Saturday 31 December 2011

Happy New Year 2012 Wallpapers















ကိုယ်တိုင်ပြုလုပ်ထားခြင်းမဟုတ်ပါ။ အင်တာနက်က အလန်းဆုံးဖြစ်မယ်ထင်တဲ့ ဟာလေးတွေ ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။ (ကြယ်စင်က)

Saturday 17 December 2011

Virtual Visa Card များပြည်တွင်း၌ ပိုမိုတွင်ကျယ်လာ


ပြည်ပရှိ အွန်လိုင်းဝက်ဘ်ဆိုက်များမှ Dataများအား OnlinePayment စနစ်ဖြင့်ဝယ်ယူနိုင်သော Virtual Visa Card ပြည်တွင်း၌ ယခင်က ထက် ပိုမိုတွင်ကျယ်စွာအ သုံးပြုလာကြောင်း ယင်းcardအားဝန်ဆောင်မှုပေးသည့်Web Host မှကိုလွင်မျိုးကပြောသည်။
အဆိုပါ Virtual Visa Card အား ယခင်က online ပေါ်တွင်သာ ရောင်းချပေးခဲ့ရာမှ သုံးစွဲသူများ ပိုမို ကြိုက် နှစ်သက်ကြခြင်း ဖြစ်ကြောင်း သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ တပ်မတော် ခန်းမ၌ ကျင်းပခဲ့သော Monsoon ICT Fair တွင်ဈေးကွက် တွင် စတင် မိတ်ဆက်ရောင်းချခဲ့ခြင်း ဖြစ်သည်။
“အရင်ကတော့ ဒီကတ်ကို အွန် လိုင်းပေါ်မှာပဲ ရောင်းချ တယ်။ အခု နောက်ပိုင်း စိတ်ဝင်စားတဲ့ သူတွေ များ လာတော့ ပြီးခဲ့တဲ့ ICT ပွဲမှာ offline  အနေနဲ့ အပြင်မှာ ထုတ် ရောင်းတာပါ။ ဒီ card က ပြည်ပ ၀က်ဘ်ဆိုက် တွေမှာရှိတဲ့ ပိုက်ဆံနဲ့ ၀ယ်ရတဲ့ data တွေ၊ software တွေကို ဒီကနေ အွန်လိုင်းပေါ်က ၀ယ်ပြီး သုံးလို့ရတဲ့ card ပါ။ ပြပွဲကာ လမှာ ၀ယ်တဲ့သူတွေ အတွက် နှစ်စဉ် ကြေး တစ်နှစ်စာ ကျပ် ၁၀,၀၀၀ ကိုမယူဘဲ ၀န်ဆောင်မှု ပေးတယ်။ အခုကတော့ ပြပွဲပြီးသွားပြီဆိုတော့ ဒီ card လုပ်ချင်တယ် ဆိုရင် ခမေိ ကြေးက ကျပ် ၁၀,၀၀၀၊ နှစ်စဉ် ကြေးက တစ်နှစ် ကိုကျပ် ၁၀,၀၀၀ ကျသင့် ပါတယ်။ card  အထဲက ပိုက် ဆံအတွက်ကတော့ သတ်မှတ် ထား တဲ့ပမာဏတွေ ဖြည့်သွင်း ထားနိုင်ပါ တယ်” ဟု ကိုလွင်မျိုးကရှင်းပြသည်။
card အတွင်းဖြည့်သွင်းနိုင် သော deposit fee များမှာ USD 20, USD 50, USD 100, USD 200 ဟူ၍ဖြစ်ပြီး USD 20 အတွက် ၀န်ဆောင်ခရာခိုင်နှုန်း ၂၀၊ USD 50 အတွက် ၁၅ ရာခိုင်နှုန်း၊ USD 100 အတွက် ၁၃ ရာခိုင်နှုန်း၊ USD 200  အတွက်ဝန်ဆောင်ခ ၁၂ ရာ ခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ (The myanmar post)

Thursday 8 December 2011

IT ပစ္စည်းများကို Hire Purchase စနစ် ဖြင့် ဝယ်ယူနိုင်ပြီ


Lucky Bird ကုမ္ပဏီနှင့် ပြည် တွင်းပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်သော United Amera ဘဏ်တို့ ပူးပေါင်းစီ စဉ်မှုဖြင့် IT နှင့် ဆက်စပ် ပစ္စည်း များကို Hire Purchase စနစ်ဖြင့် ဝယ် ယူနိုင်မည့် အစီအစဉ် တစ်ရပ်ကို စ တင်လိုက်ပြီဖြစ် ကြောင်းသိရသည်။ Hire Purchase အရစ်ကျငွေသွင်းစနစ် အရ Lucky Bird Group of Campanies မှ IT နှင့် ဆက်စပ် ပစ္စည်းများဖြစ် သော ACER, ASUS, DELL, FUJITSU, LENOVO, MSI, TOSHIBA အမှတ် တံဆိပ်များဖြစ်သော Notebook များ၊ Netbook များ၊ copier များ၊ Projector များအပါအဝင် OPTOMA, INFOCUS, MISUBISHI အမှတ်တံဆိပ် Projector များကိုပါ ပစ္စည်းတန်ဖိုး၏ 30% နှင့် ဘဏ်မှချေးငွေ အတွက် အတိုးနှုန်း ကို တစ်ကြိမ်ပေးသွင်းကာ ကျန်ငွေ များကို ၂ လ အရစ်ကျပေးသွင်း ခြင်းဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဝယ်ယူမည့် သူများအ နေဖြင့် United Amera ဘဏ်တွင် Account ဖွင့်ထားသူတစ်ဦး (သို့မ ဟုတ်) နှစ်ဦးမှ Guarantor အဖြစ် ထောက်ခံပေးရန်လိုအပ်ကြောင်း သိရသည်။
ထိုအစီအစဉ်ကို နိုဝင် ဘာလ ၂၈ ရက်နေ့မှစတင်ကာ Lucky Bird Computer အရောင်းဆိုင် များ ဖွင့်လှစ်ထားကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ မြို့ ကြီးများတွင် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ အထက်ပါ Hire Purchase အရစ်ကျစနစ်ဖြင့် ရောင်းချခြင်းနှင့်ပတ်သက်၍ Lucky Bird ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က “ဝယ်ယူသူတွေအနေနဲ့ မိမိ ဝယ်ယူတဲ့ ပစ္စည်းတန်ဖိုးကို တစ် ကြိမ်တည်းနဲ့ အပြည့်ပေးစရာ မလို တော့ဘဲ မိမိပုံမှန်ဝင်ငွေမှ အချိုး ကျငွေကြေးဖြင့် လစဉ်ပေးဆပ်သွား ရုံဖြင့် IT ပစ္စည်းများကို လူတိုင်း အဆင်ပြေစွာနဲ့ သုံးစွဲနိုင်မှာပါ”ဟု ပြောကြားခဲ့ သည်။ Hire Purchase အရစ်ကျငွေသွင်းစနစ်ဖြင့် ရောင်း ချခြင်းကို တိုက်ခန်းများ၊ ကွန်ဒိုများ အပါအဝင် ဖုန်းလိုင်းကတ်များနှင့် IT ပစ္စည်းများ ဝယ်ယူရာတွင် စတင် သုံးစွဲစမ်းသပ်ခြင်းဖြစ်ပြီး အဆင် ပြေပါကအခြားပစ္စည်းများကိုပါ Hire Purchase စနစ်ဖြင့်ဝယ်ယူနိုင်တော့ မှာ ဖြစ်ကြောင်း သိရသည်။ (netguide journal)

Wednesday 7 December 2011

မြန်မာနိုင်ငံ၏ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းမှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် သုံးခုတွင် စတင် သုံးစွဲမည်



မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းအား တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း  အဆိုပါ လေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မည့် Zayar Associates ကုမ္ပဏီမှ ဦးဇေယျ၏ ပြောပြချက်အရ သိရသည်။ အထက်ပါ မြန်မာ့ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ၊ ထိုင်းနိုင်ငံမှ အရင်းအနှီးနှင့် နည်းပညာများ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ရန် ရည်ရွယ်ထားသော်လည်း၊ ထုတ်လုပ်နိုင်မှုပေါ် မူတည်ကာ မဂ္ဂါဝပ် ၂၀၀၀ အထိ ထုတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ လေအားလျှပ်စစ် စီမံကိန်းအား စမ်းသပ် ဆောင်ရွက်ရန် မြေနေရာ ရွေးချယ်မှုတွင် မြန်မာနိုင်ငံတွင် လေတိုက်နှုန်း အများဆုံး ဖြစ်သည့် အထက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အား ရွေးချယ်နေခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။“အခု ကျွန်တော်တို့နဲ့ လုပ်မယ့် ထိုင်းကုမ္ပဏီက အရင်က နေရောင်ကနေ လျှပ်စစ်ထုတ်တယ်၊ လေအားကနေ လျှပ်စစ်ဓာတ် ထုတ်တယ်၊ အရင်ကတော့ လေအားလျှပ်စစ်ထုတ်ရင် ၅၀ မီတာပါစက္ကန့်နှုန်း တိုက်မှ ထုတ်လို့ရတယ်၊ အခုကျတော့ နည်းပညာ မြင့်လာတော့ ၆ မီတာပါစက္ကန့်နှုန်းနဲ့ ထပ်ထုတ်လို့ရပြီဆိုတော့ မြန်မာနိုင်ငံရဲ့ Introduce လုပ်ပေးတဲ့ သဘောပါ” ဟု ယင်း လေအားလျှပ်စစ် စီမံကိန်းအား ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် Zaya & associates မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ လေအားလျှပ်စစ် စီမံကိန်းအား ယခု စတင် ဆောင်ရွက်နေပြီ ဖြစ်ကာ၊ စမ်းသပ်ဆောင်ရွက်မှု ကာလ နှစ်နှစ်အတွင်း အကောင်အထည်ပေါ် အောင်မြင်လာပါက မြန်မာနိုင်ငံတွင် အပြင် ပြည်ပ နိုင်ငံများ အထိ ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရသည်။ “ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိနိုင်ဘူး၊ နွေ၊ မိုး၊ ဆောင်း လေတိုက်နှုန်းတွေကို တွက်ချက်ပြီး ဆောင်ရွက်ထားပါတယ်။ တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ Project” ဟု လေအားလျှပ်စစ် ထုတ်လုပ်မှုဆိုင်ရာ ပညာရှင် တစ်ဦးက ပြောသည်။ ပွင့်လန်းလာသည့် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြောင်းလဲလာသည့်အခါ ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ထပ်မံ ပေါ်ထွက်လာမည့် SEZ (Special Economic Zone) များအတွက် ရည်ရွယ်ကြောင်း သိရသည်။

Tuesday 6 December 2011

ကိုယ်ပိုင်ကျောင်း ဥပဒေပြဌာန်းပြီးပါက ကျူရှင်အားလုံး ဖျက်သိမ်းရမည်


ကိုယ်ပိုင်ကျောင်း ဥပဒေ ပြဋ္ဌာန်းပြီးပါက ကျူရှင်အားလုံး ဖျက်သိမ်းရမည် ဖြစ်ကြောင်း ကျူရှင်ဆရာ အသိုင်းအဝိုင်းမှ သိရသည်။  ကိုယ်ပိုင်ကျောင်း ဥပဒေမူကြမ်းကို  ယခုအခါ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ပြီး သဘောထားမှတ်ချက် တောင်းခံသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မကြာမီ လွှတ်တော်သို့ တင်ပြကာ ဥပဒေအဖြစ် ပြဋ္ဌာန်းတော့မည် ဖြစ်ကြောင်း သိရသည်။ကိုယ်ပိုင်ကျောင်း ဥပဒေပေါ်လာရင် ကျူရှင်ဥပဒေ ဖျက်သိမ်းရမယ်။ ဥပဒေသစ်ဆိုတာ ဥပဒေဟောင်းကို ဖျက်သိမ်းချင်လို့ ပြဋ္ဌာန်း တာလေဟု ဝါရင့်ကျူရှင်ဆရာဒေါက်တာဦးဝင်းဦး(Dr.Bio)ကပြောသည်။

ကျူရှင်ဥပဒေ ရုပ်သိမ်းလိုက်ပါက တစ်နိုင်ငံလုံးရှိ ကျူရှင်အားလုံးလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။ဥပဒေ မရှိတော့ရင် ကျူရှင်တွေက ဖျက်သိမ်းရမှာပဲ။ ဆက်ဖွင့်နေရင်တော့ တရားမဝင် ဖြစ်သွားပြီလေ။ ဥပဒေမရှိတဲ့အတွက် ပြဋ္ဌာန်းချက် ဥပဒေ တစ်ခုခုနဲ့တော့ ညှိနှိုင်းမှာပေါ့ဟု ယင်းက ပြောသည်။ ယင်းအတွက်ကြောင့် ကျူရှင်များသည် ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် သတ်မှတ်ချက်များ ပြည့်စုံပါက ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ပြီး၊ မဖွင့်လှစ်နိုင်ပါက ပိတ်သိမ်းရမည် ဖြစ်သည်။ကိုယ်ပိုင်ကျောင်း ဥပဒေ ပေါ်လာရင် ကျူရှင်ဆရာတွေအတွက် အခက်ခဲတွေ အများကြီး ရှိလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျူရှင်အားလုံးက ကိုယ်ပိုင်ကျောင်း ဖွင့်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုယ်ပိုင်ကျောင်းဥပဒေက အချက်အချို့ကို ပြင်ဆင်ပေးနိုင်ဖို့တော့ လိုပါတယ်ဟု ၎င်းပုဂ္ဂိုလ်က ပြောသည်(Hot news weekly journal)

ကတ္တရာနှင့်ကျောက် မပါဘဲ လမ်းခင်းသည့် စနစ် မြန်မာတွင် စမ်းသပ်မည်



ကတ္တရာ၊ ကျောက်များမပါဘဲ လမ်းခင်းသည့် စနစ်ဖြစ်သော Road Paverasia နည်းပညာဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံးစတင်နိုင်ရန် မြေသားစမ်းသပ်မှု ပြုလုပ်မည်ဖြစ်ကြောင်း  ယင်းနည်းပညာကို အသုံးပြုမည့် မလေးရှားနိုင်ငံ MOCOM Corporation Group မှ ၉-၁၁-၂၀၁၁ ရက်က သိရသည်။ ယင်းနည်းပညာမှာ သြစတြေးလျ နည်းပညာဖြစ်ပြီး မြေကိုဆွ၍ ရေနှင့်ဖျန်းကာ ဆေးရည်ဖြင့် မြေကြီးကို ရောစပ်မျှတမှုပြုပြီး လမ်းကြိတ်စက်များ အသုံးပြု ခင်းသောနည်း ဖြစ်ကြောင်း၊ လမ်းခင်းပြီး နာရီဝက်အတွင်း မောင်း၍ရကြောင်း၊ ခင်းပြီးသား လမ်းသားများ အလွန်မာကြောသွားကြောင်း သိရသည်။ “အခုအဲဒီနည်းပညာအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးနဲ့ ဆွေးနွေးပြီးပြီ။ မြေသားစမ်းသပ်မှုကို လုပ်ဖို့ တွံတေးကွမ်းခြံကုန်းက မြေအမျိုးအစားကို မလေးရှားကို နမူနာ ပို့မှာပါ” ဟု အဆိုပါ ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ တာဝန်ခံက ပြောသည်။

အဆိုပါ နည်းစနစ်ဖြင့် ကွန်ကရစ်လမ်းပေါ်တွင်လည်း ထပ်ပိုးလွှာခင်း၍ ရကြောင်း၊ Green Technology ဖြစ်၍ ပတ်ဝန်းကျင်ထိခိုက်မှု မရှိကြောင်း၊ လုပ်အားခ သက်သာကြောင်း သိရသည်။ “လမ်းမိုင် တစ်မိုင်ကို ကတ္တရာခင်းရင် ကုန်ကျတဲ့ငွေထက် ဒီနည်းပညာနဲ့ ခင်းရင် ၁၀ ပုံ ၁ ပုံပဲ ကုန်တယ်။ ဖုန်မထဘူး။ သံထည်လို မာနေတယ်။ နိုင်ငံတကာမှာတော့ လေယာဉ်ကွင်း ပြေးလမ်းတွေ၊ စက်မှုဇုန်တွေ၊ မြို့သစ်တွေ စတာတွေမှာ ဒီနည်းနဲ့ပဲ ခင်းပါတယ်” ဟု ယင်းက ရှင်းပြသည်။ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို နည်းပညာ အခမဲ့ပေးမည်ဖြစ်ကာ မြေဖြင့်ရောစပ်ရသော ဆေးရည်ကို ရောင်းချပေးမည်ဟု သိရသည်။ (ပြည်မြန်မာ ဂျာနယ်)

TATA နာနိုကား ၂၀၁၂ မော်ဒယ်သစ် ထုတ်လုပ်မည်

ကမ္ဘာ့ဈေးအချိုဆုံး ကားအဖြစ် သတ်မှတ်ခံရပြီး ၂၀၀၉ ခုနှစ်က ပေါ်ထွက်ခဲ့သည့် တာတာနာနိုကားကို ယခုအခါ ၂၀၁၂ ထုတ် မော်ဒယ်အဖြစ် ပိုမို အဆင့်မြှင့်တင် ထုတ်လုပ်ကာ ဈေးကွက်သို့ ဖြန့်ချိ သွားရန်ရှိကြောင်း  သိရသည်။

