Saturday 28 February 2009

စန္ဒရားတီးမယ်




စန္ဒရားတီးလို့ရတဲ့  အသုံးအဆောင် တစ်ခုပါ။  စန္ဒရားတီးရင်းလည်း  သီချင်းဖွင့်လို့ရတဲ့ ခလုတ်လေးတွေ ပါ ပါ
တယ်။ သံစဉ်လေးတွေပေါ်အောင် ကွန်ပျူတာကီးလေးတွေကိုလည်းထည့်ပေးလိုက်ပါတယ် ။ ဘာသံစဉ်လေး
တွေထွက်လာမလဲ။ လက်တည့်စမ်းကြည့်ပေါ့ နော် ...
JingleBells
 j,j,j, j,j,j ,j,l, g,h,j k,k,k,k,k,j,j,j,j,h,h,j,h, l, j,j,j, j,j,j, j,l,g,h,j,k,k
,k,k,k,j,j,j,l,l,k,h,g,
Kingdom Hearts Theme 
 S F D H F F H F # H Q Q W Q L Q J E W L # # L R E W Q W E W J L J W E Q L # 
YMCA 
 q,l,h q,l,e,q,q,l,h, q,l,h, q,l,e,q,q,l,h k,k,k,k,k,k,k,k,k,k,l g,d,d,s,a,s,d,g d,
g,h,d,d,s,a,s,d,g
Disturbia B (TAB)
 w,w,r,q,l,l,#,l,# w,w,r,q,l,l,#,l,#,,,,r,r,r,e,w,q,l,,,r,r,t,w,w,q,w,,,r,e,w,q,l,,,
r,t,t,w,q,w,,,l,l,l,#,l,#
jjjd fffs llle lllr lllt llr lle llt lel lrl ltl lyl lul lililyl lyl ltl lrl ttti 
rrru pioiuytrewq
Genial 
 g klq l j g klql l j g klql  j j k j g g poi u o u i y u p o i u o p o i u o u i y 
u t y t e e 
 
နောက်ထပ်လည်း တီးလုံးနဲ့ ပက်သက်တဲ့ ဟာလေးတွေရှိပါသေးတယ်။ သွားချင်ရင်တော့...

www.buttonbeats.com ပါ။

(ဒီလင့်ခ်ကို www.politenesskid.multiply.com မှ သိရပါတယ်)

Sunday 22 February 2009

ILBC SCIENCE FAIR 2007

ရဟတ်ယာဉ်

ရဟတ်ယာဉ်
ရဟတ်ယာဉ်သည်  လေထဲတွင် သွားလာနိုင်ယုံမျှမကဘဲ  ဒေါင်လိုက် တည့်တည့်မတ်မတ်ပင်  တက်ဆင်း နိုင်
သောယာဉ်အမျိုအစားဖြစ်ပြီး ပင့်အားရရှိနိုင်ရန် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသောပန်ကာဒလက်များတပ်
ဆင်ထားကြသည်။ ၄င်းတို့အတွက် ပင့်အားကို Rotor  ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်၊
ဆင်းနိုင်ကြသည်။ လေယာဉ်ပျံများထက် ရဟတ်ယာဉ်များ၏အားသာချက်မှာ တည့်တည့်တက်ဆင်းနိုင်သော
ကြောင့် ပြေးလမ်းမလိုအပ်ခြင်းနှင့် လေထဲတွင် ရပ်တန့်နိုင်ခြင်းတို့ဖြစ်သည်။ ရဟတ်ယာဉ်များသည်  သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မီးသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
နှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များဖြစ်ကြသည်။
အေဒီ (၄၀၀) ခန့်ကတည်းက တရုတ်ကလေးငယ်များသည် ပန်ကာဒလက်သုံး၍ လေထဲပျံတက်နိုင်သော က
စားစရာများ ကစားခြင်းတို့မှာ ရဟတ်ယာဉ်များပေါ်ပေါက်လာခြင်း၏ ကနဦးအစဖြစ်သည်။ ၁၇၅၄တွင် ရုရှတို့
က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ပျံတက်နိုင်သော ယာဉ်ပုံစံကို  ရေးဆွဲခဲ့ကြသည်။ ၁၈၆၀ မှ ၁၈၈၀
ကာလအတွင်း ရဟတ်ယာဉ်ပုံစံမျိုးစုံကို  တီထွင်ခဲ့ကြသည်။  ၁၈၈၀တွင်  သောမက်စ်အက်ဒီဆင်က  ရဟတ်
ယာဉ်ပုံစံငယ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ပြင်သစ်ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီ
ထွင်ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အ
မြင့် (၂) ပေခန့်မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြားပြင်သစ် ပညာရှင်တစ်ဦးက ပေ(၂၀)အ
မြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့သည်။ ၁၉၅၁တွင် အမေရိကန်ရေတပ်က တာဘိုင်အင်
ဂျင်သုံးရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉)ရာစုနှောင်းပိုင်းရောက်လာသောအခါ ပိုမို၍ပေါ့ပါး လျင်မြန်
ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
လီယိုနာဒို ဒါဗင်ချီသည်လည်း လေထဲသို့ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန်လွန်သွားကဲ့သို့ဒလက်ပါဝင်သော
ပုံကို ရေးဆွဲစိတ်ကူးခဲ့ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟုသူ့ခေတ်အခါက
လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့စကီးသည် အောင်မြင်မှုရအောင် တီ
ထွင်နိုင်ခဲ့သည်။
 စစ်ဘက်သုံးရဟတ်ယာဉ်များ
AH-64 Apache
တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။ ပထမဆုံးပျံသန်းမှုကို
၁၉၇၅ စက်တင်ဘာ၃၀ တွင်ပြုလုပ်ခဲ့သည်။ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈)သန်းရှိသည်။(၁၉၉၆)
ခုနှစ်မှတန်ဖိုးဖြစ်သည်။ ထိုသို့သော ရဟတ်ယာဉ်ပေါင်း ၂၀၀၀ ခန့်ထုတ်လုပ်ပြီးဖြစ်သည်။
..............
 
Eurocopter Tiger
၎င်းအမျိုးအစားမှာတိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်းနာမည်
အတိုင်းပင်ဖြစ်သည်။ ပထမဆုံးပျံသန်းမှုကို ၁၉၉၁ ဧပြီတွင်ပြုလုပ်ခဲ့သည်။ စတင်တာဝန်ထမ်းဆောင်သောခု
နှစ်မှာ ၂၀၀၃ခုနှစ်ဖြစ်သည်။ အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဂျာမဏီ၊ ပြင်သစ်၊ သြစတြေးလျ နှင့်စပိန်နိုင်
ငံတို့ဖြစ်သည်။ တစ်စီးတန်ဖိုးမှာ ကန်ဒေါ်လာ (၃၈-၄၈)သန်းဖြစ်သည်။ (wikimyanmar)
..............
ယခုအခါ စစ်ဘက်သုံးတင်မက တစ်အိမ်ထောင်စုသုံး ရဟတ်ယာဉ်များကို တစ်ချို့နိုင်ငံများတွင် လိုင်စင်ပေး
အသုံးပြုလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း များမကြာသော ကာလတွင် မတလ ရဟတ်
ယာဉ် ၊ စက ရဟတ်ယာဉ် ၊ နောက် နံပါတ်ပြားမပါသော ရဟတ်ယာဉ်များ ရောက်ရှိလာတော့မည်မှာ မြေ
ကြီးလက်ခက်မလွဲပင်ဖြစ်ပါတော့သည်။ :) :) :)

