Showing posts with label ဘာသာပြန်များ. Show all posts
Showing posts with label ဘာသာပြန်များ. Show all posts

Saturday, 27 June 2009

အနီရောင်ဖိနပ်များ

ကေရင်လို့ခေါ်တဲ့ လယ်သမလေးတစ်ယောက်ကို သူ့အမေဆုံးပြီးသွားတဲ့နောက်မှာ ချမ်းသာပြီးအသက်ရလာ
ပြီဖြစ်တဲ့  အမျိုးသမီးတစ်ယောက်က  မွေးစားလိုက်တယ်။ ကေရင်ဟာ တစ်ဖြည်းဖြည်းနဲ့ အရွယ်ရလာတယ်။
သူမဟာသူ့မွေးစားအမေကိုဖိနပ်အနီတစ်ရံဝယ်ပေးဖို့အမျိုးမျိုးပူဆာတယ်။ ဝယ်ပေးပြီးတဲ့နောက်မှာခဏခဏ
ဝတ်တယ်။ ချာ့ခ်ျကျောင်းသွားတဲ့အခါမှာလည်း  ဘုရားဝတ်ပြုတာကို  အာရုံမစိုက်ဘူး။  မွေးစားအမေ  နေမ
ကောင်းစပြုလာတယ်။ဒါပေမဲ့ ကေရင်ဟာ သူ့မွေးစားအမေအပေါ်ကူညီပြုစုမပေးဘူး။သူ့ဖိနပ်အနီရောင်တစ်
ရံနဲ့ပဲ ပါတီပွဲတွေတက်ဖို့သာအားသန်နေတယ်။ တစ်ခါမှာတော့ သူမစပြီးကလိုက်တယ်။ ဒါပေမဲ့ရပ်လို့မရဘူး။
ဖိနပ်တွေဟာကလည်း လက်လွတ်စပယ်ဖြစ်ကုန်တယ်။ သူမဖိနပ်တွေကို မထိန်းနိုင်တော့ဘူး။ ဖိနပ်တွေဟာ
သူမခြေထောက်တွေကိုသွားထိုးမိတယ်။ ဖိနပ်တွေကတော့ဆက်ကမြဲကနေတယ်။ လယ်ကွင်းတွေ၊ မြက်ခင်း
တွေ၊ မိုးတွေ၊ နေရောင်ခြည်တွေကို ဖြတ်ပြီးကနေတော့တာပေါ့။မွေးစားအမေရဲ့အသုဘအခမ်းအနားတောင်
သူမ မတက်နိုင်တော့ပါဘူး။ နတ်သမီးတစ်ပါး  သူမဆီရောက်လာတယ်။  မွေးစားအမေ သေပြီးတဲ့နောက်မှာ
တောင် ကနေရသလားဆိုပြီး ဆူပူကြိမ်းမောင်းတယ်။ ပြီးတော့ သတိလည်းပေးတယ်။ ကေရင်ဟာ လက်မရွံ့
သူတစ်ယောက်ကိုရှာပြီး သူမရဲ့ခြေထောက်တွေကိုဖြတ်ခိုင်းတယ်။  သူကခြေထောက်တွေကိုဖြတ်၊ သစ်သား
ခြေထောက်တွေနဲ့ ချိုင်းထောက်တွေကို သူမကိုပေးလိုက်တယ်။ ကေရင်ဟာ သူ့အနီရောင်ဖိနပ်တွေအတွက်
ခံစားရတာ တန်ပါတယ်ဆိုပြီး ချာ့ခ်ျကျောင်းကိုသွားတယ်။ လူတွေသူ့ကိုမြင်သွားရအောင်လို့ပေါ့။ ဒါပေမဲ့ဖြတ်
ထားတဲ့ ခြေထောက်တွေဟာ  အနီရောင်ဖိနပ်တွေနဲ့အတူ သူ့ရှေ့မှာ ကနေလေရဲ့။  နောက်တနင်္ဂနွေကျပြန်
တော့လည်း ချာ့ခ်ျကျောင်းထဲမှာ အနည်းဆုံးတစ်ခြားသူတွေလိုအကောင်းပကတိဖြစ်လိမ့်မယ်လို့ထင်ပြီး ကြိုး
စားသွားပါတယ်။ ဒါပေမဲ့ အနီရောင်ဖိနပ်တွေဟာ လူသွားလမ်းပေါ်မှာ ကမြဲကနေလေရဲ့။ ကေရင်ဟာ လူသိ
များတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီမှာ အမျိုးသမီးဝန်ထမ်းအနေနဲ့  အလုပ်တစ်ခုရလိုက်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေ
နေ့ရောက်လာတဲ့အခါမှာတော့ ချာ့ခ်ျကျောင်းကိုမသွားရဲတော့ပါဘူး။  ချာ့ခ်ျကျောင်းမသွားတော့ဘဲနဲ့ အိမ်မှာ
တစ်ယောက်တည်းထိုင်ပြီး ဘုရားမှာဆုတောင်းနေပါတယ်။  နောက်ပိုင်းမှာတော့ ချာ့ခ်ျကျောင်းကြီးဟာ သူမ
ဆီရောက်လာတယ်။ သူမရဲ့နှလုံးသားဟာ နေရောင်ခြည်တွေ၊ ငြိမ်းချမ်းမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်သိပ်ပြီး
ပျောက်ကွဲပျက်စီးသွားပါတော့တယ်။ သူမရဲ့ဝိဥာဉ်ဟာ နေရောင်ခြည်နဲ့အတူ ကောင်းကင်ဘုံကိုပျံတက်သွား
ပါတယ်။ ဒါပေမဲ့ အနီရောင်ဖိနပ်တွေအကြောင်းကိုတော့ ဘယ်သူမှမမေးကြပါဘူး။
(မူရင်းရေးသားသူ- Hans Christian Andersen)
(ကြယ်စင်က ဘာသာပြန်သည်)