၂၀၁၂ နာနိုကားတွင် ကားအရောင်ကို ရောင်စုံရနိုင်မည် ဖြစ်ပြီး ကားအတွင်း အပြင်အဆင်များတွင်လည်း ပို၍ ဇိမ်ခံကားဆန်ဆန် ပြင်ဆင်ထားသည်ဟု ဆိုသည်။ ထို့ပြင် ၂၀၁၂ မော်ဒယ်ကားသည် ယခင်ကားဟောင်းထက် ဆီစား ပိုသက်သာမည်ဟု ကုမ္ပဏီက ပြောသည်။

ဤသို့ ၂၀၁၂ မော်ဒယ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားရခြင်းမှာ ဝယ်သူများဘက်မှ အကြံပြုချက်များကြောင့် ဖြစ်ကြောင်း တာတာမော်တော်ကား ကုမ္ပဏီ၏ အိန္ဒိယ ဒါရိုက်တာ ပီအမ်တာလန်က အေအက်ဖ်ပီသို့ ပြောသည်။

၂၀၁၂ ကားသစ်တွင် အင်ဂျင်ပါဝါကို မြင်းကောင်ရေ ၃၈ ကောင်အထိ တိုးမြှင့်ထားသည်။ သို့သော် ကားဈေးနှုန်းကိုမူ ယခင်ဈေး ဒေါ်လာ ၂,၀၀၀ ခန့်သာ ဆက်လက်ထားရှိ ရောင်းချမည် ဖြစ်သည်။ စာရင်းများအရ တာတာနာနို ကားများသည် ပြီးခဲ့သည့် နှစ်ကထက် ယခုနှစ်တွင် ရောင်းအား ၈၅ ရာခိုင်နှုန်း တက်ခဲ့သည်။ တာတာနာနိုကို ၂၀၀၉ ခုနှစ်တွင် ဈေးကွက်ဖြန့်စဉ်က ရူပီးတစ်သိန်း (ဒေါ်လာ ၁,၉၇၉) ဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာ့ဈေးအချိုဆုံး ကားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ (7Day news)

Monday 5 December 2011

Web proxy ဖြင့် ကျော်ပြီး Gmail အကောင့်သစ် ဖွင့်နိုင်


ဂျီမေးလ်အကောင့် အသစ်ဖွင့်ရန် အခက်အခဲ ကြုံနေရာမှ ယခုအခါ ကိုယ်တိုင် အခမဲ့ အကောင့်အသစ် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။  Unknown Object  ဆိုင်များကို အခကြေးငွေပေး၍ ဆောင်ရွက်စရာ မလိုတော့ဘဲ ယခု နည်းလမ်းကို အသုံးပြုပါက အကောင့်အသစ်ကို လွယ်ကူစွာ ရရှိနိုင်မည်။ ဂျီမေးလ် အကောင့်အသစ် ဖွင့်လိုသူများ အနေဖြင့် ဂျီမေးလ် အကောင့်ကို Web Proxy မှ ကျော်ပြီး ဖွင့်၍ ရနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂျီမေးလ် အကောင့်များသည် ယခုအခါ သမားရိုးကျနည်းနှင့် ဖွင့်ရန် ခက်ခဲနေပြီး အခုနောက်ပိုင်း မြန်မာပြည်တွင် ဂျီမေးလ် အကောင့်ဖွင့်ရန် ခက်ခဲနေသည်မှာ ကာလ အတော်တန်ကြာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ Proxy ကျော်ဖွင့်ရာ၌ Login Name ကို Check Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက်ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ Login Name မရလျှင် ပြန်ဖြည့်ထည့်ပြီး ပြန်ဖွင့်ရမည်နည်းမှာ - ပထမဦးစွာ http://hidemyass.com ကို အရင်သွားရမည် ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် https://mail.google.com ဟု ရိုက်ထည့်ပြီး Hide My Ass Button ကိုနှိပ်ရမည်။ ထို့သို့ နှိပ်၍ Access denied ဟုပေါ်နေလျှင် https://mail.google.com ဟု ရိုက်ထည့်ရမည်ဖြစ်ပြီး Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ်ပြီး Gmail Window ကျလာလျင် Creat an account ကိုကလစ်လိုက်ပြီး ပုံမှန် ဆောင်ရွက်နေကျ အတိုင်း ဖြည့်စွက်ပြီး အကောင့်ဖွင့်ရမည် ဖြစ်သည်။ သို့သော် ဤသို့ အကောင့်အသစ် ဖွင့်ရာ၌ ကွန်နက်ရှင် ကောင်းမွန်ရန် လိုအပ်ပြီး ကွန်နက်ရှင် နှေးနေလျှင် သုံးလေးခေါက်လောက် ကြိုးစားဖြည့်စွက်ပြီး ဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ (IT Weekly)