Monday 28 December 2009

အင်တာနက်လက်ကိုင်ဖုန်းများ စတင်ရောင်းချ

၂၀၁၁ ဇန်နဝါရီ ၈ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့်  9th ICT Week ပြပွဲကို ပြင်ဦးလွင် CyberCity တွင် ကျင်းပသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုနိုင်သည့်  McWill ဖုန်းများကို  ကနဦးတပ်ဆင်ခ ကျပ် ငါးသိန်းဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  ၄င်းဖုန်းသည်  လက်ကိုင်ဖုန်း အမျိုးအစားဖြစ်ပြီး  သွားလေရာ တွင်အင်တာနက်ကို  ဖုန်းလိုင်းကွန်ယက်ရှိသည့်  မည်သည့်နေရာက မဆို အဆင်ပြေစွာ အသုံးပြုနိုင်မည် ဟို သိရသည်။  ကွန်ပျူတာဖြင့်လည်း  ချိတ်ဆက် အသုံးပြုနိုင်မည့်  ၄င်းဖုန်းသည်  အမြန်နှုန်းပေါ်မူတည်၍  ကောက်ခံ သွားမည်ဟု သိရသည်။

(အင်တာနက်ဂျာနယ်)