Friday 20 February 2009

ကမ္ဘာကြီးကို ဘောင်ခတ်ကြည့်မယ်

ဂူးဂဲလ်အာ့သ်၊ အိုးရှန်း စတဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်ကြည့်ရှုလို့ရတဲ့  ဝန်ဆောင်မှုများဟာ  ဆော့ဖ်ဝဲ
လိုပါတယ်။ ဒေါင်းလုပ်ဆွဲဦး။ အင်စတောလုပ်ဦးဆိုတော့ အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေရာတွေ
ဆို အခက်ကြုံရပါတယ်။ ဒါလေးက ဒေါင်းလုပ်လည်းမလိုအင်စတောလည်းမလိုဘဲသူ့ဝက်ဘ်ဆိုဒ်ထဲမှာတင်
ကြည့်လို့ရပါမယ်။  သင်ကြိုက်တဲ့ ဝဘ်ဆိုဒ်လိပ်စာထည့်ရိုက်ပြီး ဝင်ရုံနဲ့ သူ့ဝက်ဘ်ဆိုဒ်ရဲ့ တည်နေရာကိုပါ
တစ်ခါတည်းဖော်ပြသွားမှာဖြစ်ပါတယ်။ နောက်တစ်မျိုးက အိုင်ပီလိပ်စာထည့်ပြီးလည်းတည်နေရာကိုရှာနိုင်
ပါတယ်။ အများဆုံးအကျယ်ချဲ့ကြည့်နိုင်မယ့် ပုံရိပ်ကတော့အောက်မှာပြထားတဲ့အတိုင်းပါပဲ
ပုံမှာ ရန်ကုန်မြို့ လမ်းဆုံမီးပွိုင့်တစ်နေရာကို ရိုက်ထားခြင်းပါ။  ကားလေးတွေသွားတာကို မြင်နေရတယ်။
နောက် တိုက်တာအဆောက်အဦတွေရဲ့အရိပ်တွေ၊ နောက်ဆုံး သစ်ပင်ကြီးတွေရဲ့ အရိပ်တွေကိုပါ မြင်နေ
ရတာပါ။ အောက်ပုံကတော့ ရန်ကုန်မြို့ကန်တော်ကြီးထဲက အနှီငှက်နှစ်ကောင်ပါ။
 
နောက်တစ်ခုက ဝက်ဘ်လိပ်စာရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကို ဖော်ပြခြင်းဖြစ်ပါတယ်။
 
www.planet.com.mm ရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကိုဖော်ပြပေးပါတယ်။ လတ္တီကျု၊လောင်တီကျု
ကအစ၊ နိုင်ငံအမည်၊ နိုင်ငံတော်အလံ၊ ရက်စွဲ၊ နိုင်ငံကုဒ်၊ ဒေသ(ဥပမာ ရန်ကုန်)၊တည်နေရာကုဒ်(ဒီနိုင်ငံ
ကတော့ ဖော်ပြထားခြင်းမရှိပါ။
ဒီလိပ်စာလေးက အင်တာနက်ကောက်နက်ရှင် မကောင်းတဲ့နေရာတွေအတွက်သင့်လျော်ပါတယ်။ ဘာ့လို့
လဲဆိုတော့ ခုနက ပြောခဲ့သလို ဒေါင်းလုပ်မလို၊  အင်စတောမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်လို့ပါ။ ဘယ်လို
သွားရမလဲဆိုတော့ ပထမဦးဆုံး Google စာမျက်နှာကိုသွားပါ။ ပြီးရင် အောက်မှာပြထားတဲ့အတိုင်း ဝဘ်
ဆိုဒ်လိပ်စာရိုက်ထည့်ရတဲ့ဘောက်စ်က အလံလေးမှာ ကလစ်လုပ်ရုံပါပဲ။
အလွယ်ကူဆုံးကတော့ ဒီလိပ်စာ ကိုကလစ်ရုံပါ။
ဒီနည်းလေးက ကြာပြီဖြစ်ပေမယ့် ကျွန်တော်ကတော့ အခုမှတွေ့တယ်။ ဒါကြောင့်ကျွန်တော့်လိုမတွေ့သေး
တဲ့ သူငယ်ချင်းများ လည်းရှိကောင်းရှိမှာပါ။ ၄င်းပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီး ကိုယ်သိတာလေးမျှဝေပါ၏

Thursday 19 February 2009

ဟုတ်သော်ရှိ ...

ပုံပေါ်နှိပ်၍အကြီးချဲ့ကြည့်နိုင်ပါသည်။
 
 ဒီဓာတ်ပုံလေးကို mandalaygazatte.com မှ ကူးယူဖော်ပြပါတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့။ 
ရက်စွဲ
(24.12.2008)

Wednesday 18 February 2009

ဝါး laptop

 
ဝါး laptop
ဝါးသစ်ကို  အိမ်ထောင်ပရိဘောဂများ၊ အိမ်တွင်းအလှဆင်မှု၊ အသုံးအဆောင်များ  နဲ့  အဝတ်အစားများ  စတဲ့
ထုတ်ကုန်များအတွက်  တွင်ကျယ်စွာ  အသုံးပြုနေကြပါတယ်။   ဝါးဟာ  ခံနိုင်ရည်ရှိပြီး အလွန်သန်မာပါတယ်။
ပြီးတော့ ရေအနည်းငယ်နဲ့ လွယ်ကူလျင်မြန်စွာပေါက်ရောက်ကြီးထွားပါတယ်။ နောက် အရေးကြီးဆုံးလုပ်ငန်း
ဆောင်တာကတော့  ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ကျစေတာပါပဲ။ ပိုးမွှားကျရောက်မှုကိုလည်း ခံနိုင်ရည်ရှိ
ပါတယ်။ ဝါးသစ်နုတ်ဘွတ်မိတ်ဆက်ခြင်းကို ASUS က  ရှင်းရှင်းလင်းလင်း  ပြသခဲ့ပြီးဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသား မိုဆိုဝါးသစ် ပြောရမယ်ဆိုရင် နှစ်နှစ်သားလောက်ရှိတဲ့ ဝါးကို ဝါးလပ်တော့မှာ အသုံးပြု
ခဲ့ပါတယ်။ ဒါဟာ ဝါးသစ်ရဲ့ သဘာဝသက်တမ်းနဲ့ အတူတူပဲဆိုတာကို ပြပါတယ်။ ပြီးတော့ ထုတ်လုပ်မှုပုံစံဟာ
လည်း လောင်စာဆီအသုံးပြုတဲ့ သတ္တုတွေထက်စာရင် ပိုပြီးတော့ စွမ်းအင်ချွေတာရာရောက်ပါတယ်။ နောက်
တစ်ဖန်  ဝါးလပ်တော့ဟာ သုံးစွဲသူတွေကို ကွန်ပျူတာနဲ့ ပိုရင်းနှီးကျွမ်းဝင်စေပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဝါး
လပ်တော့ နဲ့ ပက်သက်ပြီး တစ်ဦးတစ်ယောက်ချင်းအနေနဲ့  ကိုယ်ရေးကိုယ်တာ  အတွေ့အကြုံ တွေကိုရစေပါ 
တယ်။ 
ဝါးသစ်ကို တရုတ်ယဉ်ကျေးမှုမှာ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက သူ့အရည်အသွေးတွေကိုထုတ်ဖော်ရင်း
အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။  အခု ရှေးကျတဲ့ဝါးသစ်ကို ခေတ်မီအသုံးအဆောင်ဖြစ်အောင်  တီထွင်ကြံဆ
အသုံးပြုနေပါပြီ။ ဝါးသစ်လို ပတ်ဝန်းကျင်နဲ့ ရင်းနှီးပြီးသားသဘာဝပစ္စည်းတစ်ခုကို အသုံးပြုခြင်းအားဖြင့် နည်း
ပညာနဲ့ သဘာဝကို အားကောင်းကောင်းနဲ့ စတိုင်ကျကျ လိုက်လျောညီထွေဖြစ်စေပါတယ်။
မသိသေးသူများအတွက်သာ  ဗဟုသုတရစေရန်အလို့ငှာ  တင်ပေးလိုက်ပါတယ်။  ဝယ်ချင်သူများအတွက်က
တော့ ဒီလိပ်စာ ကိုသွားလု အဲ သွားဝယ်နိုင်ပါတယ်။ :)

