Saturday, 27 June 2009

အနီရောင်ဖိနပ်များ

ကေရင်လို့ခေါ်တဲ့ လယ်သမလေးတစ်ယောက်ကို သူ့အမေဆုံးပြီးသွားတဲ့နောက်မှာ ချမ်းသာပြီးအသက်ရလာ
ပြီဖြစ်တဲ့  အမျိုးသမီးတစ်ယောက်က  မွေးစားလိုက်တယ်။ ကေရင်ဟာ တစ်ဖြည်းဖြည်းနဲ့ အရွယ်ရလာတယ်။
သူမဟာသူ့မွေးစားအမေကိုဖိနပ်အနီတစ်ရံဝယ်ပေးဖို့အမျိုးမျိုးပူဆာတယ်။ ဝယ်ပေးပြီးတဲ့နောက်မှာခဏခဏ
ဝတ်တယ်။ ချာ့ခ်ျကျောင်းသွားတဲ့အခါမှာလည်း  ဘုရားဝတ်ပြုတာကို  အာရုံမစိုက်ဘူး။  မွေးစားအမေ  နေမ
ကောင်းစပြုလာတယ်။ဒါပေမဲ့ ကေရင်ဟာ သူ့မွေးစားအမေအပေါ်ကူညီပြုစုမပေးဘူး။သူ့ဖိနပ်အနီရောင်တစ်
ရံနဲ့ပဲ ပါတီပွဲတွေတက်ဖို့သာအားသန်နေတယ်။ တစ်ခါမှာတော့ သူမစပြီးကလိုက်တယ်။ ဒါပေမဲ့ရပ်လို့မရဘူး။
ဖိနပ်တွေဟာကလည်း လက်လွတ်စပယ်ဖြစ်ကုန်တယ်။ သူမဖိနပ်တွေကို မထိန်းနိုင်တော့ဘူး။ ဖိနပ်တွေဟာ
သူမခြေထောက်တွေကိုသွားထိုးမိတယ်။ ဖိနပ်တွေကတော့ဆက်ကမြဲကနေတယ်။ လယ်ကွင်းတွေ၊ မြက်ခင်း
တွေ၊ မိုးတွေ၊ နေရောင်ခြည်တွေကို ဖြတ်ပြီးကနေတော့တာပေါ့။မွေးစားအမေရဲ့အသုဘအခမ်းအနားတောင်
သူမ မတက်နိုင်တော့ပါဘူး။ နတ်သမီးတစ်ပါး  သူမဆီရောက်လာတယ်။  မွေးစားအမေ သေပြီးတဲ့နောက်မှာ
တောင် ကနေရသလားဆိုပြီး ဆူပူကြိမ်းမောင်းတယ်။ ပြီးတော့ သတိလည်းပေးတယ်။ ကေရင်ဟာ လက်မရွံ့
သူတစ်ယောက်ကိုရှာပြီး သူမရဲ့ခြေထောက်တွေကိုဖြတ်ခိုင်းတယ်။  သူကခြေထောက်တွေကိုဖြတ်၊ သစ်သား
ခြေထောက်တွေနဲ့ ချိုင်းထောက်တွေကို သူမကိုပေးလိုက်တယ်။ ကေရင်ဟာ သူ့အနီရောင်ဖိနပ်တွေအတွက်
ခံစားရတာ တန်ပါတယ်ဆိုပြီး ချာ့ခ်ျကျောင်းကိုသွားတယ်။ လူတွေသူ့ကိုမြင်သွားရအောင်လို့ပေါ့။ ဒါပေမဲ့ဖြတ်
ထားတဲ့ ခြေထောက်တွေဟာ  အနီရောင်ဖိနပ်တွေနဲ့အတူ သူ့ရှေ့မှာ ကနေလေရဲ့။  နောက်တနင်္ဂနွေကျပြန်
တော့လည်း ချာ့ခ်ျကျောင်းထဲမှာ အနည်းဆုံးတစ်ခြားသူတွေလိုအကောင်းပကတိဖြစ်လိမ့်မယ်လို့ထင်ပြီး ကြိုး
စားသွားပါတယ်။ ဒါပေမဲ့ အနီရောင်ဖိနပ်တွေဟာ လူသွားလမ်းပေါ်မှာ ကမြဲကနေလေရဲ့။ ကေရင်ဟာ လူသိ
များတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆီမှာ အမျိုးသမီးဝန်ထမ်းအနေနဲ့  အလုပ်တစ်ခုရလိုက်ပါတယ်။ ဒါပေမဲ့ တနင်္ဂနွေ
နေ့ရောက်လာတဲ့အခါမှာတော့ ချာ့ခ်ျကျောင်းကိုမသွားရဲတော့ပါဘူး။  ချာ့ခ်ျကျောင်းမသွားတော့ဘဲနဲ့ အိမ်မှာ
တစ်ယောက်တည်းထိုင်ပြီး ဘုရားမှာဆုတောင်းနေပါတယ်။  နောက်ပိုင်းမှာတော့ ချာ့ခ်ျကျောင်းကြီးဟာ သူမ
ဆီရောက်လာတယ်။ သူမရဲ့နှလုံးသားဟာ နေရောင်ခြည်တွေ၊ ငြိမ်းချမ်းမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်သိပ်ပြီး
ပျောက်ကွဲပျက်စီးသွားပါတော့တယ်။ သူမရဲ့ဝိဥာဉ်ဟာ နေရောင်ခြည်နဲ့အတူ ကောင်းကင်ဘုံကိုပျံတက်သွား
ပါတယ်။ ဒါပေမဲ့ အနီရောင်ဖိနပ်တွေအကြောင်းကိုတော့ ဘယ်သူမှမမေးကြပါဘူး။
(မူရင်းရေးသားသူ- Hans Christian Andersen)
(ကြယ်စင်က ဘာသာပြန်သည်)

