အဘယ်ကြောင့် ဓာတ်ဆီသယ်ပို့ကားတွေမှာ ကားနောက်မြီးကနေ သံကြိုးတစ်ချောင်းချထားတာလဲ။
ဓာတ်ဆီသယ်ပို့ကားတွေမှာ ကားနောက်မြီးကနေ သံကြိုးတစ်ချောင်းမြေထိအောင် ချထားတာတွေ့ကြရပါလိမ့်မယ်။
ပထမဦးဆုံးအကြိမ် ဒီကားကိုမြင်ဖူးတဲ့သူဟာ သံကြိုးပြတ်ပြီး တွဲလောင်းကြီးကျနေတယ်လို့ထင်တတ်တယ်။ ဒါဟာ
ဓာတ်ဆီသယ်ကားတွေမှာ မရှိမဖြစ်တဲ့ လုံခြုံရေးတပ်ဆင်မှုတစ်ခုဖြစ်တယ်။ ဓာတ်ဆီသယ်ကားတွေမှာ ဓာတ်ဆီကို
သယ်ပို့ရတာမို့ မော်တော်ကားမောင်းရင် ကားထဲကဓာတ်ဆီဟာ အဆက်မပြတ် ဘောင်ဘင်ခတ်နေတယ်။ ဓာတ်ဆီ
နဲ့ ဓာတ်ဆီထည့်ထားတဲ့ ဆီပုံးနံရံတို့ဟာ တိုက်ခတ်ပွတ်တိုက်တာဖြစ်တယ်။ ဒီလိုပွတ်တိုက်တဲ့အတွက် ဓာတ်ဆီပုံးကို
လျှပ်စစ်ရှိလာစေတယ်။
မော်တော်ကားရဲ့ ဘီးဟာ ရော်ဘာနဲ့လုပ်ထားတာဖြစ်တယ်။ တစ်နည်းပြောရရင် လျှပ်စစ်မကူးနိုင်တဲ့ အရာဖြစ်တယ်။
ဓာတ်ဆီပုံးကြီးထဲက ပွတ်တိုက်လို့ဖြစ်လာတဲ့ လျှပ်စစ်အား (electric charge) ဟာ ကားဘီးကနေမြေကြီးကိုကူးဆင်း
မသွားနိုင်ဘူး။ ဒီလိုဆိုရင် လျှပ်စစ်အားတွေဟာ စုပုံလာပြီး တစ်ခါတစ်လေ မီးပွင့်ထွက်တယ်။ ဓာတ်ဆီဆိုတာ အင်မ
တန် မီးလောင်လွယ်တဲ့ အရာဝတ္ထုဖြစ်တဲ့အတွက် မီးပွားနဲ့တွေ့ရင် အလွယ်တကူ ပေါက်ကွဲသွားနိုင်တယ်။ ပြီးတော့
လေထဲမှာပါတဲ့ ဖုန်မှုန့်တစ်ချို့မှာလည်း လျှပ်စစ်အားအနည်းငယ်ပါတတ်တယ်။ အဲဒီလျှပ်စစ်အားကို ၄င်းတို့ကပ်ငြိတဲ့
အရာဝတ္ထုကို ကူးဆက်ပေးတတ်တယ်။ မော်တော်ကားမောင်းနေတဲ့အခါမှာ ဖုန်မှုန့်တွေလွင့်ပျံတက်ပြီး မော်တော်
ကားပေါ်ကပ်နေတတ်တယ်။ ကပ်တဲ့ဖုန်မှုန့်များလာရင် မီးပွင့်ပြီး လျှပ်စစ်ထုတ်လွှင့်တဲ့ အဆင့်ရောက်သွားနိုင်တယ်။
ဓာတ်ဆီသွန်ထုတ်တဲ့အခါမှာ မီးထလောင်ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိတယ်။
ဒီလိုဖြစ်တတ်တဲ့ အန္တရယ်ကိုဘယ်လိုကာကွယ်မလဲ။ ကာကွယ်ဖို့နည်းလမ်းတစ်ခုတည်းသာရှိတယ်။ ဓာတ်ဆီပုံးကြီး
ထဲက ပွတ်တိုက်လို့ဖြစ်ပေါ်လာတဲ့ လျှပ်စစ်အားနဲ့ ဖုန်မှုန့်တွေ ကားပေါ်စုပုံလာလို့ဖြစ်ပေါ်လာတဲ့ လျှပ်စစ်အား (electric