Tuesday 17 February 2009

laptop အလန်းလေးများ

laptop ဒီဇိုင်းဆန်းလေးများကို ရွေးပြီးတင်လိုက်ပါတယ်။  ဒီ  laptop တွေက အချိန်ကန့်သတ်ချက် မရှိပါ။

တစ်ချို့လည်း ကြာပြီဖြစ်ပါလိမ့်မယ်။ တစ်ချို့လည်း နောက်ဆုံးပေါ် ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အထူးအဆန်း
တွေကိုမှ  စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ ဘာပဲပြောပြော အသစ်ပဲပေါ့ .. နော့ ..ကဲ ခံစားနိုင်ပါပြီ ..
............
...........
...........
............
...........
............
............
...........
...........
............
............
.............
..............
...........
............
.............
..............
............
............
.............
..............
..........
အကုန်ကြိုက်လား... ဒါဆိုရင် အကုန်သာ အလကားယူသွားပေတော့ ..  :)

IC to JAPAN

(kingofstar7.com)

Sunday 15 February 2009

ဦးနှောက်စွမ်းရည်တိုးတက်အောင်

ဦးနှောက်ရဲ့ မှတ်သားနိုင်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်မှုအားကောင်းစေတဲ့  အွန်လိုင်းဂိမ်းဆိုဒ်လေးပါ။ အွန်လိုင်း
ပေါ်လျှောက်လည်ရင်း  အမှတ်မထင်တွေ့လိုက်တဲ့ ဂိမ်းဆိုပေမဲ့ တော်တော်အသုံးဝင်မှာပါ။ ဘာကြောင့်လဲဆို
တော့ တခါတရံမှာ လူတွေဟာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊စိတ်လေလို့ပဲဖြစ်ဖြစ်၊လူမှုရေးနဲ့ ဦးနှောက်စွမ်းရည်
များကျဆင်းတတ်ကြပါတယ်။နောက်ပြီးအသက်ရလာတာနဲ့အမျှဦးနှောက်ဟာနှေးကွေးသွားတတ်ကြပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ဒီအွန်လိုင်းဂိမ်းဆိုဒ်လေးက ကူညီမှာပါ။  ဘယ်လိုကူညီမှာပါလိမ့်။  သူ့ဆိုဒ်ထဲမှာ  ဒီလိုရေး
ထားပါတယ်။
လူ့ဦးနှောက်ဟာ အသက်၃၀ အစောပိုင်းလောက်မှာ နှေးကွေးသွားတာကို သိပါသလား။ သတင်းကောင်းတစ်
ခုကတော့  ဒီလိုနှေးကွေးသွားတာကို  မြန်အောင်လုပ်လို့ရပါတယ်။ ပြီးတော့ ဘယ်လို အသက်အရွယ်မှာပဲဖြစ်
ဖြစ် ဦးနှောက်ရဲ့ အခြေခံစွမ်းရည်တွေကို တိုးတက်အောင်လုပ်လို့ရပါတယ်။ ဒါကတော့ Lumosity လို့ခေါ်တဲ့
ဦးနှောက်လေ့ကျင့်ရေး အစီအစဉ်က သင့်ဦးနှောက်ရဲ့အကောင်းဆုံးစွမ်းရည်ကို ထိန်းထားနိုင်မှာပါ။  ဒီအစီအ
စဉ်မှာ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်ဂိမ်းတွေပါဝင်ပါတယ်။ ပြီးတော့ အာရုံကြောကျွမ်းကျင်ပညာရှင်များ
ဦးဆောင်တဲ့ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့် အစီအစဉ်များထဲက တစ်ချို့တစ်ဝက်ဖြစ်ပါတယ်။ 
ဒီဆိုဒ်ကို သုံးရင် ဒါတွေမြတ်မယ်။ ဘာတွေဘာလိမ့်။ ရှင်းရှင်းလင်းလင်း၊ မြန်မြန်ဆန်ဆန်တွေးခေါ်နိုင်ခြင်း၊ နာ
မည်များ၊  နံပါတ်များ၊  ဦးတည်ရာဘက်များ စတာတွေကို ပိုမိုမှတ်မိနိုင်ခြင်း၊ ဦးနှောက်လန်းဆန်းတက်ကြွမှုကို
တိုးတက်စေနိုင်ခြင်း၊ စိတ်စွမ်းရည်ကိုပါတိုးတက်စေနိုင်ခြင်း၊ အလုပ်လုပ်နေချိန် ဒါမှမဟုတ်ကားမောင်းနေချိန်
တွေမှာ ပိုမိုအာရုံစူးစိုက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို အမြတ်ရမှာပါ။
ဂိမ်းဆိုဒ်ထဲမှာတင် ဘယ်လိုဆော့ရမယ်ဆိုတာပြထားပြီးသားပါ။ စိတ်အခြေအနေကောင်းနေတဲ့အချိန်တွေမှာ
ကစားရင် ပျော်လည်းပျော်ရမယ်။ဦးနှောက်စွမ်းရည်လည်းပိုတက်မယ်။အရမ်းစိတ်ညစ်နေတဲ့အချိန်ဆော့မယ်
ဆိုရင်တော့ စိတ်လေနေတဲ့အချိန်ဖြစ်လေ့ရှိတဲ့ အာရုံစူးစိုက်မှုမရတာတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်း
တာတွေ  စတဲ့အပျက်စာရင်းတွေအားလုံးကို တစ်ထောင့်တစ်နေရာက ဖြေရှင်းနိုင်မှာပါ။ သွားရမယ့်ဆိုဒ်လေး
က www.lumosity.com ပါ။ ကဲ အခုပဲပျော်ရွှင်စရာပြတင်းပေါက်ကလေးကနေ ပျော်ရွှင်စရာကမ္ဘာငယ်လေး
ဆီကို သွားမယ်။ စိတ်ညစ်တာတွေ စိတ်လေတာတွေ ထားခဲ့တော့ ။ စိတ်လေကောင်ကြီး  ငါ့ကိုယ်ထဲက အ
မြန်ထွက်သွား !!!!!!