Monday, 22 June 2009

ရုပ်ဆိုးတဲ့ ဘဲကလေး

ပုံပြင်ရဲ့အစကတော့ ဘဲဥအကောင်ပေါက်တာပါပဲ။  ဘဲငှက်ကလေးတွေထဲက တစ်ကောင်ကို အတူနေတဲ့ ဘဲ
တွေက စကားနဲ့ရော၊ စိတ်နဲ့ပါ အတော်အနှောင့်အယှက်ပေးကြတယ်။ သူဟာဝမ်းနည်းစွာနဲ့ပဲစပါးကျီထဲကနေ
ခြေဦးတည့်ရာ  လျှောက်သွားနေခဲ့တယ်။ ပြီးတော့ ဘဲရိုင်းတွေနဲ့အတူတူနေတယ်။ ငှက်အုပ်တွေကို အမဲလိုက်
သမားတွေ ထောင်မဖမ်းမချင်း ငန်းတွေနဲ့နေတယ်။ နောက်ပိုင်းမှာတော့သူဟာ အဘွားအိုတစ်ယောက်နေတဲ့
အိမ်ကိုတွေ့သွားတယ်။ ဒါပေမဲ့ အဘွားအိုရဲ့ကြောင်နဲ့အိမ်မွေးကြက်တွေကသူ့ကိုနစ်နစ်နာနာကျီစားကြတယ်။
ဒါနဲ့ပဲ သူဟာ အဲဒီနေရာကနေ ထွက်ခွာခဲ့တယ်။  သူဟာ ပြောင်းရွှေ့နေထိုင်တတ်တဲ့  ငန်းရိုင်းတစ်အုပ်ကိုတွေ့
သွားပြီး အရမ်းဝမ်းသာ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူတို့နဲ့ အပေါင်းအသင်းလုပ်လို့မရခဲ့ဘူး။

ဆောင်းတွင်းရောက်လာတယ်။ လယ်သမားတစ်ယောက်က အေးခဲနေတဲ့ ဘဲငှက်ကလေးတစ်ကောင်ကို အိမ်
ယူလာခဲ့တယ်။  ဒါပေမဲ့ လယ်သမားကြီးရဲ့မွေးကင်းစ ကလေးလေးတွေရဲ့ ဆူညံသံကြောင့် အဲဒီအိမ်ကနေ သူ
ထွက်ပြေးသွားတယ်။ သူဟာ ဝမ်းနည်းစရာကောင်းလှတဲ့  ဆောင်းရာသီကို  အပြင်မှာပဲ  ကုန်လွန်စေခဲ့တယ်။
ဒါပေမဲ့  နွေဦးရောက်လာတဲ့အခါ လှပလွန်းလှတဲ့ ဘဲငန်းတစ်အုပ်က သူတို့လို အရွယ်ရောက်လာပြီဖြစ်တဲ့  အ
တွက် ဘဲကလေးကို ကြိုဆိုခဲ့ကြတယ်။
(မူရင်းရေးသားသူ-Hans Christian Andersen)
(ကြယ်စင်က ဘာသာပြန်သည်)

