Sunday, 8 June 2008

ကဗျာ

အဘွားအိုအလှ
.........................
အမူအရာမပို ဂင်တိုတို

လှပလွန်းသည့် အဘွားအို

အသားအရည်မှာ အလှတွေပို

ဆီဆေးပန်းချီ ဆေးသားလို

မြင့်ချည်တစ်လှည့် နိမ့်ချည်တစ်လှည့်

အဘွားအိုအသားကို တို့ပတ်ထည့်။

မျက်ခုံးများမှာမြားမြီးလို

အိနြေ္ဒနဲ့မျက်ထက်ခို

ပိုပေါင်လေ ဘွားအိုလှ

'ဖြူ' တောင်သွားရည်ကျ။

မျက်ရစ်ကလေး ဝိုင်းထားတယ်။

မျက်လုံးကလေးကို သိုင်းထားတယ်

မရိုင်းပေါင်သူ့အလှ

စိန်စီခြယ်ပြီး ကိုရွှေချ။

နှာတံကလေးစင်းထားတယ်

မိန်းမပျင်းခြေစင်း မမီဘူးကွယ်

ပျင်းပေါင်လေ ဘွားအိုက

ပျင်းတဲ့သူ့မြေးမ ကျောကိုချ။

နှုတ်ခမ်းကလေးဆိုးထားတယ်

ခရမ်းရောင်ဖျော့ဖျော့ ဤပုံနှယ်

မမီပေါင်သူ့အလှ

အိန္ဒြာကျော်ဇင် လက်မှိုင်ချ။

No comments: