Showing posts with label Forward mail စုဗူး. Show all posts
Showing posts with label Forward mail စုဗူး. Show all posts

Sunday, 14 June 2009

နားလည်မှု

တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားလင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်
ဖိုးအကြီးဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။  ဒီလိုနဲ့ အဘိုးအိုက ဈေး
ထဲမှာ မြင်းကို နွားတစ်ကောင်နဲ့လဲလိုက်တယ်။  ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့လဲလိုက်ပြန်တယ်။
ဆိတ်ကိုငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေတစ်
ခုလဲနေခြင်းအကြောင်းအရင်းက အဘွားအိုကို အံ့သြမှုတွေပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုက လဲလို့ရတဲ့ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း  အင်္ဂ
လိပ်နှစ်ယောက်နဲ့ဆုံခဲ့တယ်။ အလာပ သလာပတွေပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့
အင်္ဂလိပ်တွေက အဘိုးအိုကိုတုံးအတယ်ဆိုပြီး ရယ်ကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့  အဆူခံရမယ်
ဆိုတဲ့အကြောင်းကိုပြောတော့ အဘိုးအိုကအဆူခံရမှာမဟုတ်ကြောင်းငြင်းပါတယ်။ ဒါကိုအင်္ဂလိပ်နှစ်ယောက်
က တကယ်လို့  အဘွားအိုရဲ့အဆူကိုမခံရရင် သူတို့မှာပါတဲ့ ငွေတွေ ပေးခဲ့မယ်ဆိုတဲ့အကြောင်း  လောင်းကြ
တော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအိုအိမ်ကို ရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအို ပြန်လာတာတွေ့တော့ ဝမ်းသာအားရထွက်ကြိုပြီး အဘိုးအိုချွေးသုတ်ဖို့  ပုဝါကမ်းပေး၊
ရေကမ်းပေးနဲ့ အဘိုးအိုကို အမောပြေစေတယ်။  ပြီးမှ အဘိုးအိုပြောပြတဲ့ အဖြစ်တွေကို  စိတ်ဝင်တစား  နား
ထောင်တယ်။ ပစ္စည်းတစ်ခုကနေနောက်တစ်ခုလဲပြောင်းပုံကို အဘိုးအိုပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်း
သာအားရနဲ့
"ဟာ...ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း...ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်...ငန်းမွေးတွေက သိပ်လှတာ"
"အင်း..ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေပြောတယ်။ နောက်ဆုံးအဘိုးအိုကသူလဲလာတဲ့ပန်းသီးတွေကိုပြတော့အဘွားအိုကစိတ်ပျက်သွားပုံ
မပြဘဲ "အင်း...ဒီည ကျုပ်တို့ ပန်းသီးကိတ်လုပ်စားကြတာပေါ့" လို့ပြောပြီး အဘိုးအိုကို အားရပါးရ  နမ်းလိုက်
တော့တယ်။ ပုံပြင်ရဲ့နောက်ဆုံးက  ပြောစရာမလိုတော့ပါဘူး။  အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ  ပေးခဲ့ရ
တယ်။
ပုံပြင်လေးက ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက  တုံးအတဲ့
ဆင်းရဲသားလင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား။ ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်
တိုက်ထားတာလားလို့တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာအခြေခံဖြစ်တဲ့ လင်မယား
နှစ်ယောက်ရဲ့ ခွင့်လွှတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းတို့ပဲဖြစ်တယ်။ ကျွန်တော်မြင်တာကတော့
နားလည်မှု ပါပဲ။ (ရေးသားသူ- Hans Christian Andersen)
(Forward mail မှ ပြန်လည်မျှဝေပါသည်။ ဘာသာပြန်ဆိုသူကိုတော့မသိပါ)