GSM ဟန်းဖုန်းနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် ဒီ ဝဘ်ဆိုက်လေးက
အဆင်ပြေမှာပါ။ လိပ်စာကတော့ http://www.gsmworld.com ပါ
ယနေ့မြန်မာနိုင်ငံမှာ ဟန်းဖုန်းကိုင်ဆောင်သူပေါင်းဟာ သိန်းနဲ့ချီပြီးရှိနေပါပြီ။ အဲဒီလူတွေထဲကနေ အင်တာနက်ကို
သွားသွားသုံးနေသူတွေကလည်း ထောင်နဲ့ချီပြီးရှိနေလောက်ပါပြီ။ အင်တာနက်စင်တာကိုရောက်ရင်ဖွင့်ကြည့်ဖို့ web-
site တစ်ခုကို ညွှန်းလိုပါတယ်။ ဟန်းဖုန်းရှိတဲ့သူတွေလည်း အင်တာနက်ကိုရောက်ရင် ဖွင့်ကြည့်ကြဖို့ရည်ရွယ်ပါ
တယ်။ အဲဒါကတော့ ဂျီအက်စ်အမ် အဖွဲ့ကြီး ( GSM Association ) ကနေ လွှင့်တင်ထားတဲ့ website ပါ။ ဖွင့်ကြည့်
ချင်ရင်တော့ ရှာဖွေရေးအင်ဂျင်တွေမှာ www.gsmworld.com ကိုရိုက်သွင်းလိုက်ပါ။ ဖောက်သည်ပေါင်း သန်းနှစ်
ထောင်ကျော် ရှိနေပြီး ၁၉၈၇ ခုနှစ်ကတည်းက လွှင့်တင်ထားတဲ့ အဖွဲ့ကြီးရဲ့ ပင်မစာမျက်နှာ ပေါ်လာပါလိမ့်မယ်။ နိုင်ငံ
တွေနဲ့ နယ်မြေပေါင်း ၂၁၄ ခုကို ဖြတ်သန်းသွားနေတဲ့ အော်ပရေတာ ဌာနပေါင်း ၆ဝဝ ကျော်ရဲ့အောက်မှာရှိသမျှ
အရေအတွက်ပါ။ တစ်ကမ္ဘာလုံး မိုဘိုင်းအသုံးပြုသူတွေရဲ့ ၈ဝ% ရှိပါတယ်။
ဥရောပတိုက်တစ်ဝန်းမှာ မိုဘိုင်းနည်းပညာတစ်ခုပုံပေါ်လာစေဖို့အတွက် ၁၉၈၂ မှာ ဥရောပတိုက်နဲ့ကြေးနန်း
မဟာမိတ် အဖွဲ့ကြီးက အထူးမိုဘိုင်းအဖွဲ့ ( Group Special Mobile-GSM ) အဖြစ်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
( GSM-Global System for Mobile Communication ဆိုတဲ့ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေးနဲ့ မရောထွေးမိစေဖို့
သတိပြုပါ။) ၁၉၇၈ ခုနှစ် အင်္ဂလန်နိုင်ငံလန်ဒန်မြို့မှာကျင်းပတဲ့ ဥရောပနိုင်ငံတစ်ဝန်း ဒီဂျစ်တယ်ညီလာခံကြီးမှာတော့
နိုင်ငံပေါင်း ၁၃ နိုင်ငံကအဖွဲ့ဝင်ပေါင်း ၁၅ ဦးဟာ GSM စံညွှန်းရဲ့အခြေခံပါရာမီတာကို သဘောတူကြပြီး နားလည်မှု
စာချွန်လွှာချုပ်ဆိုနိုင်ခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ဆင့်ကဲဖွံ့ဖြိုးတိုးတက်မှုနည်းစဉ်အတိုင်း ၁၉၉၅ ခုနှစ်မှာတော့ ဖောက်သည်ပေါင်း ၁ဝ သန်း
အထိ တိုးတက်လာခဲ့ပြီးကမ္ဘာ့ ဂျီအက်စ်အမ် ညီလာခံကို စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပနိုင်ခဲ့ပါတယ်။ အခုတော့
ဖောက်သည်ပေါင်း သန်းနှစ်ထောင်ရှိလာခဲ့ပါပြီ။ အဲဒီအဖွဲ့ကြီးကနေ GSM နည်းပညာ အပါအဝင် GPRS နည်းပညာ ၊
EDGE နည်းပညာ၊ 3GSM နည်းပညာတွေကို ကမ္ဘာတစ်ဝန်း ဖြန့်ချိပေးနေပါတယ်။မကြာမီမှာနောက်ဆုံးပေါ် GSDPA
ကွန်ရက် ကိုလည်းကြော်ငြာဖို့ရှိနေပါတယ်။ ကြိုးမဲ့နည်းပညာတွေနဲ့ပတ်သက်သမျှသိမှတ်ဖွယ်ရာတွေအားလုံးကို အဲဒီ
website မှာလွှင့်တင်ထားပါတယ်။ ကြိုးမဲ့နည်းပညာတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို
လည်း စနစ်တကျ ပြုလုပ်နေတဲ့ အဖွဲ့ကြီးပါ။ အဲဒီအဖွဲ့ကြီးကနေကြီးမှုးပြီး ဥရောပနဲ့တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေ
နဲ့ ဆေးပညာရှင်တွေဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ထောက်ပံ့ကူညီမှုငွေ ပေါင် ၆ သန်းနဲ့အတူ ၁၉၉၉ ကတည်းက
နေ ကြိုးမဲ့နည်းပညာနဲ့ ကျန်မာရေးထိခိုက်မှုအဆက်အစပ်တွေကို သုတေသနလုပ်ခဲ့ပါတယ်။ ရရှိသမျှအချက်အလက်
တွေကို အဖွဲ့ဝင်တွေဆီ ဖြန့်ချိပေးနေပါတယ်။ ဒီ website မှာ ကျန်းမာရေးဆိုင်ရာမေးခွန်းတွေကို ဖြေကြားပေးထား
တာတွေရှိပါတယ်။ အဖွဲ့ကြီးထဲမှာ နိုင်ငံအသီးသီးကအစိုးရအဖွဲ့ဆက်သွယ်ရေးဌာနတွေ၊ ကွန်ရက်ကုမ္ပဏီကြီးအားလုံး
ပါဝင်နေတာမို့ GSM အသုံးပြုပုံတွေ၊ လုံခြုံရေးဆိုင်ရာ နည်းနာတွေကိုလည်း ဖြန့်ဝေပေးနေပါတယ်။
ဒီအဖွဲ့ကြီးကို စိတ်ဝင်စားလို့ မေးမြန်းချင်၊ စာထည့်ချင်၊ e-mail ပို့ချင်၊
ဖုန်းဆက်ချင်ရင်တော့ အောက်ပါအတိုင်း ဆက်သွယ်လိုက်ပါ။
GSM Association
Block 2
Deansgrange Business Park
Deansgrange
Co Dublin,Ireland
Tel: + 35312891800
Fax: + 35312891551s
E-mail: info@gsmworld.com
No comments:
Post a Comment