Wednesday 11 February 2009

စိုးရိမ်ပူပန်မှု

စိတ်ကျန်းမာရေးပညာရှင်တွေဟာ စိုးရိမ်ပူပန်မှု ကို ပုံသေနည်းတစ်ခုထုတ်ထားပါတယ်။ အဲဒါကတော့ စိုးရိမ်
ပူပန်မှုဆိုတာ မသေချာမရေရာမှုနဲ့ မိမိကိုယ်ကိုမိမိထိန်းနိုင်မှုအားနည်းခြင်းတို့ပေါင်းစပ်ပြီးဖြစ်ရတယ်လို့ဆိုပါ
တယ်။ မိမိကိုယ်မိမိ  ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်ချင်သူတွေဟာ စိုးရိမ်ပူပန်မှု ပိုပြီးဖြစ်လေ့ရှိပါတယ်။  ဘာ့
ကြောင့်လဲဆိုတော့ သူတို့ဟာ  သူတို့စိတ်ကိုသူတို့ ထိန်းသိမ်းရာမှာ မြင့်မြင့်ကြီးမှန်းထားလို့  တကယ်တမ်းကျ
တော့ စိတ်ကိုထိန်းသိမ်းနိုင်စွမ်းအားနည်းလေ့ရှိကြသူတွေဖြစ်နေလို့ပါပဲ။ တစ်ဖန် တစ်ဦးတည်းအထီးကျန်နေ
ရခြင်းဟာလည်း စိုးရိမ်ပူပန်မှုကို ဖြစ်စေပါတယ်။ အထီးကျန်တစ်ဦးတည်းဖြစ်နေတဲ့အခါ တိုင်ပင်ဖော်တိုင်ပင်
ဖက် မရှိတဲ့အတွက် ကိစ္စရပ်တိုင်းအပေါ် မသေချာမှုတွေ၊ မယုံကြည်နိုင်မှုတွေပိုလာပါတယ်။ မသေချာတဲ့ အ
နာဂတ်ကာလအတွက် တွေးပြီး စိုးရိမ်ပူပန်မှုတွေ ပိုလာတတ်ပါတယ်။ သူများတကာ  ပျော်ရွှင်မှုတွေကိုကြည့်
ပြီး မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ကာ ၀မ်းနည်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ခံစားလာရတတ်ပါတယ်။
မကြာမီကာလတွေမှာလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ သူတစ်ပါးအပေါ် မုဒိတာပွားပြီး  မျှဝေခံစားတတ်
သူတွေဟာ  ပျော်ရွှင်စရာကောင်းတဲ့၊ စိတ်ဖိစီးမှုနည်းတဲ့ ဘ၀ပိုင်ရှင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ တကယ်
တော့  ဒီလိုမုဒိတာပွားနိုင်တယ်ဆိုတာ လက်တွေ့မှာ  ပြောသလောက်  လွယ်လွယ်လေး  မလုပ်နိုင်ကြတာမို့
စိတ်ဖိစီးမှုတွေ၊  စိုးရိမ်စိတ်တွေခံစားကြရတာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ရတဲ့ သောကဝေဒနာတွေက
ဝေးစေလိုရင် မိမိကိုယ်ကို ယုံကြည်ချက်ထားပါ။ သေချာရေရာတဲ့အနာဂတ်ကို လေ့ကျင့်ပျိုးထောင်ပါ။ ရောင့်
ရဲတင်းတိမ်တတ်ပါ။ မုဒိတာပွားတတ်ပါ။ ဒါဆို သောကဘေးက ဝေးမှာဖြစ်ပါတယ်။ (HealthDigest vol.6/no.19)

Tuesday 10 February 2009

ကော်ဖီ

 အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီ (Coffee)
  ကော်ဖီနဲ့ပက်သက်တဲ့ ယုံတမ်းပုံပြင်အများအပြားရှိပါတယ်။ ကိုယ်ကလည်းကော်ဖီနံ့ ရရင်ကို မနေနိုင်တဲ့ 
ကော်ဖီချိုးဆိုတော့တတ်နိုင်သလောက်လေးတွေရှာပြီးဖော်ပြလိုက်ပါတယ်။ယုံတမ်းပုံပြင်ဆိုပေမဲ့လည်းကော်
ဖီ မြင်ရင်ကို မနေနိုင်တဲ့သူတွေကတော့ ဘာပဲပြောပြော ကော်ဖီအကြောင်းလေး ဗဟုသုတတော့ ရသွားမှာ
ပါ ။ ကဲ ဖတ်ကြည့်ပါဦး ။
(၁၇)ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်းမသိခဲ့ကြပေ။ ထိုစဉ်က  အက်ဗီ
ဆီးယားနိုင်ငံနှင့် အာရေဗျကျွန်းဆွယ်တို့တွင် ကော်ဖီကိုမြိန်ရှက်စွာသောက်သုံးနေကြပြီဖြစ်သော်လည်း မည်
သည့်အချိန်က စတင်သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။
စတင်တွေ့ရှိပုံ
ကော်ဖီကို စတင်တွေ့ရှိပုံအကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင်အမြောက်အများရှိသည်။ (၃) ရာစု နှစ်ကုန်
လောက်တွင်အာရေဗျမှခရစ်ယာန်ဘုန်းတော်ကြီးတစ်စုသည် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အက်ဗီဆီးယား
နိုင်ငံရှိ တောတောင်ထူထပ်ရာ ဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ
မွေးမြူထားသည့်  သိုးနှင့်ဆိတ်တို့သည် ညရောက်သော်လည်း  အိပ်စက်ခြင်းမရှိဘဲ မြူးထူးခုန်ပေါက်၍ သွား
လာနေကြသည်ကို တအံ့တသြတွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ဖြစ်နေသည့်အတွက် ဘုန်းတော်
ကြီးများသည်  သိုးနှင့်ဆိတ်တို့စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ
အပင်တစ်မျိုး၏ အရွက်နှင့်အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင်ဖြစ်၍
ကော်ဖီရွက်နှင့် ကော်ဖီသီးများကို  စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင်
ဖြစ်ကြရသည်ဟုဆို၏။  ထိုသမိုင်းပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က  မက္ကာမြို့
သို့ဘုရားဖူးသွားကြသော မွတ်ဆလင်တို့သည်ညဘက်တရားအားထုတ်ချိန်များတွင်အိပ်ငိုက်ပြေစေရန်ကော်
ဖီစေ့ကို လှော်၍အမှုန့်ကြိတ်ပြီးလျှင်ရေတွင်ဖျော်ကာသောက်သုံးခဲ့ကြကြောင်းအထောက်အထားများရှိသည်။
ပျံ့နှံ့သွားခြင်း
(၁၇) ရာစုသို့ရောက်သောအခါ ဥရောပသို့ ကော်ဖီသောက်ခြင်းဓလေ့ကူးစက်လာ၍  ကော်ဖီဆိုင်များအနှံ့အ
ပြားပေါ်ပေါက်လာ၏။အင်္ဂလန်ပြည်တွင်ကော်ဖီဆိုင်များကို၁၆၅၂ခုနှစ်မှစ၍တည်ထောင်ခဲ့ကြောင်းသိရသည်။
(၁၇)ရာစုအကုန်တိုင်အောင် ဥရောပတိုက်ရှိလူများသည် အနံ့အရသာနှင့်ပြည့်စုံသော မိုးကား(Mocha) ခေါ်
အာရေဗျကော်ဖီကိုသာ သောက်သုံးခဲ့ကြသည်။
ကော်ဖီပင်ပေါက်ရောက်ရာ ဒေသများ
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်
ငံနှင့် အနောက်အိန္နိယကျွန်းစုတို့မှအပ ကော်ဖီကိုအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်
အလယ်ပိုင်း၊  မက္ကဆီကို၊  အာရေဗျကျွန်းဆွယ်၊  အာဖရိကတိုက်နှင့် အိန္နိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်
ကျွန်း၊ ဆူမားတြားကျွန်း၊ ဂျာဗားကျွန်း နှင့် ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများဖြစ်ကြသည်။ (wikimyanmar)
အောက်ပါတို့ကတော့ ဘာသာပြန်ထားတာလေးပါ။
ကော်ဖီသမိုင်း
ယုံတမ်းပုံပြင်အရပြောရမယ်ဆိုရင်တော့ ကော်ဖီကို အီသီယိုးပီးယားမှာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ကော်ဖီ
ရိုင်းအနေနဲ့ပေါက်ရောက်တာပါ။ အဲဒီမှာရှိတဲ့ သိုးကျောင်းသားတွေက ကော်ဖီစေ့တွေစားစားပြီး ညညအိပ်မ
ပျော်ဘဲမြူးတူးလန်းဆန်းနေတဲ့သိုးတစ်အုပ်ကို သတိထားတွေ့ရှိသွားတာက  စတယ်လို့ပြောရမှာပါ။  နောက်
ယုံတမ်းပုံပြင်တစ်ခုကတော့  မိုခါး ဒါမှမဟုတ် ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။ အာရေဗျလူမျိုးတစ်ဦးကို
သူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို  အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီ
မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကို
ပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံး
မြို့ဖြစ်တဲ့ Mocha မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။  ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်
ကို Mocha လို့ အမည်ပေးခဲ့ကြပါတယ်။ 
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။  ၁၄ရာစုအတွင်း
မှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်
ခိုက်ကြတဲ့အခါ  ကော်ဖီစေ့တွေကို  အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်
နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြ
လေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်
မရိန်းတပ်အရာရှိ GabrielMathieu deChieu ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာ
ခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစ
တင်စိုက်ပျိုးခဲ့ကြတာပါပဲ။  ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ  မြို့ကြီးတော်
တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်
မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ 
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
(justaboutcoffee) မှ ဘာသာပြန်ပါတယ်။

