Thursday, 14 May 2009

မန္တလေး မြို့တည်နန်းတည် နှစ် ၁၅၀ပြည့် ပွဲတော်ပုံရိပ်

မန္တလေး မြို့တည်နန်းတည် နှစ်၁၅၀ ပြည့်ပွဲတော်ကို ၂၀၀၉ခုနှစ် မေလ ၁၄ရက်မှ၁၆ရက်အထိ ကျင်းပမှာပါ။
အောက်ပါပုံတွေကတော့ မေလ၁၄ရက် နံနက်၈နာရီ မန္တလေးမြို့တော်စည်ပင်သာယာရုံးအဆောက်အအုံမှာ
ကျင်းပတဲ့မန္တလေးမြို့နှစ်၁၅၀ပြည့်ပွဲတော်ပုံရိပ်များပါ။ကိုယ်တိုင်ရိုက်ထားတာဖြစ်လို့တစ်ချို့တလေများလွဲမှား
သွားတာ ပုဂ္ဂိုလ်ရေးအရထိခိုက်တာမျိုးပါသွားရင် ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။
ကူးယူချင်တယ်ဆိုရင်တော့ ပုံမှာတစ်ချက်နှိပ် ပုံကြီးချဲ့ပြီးကူးယူနိုင်ပါတယ်။
နှစ် ၁၅၀ ပြည့်ပွဲတော်ရဲ့ ပထမဆုံးပုံ
....................
မြို့တော်ဝန် ဗိုလ်ချုပ်ဖုန်းဇော်ဟန် မိန့်ခွန်းပြောကြားစဉ်
.......................
 
 တာဝန်ရှိလူကြီးများ နှစ်၁၅၀ပြည့်ပွဲတော်ကို ဖဲကြိုးဖျက်ဖွင့်လှစ်ပေးစဉ်
.....................
 
.................
မန်းပျိုဖြူများ
................
လာရောက်အားပေးသော ပရိတ်သတ်များ
..................
ပျော်စရာ...
..................
လာပြီ ... အားလုံးစိတ်ဝင်စားမယ့်ပုံလေးတွေ
 
တောင်ဘက်ကျုံးပေါက်အဝမှာ
.............
 
ထွက်တော်မူခန်းအတွက် ထွက်ရန်စောင့်ဆိုင်းနေစဉ်
....................
 
လက်တွန်းအမြောက်ကြီးတွေ
.................
စစ်သည်တော် ပြုံးပြနေလေရဲ့ :)
...............
ဘာကိုကြည့်နေကြပါလိမ့်
................
 
စစ်ရေးပြနေသော စစ်သည်တော်ကြီး
.................
 
ရတနာပုံမန္တလေး ကိုယ့်မင်းကိုယ့်ချင်းခေတ်ကို ပြန်လည်အောက်မေ့မိပါတယ်
....................
 
.....................
 
...................
စစ်သည်တော်များ
...................
လက်ကိုင်အမြောက်ကြီး ထမ်းထားတဲ့စစ်သည်တော်
......................
...................
ဆင်သည်တော် နှင့် စစ်သည်တော်
................
 
အားမာန်အပြည့်အဝနဲ့ စစ်သည်တော်များ
...................
 
မြင်းသည်တော်များ
..................
 
..................
 
..................
 
...................
 
................
..................
ရှေးရှေးတုန်းကသေနတ်ကြီးတွေ
.................
စစ်သားလေး
.................
သူရဲကောင်း စစ်သည်တော်များ
..................
အမြောက်ကြီး
..............
မြင်းတော်ထိန်း
...................
စကြာဒေဝီမိဖုရားခေါင်ကြီး
.................
မင်းတုန်းမင်း
..................
သမီးတော်လေး
..............
စီးတော်ယာဉ်
...................
 
...................
 
စစ်သည်တော်များ မာန်အပြည့်ဖြင့်ချီတက်လာစဉ်
.....................
...................
သမီးတော်ကိုဝေါယာဉ်ဖြင့်ထမ်းလာစဉ်...
.................
 