charge) ကို အမြဲတမ်း မြေပေါ်ကူးပြန့်သွားအောင် လုပ်ပေးဖို့ပါပဲ။ အဲဒီလို ကူးပြန့်သွားအောင်လုပ်တဲ့အလုပ်ကို ကား
နောက်မြီးက မြေပေါ်ထိချဆွဲထားတဲ့ သံကြိုးက လုပ်ပေးတယ်။ ၄င်းက လျှပ်စစ်အားကိုအချိန်မရွေး မြေကြီးပေါ်ချပေး
တယ်။ ဓာတ်ဆီကားပေါ်မှာ လျှပ်စစ်အားစုပုံမလာအောင် လုပ်ပေးတယ်။ ဒီတော့ ပေါက်ကွဲခြင်းကို တားဆီးကာကွယ်
နိုင်တာပေါ့။ (အဘယ်ကြောင့်တစ်သိန်း)
....................................................................................................................................
အဘယ်ကြောင့် ပြင်သစ်နိုင်ငံအလံပေါ်က အရောင်သုံးခု အစင်းဟာအကျယ်မတူတာလဲ။
ပြင်သစ်အလံကို သင်မြင်ဖူးပါသလား။ ၄င်းဟာ အပြာ၊ အဖြူ၊ အနီ အရောင်သုံးမျိုးအစင်းစပ်ထားတာဖြစ်တယ်။ (ပုံ)
ဒီအရောင်သုံးမျိုးအစင်းဟာ အကျယ်အတူတူပဲလား။ ပေတံနဲ့တိုင်းကြည့်ရင် မတူတာတွေ့ရလိမ့်မယ်။ ပြင်သစ်နိုင်ငံ
ဟာဒီအလံကိုစတင်ချမှတ်ပြုလုပ်စဉ်က အရောင်သုံးမျိုးအစင်းဟာ တစ်ညီတည်းပါပဲ။ ဒါပေမယ့် ဘယ်လိုကြည့်ကြည့်
အပြာရောင်ဟာ အနီရောင်ထက်ကျယ်တယ်လို့ခံစားရတယ်။ဒီတော့ပြင်သစ်အစိုးရဟာကျွမ်းကျင်သူတစ်ချို့ကိုခေါ်ပြီး
ဒီကိစ္စနဲ့ပက်သက်ပြီး သုတေသနပြုခိုင်းတယ်။ နောက်ဆုံးမှာ သူတို့ဟာ အပြာ၊ အဖြူ၊ အနီရောင်သုံးမျိုးရဲ့ သင့်တော်
တဲ့ အကျယ်အချိုးကိုရရှိခဲ့ပါတယ်။ အဲဒါကတော့ ၃ဝး ၃၃း ၃၇ ပဲဖြစ်ပါတယ်။ ဒီအချိုးနဲ့ အရောင်သုံးမျိုးကိုစပ်ပြီးအ
လံ လုပ်လိုက်တော့ အရောင်သုံးရောင်ဟာ တူညီနေတယ်လို့ထင်ရတယ်။ သင်အံ့သြမိသလား။ စင်စစ်ဒါဟာအလင်း
ရောင်က ကျွန်ုပ်တို့ကို လှည့်စားတာဖြစ်တယ်။
အင်္ဂလိပ်သိပံ္ပပညာရှင်နယူတန်ဟာ စမ်းသပ်မှုတစ်ခုလုပ်တယ်။ သူဟာ အဖြူရောင်နေရောင်ခြည်တစ်ခုကိုသုံးထောင့်
မှန်ကို ဖြတ်သွားစေတယ်။ ဒီတော့ တစ်ဘက်က ပိတ်ကားပေါ်မှာ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်း၊
အရောင်ခုနစ်မျိုးကိုတွေ့ရတယ်။ အဲဒီ တစ်ရောင်တည်းအလင်းရောင်ဟာ အရာဝတ္ထု တစ်မျိုးထဲ ဝင်သွားတဲ့အခါမှာ
ကွေ့ကောက်သွားတယ်။ မတူတဲ့အရောင်အလင်းရောင်ဟာ ကွေ့ကောက်သွားစေတဲ့ အခြေအနေလည်းမတူဘူး။
အပြာရောင်ဟာအနီရောင်ထက်ကွေ့ကောက်လွယ်တယ်။ ဒါကြောင့် အလင်းပြာဟာ လူရဲ့မှန်ခုံးအသွင် မျက်စိကိုဖြတ်
လာတဲ့အခါမှာ အနီရောင်ထက် စုမှတ် (တစ်စက်တည်းမှာစုတယ်) focusing ပိုနီးတယ်။ ဒါကြောင့် အပြာရောင်နှင့်
အနီရောင်ဟာ မျက်စိနဲ့ အကွာအဝေးတူပြီး အကြီးအငယ်တူရင် ကျွန်ုပ်တို့ကြည့်မြင်ရတာ အပြာရောင်က ပိုကြီးသလို
ခံစားရတယ်။ ဆောင်းရာသီမှာ ပြာလဲ့နေတဲ့ မိုးကောင်းကင်ဟာ အလွန်မြင့်တယ်လို့ခံစားရတာလည်း ဒါကြောင့်ပါပဲ။
ခန်းမ စတဲ့ အဆောက်အအုံတွေမှာ မျက်နှာကျက်ကို အပြာသုတ်တယ်။ ပိုပြီးမြင့်တယ်၊ ကျယ်တယ်လို့ထင်ရတယ်။
ဒါလည်း ဒီအကြောင်းကြောင့်ပါပဲ။ (အဘယ်ကြောင့်တစ်သိန်း)
....................................................................................................................................
အဘယ်ကြောင့် စမ်းရေဟာ ဖန်ခွက်ပေါ်မောက်တက်နေနိုင်တာလဲ။
တရုတ်ပြည်ဟန်ကျိုးမြို့ကို သွားလည်တဲ့လူတွေဟာ အဲဒီကဟူဖောင်းစမ်းရေကို ခွက်နဲ့အပြည့်ခပ်ယူပြီး ကျောက်စရစ်
ခဲလေးတွေတစ်လုံးပြီးတစ်လုံး တဖြည်းဖြည်းထည့်ချတယ်။ ရေကခွက်ပေါ်မောက်တက်လာတယ်။ အပြင်ကိုစီးမကျ
ဘူး။ မမြင်ရတဲ့ခွက်ဖုံးထားသလိုပဲ။
စမ်းရေလျှံမကျတဲ့ အကြောင်းက အဘယ်ကြောင့်ပါလဲ။ စင်စစ်ရေမှာ အထူးသတ္တိတစ်ခုရှိတယ်။ ရေမျက်နှာပြင်က
မော်လီကျူးတွေဟာ အပြန်အလှန်ဆွဲငင်ထားတတ်တယ်။ ကျွန်ုပ်တို့လက်ချင်းဆွဲထားသလိုပ်ပဲ။ လက်ချင်းဆွဲထား
တာဟာ အထီးတည်းရပ်နေကြတာထက်အားရှိတယ်။ တခြားသူတွေက လာတွန်းတိုက်ပေမယ့် လွယ်လွယ်နဲ့ပြိုကွဲမ
သွားနိုင်ဘူး။ ရေမျက်နှာပြင်ရှိ မော်လီကျူး အချင်းချင်းဆွဲငင်ထားတဲ့အတွက် လွယ်လွယ်နဲ့ မကွဲကွာကြတော့ဘူး။ အဲ