Sunday 8 February 2009

Mtalk

မြန်မာပြည်မှာရော ကမ္ဘာတစ်လွှားမှာပါ ခေတ်စားလာတဲ့ ဂျီတော့ ... အခုတော့  ဘဝပြောင်းသွားပါပကော။
အဲ ဘဝပြောင်းတယ်လို့လဲခေါ်သေးဘူး။ ဘယ်လိုပြောရမလဲ။  မာမီတွေဆီသွားပြီ ပြုပြင်လိုက်တယ်လို့ပဲပြော
ကြပါစို့။  ဟုတ်ပါတယ်။ Mtalk ဆိုတာ ဂျီတော့အကောင့်နဲ့ သုံးရတဲ့  ဆော့ဖ်ဝဲတစ်ခုပါ။  ထူးခြားတာက သူရဲ့
ဆာဗာကို ပြည်တွင်းမှာသာထားခြင်းကြောင့်  ပိုမိုမြန်ဆန်ပါလိမ့်မယ်။ နောက်တစ်ခုထူးခြားတာက Mtalk အ
ကောင့်ကို ဆော့ဖ်ဝဲထဲမှာတင်  Gtalk အကောင့်နဲ့ လျင်မြန်စွာ လုပ်နိုင်ခြင်းပါ။ ဒါက  ဂျီတော့ အကောင့်လုပ်
သလိုရှုပ်ထွေးမှုလုံးဝမရှိခြင်းပါပဲ။ မေးလ်ပို့တာကတော့ စမ်းသပ်နေဆဲရှိပါသေးတယ်။ ပြည်တွင်းမှာသာ ဆာ
ဗာထားခြင်းကြောင့် အသံကို ပိုမိုကြည်လင်ပြတ်သားစွာ ချက်နိုင်ကြမှာပါ။ ဗွီဒီယိုတော့ မပါဝင်သေးပါဘူး။ ရှိ
ပါသေးတယ်။ ဆော့ဖ်ဝဲထဲမှာတင်ဓာတ်ပုံပို့လို့ရမယ်။ နောက် လူအများကြီး ကွန်ဖရန့် ထဲမှာလို တစ်ပြိုင်နက်
တည်းစကားပြောလို့ရမယ်။ Mtalk ထဲမှာတင် ဂျီတော့မှာရှိတဲ့သူငယ်ချင်းနဲ့ စကားပြောလို့ရမယ်။ ကဲ နောက်
ထပ် ဘာတွေရဦးမလဲ စမ်းကြည့်ရအောင်။ စမ်းကြည့်ရင်လည်း လွယ်ကူလွန်းတာကြောင့် မပြောတော့ပါဘူး။
ဆော့ဖ်ဝဲကို  တစ်ခါတည်းယူမယ်ဆိုရင်တော့ ဒီကို နှိပ်လိုက်ပါ။  လေ့လာချင်သေးတယ်ဆိုရင်တော့ ဒီကိုသာ
ဂိုးပေတော့  www.myanmartalk.net ။ ဒီဆော့ဖ်ဝဲကို  နောက်ထပ် စမ်းသပ်မှုတွေ အများကြီး လုပ်ဦးမှာပါ။

ဒါကြောင့် တစ်ချို့တစ်လေများမှားတာပါသွားရင် နားလည်ပေးပါလို့မေတ္တာရပ်ခံပါရစေ ...
(Mtalk link ကို daywalker (MySoul) ဘလော့ဂ်မှသိရပါတယ်။)