.......................
................
................
အပျိုတော်များ မှူးကြီးမတ်ကြီးများ စစ်သည်တော်များ
.......................
 
.....................
မင်းတုန်းမင်း နဲ့ စကြာဒေဝီ မိဖုရားခေါင်ကြီး
.....................
စစ်သည်တော်တွေ
................
 
အမတ်ကြီး
..............
စစ်သည်တော်များ
...............
..................
...................
 
..............
..................
.................
.................
ငွေငန်းမြို့မ လာပြီလေ..
.................
မန္တလေးမြို့ ဂုဏ်ဆောင် မြို့မ တူရိယာအသင်း
.................
မန်းစည်ပင် တီးဝိုင်း
.............
မာဃလုလင် တီးဝိုင်း
..............
မန္တလေးမြို့ရတနာပုံ မြို့တည်နန်းတည် နှစ် ၁၅၀ ပြည့်ပွဲတော်မြင်ကွင်းများ
ရွှင်လန်းချမ်းမြေ့ပါစေ...

Tuesday, 12 May 2009

အင်တာနက်ကနေ ဖုန်းအလကားခေါ်မယ်

VOIP ဆိုဒ်တွေထဲမှာ မြန်မာနိုင်ငံကို အထောက်အပံ့ပေးတဲ့ ဆိုဒ်အတော်ရှားပါတယ်။ ရှားတဲ့အထဲမှာ ဒီဆိုဒ်
လည်းပါဝင်ပါတယ်... တော်တော်အူယားစရာကောင်းတဲ့ဆိုဒ်ပါ ... :)
အင်တာနက် စာမျက်နှာကနေ ဖုန်းအလကားခေါ်တဲ့ဆိုဒ်ပါ။ တစ်နေ့ နှစ်ကြိမ်ခေါ်ဆိုခွင့်ရှိပါတယ်။ တစ်ခါခေါ်
ရင်တစ်မိနစ်ရပါတယ်။ ပြည့်သွားရင်တော့နောက်ရက်ထပ်စောင့်ရမှာပါ။ Register လုပ်ထားရင်တော့ ဒီထပ်
ပိုခေါ်နိုင်မှာပါ။ နောက်တစ်ခုက ပိုက်ပိုက်ပေးရတဲ့စနစ်ပါ။ ပိုက်ပိုက်ကတော့ တော်တော်များများ စိတ်ဝင်စား
မယ်မထင်ပါဘူး။ ဒါ့ကြောင့် အလကားစနစ်ကိုပဲဇောင်းပေးပြီးပြောပါမယ်။
၎င်းဝဘ်ဆိုဒ်မှတဆင့် ဖုန်းအလကားခေါ်ဆိုချင်တယ်ဆိုရင် ကြော်ငြာအနည်းငယ်ကြည့်ရပါမယ်။ ပြီးရင်တော့
ကိုယ်ပြောချင်တဲ့ဖုန်းနံပါတ်ကို ပြောယုံပါပဲ။  ဒါပေမဲ့ ပိုက်ပိုက်ပေးရင်တော့ ကြော်ငြာလည်းကြည့်စရာမလိုပါ။
ပြီးတော့အချိန်ကိုလည်း  ကန့်သတ်မထားပါဘူး။  ခေါ်ဆိုဖို့ရာအတွက် မိုက်ခရိုဖုန်း၊ ကွန်ပျူတာ၊  မြန်နှုန်းမြင့်
အင်တာနက်ဆက်သွယ်မှုလိုပါတယ်။ နောက်တစ်ခုက Adobe flash player 9.0 နှင့်အထက် လိုပါတယ်။
စိတ်မကောင်းစရာတစ်ခု  ပြောပါ့မယ်။  လွန်ခဲ့တဲ့ နှစ်ရက်လောက်က  အိမ်နဲ့ သူငယ်ချင်းတွေဆီ  ခေါ်ကြည့်
ပါတယ်။ ဝင်လည်းဝင်ပါတယ်။ ဒါပေမဲ့တစ်ခွန်းနှစ်ခွန်းပြောပြီး ကျကျသွားတယ်။နောက်တစ်ယောက်ထပ်ခေါ်
ကြည့်တယ်။ဝင်တယ်။ တစ်ခွန်းနှစ်ခွန်းပြောပြီးကျသွားပြန်တယ်။ သြော် ကော်နက်ရှင်မကောင်းလို့ပေါ့။ဒီရက်
ပိုင်းလည်း  ရေအောက်ကြိုးတွေပြတ်နေလို့  အဲ  ပြင်နေလို့ကော်နက်ရှင်  မကောင်းတာပါ လို့တွေးမိတာပေါ့။
နောက်ရက်တွေကျ  ဘယ်ဟုတ်မလဲ။ လုံးဝကိုခေါ်မရတော့တာ။ ဆသရ ကပဲပိတ်သလား။ ဆားဗစ်ကပဲပိတ်
လိုက်သလား။  ကော်နက်ရှင်ပဲမကောင်းလို့လား အတွေးပေါင်းများစွာနဲ့ပေါ့။ ဒါပေမဲ့ ဒီဆားဗစ်ကို ကြိုက်ပါ၏။
ဘာ့ကြောင့်လဲဆိုတော့  အင်တာနက်ကနေ ဖုန်းကို အလကားခေါ်လို့ရတာကိုး တစ်မိနစ်လည်း နည်းသလား
လို့။ ဒါပေမဲ့တစ်ရက်ခေါ်ကြည့်ပြီး မရတာတော့တော်တော်အူယားစရာကောင်းပါတယ်။ သူငယ်ချင်းတို့လည်း

