ကျောင်းလည်းခဏပိတ်ထားတော့ လူကပျင်းနေပါတယ်။ ဘာလုပ်ရမှန်းကို မသိဘူး။ ဂယောင်ဖြစ်နေတယ်။
မထူးပါဘူး။ အင်တာနက်ပဲသွားနှိပ်တော့မယ်ဆိုပြီး ထွက်လာလိုက်တာ.. အလား...မိုးရွာနေပါလား။ တော်ပြီ
အိမ်မှာတော့မနေချင်ဘူး။ မိုးကာဝတ်ပြီးသွားမယ်ဆိုပြီး မိုးကာဝတ်လိုက်တယ်။ ဆိုက်ကယ်ပေါ်တက် စက်နှိုး
ကြည့်တော့။ ငယ်ထိပ်မြွှေပေါက်ပြီ။ ဘာလို့ဆို ဆိုက်ကယ်ဘီးက တော်တော်လေးပြားနေတာကိုး။ ဘီးပေါက်
နေတယ်ပေါ့။ ဒါပေမဲ့ အင်တာနက်ဆိုင်ထိတော့ ရောက်မှာပါဆိုပြီး တော်တော်လေးပြားနေတဲ့ ဘီးတပ်ထား
တဲ့ ကျွန်တော့်ဆိုက်ကယ်စုတ်ကို ယူပြီး ဒိုးပါတော့တယ်။ အင်တာနက်ဆိုင်လည်းရောက်ရော အိမ်မှာပျင်းနေ
တာတွေလည်းပျောက်၊ အမောလည်းပြေသွားပါတယ်။ ဘာလို့ဆို အင်တာနက်သုံးတဲ့အချိန်တွေဟာ အပျော်
ဆုံးအချိန်တွေပါပဲ။ ဘလော့ဂ်မှာ စာလေးရေးလိုက်၊ အပျင်းပြေပြန်ကြည့်လိုက်၊ အရမ်းကို အရသာရှိပါတယ်။
လူဆိုတာက ကိုယ်ပြုလုပ်ထားတဲ့ အရာလေးတွေကို မျှဝေချင်တဲ့စိတ်ကလေးရှိပါတယ်။ လူထဲက လူတစ်
ယောက်ဖြစ်တဲ့ ကျွန်တော်ဟာလည်း ကျွန်တော် ပြုလုပ်ထားတာလေးတွေ မျှဝေချင်ပါတယ်။ မျှဝေလိုက်လို့
တစ်ဘက်လူ စိတ်ချမ်းသာသွားတယ်ဆိုရင် အရမ်းပျော်တာ။ ဘယ်ခံစားချက်နဲ့မှ လဲလို့မရဘူး။ ကြည်နူးတာ
လို့ပဲပြောမလားတော့မသိဘူး။ တကယ်ကိုဝမ်းသာတာ။ အဲဒီခံစားချက်လေးကို အမြဲတမ်းပဲခံစားချင်တယ်။
ဘာဖြစ်လို့ဆို စာကျက်ရတာ အရမ်းစိတ်ညစ်စရာကောင်းတယ်လေ။ အရမ်းစိတ်ညစ်လို့ ထွက်ပေါက်ရှာရင်
အင်တာနက်ဆိုင်ပဲ ပြေးတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ဘလော့ဂ်လေးက ကျွန်တော့်
အတွက်အဖော်မွန်ပါပဲ။ တကယ် ပြောရမယ်ဆိုရင် ဒီဘလော့ဂ်က ကျွန်တော့်ရည်းစားနဲ့တူတယ်။ ရည်းစား
သာမရှိသေးပေမဲ့ ပျော်ရွှင်စရာလည်းကောင်းတယ်။ အပျင်းလည်းပြေတယ်။ မှတ်ဥာဏ်ကိုလည်း ရင့်သန်စေ
တယ်။ ဖြစ်ထိုးဥာဏ်ကိုလည်း ကောင်းမွန်စေတယ်။ ဗဟုသုတလည်း ပြည့်ဝစေတယ်။ ဘာလို့ပြောတာလည်း
ဆိုတော့ ဘလော့ဂ်ရေးတော့မယ်ဆိုရင် စာများများဖတ်ရတယ်။ အွန်လိုင်းများများ ဝင်ရတယ်။ တခါတလေ
ပြဿနာဖြစ်ရင် ကိုယ့်ဟာကိုယ်ဖြေရှင်း၊ မဖြေရှင်းတတ်ရင် ကိုယ့်ထပ်ပိုသိတဲ့သူတွေကိုမေး၊ မိတ်ဆွေလည်း
တိုးသေး၊ ပညာလည်းရသေးမို့ ပြောတာပါ။ အဲတော့ အင်တာနက်ဆိုင်ကို ပိုသွား၊ ဗဟုသုတလည်းရ၊ ပညာ
လည်းတိုး။ အပျင်းလည်းပြေ။ ဘယ်လောက်အကျိုးရှိသလဲ။
ဒါပေမဲ့ အဲဒီလိုအကျိုးတွေရှိသလို အပြစ်ကလည်းရှိသေးဗျ။ ဘာလို့ဆို... အင်တာနက်ဆိုင်များများသွားလေ..
ပိုက်ဆံပိုကုန်လေမို့လေ။ အိမ်ကလည်း မုန့်ဖိုးတော့ ပေးပါရဲ့။ ဒါပေမဲ့ တစ်ခါတလေကျရင် မုန့်ဖို့မလောက်
တာတွေဖြစ်တတ်လွန်းလို့ပါ။ ဒါပေမဲ့ အထက်က အကျိုးတွေရှိနေပြန်တော့လည်း မသွားပဲ မနေနိုင်ဘူးဗျ။ ဒီ
အချိန်ရောက်လာရင် မသွားဘဲကို မနေနိုင်ဘူးဖြစ်နေတယ်။ မသွားရင်လည်း စိတ်က သတိရနေတယ်။ ရည်း
စားထားသလိုမျိုးဆိုတာ အဲဒါကိုပြောတာပါ...ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကိုယ့်ပညာရေးကလည်း ရှိနေသေးတာ
မို့ တော်ရုံတန်ရုံလောက်သုံးတာ အကောင်းဆုံးပါ။ တန်ဆေးလွန်ဘေးပေါ့ ။ ကဲ.. ကျွန်တော်လည်း စကား
မရှည်တော့ဘူး။ အင်တာနက်ကို ဆေးဖက်ဝင် အပင်လိုသုံးစွဲတတ်ပါစေ...
လို့ပြောရင်း.....
ပြားနေတဲ့ ဘီးလေးကို လေထိုးကျွတ်ဖာဆိုင်မှာ အပ်၊ ဘီးဖာပြီး၊ ပြုံးပြုံးပြုံးပြုံးနဲ့ အိမ်ကိုပြန်လာပါတော့တယ်။
ဘာဖြစ်လို့လဲဆို မုန့်ဖိုးပေးတဲ့ အမေကို ဖားရဦးမယ်လေ.....
No comments:
Post a Comment