Saturday 7 February 2009

သူက အေအိုင်ဒီအက်စ် ကုနိုင်သတဲ့

ဒေသတွင်းဆေးကုစားသူတစ်ယောက်ရဲ့ ခြေထောက်နားကအိတ်ထဲမှာ ပြန့်ကျဲနေတဲ့  အမှုန့်တွေ၊ သစ်ခေါက်
တွေ၊ ဆေးဖက်ဝင်အပင်တွေရှိပါတယ်။ အဲဒီကနေထွက်လာတဲ့  ဆိုးဝါးတဲ့အနံ့တွေကို  အခန်းကျဉ်းလေးကနေ
ရနေရပါတယ်...
အလင်းရောင်အနည်းငယ်သာရှိတဲ့ ဒီအခန်းကျဉ်းလေးထဲမှာ ဘာဘာခြူကူရီ ဟာ ကြေမွထားတဲ့ အမြစ်တွေနဲ့
ရေကို ရေခွက်တစ်ဝက်စာပမာနနဲ့ရောမွှေနေပါတယ်။ ပြီးတော့ ဆေးကုသမှုလာယူတဲ့မိန်းမကြီးတစ်ယောက်
ကိုတိုက်လိုက်တယ်။ သူမဟာ အဲဒီရောထားတဲ့ခွက်ကို သောက်လိုက်တယ်။  အရသာက  ခါးလွန်းတဲ့အတွက်
တွန့်သွားတယ်။
ဘာဘာ ခြူကူရီဟာ  နိုင်ဂျီးရီးယားမှာ  နေ့တဓူဝဖျားနာမှုအမျိုးမျိုးကို ကုသပေးနေတဲ့  တိုင်းရင်းဆေးကုသသူ
များထဲက တစ်ယောက်ဖြစ်ပါတယ်။  ဒီဖျားနာမှုတွေထဲမှာ အေအိုင်ဒီအက်စ်လို ကုသလို့မရတဲ့ရောဂါလည်း အ
ပါအဝင်ဖြစ်ပါတယ်။ သူကရှင်းပြတယ်။  "ကျွန်တော့်အဖိုးက တောတွင်းမုဆိုးပေါ့။ ကျွန်တော်တို့ဟာ ဆေးဖက်
ဝင်အပင်တွေကို အတူတူလိုက်ရှာစုကြတယ်။ပြီးတော့ဆေးကိုဘယ်လိုကျိုရတယ်ဆိုတာသင်ပြပေးတယ်လေ"
ခြူကူရီရဲ့ကြေငြာချက်ဟာ  သိပ္ပံ နဲ့ဆိုင်တဲ့ဘာအခြေခံမှမရှိပါဘူး။   ဒါပေမဲ့ သူပြောတဲ့ ဟွာဆာဘာသာစကား
အရ သူ့ကုသစရိတ်က  ဆေးရုံတွေထက် ပိုနည်းပါတယ်။   ဒါကြောင့် ဒေသတွင်းမှာရှိတဲ့လူတွေက  သူနဲ့ကုနိုင်
ကြပါတယ်။  သူက  ဟွာဆာစကားနဲ့ပြောပါတယ်။ "လူတွေက ကျွန်တော့်ကို ယုံကြည်ကြတယ်ဗျ။   ဘာဖြစ်လို့
လဲဆိုတော့ ကျွန်တော့်ဆေးလုပ်ငန်းတွေကို သူတို့တွေ့မြင်ကြလို့ပဲ..."
နိုင်ဂျီးရီးယားမှာရှိတဲ့  ခုနစ်ဆယ်ရာခိုင်နှုန်းသောလူတွေဟာ   တစ်နေ့မှာမှတစ်ဒေါ်လာလောက်ပဲ   ဝင်ငွေရှိပါ
တယ်။  ဒါကြောင့် ခြူကူရီလို လူတိုင်းတက်နိုင်လောက်တဲ့  ကုသမှုလိုမျိုး  ဆေးကုသသူတွေဆီကို   လာဖို့တွန်း
အားပေးနေတာပါ။ ဒါပေမဲ့  ကမ္ဘာမှာ  အေအိုင်ဒီအက်စ်လို ဒုတိယအရေအတွက်အမြင့်ဆုံး  ဖြစ်တဲ့   ရောဂါကို
နိုင်ဂျီးရီးယားက   အတုအယောင်  ဆေးကုဆရာတွေက  ကြီးမားတဲ့   စီးပွားရေးသဖွယ်  ကုသပေးနေပါတယ်။
တိုင်းရင်းဆေးသိပ္ပံ NIPRDဌာနမှ ဒေါက်တာ ရယ်မီ ကူနဲလ်ကတော့ တိုင်းရင်းဆေးသမားတော်တွေဟာ  အေ
အိုင်ဒီအက်စ်လိုရောဂါနဲ့  တစ်ခြားရောဂါတွေကို တိုက်ခိုက်ကုသရာမှာ  မဟာမိတ်ဖွဲ့နိုင်လိမ့်မယ်လို့  ယုံကြည်
ပါတယ်။  သူက  ရှင်းပြပါတယ်။ "သမားတော်တွေက ဆေးဖက်ဝင်အပင်တော်တော်များများနဲ့  အလုပ်လုပ်နေ
ကြတာပါ။  ပြီးတော့  ဒီဆေးဖက်ဝင်တွေက အများယုံကြည်လက်ခံတဲ့ ဆေးပညာမှာ ထုတ်ကုန်အသစ်တွေကို
ပံ့ပိုးပေးနိုင်ပါတယ်။"
ဒေါက်တာ ကူနဲလ်နဲ့ NIPRD ဌာနတို့ဟာ နိုင်ဂျီးရီးယားမှာ တိုင်းရင်းဆေးမှာ အသုံးပြုတဲ့ သစ်ဥသစ်ဖုရာပေါင်း
များစွာကိုစမ်းသပ်နေပါတယ်။၎င်းဌာနဟာ၂၀၀၀ခုနှစ်မှာဆစ်ကယ်လ်ဆဲလ်ကုသမှုကို တိုးတက်စေခဲ့ပါတယ်။
ဒီနှစ်ထဲမှာတော့ ဆီးချိုကုသမှုကို ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ သူတို့ဌာန ဓာတ်ခွဲခန်းရဲ့ ဆေးဖက်ဝင်ဥယျာဉ်
ထဲမှာ  တီဘီ၊  ငှက်ဖျား နဲ့  အေအိုင်ဒီအက်စ်ကို ဆန့်ကျင်တဲ့ ခုခံအားတက်စေတဲ့ ဆေဝါးတွေကို စမ်းသပ်နေပါ
တယ်။ "ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တဲ့ လုပ်ငန်းတွေကို ဆေးဖက်ဝင်အပင် တစ်ရာကျော်နဲ့စမ်း
သပ်ရာမှာ ဆယ်ခု လောက်က အာနိသင်ပြနေပါပြီ" လို့ NIPRD ရဲ့ ဒါရိုက်တာ ဒေါက်တာယူဖို့အင်ယမ်က ရှင်း
ပြပါတယ်။ ဒါပေမဲ့  ခြူကူရီရဲ့ ကုထုံးတွေထဲက ဘယ်ကုထုံးမှ  သိပ္ပံနည်းကျလက်တွေ့မပြနိုင်သေးပါဘူး။  မည်
သို့ပင်ဆိုစေကာမူ ခြူကူရီရဲ့ မိသားစုထဲမှာ တိုင်းရင်းဆေးနဲ့ကုသနေတာ  ရာစုနှစ်တစ်ခုကျော်ကျော်လောက်
ရှိနေပါပြီ။ သိပ္ပံပညာရှင်များကတော့  ရှေးလူကြီးတွေနဲ့  သူ့ရဲ့အတွေ့အကြုံတွေက  ပျောက်ကင်းနိုင်လောက်
တဲ့ ကုထုံးတွေက  ထောင်ပေါင်းများစွာသော ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်တဲ့  ရောဂါရှာဖွေကုသရေးလုပ်
ငန်းတွေမှာတော့ တစ်ထောင့်တစ်နေရာက ကူညီနိုင်မှာပါ။ (CNN)

Friday 6 February 2009

အကယ်ဒမီ

နိုင်ငံပိုင်သတင်းစာများရဲ့ကြေငြာချက်အရ ၂၀၀၇ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီး
ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ  ၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။  တစ်နှစ်လုံးမှာမှ  လက်ချိုးရယ်လို့ရ
တဲ့ ရုပ်ရှင်ကားများထဲမှ  အကောင်းဆုံးရုပ်ရှင်ဆုများကို ချီးမြင့်မှာဖြစ်ပါတယ်။ အကယ်ဒမီ အကယ်ဒမီ နဲ့ ပြော
ပြောနေပေမယ့် မြန်မာနိုင်ငံရဲ့ အကယ်ဒမီသမိုင်းကြောင်းသိသူခပ်ရှားရှားရယ်ပါ။ ကျွန်တော်အပါအဝင်ပေါ့...
ဒီနေ့တော့ အကယ်ဒမီ ဆိုတာကြီးနဲ့ပက်သက်တဲ့ ဗဟုသုတအကြောင်းလေးကို မျှဝေပါရစေ ... ဒီလိုပါ ....
မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုပ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ပြည့်နှစ်တွင်ပေါ်ထွန်းလာခဲ့ပြီးပထမဆုံးအကယ်ဒမီ
ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ဖြစ်သည်။ ၁၉၅၂-၅၃ခုနှစ်တို့တွင် ဇာတ်ကားဆု(၃)ဆု၊ ပညာသည်ဆု
(၂)ဆုဖြင့် စုစုပေါင်းထူးချွန်ဆု(၅)ဆု ချီးမြင့်ခဲ့သည်။  ပထမအကောင်းဆုံးဇာတ်ကားဆု-ရွှေကိန္နရီရုပ်၊  ဒုတိယ
အကောင်းဆုံးဇာတ်ကားဆု-ငွေဒေါင်းရုပ်၊တတိယအကောင်းဆုံးဇာတ်ကားဆု-ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး
အမျိုးသားပညာသည်ဆု-ရွှေရင်ထိုး၊ အကောင်းဆုံးအမျိုးသမီးပညာသည်ဆု-ရွှေရင်ထိုး.....စသည်ဖြင့် အဆင့်
အလိုက်ဆုများချီးမြင့်ခဲ့သည်။  ၁၉၅၂ခုနှစ်တွင်  ပထမဆုံးအကြိမ်  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင်  ဗြိတိသျှ
ဘားမားရုပ်ရှင်  ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ မာလာရီ  ဇာတ်ကား၌အကောင်းဆုံး  သရုပ်ဆောင်ထားသော
ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။   မြန်မာနိုင်ငံတွင် ပထမဆုံးဆုချီးမြင့်ခြင်း
ခံရသည့်ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ချစ်သက်ဝေ ဇာတ်ကားဖြစ်
သည်။ အဆိုပါဇာတ်ကားတွင်သရုပ်ဆောင် ကြည်ကြည်ဌေး မှာ မြန်မာ့ပထမဆုံး အမျိုးသမီး ထူးချွန်ဆုကိုရရှိ
ခဲ့သည်။ 
၁၉၅၄ခုနှစ်တွင် ပထမဆုံးချီးမြင့်သော ဒါရိုက်တာ ထူးချွန်ဆုကို သြော်မိန်းမ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှရ
ရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု ဒုတိယ ရရှိခဲ့သည်။ ၁၉၅၅ခုနှစ်
တွင်ဇာတ်ကားထူးချွန်ဆုကို ပထမ၊ဒုတိယ၊တတိယ ခွဲမနေတော့ဘဲ အကောင်းဆုံးဇာတ်ကားဆုတစ်ဆုတည်း
ကိုသာ ချီးမြင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊  အမျိုးသမီးပညာသည်ဆု၊  ဒါရိုက်တာဆုများကို  ပေးအပ်နေ
ခြင်းဖြစ်ရာအထူးဆုအနေဖြင့် ဝင်းမော်မှ ဖိုးပြုံးချို ဇာတ်ကားဖြင့်  ၁၉၅၅ခုနှစ်တွင် ပထမဆုံးချီးမြင့်ခြင်းခံရပြန်
သည်။ ၁၉၅၆ခုနှစ်တွင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ လွမ်းငွေ့တဝေ
ဝေ ဇာတ်ကားဖြင့်ရရှိခဲ့သည်။၁၉၆၂ခုနှစ်တွင်ထူးထူးခြားခြားပေးအပ်ခဲ့သည့်ဆုမှာဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်
တစ်ခုလုံးကို  အထမြောက်အောင်ပို့ပေးရသော သရုပ်ဆောင်များအဖြစ်  ဦးကျောက်လုံး  နှင့်  ဒေါ်မေနွဲ့ တို့မှ
အတွေ့ဇာတ်ကားကြီးဖြင့် အကောင်းဆုံးဇာတ်ပို့ဆုများ အဦးဆုံးရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ  ရုပ်ရှင်သမိုင်းတွင်  ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။  အောင်
ထွန်းလေးသည် ၁၉၇၇ခုနှစ်တွင် အဖေတစ်ခုသားတစ်ခု ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင်ဆုကို
ရရှိခဲ့သည်။
၁၉၉၁ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆုအပြင်ငွေသားနှစ်သောင်းကို ချီးမြင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင်
အများဆုံး အထောက်အပံ့ပေးနိုင်သောဆုတစ်ဆုရရှိခဲ့သည်။ ထိုဆုမှာ ပရိသတ်ကို ငိုအောင်၊ရယ်အောင်၊ ရင်
ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံ၏ဂီတဖခင်ကြီး တစ်ဦးဖြစ်
သည့် ဂီတလုလင်မောင်ကိုကို  မှ  ၁၉၉၁ခုနှစ်တွင် မယ်သီတာလိုမိန်းကလေး  ဇာတ်ကားဖြင့်  ပထမဆုံးရရှိခဲ့
သည်။  ၁၉၉၃ခုနှစ်တွင် ငွေသားနှစ်သောင်းကို  ချီးမြင့်ခြင်းမပြုတော့ဘဲ  ရွှေကိန္နရီရုပ်တွင်တပ်ဆင်သော ငွေ
ကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြင့်ခဲ့သည်။ ရှားရှားပါးပါး ပရိသတ်
သတိမထားနိုင်သည့်  ပညာသည်ဆုတစ်ဆုကို  ၁၉၉၄ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌  ထပ်တိုးချီးမြင့်ခဲ့သေးသည်။
ထိုဆုမှာ  ရုပ်ရှင်အသံဆုဖြစ်သည်။  ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ သရဖူ ဇာတ်ကားဖြင့်  ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး  အကောင်းဆုံးကြည့်ရှုနိုင်အောင်  အပြတ်အတောက်မရှိအောင်   စွမ်းဆောင်ပေးနေ
သောသူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏အဆင့်အတန်းကို
ဖော်ပြနေသောတည်းဖြတ်ဆုကို ၁၉၉၇ခုနှစ်တွင် ချီးမြင့်ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်) မှ သူ့ကျွန်မခံပြီ ဇာတ်
ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ်ချီးမြင့်ခံ
ခဲ့ရသော ဆုတစ်ဆုချင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများကို ... ... .
ဤနေရာ တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ (ညွှန်း-wikimyamar)
ဒီအစီအစဉ်လေးကို ပံ့ပိုးကူညီတာကတော့ ..... :)
နောင်ဆို ရုပ်ရှင်သမိုင်းအကြောင်းပြောလျှင် စူပါသည်လည်း မပါမပြီးဖြစ်တော့မည်ဖြစ်သောကြောင့်.... အခုပဲ
ဝယ်သောက်ပါတော့လို့ ကြေငြာလိုက်ရပါသည်။ စူပါကို ကြော်ငြာခလေးတောင်းဦးမှ ... :)
(ရွှင်လန်းချမ်းမြေ့ပါစေ...)

Tuesday 3 February 2009

လက်ချောင်းသွေးပြန်ကြောလေးတွေနဲ့ password လုပ်မယ်

မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ဆိုနီဟာ ဒီနှစ်ထဲမှာ မိုဘိုင်းဖုန်းတွေကို လက်ချောင်းလေးတွေရဲ့သွေးပြန်ကြောလေး
တွေကနေ အချက်အလက်ရယူမယ့်စနစ်ကို စတင်ကျင့်သုံးပါတော့မယ်။  Mofiria လို့ခေါ်တဲ့ ကန်မရာအခြေ
ခံထားတဲ့  စနစ်ဟာ ပျံ့ကြဲနေတဲ့ အလင်းရောင်ကို  သွေးပြန်ကြောလေးတွေထဲသို့ဝင်ရောက်စေပြီး  CMOS
အာရုံခံအင်္ဂါကိုသုံးပြီး အချက်အလက်ရယူမှာဖြစ်ပါတယ်။  ဆိုနီဟာ ၄င်းသွေးပြန်ကြောမှအချက်အလက်ရယူ
မယ့်စနစ်ဟာ အခြားနည်းပညာများဖြစ်တဲ့  လက်ဗွေ ဒါမှမဟုတ် မြင်လွှာ  ကိုအသုံးပြုတဲ့  လုံခြုံရေးစနစ်တွေ
ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုကောင်းမွန်တဲ့ အကျိုးတွေရမှာဖြစ်တယ်လို့ပြောပါတယ်။ ဆိုနီဟာ လူ့သွေးပြန်ကြော
တွေရဲ့ပုံစံဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့အပြင် နှစ်ပေါင်းများစွာထိမပြောင်းလဲဘဲတည်ရှိနေတာ
ကိုသတိထားမိခဲ့ပါတယ်။ ပြီးတော့ ဒီစနစ်ဟာ လျှို့ဝှက်နံပါတ်တွေကိုပိုမိုမှတ်မိတယ်လို့လဲပြောပါတယ်။
 
ဆိုနီက ဒီစနစ်အတွက် မှားနိုင်ခြေက ၀.၂ ရာနှုန်းလောက်ပဲရှိတယ်လို့ကြေငြာပါတယ်။ ပြီးတော့ ကွန်ပျူတာ
CPU အတွက် အချက်အလက်ကို ဘာသာပြန်မယ့်အချိန်က ၀.၀၁၅ စက္ကန့်ပဲရှိတယ်လို့ကြေငြာတယ်။ မိုဘိုင်း
ဖုန်းအတွက်ကတော့ ၀.၂၅စက္ကန့်ပါ။ မနှစ်ကတော့ ဖူဂျစ်ဆူဟာ သွေးပြန်ကြောလေးတွေကိုဖတ်ပြီး အသုံးပြု
တဲ့ မောက်စ်ကို မိတ်ဆက်ခဲ့ပါတယ်။ ဆိုနီရဲ့စနစ်ဟာ ဒီမောက်စ်ထက်ပိုမြန်ဆန်ပြီး ပိုထိရောက်တယ်လို့ကြေ
ငြာပါတယ်။ ဟီတာချီ ကတော့ သွေးပြန်ကြောနဲ့ အမည်သတ်မှတ်တဲ့ စနစ်ကို ကားစတီယာရင်မှာအသုံးပြုဖို့
စတင်နေပါပြီ။ ဒီစနစ်ကို ကဒ်နဲ့  အသုံးပြုတဲ့ ငွေပေးချေစနစ်၊ ကွန်ပျူတာများ၊ နဲ့ ATM မှာ  အသုံးပြုပြီးဖြစ်ပါ
တယ်။ (www.cnet.com)