Sunday, 14 June 2009

နားလည်မှု

တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားလင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ ပိုင်ဆိုင်သမျှထဲက တန်
ဖိုးအကြီးဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။  ဒီလိုနဲ့ အဘိုးအိုက ဈေး
ထဲမှာ မြင်းကို နွားတစ်ကောင်နဲ့လဲလိုက်တယ်။  ခဏနေတော့ အဘိုးအိုက နွားကို ဆိတ်နဲ့လဲလိုက်ပြန်တယ်။
ဆိတ်ကိုငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို ပန်းသီးတွေနဲ့လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေတစ်
ခုလဲနေခြင်းအကြောင်းအရင်းက အဘွားအိုကို အံ့သြမှုတွေပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုက လဲလို့ရတဲ့ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း  အင်္ဂ
လိပ်နှစ်ယောက်နဲ့ဆုံခဲ့တယ်။ အလာပ သလာပတွေပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့
အင်္ဂလိပ်တွေက အဘိုးအိုကိုတုံးအတယ်ဆိုပြီး ရယ်ကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့  အဆူခံရမယ်
ဆိုတဲ့အကြောင်းကိုပြောတော့ အဘိုးအိုကအဆူခံရမှာမဟုတ်ကြောင်းငြင်းပါတယ်။ ဒါကိုအင်္ဂလိပ်နှစ်ယောက်
က တကယ်လို့  အဘွားအိုရဲ့အဆူကိုမခံရရင် သူတို့မှာပါတဲ့ ငွေတွေ ပေးခဲ့မယ်ဆိုတဲ့အကြောင်း  လောင်းကြ
တော့တယ်။ ဒီလိုနဲ့ ၃ယောက်သား အဘိုးအိုအိမ်ကို ရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအို ပြန်လာတာတွေ့တော့ ဝမ်းသာအားရထွက်ကြိုပြီး အဘိုးအိုချွေးသုတ်ဖို့  ပုဝါကမ်းပေး၊
ရေကမ်းပေးနဲ့ အဘိုးအိုကို အမောပြေစေတယ်။  ပြီးမှ အဘိုးအိုပြောပြတဲ့ အဖြစ်တွေကို  စိတ်ဝင်တစား  နား
ထောင်တယ်။ ပစ္စည်းတစ်ခုကနေနောက်တစ်ခုလဲပြောင်းပုံကို အဘိုးအိုပြောပြတဲ့အချိန်မှာ အဘွားအိုက ဝမ်း
သာအားရနဲ့
"ဟာ...ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း...ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်...ငန်းမွေးတွေက သိပ်လှတာ"
"အင်း..ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေပြောတယ်။ နောက်ဆုံးအဘိုးအိုကသူလဲလာတဲ့ပန်းသီးတွေကိုပြတော့အဘွားအိုကစိတ်ပျက်သွားပုံ
မပြဘဲ "အင်း...ဒီည ကျုပ်တို့ ပန်းသီးကိတ်လုပ်စားကြတာပေါ့" လို့ပြောပြီး အဘိုးအိုကို အားရပါးရ  နမ်းလိုက်
တော့တယ်။ ပုံပြင်ရဲ့နောက်ဆုံးက  ပြောစရာမလိုတော့ပါဘူး။  အင်္ဂလိပ်နှစ်ယောက် ပါသမျှငွေတွေ  ပေးခဲ့ရ
တယ်။
ပုံပြင်လေးက ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို နားမလည်ခဲ့ဘူး။ စာရေးဆရာက  တုံးအတဲ့
ဆင်းရဲသားလင်မယားကို ကဲ့ရဲ့ဝေဖန်ထားတာလား။ ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင် ဇာတ်
တိုက်ထားတာလားလို့တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က အိမ်ထောင်တစ်ခုမှာအခြေခံဖြစ်တဲ့ လင်မယား
နှစ်ယောက်ရဲ့ ခွင့်လွှတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းတို့ပဲဖြစ်တယ်။ ကျွန်တော်မြင်တာကတော့
နားလည်မှု ပါပဲ။ (ရေးသားသူ- Hans Christian Andersen)
(Forward mail မှ ပြန်လည်မျှဝေပါသည်။ ဘာသာပြန်ဆိုသူကိုတော့မသိပါ)

Tuesday, 2 June 2009

ရယ်မောခြင်းအမျိုးမျိုး

ရယ်မောခြင်းသည်စိတ်အာဟာရတစ်မျိုးဟုဆိုကြသည်။ရယ်မောခြင်းဆိုင်ရာအတွေးခေါ်အမျိုးမျိုးရှိကြသည်။
အောက်ပါတို့မှာ မြန်မာဝီကီမှ တစ်စိတ်တစ်ဒေသ ကူးယူဖော်ပြသော ရယ်မောခြင်းဆိုင်ရာ အယူအဆတို့ဖြစ်
ပါသည်။
အနောက်တိုင်းအယူ
လူတစ်ဦးတစ်ယောက် ပြုံးရယ်သည့်အခါ မျက်နှာတွင်ရှိသော အကြောပေါင်း ၁၅ခုမှာ ကျုံ့သွားပြီး အသက်ရှူ
ဟန်လည်းအနည်းငယ်ပြောင်းလဲသွားသည်ဟု ယခုခေတ်အနောက်တိုင်း သိပ္ပံဆရာများကဆိုပါသည်။လူတစ်
ဦး ပြုံးရယ်ဟန်ကို အသေးစိတ်လေ့လာကြည့်လျှင်-
၁။ ပါးစပ်ဒေါင့်များ အနည်းငယ်နောက်ဆုတ်သွား၍ ပါးစပ်ပိုကျယ်လာခြင်း ၂။ အထက်နှုတ်ခမ်းမြင့်တက်သွား
၍ သွားများပေါ်လာခြင်း ၃။ နှာခေါင်းနှင့်နှုတ်ခမ်းအကြားရှိ အသားများ ကွေးကောက်တွန့်လိမ်ခြင်း ၄။ မျက်စိ
များ အရောင်တက်လာခြင်း ၅။ အောက်မျက်ခမ်းအသားလေးများ တွန့်လိမ်ခြင်းများကိုမြင်တွေ့ရမည်ဟုဆိုပါ
သည်။ ယင်းငါးမျိုးသောမျက်နှာပြောင်းလဲပုံမှာ ရိုးရိုးဣနြေ္ဒမပျက် ပြုံးရယ်ချိန်တွင် လေ့လာရှုမြင်ရပုံဖြစ်သည်။
ထို့ထက်ပိုမိုပြင်းထန်လှုပ်ရှားသည့် ရယ်မောခြင်းဖြစ်ပွားလာမည်ဆိုလျှင်မူမျက်ရည်များထွက်လာတတ်၍မျက်
စိအရောင်တောက်ပမှုလျော့ပါးသွားတတ်ပေသည်။ အသံလည်းထွက်လာသည်။ ဝါးကနဲပွဲကျပြီး ခွက်ထိုးခွက်
လန် ရယ်မောသည်အထိ အဆင့်အတန်း အမျိုးမျိုးပြောင်းလဲသွားတတ်သည့် လက္ခဏာများရှိကြောင်း  ကမ္ဘာ
ကျော်လောကဓာတ်ဆရာကြီး ချားလ်စ်ဒါဝင် က ရေးသားဖော်ပြခဲ့ဖူးသည်။
အရှေ့တိုင်းအယူ
ဟာသရသသည် ရယ်မောခြင်း၊ ပြုံးရွှင်ခြင်းပင်ဖြစ်သည်။ သို့မဟုတ် ကြည်နူးစရာ၊ပီတိဖြစ်စရာတည်းဟူသော
ပျော်မွေ့နှစ်သက်သည့် စေတသိက်အဆင့်သို့ ပို့ဆောင်ခြင်းဖြင့် တမုဟုတ်အတွင်းဆိုက်ရောက်စေသည်။
ရယ်မောခြင်း ၆ မျိုး
၁။ မျက်စိပွင့်ရုံပြုံးရယ်ခြင်း  ၂။  သွားစဉ်းငယ်ပေါ်ရုံရယ်ခြင်း  ၃။  ညှင်းညှင်းချိုချိုအသံထွက်ရုံရယ်ခြင်း ၄။ ပခုံး
နှင့် ဦးခေါင်း လှုပ်ကြွ၍ရယ်ခြင်း ၅။  မျက်ရည်ထွက်အောင်ရယ်ခြင်း  ၆။  ကိုယ်ကိုလှုပ်ကာ  ခုန်ပေါက်ရယ်ခြင်း
စသည်ဖြင့်ရေးသားထားပါသည်။
အနောက်တိုင်းဟာသ ၉ မျိုး
မြင့်ရာမှနိမ့်ရာသို့လျှောကျခြင်း၊ သရုပ်ပျက်၊  ဥပမာမြောက်၊  ပကာသနကိုဖောက်ထွင်းပစ်ခြင်း၊ သဏ္ဍာန်လုပ်
သရုပ်ဖော်၊ အသံထွက်ဆင်တူ၊ ဇဝနဥာဏ်၊ ခေတ်ပြောင်၊ စကားထာ စကားဝှက်
နောက်ဆက်တွဲ ၆ မျိုး
နာမည်ကျော် ဥရောပစာရေးဆရာ  ကောစလားက ယင်းသို့ဟာသ ၉မျိုးဖော်ပြထားသော်လည်း အမှန်မှာ အ
ခြားအမျိုးအစားအများအပြားကျန်ရှိနေသည်ကို လက်လှမ်းမီသလောက်ဖော်ပြရသော်-
အနန္တောအနန္တငါးပါးကိုပျက်ရယ်ပြူခြင်း၊ ကျောင်းသားအလွဲဖြေ၊ ခနိုးခနဲ့၊ ကလေးချော့၊ စာဖျက် စသည်တို့ဖြစ်
သည်။ 

Saturday, 23 May 2009

Gtalk မှ autoreply လုပ်နည်း

 www.answer.im ရဲ့အသုံးဝင်ပုံလေးပါ။ Beta အဆင့်ပဲရှိပါသေးတယ်
အိပ်နေတဲ့အချိန်၊  အလုပ်များနေချိန်  စတာတွေမှာ ကိုယ်ကပြန်မပြောနိုင်လို့ပြန်မပြောနိုင်ကြောင်းကို   ကိုယ့်
အကောင့်ကနေ အလိုအလျောက်ပြန်လည်ဖြေကြားပေးမယ့်စနစ်လေးပါ။ အသုံးပြုရတာလည်းရိုးရှင်းပါတယ်။
တော်တော်လေးလည်းအသုံးဝင်ပါတယ်။ဘာ့ကြောင့်ပြောတာလဲဆိုတော့ ဥပမာကိုယ်ကဂျီတော့မသုံးဖြစ်ဘူး
ဆိုပါတော့။ ကိုယ့်သူငယ်ချင်းတွေနဲ့လည်းအဆက်အသွယ်မပြတ်စေချင်ဘူးဆိုရင်  သူတို့အတွက်  မက်ဆေ့ဂ်ျ
ထားခဲ့လို့ရပါတယ်။ ဒီလိုလေးပါ
ဒီဝန်ဆောင်မှုက ကိုယ်အွန်လိုင်းမှာမရှိလည်း  အလိုအလျောက်ပြန်ဖြေပေးပါတယ်။  ဒါပေမဲ့ သူ့ဆိုဒ်ထဲမှာရေး
ထားတာကစမ်းသပ်အဆင့်ပဲရှိသေးလို့ login ဝင်ပြီး၂၄နာရီကြာရင်ပျောက်သွားမှာကိုသူအာမမခံနိုင်ပါဘူးတဲ့။
နောင်ဆိုရင်တော့ ဒီထက်ပိုကြာကြာရမယ်ထင်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးဆုံး ဒီဆိုဒ် ကို အရင်ဝင်ပါ။ ပြီးရင် ကိုယ်ရွေးချင်တဲ့ အကောင့်ကိုရွေးပါ။ ဒီမှာတော့ ကျွန်တော် ဂျီတော့
ကိုပဲရွေးပါမယ်။ (တစ်ခြား အကောင့်တွေကိုလည်း သုံးလို့ရပါတယ်။)
ပြီးရင်ပုံမှာပြထားတဲ့အတိုင်း ကိုယ့် Gtalk username နဲ့ password ဖြည့်ပြီး ဝင်ပါ။ ပြီးရင်အောက်ပါအတိုင်း ကိုယ်

 ကြိုက်နှစ်သက်ရာ စာသားများရိုက်ထားနိုင်ပါတယ်။ (သတိ။ username တွင် gmail.com ရိုက်ထည့်ရန်)
်
Status ကို လည်း Online , Offline စသည်ဖြင့်ပြောင်းနိုင်ပါတယ်။ ပြီးရင် Save Changes ကိုနှိပ်ပါ။
 
အထက်ပါအတိုင်း ပုံပေါ်လာရင် Ok နှိပ်ပြီး Menu မှာရှိတဲ့ Exit button နှိပ်ပြီးထွက်ပါ။
ကဲ ခုဆို ကိုယ်အွန်လိုင်းမှာမရှိပေမယ့်အလိုအလျောက်ဖြေကြားပေးတဲ့ဆားဗစ်လေးကြောင့်၂၄နာရီအွန်လိုင်း
ဖြစ်ပြီး သူငယ်ချင်းတွေကို ကိုယ်ထားခဲ့ချင်တဲ့ စာသားလေးတွေရိုက်ထည့်ထားခဲ့ပြီး ပျော်ရွှင်နိုင်ပါပြီ။
(တကယ်လို့ ကိုယ်က အဲဒါကို မသုံးချင်တော့ဘူးဆိုရင် Status မှာ Offline ရွေး၊ စာသားတွေအကုန်ဖျက်ပြီးပိတ်
နိုင်ပါတယ်၊ ကိုယ်အွန်လိုင်းမရှိချိန်ဝင်သောစာများပြန်ဖတ်လိုပါက Menu မှ Messages ထဲဝင်ဖတ်နိုင်ပါတယ်)
ဒီအသုံးပြုပုံလေးကို Mysteryzillion.org မှ သိရပါတယ်ခင်ဗျာ

Wednesday, 20 May 2009

မင်းတုန်းမင်းတရားကြီးကြေးသွန်းရုပ်တု နဲ့ ကျောက်စာ

............
ကျောက်စာ
..................
ကြေးသွန်းရုပ်တု

Sunday, 17 May 2009

မန်း ၁၅၀ စာအုပ်ပွဲတော်

မန္တလေးမြို့လမ်း ၈၀ ရတနာပူရခန်းမတွင်ပြုလုပ်ခဲ့သော စာအုပ်ပွဲတော်
..............
 
...............

 
..............

 
လူထုသတင်းစာ
............

မန္တလေးဟစ်တိုင် သတင်းစာ
.............
.........
သူရိယရုပ်စုံသတင်း
.........
 
မန္တလေးသူရိယ နေ့စဉ်သတင်းစာ
............
မန်း ရာပြည့်ပွဲတော် အထိမ်းအမှတ် ထုတ်ဝေခဲ့သော ရာပြည့်ရုပ်စုံ
..............
 
.............

 ရာပြည့်အမှတ်တရ
..............
နှစ် ၁၀၀ပြည့်ပွဲတော် ကျင်းပစဉ်က မြင်းပြိုင်ပွဲမြင်ကွင်း
...........
ရာပြည့်ပွဲတော်ကျင်းပစဉ် မြင်ကွင်း
...........

Thursday, 14 May 2009

မန္တလေး မြို့တည်နန်းတည် နှစ် ၁၅၀ပြည့် ပွဲတော်ပုံရိပ်

မန္တလေး မြို့တည်နန်းတည် နှစ်၁၅၀ ပြည့်ပွဲတော်ကို ၂၀၀၉ခုနှစ် မေလ ၁၄ရက်မှ၁၆ရက်အထိ ကျင်းပမှာပါ။
အောက်ပါပုံတွေကတော့ မေလ၁၄ရက် နံနက်၈နာရီ မန္တလေးမြို့တော်စည်ပင်သာယာရုံးအဆောက်အအုံမှာ
ကျင်းပတဲ့မန္တလေးမြို့နှစ်၁၅၀ပြည့်ပွဲတော်ပုံရိပ်များပါ။ကိုယ်တိုင်ရိုက်ထားတာဖြစ်လို့တစ်ချို့တလေများလွဲမှား
သွားတာ ပုဂ္ဂိုလ်ရေးအရထိခိုက်တာမျိုးပါသွားရင် ခွင့်လွှတ်ပါလို့ ကြိုတင်တောင်းပန်အပ်ပါတယ်။
ကူးယူချင်တယ်ဆိုရင်တော့ ပုံမှာတစ်ချက်နှိပ် ပုံကြီးချဲ့ပြီးကူးယူနိုင်ပါတယ်။
နှစ် ၁၅၀ ပြည့်ပွဲတော်ရဲ့ ပထမဆုံးပုံ
....................
မြို့တော်ဝန် ဗိုလ်ချုပ်ဖုန်းဇော်ဟန် မိန့်ခွန်းပြောကြားစဉ်
.......................
 
 တာဝန်ရှိလူကြီးများ နှစ်၁၅၀ပြည့်ပွဲတော်ကို ဖဲကြိုးဖျက်ဖွင့်လှစ်ပေးစဉ်
.....................
 
.................
မန်းပျိုဖြူများ
................
လာရောက်အားပေးသော ပရိတ်သတ်များ
..................
ပျော်စရာ...
..................
လာပြီ ... အားလုံးစိတ်ဝင်စားမယ့်ပုံလေးတွေ
 
တောင်ဘက်ကျုံးပေါက်အဝမှာ
.............
 
ထွက်တော်မူခန်းအတွက် ထွက်ရန်စောင့်ဆိုင်းနေစဉ်
....................
 
လက်တွန်းအမြောက်ကြီးတွေ
.................
စစ်သည်တော် ပြုံးပြနေလေရဲ့ :)
...............
ဘာကိုကြည့်နေကြပါလိမ့်
................
 
စစ်ရေးပြနေသော စစ်သည်တော်ကြီး
.................
 
ရတနာပုံမန္တလေး ကိုယ့်မင်းကိုယ့်ချင်းခေတ်ကို ပြန်လည်အောက်မေ့မိပါတယ်
....................
 
.....................
 
...................
စစ်သည်တော်များ
...................
လက်ကိုင်အမြောက်ကြီး ထမ်းထားတဲ့စစ်သည်တော်
......................
...................
ဆင်သည်တော် နှင့် စစ်သည်တော်
................
 
အားမာန်အပြည့်အဝနဲ့ စစ်သည်တော်များ
...................
 
မြင်းသည်တော်များ
..................
 
..................
 
..................
 
...................
 
................
..................
ရှေးရှေးတုန်းကသေနတ်ကြီးတွေ
.................
စစ်သားလေး
.................
သူရဲကောင်း စစ်သည်တော်များ
..................
အမြောက်ကြီး
..............
မြင်းတော်ထိန်း
...................
စကြာဒေဝီမိဖုရားခေါင်ကြီး
.................
မင်းတုန်းမင်း
..................
သမီးတော်လေး
..............
စီးတော်ယာဉ်
...................
 
...................
 
စစ်သည်တော်များ မာန်အပြည့်ဖြင့်ချီတက်လာစဉ်
.....................
...................
သမီးတော်ကိုဝေါယာဉ်ဖြင့်ထမ်းလာစဉ်...
.................
 
.......................
................
................
အပျိုတော်များ မှူးကြီးမတ်ကြီးများ စစ်သည်တော်များ
.......................
 
.....................
မင်းတုန်းမင်း နဲ့ စကြာဒေဝီ မိဖုရားခေါင်ကြီး
.....................
စစ်သည်တော်တွေ
................
 
အမတ်ကြီး
..............
စစ်သည်တော်များ
...............
..................
...................
 
..............
..................
.................
.................
ငွေငန်းမြို့မ လာပြီလေ..
.................
မန္တလေးမြို့ ဂုဏ်ဆောင် မြို့မ တူရိယာအသင်း
.................
မန်းစည်ပင် တီးဝိုင်း
.............
မာဃလုလင် တီးဝိုင်း
..............
မန္တလေးမြို့ရတနာပုံ မြို့တည်နန်းတည် နှစ် ၁၅၀ ပြည့်ပွဲတော်မြင်ကွင်းများ
ရွှင်လန်းချမ်းမြေ့ပါစေ...