ဒီ အထူးသတ္တိကို မျက်နှာပြင်တင်းအား (surface tension) လို့ခေါ်တယ်။ စင်ကြယ်သောရေဟာ အပူချိန် တစ်စုံတစ်
ရာမှာ မျက်နှာပြင်တင်းအား (surface tension) တစ်စုံတစ်ရာရှိတယ်။ ရေထဲမှာ အခြားအရာတွေပါဝင်နေရင် တချို့
က မျက်နှာပြင်တင်းအားကိုလျော့စေတယ်။ တချို့က မျက်နှာပြင်တင်းအားကို ပိုစေတယ်။ ဥပမာ-ရေထဲမှာ ဆပ်ပြာ
တို့ ၊ (organic) အရာဝတ္ထုတို့ပါဝင်နေရင် မျက်နှာပြင်တင်းအားဟာ စင်ကြယ်တဲ့ရေထက်ငယ်မယ်။ တကယ်လို့ ရေ
ထဲမှာ သတ္ထုပစ္စည်းတွေပါဝင်နေမယ်ဆိုရင် မျက်နှာပြင်တင်းအားဟာ စင်ကြယ်တဲ့  ရေထက်ကြီးတယ်။ ယေဘုယျ
စမ်းရေထဲမှာ သတ္ထုပစ္စည်းတော်တော်များများ ပါဝင်နေတယ်။ ဒါကြောင့် စမ်းရေဟာစင်ကြယ်တဲ့ရေထက် မျက်နှုာပြင်
တင်းအားကြီးတယ်။ ဒါဟာ စမ်းရေဖန်ခွက်ဝကနေ လျှံမထွက်တဲ့အကြောင်းအရင်းပါပဲ။
စင်စစ် အရည်မှန်သမျှ မျက်နှာပြင်တင်းအားရှိကြတယ်။ ကြီးတာငယ်တာပဲကွာပါတယ်။ တစ်ခါတစ်လေ ကျွန်ုပ်တို့ရေ
မှာ ခြင်ကောင်တွေရပ်နေတာတွေ့ရပါတယ်။ သူတို့ဘာကြောင့် နစ်မသေတာလဲ။ ဒါကတော့ခြင်က ရေပြင်ကို ပေးတဲ့
ဖိအားဟာ ရေရဲ့မျက်နှာပြင်တင်းအားထက်ငယ်တဲ့အတွက်ကြောင့်ပါပဲ။ (အဘယ့်ကြောင့်တစ်သိန်း)
....................................................................................................................................
အဘယ်ကြောင့် အလွန်လေးလံတဲ့ သင်္ဘောကြီးဟာ ရေပေါ်ပေါ်နေနိုင်တာလဲ။
ခုခေတ် သင်္ဘောကြီးတွေဟာ သံမဏိနဲ့တည်ဆောက်ထားတာချည်းပဲ။ သင်္ဘောပေါ်မှာ တင်ထားတဲ့ကုန်တွေဖြစ်တဲ့
ရိက္ခာ၊ စက်ကိရိယာ၊ တည်ဆောက်ကိရိယာ စတာတွေဟာ ရေထက်လေးတာချည်းပဲ။အဘယ်ကြောင့် သင်္ဘော ဟာ
ဒီလောက်လေးပင်တဲ့ ပစ္စည်းတွေတင်ထားပြီး ရေပေါ်ပေါ်နိုင်တာလဲ။
ဒါကိုဖြေရှင်းဖို့ဆိုရင် ကျွန်တော်တို့ စမ်းသပ်မှုတစ်ခုလုပ်လို့ရတယ်။ သံပြားပါးပါးတစ်ချပ်ကို ရေထဲထည့်လိုက်ပါ။ ချက်
ချင်း ရေထဲနစ်သွားပါလိမ့်မယ်။ အဲဒီသံပြားကို ခွက်ကလေးဖြစ်အောင်လုပ်လိုက်ပါ။အလေးချိန်မပြောင်းဘူး။ အဲဒီခွက်