Monday 2 February 2009

မုန့်ဟင်းခါး

မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော မုန့်ဟင်းခါးသည်  အချဉ်ဖောက်ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ်(မုန့်
ဖတ်)လေးများ၊ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက်စားသုံးရသည့် သွားရည်စာတစ်
မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသားစားဖွယ်တစ်ခုအဖြစ် အချို့က ယူဆကြသည်။ မြန်မာ
နိုင်ငံတစ်ဝန်းရှိ မြို့၊ရွာတိုင်းတွင် မုန့်ဟင်းခါးရောင်းချကြပြီး နံနက်စာမှ  နေ့လည်နေ့ခင်း  အစာပြေအပြင် ည
လည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည်။ ထို့ပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့်  ပရိုတင်း ၊
ကာဗိုဟိုက်ဒရိတ် နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင်  စရိတ်ပါသက်သာ
သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစားအစာလည်းဖြစ်သည်။
မုန့်ဟင်းခါးသမိုင်း
ရှေးမြန်မာ့သမိုင်းတစ်လျှောက်တွင်မုန့်ဟင်းခါးနှင့်ပက်သက်၍ကျောက်စာ၊ပေစာများဖြင့် မှတ်တမ်းတင်ခဲ့ခြင်း
မရှိသဖြင့် မုန့်ဟင်းခါးပေါ်ပေါက်ရာ ဇာတိနှင့် ခေတ်ကာလအား သိရှိရန်  များစွာခက်ခဲလှသည်။  မုန့်ဟင်းခါး
အား အစောဆုံး အထောက်အထားဖြင့်တွေ့ရှိရသည့်နေရာမှာ ကုန်းဘောင်ခေတ်စာဆို ဦးပုည၏လင်္ကာများ
အနက်မှ တစ်ခုတွင် ဖြစ်ပြီး မုန့်ဟင်းခါး ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါး အား
မုန့် မုန့်ဟင်း အစရှိသဖြင့် ခေါ်ဝေါ်လျက်ရှိဆဲဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်
ပြီးဖြစ်သည်ဟု ယူဆကြသည်။ တဖန်  ပျူမြို့ဟောင်းများ  တူးဖော်ရာတွင် ဆန်မှုန့်နှင့်  အချဉ်ဖောက်ပြုလုပ်
သော  ကိရိယာအများအပြားတူးဖော်ရရှိခဲ့သောကြောင့်  ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့် နှင့် မုန့်
ဟင်းခါး ပေါ်ပေါက်နေခဲ့နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။ထို့ပြင်မုန့်ဟင်းခါးသမိုင်းကိုစနစ်တကျ သုတေ
သန ပြုရန်ကြိုးခဲ့သော  ဒေါက်တာ ခင်မောင်ညွန့်၏အဆိုအရ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်း
ချက်နည်းမျိုးစုံစာရင်းတွင် ရှာမတွေ့ခဲ့ခြင်းကြောင့် သာမန်အရပ်သား လူအများတို့၏ အစားအစာသာဖြစ်နိုင်
ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ အရေးတယူ မှတ်တမ်းမတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆို
သည်။
ယေဘုယျ အသုံးပြုသောပစ္စည်းများ
မုန့်ဖတ်၊ ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရွှေ) အပြင်၊ အခြားသောငါးများလည်း အသုံး
ပြုလေ့ရှိသည်။  ငါးနှစ်မျိုး  သို့မဟုတ်  သုံးမျိုးစပ်  အသုံးပြုခြင်းသည်  ငါးတစ်မျိုးတည်း အသုံးပြုခြင်းထက် ပို
ကောင်းသည်ဟုဆိုသည်။ ငါးရှားပါးသောဒေသများတွင် ကြက်သား၊အမဲသားတို့ကို အသုံးပြုလေ့ရှိသည်။ ဆီ၊
ငံပြာရည်၊ အချိုမုန့်၊ ဆား၊ နနွင်းမှုန့်၊ ငှက်ပျောအူ၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ဖြူ ၊ ပဲမှုန့်၊ ချင်း၊ ငရုတ်ကောင်း၊
စပါးလင် စသည်တို့ပါဝင်သည်။ အသုံးပြုသော ပစ္စည်းများမှာ ချက်လုပ်နည်းအပေါ်တွင်လည်းကောင်း ဒေသ
အလိုက် ရရှိနိုင်မှုအပေါ်တွင်လည်းကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသော ပစ္စည်းများ
အကြော်မျိုးစုံ၊ နံနံပင်၊ ရှောက်သီး၊ သံပုရာသီး၊ ပဲသီး၊  ခရမ်းချဉ်သီး၊  ငရုတ်သီးအလှော်မှုန့်၊  ကြက်သွန်မြိတ်၊
ကြက်ဥ၊ ဘဲဥ၊ ပဲသွေး၊ ငါးသလောက်ဥ၊ ငါးအီကြာကွေး စသည်တို့ပါဝင်သည်။
ဒေသအလိုက် မုန့်ဟင်းခါးများ
မြန်မာနိုင်ငံဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့်အရသာနှင့် အ
ပြင်အဆင်လည်း အမျိုးမျိုးကွဲပြားကြသည်။  အကြမ်းဖျင်းအားဖြင့် ရန်ကုန် နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံးဖြစ်သည်။  ရန်ကုန်မုန့်ဟင်းခါး၊  မြောင်းမြမုန့်ဟင်းခါး၊  ပုသိမ်မုန့်
ဟင်းခါး၊  ဘိုကလေးမုန့်ဟင်းခါး၊  ဟင်္သာတမုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး၊ အင်းလေးမုန့်ဟင်းခါး၊ တောင်ငူမုန့်
ဟင်းခါး၊ ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)၊ ထားဝယ်မုန့်ဟင်းခါး၊ တပင်တိုင်မုန့်ဟင်းခါး ဟူ၍ ရှိသည်။
မုန့်ဟင်းခါးယဉ်ကျေးမှု
မုန့်ဟင်းခါးသည်  မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ
ဖြစ်သည့်အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါမရွေးရနိုင်သော အစားအစာဖြစ်သည်။ နာမည်ကျော် ဆိုင်
ကြီး၊ ကနားကြီးများတွင်သာမက လမ်းဘေး ပလက်ဖောင်းပေါ်ရှိဆိုင်ကယ်များတွင်လည်းကောင်း၊ ဆိုင်းထမ်း
ခေါင်းရွက်ဗျက်ထိုး၊ လက်တွန်းလှည်း၊  ဆိုက်ကားများဖြင့် လှည့်လည် ရောင်းချသူများထံတွင်လည်းကောင်း
ဝယ်ယူရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များ
တွင် ၂၄နာရီ  ပတ်လုံးရောင်းချသည့် ဆိုင်များ ရှိလေ့ရှိသည်။  ထို့ပြင် မုန့်ဟင်းခါးသည် လူမျိုး ဘာသာမရွေး
စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေးကဲ့သို့ သာရေးများမှ အသုဘရှု နာရေးအထိ မပါမဖြစ်သော
အစားအစာဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများသွားရောက်အလုပ်လုပ်ကိုင်၊ အခြေချ
ရာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် နှင့် အခြားကမ္ဘာ့  နိုင်ငံအများအပြားသို့
မြန်မာများနှင့်အတူ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်  ပြည်ပဈေးကွက်အတွက်  အထူးရည်ရွယ်  ထုတ်
လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါး ခြောက်ထုပ်များလည်း ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။
 အဝေးရောက်နေတဲ့ သူငယ်ချင်းများ အတွက် အမိမြေကမုန့်ဟင်းခါးကို လွမ်းနိုင်အောင်

တင်ပေးလိုက်ပါတယ်။ အမိမြေမှာရှိနေတဲ့ သူငယ်ချင်းများ အတွက်ကတော့ သွားရည်ယိုစေလိုတဲ့

ရည်ရွယ်ချက်နဲ့ပေါ့.... :)
(wikimyanmar)