ခေါ်ကြည့်ပေါ့။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်းတွေဆိုပိုအဆင်ပြေမှာပါ။ကျွန်တော်လည်းနောက်ထပ်စမ်း

ကြည့်လိုက်ပါဦးမယ်။ တစ်ခြားဆိုဒ်တွေရှိရင်လည်း မျှဝေပါဦးလို့ ...

အပြည့်အစုံကို ဒီမှာရှုနိုင်ပါတယ်- http://evaphone.com/services#free

Saturday, 9 May 2009

Gtalk ကနေ မသိတာရှိ မေးမယ်

မသိတာမှန်သမျှ အလိုအလျောက် ဖြေကြားပေးမယ့် ဝန်ဆောင်မှုတစ်ခုပါ။ webtoim လို့ခေါ်ပါတယ်။
webtoim@gmail.com ကို invite လုပ်ရမှာပါ။ အွန်လိုင်းဖြစ်လာပြီဆိုရင် မသိတာရှိမေးလို့ရပါပြီ။ ဒါပေမဲ့ ဒီ
လိုဝန်ဆောင်မှုတွေက အမြဲတမ်းအကန့်အသတ်ရှိစမြဲပါ။ မြန်မာကိုတော့သိပေမယ့် ရန်ကုန်ကိုတော့မသိတာ
လိုမျိုးပေါ့။ ဒါပေမဲ့ တတ်နိုင်သလောက် ကြိုးစားပြီး  အလိုအလျောက်ဖြေပေးပါတယ်။ ဒီလိုမျိုးလေးတွေပေါ့
 

 နောက် အသုံးအဝင်ဆုံးတစ်ခုကတော့ ကမ္ဘာ့နာရီကို သိချင်းပါပဲ။ ဥပမာ ကိုယ်က နိုင်ငံတစ်နိုင်ငံရဲ့ ဒေသစံ
တော်ချိန်ကို သိချင်တယ်ဆိုပါစို့။ အောက်ပါအတိုင်းရိုက်ပြီးမေးနိုင်ပါတယ်။
 

တစ်ခုသတိထားရမှာက ၄င်းဆားဗစ်ဟာ  နောက်ဆုံး အချက်အလက်များကို မသိခြင်းပါ။  ဥပမာ ဂျီတော့ထဲ
ကနေ ဝင်ပြီး မြန်မာစံတော်ချိန်မေးတယ်ဆိုပါစို့။ သူက အလိုလျောက်ပြန်ဖြေပြီးရင် ထပ်မေးလို့မရတော့တာ
ပါပဲ။ ဖြေရင်လည်း ခုနကအဖြေပဲပြန်ထွက်လာပါတယ်။ ဘာပဲပြောပြောပါ။ မြန်မာနိုင်ငံနဲ့တစ်ခြားနိုင်ငံတွေ စံ
တော်ချိန်ဘယ်လောက်ကွာတယ်ဆိုတာတော့ အကြမ်းဖျင်းသိရတော့အဆင်ပြေပါတယ်။  အဲဒါက စလောင်း
မှာ ဘယ်အချိန်ဘယ်နှစ်နာရီဘာအစီအစဉ်လာမယ်ဆိုရင် အဲဒီအချိန်လေးကို မှတ်ပြီး ဒီဆားဗစ်လေးမေးယုံ
ပါပဲ။ ဒါက ရှုထောင့်တစ်မျိုးပါ။ တစ်ခြားအသုံးဝင်တာလေးတွေလည်း အများကြီးရှိမှာပါ။
ဒါကတော့ webtoim နဲ့ ပက်သက်ပြီး ကိုယ်တိုင်လုပ်ထားတဲ့ ဟာသလေးပါ။
 

အဲဒါကတော့ မြန်မာ့အင်တာနက်မြန်နှုန်း အဆနှစ်ဆယ်နဲ့ပက်သက်ပြီး နောက်ဆုံးအချက်အလက်ကို မသိတဲ့
webtoim ရဲ့ အားနည်းချက်တစ်ခုပါပဲ ... :D
မရယ်ရရင်လည်း ကိုယ့်ဟာကိုယ် ကလိထိုးသာရယ်ပေတော့ ... :P
အပြည့်အစုံသို့ - www.webtoim.com

Sunday, 3 May 2009

Gtalk မှ GSM / WCDMA သို့ SMS ပို့နည်း

Gtalk မှ GSM/WCDMA သို့ SMS ပို့နည်း
EtradMyanmar ကလုပ်တဲ့ ဝန်ဆောင်မှုလေးတစ်ခုပါ။ လောလောဆယ်စမ်းသပ်ကာလပဲရှိပါသေးတယ်။ လုပ်
နည်းလေးကတော့ကိုယ့်ဂျီတော့ထဲမှာ gtalk@etmsms.com ကို invite လုပ်ရမှာပါ။ online ဖြစ်လာပြီဆိုရင် ဒီပုံ
စံလေးအတိုင်း ရိုက်ပြီးပို့နိုင်ပါပြီ ...
sms 09xxxxxxx how are you 
 
5xxxxxx တော့မလုပ်ပါနဲ့ ... ဒီလိုပုံစံလေးပဲရေးပါ  09xxxxxxx
ဥပမာ- ကိုယ်က လူရွှင်တော် ကင်းကောင် ရဲ့ GSM phone ဆီ SMS ပို့ချင်တယ်ဆိုပါစို့
sms 090022585 hi ko king kaung လို့သာရိုက်ပြီး Enter ခေါက်လိုက်။ ရောက်ကရောပဲ
ရောက်ပြီဆို ရောက်ကြောင်းကို အောက်ပါပုံအတိုင်းပြပါလိမ့်မယ်
SMS  ရောက်တဲ့ အခြေအနေကတော့ အင်တာနက်ကော်နက်ရှင်နဲ့ ဂျီအက်စ်အမ်ဖုန်းလိုင်း  ပေါ်မှာမူတည်ပါ
လိမ့်မယ်။  ဒီနည်းလေးကို သိတွေသူလည်းရှိကြမှာပါ။ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပျော်ရွှင်စေလိုတဲ့
ရည်ရွယ်ချက်နဲ့ တင်ပေးလိုက်ပါတယ်။ နောက်ထပ်လေ့လာချင်သေးတယ်ဆိုရင် ...
ပျော်ရွှင်ပါစေ...

Wednesday, 29 April 2009

ဝက်တုပ်ကွေးရောဂါ Swine Flu အကြောင်း

မက္ကဆီကို က စလိုက်တဲ့ ဝက်တုပ်ကွေး ကမ္ဘာဆီကို ပြန့်နှံဖွယ်အနေအထားရှိနေပါတယ်။ ၂၀၀၉ ခုနှစ် ဧပြီလ
၁၇ရက်မှ၂၅ရက်နေ့အထိ မက္ကဆီကို၊ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန် စတဲ့ နိုင်ငံတွေမှာ ဝက်တုပ်ကွေးရော
ဂါ ဖြစ်ပွားပြီး လူတွေကို ကူးစက်ခဲ့လို့ လူပေါင်း ၁၃၀၀ကျော် ကူးစက်ခံရပြီး ၁၂၀ကျော် သေဆုံးခဲ့ရတယ်လို့ မီ
ဒီယာများက ဆိုပါတယ်။
ဝက်တုပ်ကွေးဆိုတာ ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ပိုး H5N1 လို ဗိုင်းရပ်စ်မျိုးရိုးဗီဇအချင်းချင်း ပေါင်းစပ်ပြီးဖြစ်
လာတဲ့ ဗိုင်းရပ်စ်အသစ်တစ်မျိုးပါ။ ဝက်တုပ်ကွေးကတော့ မျိုးရိုးဗီဇ လေးမျိုးပေါင်းစပ်ပြီးဖြစ်လာတဲ့ H1N1  ပိုး
သစ်တစ်ခုလို့သိရပါတယ်။ ကြက်ငှက်တုပ်ကွေးနဲ့မတူတာက ကြက်ငှက်တုပ်ကွေးဟာ ရောဂါဖြစ်တဲ့ကြက်တွေ
ကနေလူတွေကို ကူးစက်ပေမဲ့ လူအချင်းချင်းတော့ ကူးစက်ခံရမှုမရှိသလောက် နည်းပါးပါတယ်။ အဲ  ဝက်တုပ်
ကွေးကတော့ ရောဂါဖြစ်နေတဲ့ ဝက်ဆီကနေ လူအချင်းချင်းကိုကူးစက်တာပါပဲ။ လူဆိုတာကလည်း ငြိမ်နေတဲ့
သစ်ငုတ်ကြီးမှ မဟုတ်တာ။ သွားလာလှုပ်ရှားရပေဦးမပေါ့။ အဲတော့လူတွေခရီးသွားကြတယ်။အဲဒါနဲ့ပဲတစ်နိုင်
ငံ ချင်းကူးစက်ခံရလိုက်တာ အာရှပစိဖိတ်ဒေသထိရောက်လာခဲ့ပါပြီ။
ဒါကြောင့်  မြန်မာနိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာနကလည်း  ပြည်တွင်းကို  ကူးစက်ရောဂါတွေ ဝင်မလာအောင်
လေဆိပ်တွေ၊ ဆိပ်ကမ်းတွေနဲ့ နယ်စပ်တွေကနေ ရောဂါမဝင်ရလေအောင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံ
ပိုင်သတင်းစာများက ဖော်ပြပါတယ်။ သံသယရှိတဲ့ လူနာတွေကိုလည်း သက်ဆိုင်ရာ သတ်မှတ်ဆေးရုံများမှာ
စောင့်ကြပ်ကြည့်ရှုဖို့စီစဉ်ထားပြီးထိရောက်စွာကုသနိုင်ဖို့ကိုလည်းဆေးဝါးတွေ၊ပစ္စည်းကိရိယာတွေဖြည့်ဆည်း
ထားပြီး ဖြစ်ကြောင်း စသည်ဖြင့် ၂၈ရက်၎လ ထုတ် ကြေးမုံသတင်းစာမှာဖော်ပြထားပါတယ်။
ဘယ်လိုပစ္စည်းကိရိယာတွေပဲ ဖြည့်ဆည်းထားပါစေ။  ရောဂါကူးစက်ခံစားရပြီး  ဖြည့်ဆည်းပေးထားတဲ့ နေရာ
တွေဆီ အချိန်မီရောက်မလာနိုင်ဘူးဆိုရင်တော့ အသက်ဆုံးရှုံးရမှာပါပဲ။  အဲတော့  လူမှုပတ်ဝန်းကျင်မှာ ဝက်
တုပ်ကွေးရောဂါလက္ခဏာများ ပြလာပြီဆိုရင်တော့ သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေမှာ သွားရောက်ကုသ
သင့်ပါတယ်။ ဝက်တုပ်ကွေးရဲ့ ရောဂါလက္ခဏာများကတော့ -
ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်
ခြင်း၊ အသက်ရှူကျပ်ခြင်း တို့ဖြစ်ပြီး အခြားတုပ်ကွေးရောဂါလက္ခဏာများနဲ့လည်းတူပါတယ်။
အထက်ပါ လက္ခဏာများဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံ၊  ဆေးခန်းများမှာ
သွားရောက်ကုသမှုခံယူသင့်ပါတယ်။  လူတွေကို မကူးစက်နိုင်အောင် နှာခေါင်းစည်းများ ဝတ်ဆင်သွားသင့်ပါ
တယ်။ ဝက်တုပ်ကွေးရောဂါဟာ လူလူချင်းကူးစက်နိုင်လို့ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်ပြီး ကပ်ရောဂါဖြစ်လာ
နိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ထားတဲ့ ကပ်ရောဂါ အဆင့် ၆ ဆင့်ရှိပါတယ်။ အခု အဆင့်
၎ ဆင့်ရောက်နေပြီလို့လည်း သိရပါတယ်။
ကပ်ရောဂါ အဆင့် ၆ ဆင့် ပြ ပုံ
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရမယ့် အချက်တွေကို အောက်ပါ အ
တိုင်း နှိုးဆော်ထားပါတယ်။
နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း၊ လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာဆေးကြောခြင်း၊  တစ်
ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ခြင်း၊ ကောင်းစွာအိပ်စက်အနားယူခြင်း၊ အာဟာရပြည့်ဝသည့်အစား
အစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်း၊ လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်
နေထိုင်ခြင်း ။
တုပ်ကွေးရောဂါဖြစ်နေသူတွေနဲ့ သံသယရှိသူတွေက အခြားလူတွေကိုမကူးစက်အောင် ပြီးတော့ လူနာစောင့်
တွေအနေနဲ့ ကိုယ့်ကို ရောဂါမကူးစက်ရလေအောင် နှာခေါင်းစည်းများ ဝတ်ဆင်ထားသင့်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကလည်းနိုင်ငံအချို့မှာဖြစ်ပွားနေတဲ့ဝက်တုပ်ကွေးရောဂါပြည်တွင်းကိုကူးစက်ရောက်
ရှိမလာအောင် ဆောင်ရွက်နေပါတယ်။  တကယ်လို့ ရောက်ရှိလာရင်လည်း  လိုအပ်တဲ့ ဆေးကုသရေးများ ကို
လည်း ဆောင်ရွက်ထားရှိကြောင်းကိုလည်း  သိရပါတယ်။  နိုင်ငံအချို့မှာ ဖြစ်ပွားနေတဲ့  ဝက်တုပ်ကွေးနဲ့  ပက်
သက်ပြီး ပြည်သူတွေသိရှိဖို့ လိုအပ်လို့ရှိရင် အချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးသွားမယ်လို့
လည်း ဖော်ပြထားပါတယ်။
တကယ်လည်း အချိန်နဲ့တစ်ပြေးညီ ဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘစ်ဂ်ျလီမုန်တိုင်းသတင်း ကြေ
ငြာတုန်းကပေါ့။ ညခြောက်ခွဲ ခုနစ်နာရီ မြန်မာ့အသံမှာဖျော်ဖြေရေးလာနေတုန်း အောက်က မုန်တိုင်းသတင်း
- အဝါရောင်အဆင့်သို့ပြောင်းသွားပြီဖြစ်ကြောင်းဘာညာပေါ့။ညကိုးနာရီမန်းအက်ဖ်အမ်ကျတော့လိမ္မော်ရောင်
အဆင့်ရှိပြီး မနက်ဖြန်နံနက်စောစောပိုင်းမြန်မာနိုင်ငံကုန်းတွင်းပိုင်းသို့ဝင်ရောက်နိုင်ပါတယ်။ဆိုတာလိုဖြစ်နေ
မှာစိုးလို့ပါ။ မန္တလေးကပဲ  ရခိုင်ကမ်းရိုးတန်းနဲ့ဝေးလို့  နောက်မှပဲ  ကြေငြာတော့မယ်။  လောလောဆယ်တော့
သင်္ကြန်သီချင်းလေးတွေ လွှင့်လိုက်ဦးမယ် လို့တွေးပြီးများမလွှင့်တာလား။ ဒါမှမဟုတ် ဟိုဆီ ကနေကို သတင်း
မပို့သေးတာလားတော့မသိ။
အင်း တကယ်ပဲ အချိန်နဲ့တစ်ပြေးညီဖို့လိုအပ်ပါတယ်လို့ အပြုသဘောနဲ့ပြောကြားရင်း လူအချင်းချင်းဝက်တုပ်
ကွေး ကူးစက်ခြင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
(ကိုးကား- ကြေးမုံ၊ WHO)
 ဝက်တုပ်ကွေးနဲ့ပက်သက်တဲ့ နေ့စဉ် အချက်အလက်အသစ်များကို ဖတ်ရှုရန် လိပ်စာ

Sunday, 26 April 2009

စကားပြောကောင်းသူများ၏တူညီသောအရည်အချင်းများ

 ၁။
သူတို့သည် ကိစ္စများကို ရှုထောင့်သစ်မှကြည့်တတ်ကြသည်။ အများသိနှင့်ပြီးသောအကြောင်းအရာတစ်ခုနှင့်
ပက်သက်၍ မျှော်လင့်မထားသော အမြင်မျိုးရှိတတ်ကြသည်။
၂။
သူတို့၏ အမြင်သည် ကျယ်ပြန့်သည်။ သူတို့နေ့စဉ် သာမန်တွေ့ကြုံနေရသော ကိစ္စများ၊ အတွေ့အကြုံများကို
ကျော်လွန်၍ အကြောင်းအရာမျိုးစုံကို တွေးနိုင်ကြ ပြောနိုင်ကြသည်။
၃။
သူတို့သည်  စိတ်အားထက်သန်ကြသည်။  သူတို့၏ဘဝတွင် လုပ်ကိုင်နေသည့် အရာများကို စွဲလမ်းကြောင်း၊
သင်နှင့်တွေ့ကြုံနေရသည့် ခဏတွင် သင်ပြောပြနေသည့်  အကြောင်းအရာကိုလည်း စိတ်ဝင်စားကြောင်း ပြ
သကြသည်။
၎။
သူတို့သည် သူတို့အကြောင်းကို အမြဲတမ်းပြောမနေကြ။
၅။
သူတို့သည် စပ်စုတတ်ကြသည်။  ဘာဖြစ်လို့လဲဟူသည့်မေးခွန်းမျိုးကို  မေးတတ်ကြသည်။  သင်ပြောပြသည့်
အကြောင်းအရာကို ပို၍သိချင်ကြသည်။
၆။
သူတို့သည် ကိုယ်ချင်းစာတတ်ကြသည်။ သင်၏နေရာကနေကြည့်တတ်ကြသည်။ သင်ပြောနေသည့် ကိစ္စကို
နားလည်ရန်ကြိုးစားတတ်ကြသည်။
၇။
သူတို့သည် ဟာသဥာဏ်ရှိသည်။ ကိုယ့်ကိုယ်ကို ရယ်စရာလုပ်ရန်လည်း ဝန်မလေးကြ။ အကောင်းဆုံးစကား
ပြောတတ်သည့် သူများသည် သူတို့အကြောင်းကို သူတို့ရယ်စရာများ  မကြာခဏပြောလေ့ရှိတတ်ကြသည်။
၈။
သူတို့မှာ သူတို့ကိုယ်ပိုင်စကားပြောသည့် စတိုင်ရှိကြသည်။ 

ခင်မောင်ညို (ဘောဂဗေဒ)
ကျွန်တော်တို့အားလုံးစကားပြောရမည် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်

Wednesday, 22 April 2009

Canada က မီးပုံးပျံအလှပြိုင်ပွဲ

ဘာရယ်မဟုတ်ပါဘူး လှလို့တင်လိုက်တာပါ။ ဘာပဲဖြစ်ဖြစ် ကြည့်လို့ကောင်းပါတယ် ... :)

အဆောက်အဦ ပုံစံ မီးပုံးပျံကြီး
.................
ဖားပျံကြီး ...
....................
ကနေဒါအလံပုံ မီးပုံးပျံကြီး
.................
ပျားမောင်နှံလေးတွေ ...
.................
နွားကာတွန်းပုံစံ.. မီးပုံးပျံကြီး 
..................
Smokey
...................
ကားပုံစံ မီးပုံးပျံ ...
..................
ရိုးရာ ဂီတသမား ဖြစ်လိမ့်မယ် ...
...............
ကြက်တူရွေးကြီး ...
.................
ဂေါ်ဇီလာ ပုံစံ ...

ပျော်ရွှင်ပါစေ ...

Sunday, 19 April 2009

Nano ကားလေးတွေ

 
  
 
ချစ်စရာ တာတာနာနိုကားလေးများ
ဘာ့ကြောင့် နာနိုဈေးချို
ဒေါ်လာ၂၅၀၀ ပတ်ဝန်းကျင် (မြန်မာငွေ သိန်းသုံးဆယ်ခန့်) ဈေးသာရှိတဲ့နာနိုကားလေးများ မြန်မာနိုင်ငံသို့ အမြန်ဆုံးရောက်လာပါစေ....

အပြည့်အစုံ လေ့လာရန်

Friday, 17 April 2009

မုန်တိုင်း သတိပေးကြေငြာခြင်း

Bijli လို့အမည်ရတဲ့ လိမ္မော်ရောင်အဆင့် မုန်တိုင်းတစ်ခု မြန်မာနိုင်ငံသို့  ဦးတည်နေပါတယ်။ အဲဒီမုန်တိုင်းဟာ
၂၀၀၉ခုနှစ် ဧပြီ ၁၈ရက် နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း၊ ချင်း နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတို့ကို
ဝင်ရောက်တိုက်ခတ်ဖွယ်ရှိပါတယ်။ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ၁၆ရက်နေ့၁၇း၃၀နာရီတိုင်းထွာချက်
များအရ ၄င်းမုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့မြို့တစ်မြို့မှ အရှေ့ဘက်မိုင် ၁၈၀အကွာပင်လယ်ပြင်ကို  ဗဟိုပြုနေ
ပြီး ၄င်းဟာဆက်လက်ရွေ့လျားပြီးမြန်မာနိုင်ငံမြောက်ပိုင်းရခိုင်ကမ်းရိုးတန်းဒေသကိုဖြတ်သန်းတိုက်ခတ်မယ်
လို့ကြေငြာထားပါတယ်။ တစ်နာရီမိုင် ၆၀မှ၇၀ ထိလေတိုက်နှုန်းရှိပေမယ့် ပြီးခဲ့တဲ့နှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်
အမည်ရှိမုန်တိုင်းလောက်တော့ ပြင်းထန်မှာမဟုတ်ဘူးလို့လည်းသိရပါတယ်။ဒါပေမဲ့အစိုးရကတော့ရခိုင်ကမ်း
ရိုးတန်းဒေသမှာနေထိုင်တဲ့ပြည်သူများကိုမုန်တိုင်းနဲ့ဝေးရာသို့ပြောင်းရွှေ့သင့်ကြောင်းကိုတော့ နိုင်ငံပိုင်ရုပ်သံ
MRTV မှ ဧပြီ ၁၆ရက်နေ့ည သင်္ကြန်မိုး ရုပ်ရှင်ဇာတ်ကားလာချိန် မှာသတိပေးထုတ်ပြန်ထားပါတယ် ခင်ဗျာ။
(ကိုးကား-  www.dmh.gov.mm , nyilynnseck , MRTV)