Monday, 22 June 2009

ရုပ်ဆိုးတဲ့ ဘဲကလေး

ပုံပြင်ရဲ့အစကတော့ ဘဲဥအကောင်ပေါက်တာပါပဲ။  ဘဲငှက်ကလေးတွေထဲက တစ်ကောင်ကို အတူနေတဲ့ ဘဲ
တွေက စကားနဲ့ရော၊ စိတ်နဲ့ပါ အတော်အနှောင့်အယှက်ပေးကြတယ်။ သူဟာဝမ်းနည်းစွာနဲ့ပဲစပါးကျီထဲကနေ
ခြေဦးတည့်ရာ  လျှောက်သွားနေခဲ့တယ်။ ပြီးတော့ ဘဲရိုင်းတွေနဲ့အတူတူနေတယ်။ ငှက်အုပ်တွေကို အမဲလိုက်
သမားတွေ ထောင်မဖမ်းမချင်း ငန်းတွေနဲ့နေတယ်။ နောက်ပိုင်းမှာတော့သူဟာ အဘွားအိုတစ်ယောက်နေတဲ့
အိမ်ကိုတွေ့သွားတယ်။ ဒါပေမဲ့ အဘွားအိုရဲ့ကြောင်နဲ့အိမ်မွေးကြက်တွေကသူ့ကိုနစ်နစ်နာနာကျီစားကြတယ်။
ဒါနဲ့ပဲ သူဟာ အဲဒီနေရာကနေ ထွက်ခွာခဲ့တယ်။  သူဟာ ပြောင်းရွှေ့နေထိုင်တတ်တဲ့  ငန်းရိုင်းတစ်အုပ်ကိုတွေ့
သွားပြီး အရမ်းဝမ်းသာ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူတို့နဲ့ အပေါင်းအသင်းလုပ်လို့မရခဲ့ဘူး။

ဆောင်းတွင်းရောက်လာတယ်။ လယ်သမားတစ်ယောက်က အေးခဲနေတဲ့ ဘဲငှက်ကလေးတစ်ကောင်ကို အိမ်
ယူလာခဲ့တယ်။  ဒါပေမဲ့ လယ်သမားကြီးရဲ့မွေးကင်းစ ကလေးလေးတွေရဲ့ ဆူညံသံကြောင့် အဲဒီအိမ်ကနေ သူ
ထွက်ပြေးသွားတယ်။ သူဟာ ဝမ်းနည်းစရာကောင်းလှတဲ့  ဆောင်းရာသီကို  အပြင်မှာပဲ  ကုန်လွန်စေခဲ့တယ်။
ဒါပေမဲ့  နွေဦးရောက်လာတဲ့အခါ လှပလွန်းလှတဲ့ ဘဲငန်းတစ်အုပ်က သူတို့လို အရွယ်ရောက်လာပြီဖြစ်တဲ့  အ
တွက် ဘဲကလေးကို ကြိုဆိုခဲ့ကြတယ်။
(မူရင်းရေးသားသူ-Hans Christian Andersen)
(ကြယ်စင်က ဘာသာပြန်သည်)