Monday, 3 November 2008

ထိုင်း ဘုရင်

 ဘုရင်မင်းမြတ်ငယ်စဉ် ရုပ်ပုံလွှာ...
.....................................................
ကြင်ယာတော် သီရိခေတ် (Sirikhit) နှင့်အတူတွေ့ရစဉ်

ဘူမိဘောအဒူလျာဒက်ခ်ျသည် ယခုလက်ရှိ ထိုင်းနိုင်ငံတွင် မင်းပြုနေသော ကမ္ဘာပေါ်တွင် နန်းသက်အရှည်
ဆုံးသော  ဘုရင်မင်းမြတ်ဖြစ်သည်။ ၄င်းကို ၁၉၂၇ ခုနှစ် ဒီဇင်ဘာ ၅ ရက်  တနင်္လာနေ့တွင် မွေးဖွားသန့်စင်
သည်။ ထိုင်းနိုင်ငံပြည်သူအများစုက ၄င်းကို ကြီးမြတ်သော ဘုရင်မင်းမြတ် The Great ဟုခေါ်ကြသည်။ ထို့
ပြင် Rama IX ဟုလည်းခေါ်ကြသည်။  ဘုရင်မင်းမြတ်သည်  ၁၉၄၆ ခုနှစ်၊  ဇွန်လ ၉ ရက်နေ့တွင် နန်းတက်
သည်မှာ ယနေ့ထိတိုင် ဖြစ်သောကြောင့် ထိုင်းနိုင်ငံတွင် နန်းသက်အရှည်ဆုံး ဘုရင်အဖြစ်မှတ်တမ်းတင်ခြင်း
ခံရသည်။ ဘီလီယံကြွယ်သူဌေး ဘူမိဘောသည် ၄င်း၏ ငွေ အချို့ကို တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း သုံး
ထောင်ကျော်တွင် ထည့်ဝင်သုံးစွဲထားသည်။ အထူးသဖြင့် ကျေးလက်တောရွာများတွင်၎င်းပိုင်ဆိုင်သော ငွေ
အတော်များများကို မြှုပ်နှံထားသည်။  ထိုင်းဘုရင်မင်းမြတ်သည်  ထိုင်းနိုင်ငံတွင်  အလွန်ကျော်ကြားသည်မှာ
ငြင်းဆိုဖွယ်ရာမရှိ။ အဘယ့်ကြောင့်ဆိုသော် ထိုင်းဘုရင်မင်းမြတ်၏ ကိုယ်တစ်ဝက်ပုံများကို ထိုင်းနိုင်ငံနေရာ
တော်တော်များများတွင် တွေ့နိုင်သောကြောင့်ဖြစ်သည်။
ဘုရင်မင်းမြတ်သည် အမေရိကန်ပြည်ထောင်စုတွင် ဖွားမြင်သန့်စင်၍ ဆွစ်ဇလန် နိုင်ငံတွင် ပညာသင်ကြား
ဘွဲ့ရခဲ့သည်။   (ref: wikipedia)

No comments: