Tuesday, 28 October 2008

လျှပ်စစ်ကား

 
 ဂျပန်နိုင်ငံဟာ ကားဈေးကွက်မှာ ကမ္ဘာ့နံပါတ်တစ်နေရာမှာရှိနေပါတယ်။
အခုလည်း Pivo 2 လို့အမည်ပေးထားတဲ့ လျှပ်စစ်စွမ်းအင်သုံး  မော်တော်
ကားလေးကို  တိုကျို  ကားပြပွဲတစ်ခုမှာ   ပြသခဲ့ပါတယ်။   ၄င်းမော်တော်
ကားလေးရဲ့ဘီးဟာ ၉၀ဒီဂရီ လှည့်လို့ရတဲ့အပြင် ဘယ်ဘက်ကိုမဆိုလှည့်
လို့ရတဲ့ စနစ်ပါရှိပါတယ်။ ဒီစနစ်ဟာ ကားထိုးဖို့ခက်ခဲတဲ့  ကားပါကင်တွေ
မှာ  တော်တော်လေးအသုံးဝင်မှာပါ။  စက်ရုပ်မျက်လုံးလေးတွေပါ  သလို
လုပ်ထားတဲ့   ဒီကားလေးဟာ   ကားမောင်းနေစဉ်မှာ   ကားမောင်းသူကို
ဂျပန်စကားနဲ့ အင်္ဂလိပ်စကားတွေ တတွတ်တွတ်နဲ့ပြောနေမှာပါ။  ကားသ
မား အပျင်းပြေပေါ့။    - အောက်ပုံများကတော့  မြင်ကွင်းအမျိုးမျိုးကရိုက်
ရိုက်ထားတဲ့ပုံလေးတွေပါ။ 
 
ကားရှေ့က မြင်ကွင်းလေး...
 
အတွင်းပိုင်းကလည်းဒီလို...
 
စတီရာရင် လေးကလည်းချစ်စရာ

No comments: