ကျသွားတဲ့ဖားနှစ်ကောင်ဟာ တစ်ခြားဖားတွေရဲ့ကောက်ချက်ချသံတွေကို လစ်လျူရှုပြီး တွင်းထဲကနေထွက်
ဖို့ကြိုးစားကြတယ်။ တစ်ခြားဖားတွေက သူတို့ကို ခုန်တက်တာရပ်ဖို့ ဝိုင်းအော်ကြတယ်။ မင်းတို့သေတာအေး
တယ်လို့လဲပြောကြတယ်။ နောက်ဆုံးမှာ ကျသွားတဲ့ဖားနှစ်ကောင်ထဲက တစ်ကောင်ဟာ  အပေါ်ကဖားတွေ
ပြောတာကို အရေးတယူလုပ်ပြီး လက်လျှော့လိုက်တယ်။ အဲဒီတစ်ကောင်ဟာ ပြုတ်ကျပြီးသေသွားတယ်။
နောက်တစ်ကောင်ကတော့ သူတတ်နိုင်သလောက်ကြိုးစားပမ်းစားခုန်မြဲနေတယ်။ ဒီအခါမှာလည်း အပေါ်က
ဖားတွေက သူ့ကို အနာမခံနဲ့ သေလို့ အော်ပြောကြတယ်။  သူဟာ  ပိုပြီးကြိုးစားခုန်လိုက်တာ  နောက်ဆုံးမှာ
အပေါ်ကိုအောင်မြင်စွာနဲ့ရောက်သွားခဲ့တယ်။ အဲဒီတော့ တစ်ခြားဖားတွေက မေးတာပေါ့။ မင်းငါတို့ပြောတာ
ကိုမကြားဘူးလားလို့မေးကြတယ်။အပေါ်ရောက်လာတဲ့ဖားက သူဟာ နားလေးနေတဲ့အကြောင်းရှင်းပြတယ်။
သူထင်တာက  အပေါ်ကဖားတွေက  သူ့ကို အပေါ်ရောက်အောင် တစ်ချိန်လုံး  ဇွဲမလျှော့ဘဲ  ကြိုးစားတက်ဖို့
အားပေးနေခဲ့တယ်လို့ထင်ခဲ့တယ်။
ဒီပုံပြင်လေးက သင်ခန်းစာ နှစ်ခုပေးတယ်။ 
(၁)
လျှာမှာ ရှင်စေနိုင်စွမ်းနဲ့ သေစေနိုင်စွမ်းရှိတယ်။ အားပေးစကားတစ်ခွန်းဟာ အောက်ရောက်နေတဲ့သူကို အ
ပေါ်ရောက်အောင်လုပ်နိုင်သလို သူ့ကိုလည်း တစ်နေ့လုံးကူညီရာရောက်ပါတယ်။
(၂)
ပျက်ဆီးစေတဲ့စကားတစ်ခွန်းကတော့ ကျနေတဲ့သူတစ်ယောက်ကို သေစေနိုင်ပါတယ်။
စကားလုံးတွေရဲ့စွမ်းအားက တစ်ခါတစ်ရံမှာ နားလည်ရခက်ပါတယ်။ ဒါကြောင့် ကိုယ်ပြောတဲ့စကားတစ်ခွန်း
ကို ဂရုစိုက်ပါ ....
(http://www.citehr.com)

Thursday 22 January 2009

စိတ်ခွန်အားပေးမယ့်စာစုများ

Forward mail ကနေဝင်လာတဲ့ စာစုလေးတွေပါ ... ဘယ်သူဖန်တီးတာ မသိပေမဲ့ 
ဘဝရဲ့တစ်ထောင့်တစ်နေရာမှာတော့ အသုံးဝင်မယ့်စာစုလေးတွေပါ ...
...................
 
........................

 
.....................

 
...........................
 
........................

 
........................

 
...................

 
.....................

 
.....................


 
...................
 
......................
 
.....................

 
...................

 
........................

 
....................

 
....................

 
....................

 
....................

 
...................

 
..................

 
...................

 
.................

Tuesday 20 January 2009

အဖြူသက်သက် (L လွန်းဝါ)

if u r happy .. i m a happiness

အပြုံး

သူကမဲ့ပြရင် ကိုယ်က ပြုံးပြလိုက် ...
မကြာခင် သူပြုံးတတ်လာလိမ့်မယ် ...
ဒီစကားလေးကိုကြိုက်ပါတယ်။ သူက ကိုယ့်အပေါ်ဘယ်လောက်ပဲအနိုင်ယူ ကိုယ်က သည်းခံခွင့်လွှတ်နိုင်ရင်

တစ်နေ့နေ့မှာတော့ ရလဒ်တစ်ခုကို ရမှာပဲ။  အဲဒီရလဒ်ဟာ အပြုံးနဲ့  ရင်းနှီးမြှုပ်ထားတဲ့အတွက်  နောက်ဆုံး

ရလဒ်ဟာလည်း အပြုံးပဲဖြစ်လာမှာပါ....

Thursday 8 January 2009

အင်တာနက်ရေဒီယို

ဘလူးတုသ် ပါတဲ့ ဟန်းဖုန်းတစ်လုံးရှိပါသလား ...ဒါဆိုရင်တော့ သင်ဟာ အင်တာနက်ရေဒီယိုနားထောင်နိုင်
ပါတော့မယ်။ကားအော်ဒီယိုမှာနာမည်ကြီးတဲ့ Blaupunkt ဟာအင်တာနက်ပေါ်က ရေဒီယိုဌာနထောင်ပေါင်း
များစွာကို MiRoamer အကူအညီနဲ့နားထောင်နိုင်ပါလိမ့်မယ်။ အဲဒီစနစ်ကို ပုံစံနှစ်မျိုးနဲ့ရေဒီယိုကို နားထောင်
နိုင်မှာပါ။ တစ်မျိုးကပိုပြီးဈေးကြီးတယ်။ ပင်လယ်ရပ်ခြားစနစ်ဖြစ်ပြီးတော့ ၃၄၉ယူရို ရှိပါတယ်။ နောက်တစ်ခု
က ရေဒီယို မျက်နှာပြင်ပိုကောင်းတဲ့ ဒေါ်လာဈေးမသတ်မှတ်ရသေးတဲ့ ၂၄၉ယူရို တန်  ပုံစံတစ်ခုပါ။  ၄င်းနှစ်
မျိုးစလုံးဟာ ကွန်ယက်တစ်ခုကို  ဘလူးတုသ်ပါတဲ့ ဟန်းဖုန်းပေါ်မှာအခြေခံပြီး  MiRoamer နဲ့  ပူးပေါင်းလုပ်
ဆောင်ကာ အင်တာနက်ရေဒီယိုကို နားဆင်နိုင်မှာပါ ။ အပြည့်အစုံသို့

Saturday 3 January 2009

new jxd


တီဗွီကြည့်လို့ရမယ့် JXDတံဆိပ် Mp3,Mp4 player ပါ။ မြန်မာနိုင်ငံမှာတော့ မြဝတီ နဲ့ မြန်မာ့ရုပ်မြင်သံကြား
လို ရုပ်သံလိုင်းတွေကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်မှာပါ။ အောက်ပုံများကတော့ အခြားပုံဒီဇိုင်းများပါ။
တရုတ် ရုပ်သံလိုင်း CCTV ....
.....................
 ဒီဇိုင်းကလေးတွေကတော့လှပါရဲ့ .. မလှတာက အာမမခံနိုင်တာပဲ ... ပျက်ရင်တော့ သွားပေတော့ အမှိုက်
ပုံးထဲပဲ ... ^_^
..................
 ခုနစ်နာရီ ကိုရီးယားကား အတွက်ကတော့ မီးပျက်လည်း ပူစရာမလိုတော့ဘူးပေါ့...
..................
 
ရေဒီယိုလိုလိုဘာလိုလို...
..............
Jxd ရဲ့ကုန်ပစ္စည်းလေးတွေကိုထပ်ကြည့်ချင်တယ်ဆိုရင်တော့ ဒီကိုသာ သွားလိုက်ပါ ...
www.jxd.cc