ဟာ ရေပေါ်ပေါ်နေနိုင်တယ်။ ဒါတင်မကသေးဘူး။ ခွက်ထဲကို တစ်စုံတစ်ခု ထည့်လိုက်ပါ။ ခွက်ဟာ ရေထဲနည်းနည်း
လေးမြုပ်ဆင်းတာက လွဲပြီး ရေပေါ်ပေါ်နေမြဲပါပဲ။ ဒါဟာ ခွက်ရဲ့ အောက်ခြေမျက်နှာပြင်ဟာ ရေရဲ့ဖိအား ခံနေရလို့ပါပဲ။
ဒီလိုဖိအားဟာ အပေါ်သို့ တည့်မတ်စွာ ဖြစ်ပေါ်တဲ့ ဖော့အား (buoyancy) ဖြစ်တယ်။ ဖော့အားဟာ သံပြားရဲ့ အလေး
ချိန်ထက် ကြီးမယ်ဆိုရင် သံခွက်ကိုမြုပ်မသွားအောင် ပင့်ထားနိုင်တယ်။ ဓမ္မတာပဲ။ သံခွက်ရဲ့ လေးဘက်စလုံးကို ရေ
ရဲ့ ဖိအားဟာတူညီတယ်။ ဦးတည်ချက်ချင်း ဆန့်ကျင်တယ်။ အပြန်အလှန်ခြေဖျက်ပစ်လိုက်တယ်။ ဝဲယာ နှစ်ဖက်ဟာ
ဖိအားဟာလည်းဒီအတိုင်းပါပဲ၊ အပြန်အလှန်ချေဖျက်ပစ်တယ်။ ဖော့အားဟာ ရေအနက်ကိုလိုက်ပြီးတိုးများလာတယ်။
အဲဒီ ရေထဲနစ်နေတဲ့ အပိုင်းရဲ့ ဧရိယာ တိုးလာတာနဲ့ လိုက်ပြီး တိုးတက်လာတာဖြစ်တယ်။ သံခွက်ရဲ့ ဧရိယာဟာ သံ
ပြားထက်အများကြီးကြီးတဲ့အတွက်ဖယ်ထုပ်တဲ့ရေရဲ့ အလေးချိန်ဟာလည်း အများကြီးကြီးတယ်။ ရရှိတဲ့ဖော့အားဟာ
လည်း အများကြီးကြီးတယ်။ ဒါကြောင့် ခွက်ထဲ အရာတစ်ခုခုထည့်ထားတာတောင် ရေပေါ်ပေါ်နေနိုင်တယ်။ သင်္ဘော
ကြီး ရေပေါ်ပေါ်နေနိုင်တာလည်း ဒီအတိုင်းပါပဲ။
အရာဝတ္တုဖော့ခြင်း မြုပ်ခြင်းနိယာမ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝဝဝ ကျော်က ဂရိပညာရှင်ကြီး အာခေမိဒိ က တွေ့ရှိ
တာဖြစ်တယ်။ သူကတိကျစွာပြောထားတယ်။ "ရေတွင်းရှိအရာဝတ္ထုပေါ် သက်ရောက်တဲ့ဖော့အားအကြီး အငယ်ဟာ
အရာဝတ္ထုက ဖယ်ထုပ်လိုက်တဲ့ ရေရဲ့ အလေးချိန်နဲ့ ညီမျှတယ်။" သင်္ဘောကြီးလေ၊ ရေပိုစူးလေ။ သင်္ဘောကဖယ်ထုပ်
တဲ့ရေရဲ့လေးချိန်ကြီးလေ၊ သင်္ဘောကို သက်ရောက်တဲ့ဖော့အားကြီးလေ ဆိုတဲ့သဘောပါပဲ။ ဒီတော့ ပစ္စည်းပိုများများ
တင်နိုင်တာပေါ့။ (အဘယ်ကြောင့်တစ်သိန်း)
.....................................................................................................................................
No comments:
Post a Comment