ပထမဆုံးကျောင်းဖွင့်တဲ့တစ်ရက်မှာပဲ ဂရိဒဿနပညာရှင်ဆိုကရေးတီးက ကျောင်းသားတွေကို " ဒီနေ့ အ
လွယ်ဆုံး၊ အရှင်းဆုံးသင်ခန်းစာတစ်ခုကို သင်မယ်။ သင်ခန်းစာက ကျောင်းသားတိုင်း ကြိုးအထုံးတစ်ခုကိုယူ
ပြီး အရှေ့အနောက်လွှဲနိုင်သမျှ လွှဲဖို့ပါပဲ " လို့ပြောပြီး ဆိုကရေးတီးက ကျောင်းသားတွေကို သရုပ်ပြခဲ့တယ်။
" ဒီနေ့ကစပြီး တစ်နေ့ကို အကြိမ်၃ဝဝလွှဲနိုင်ကြမလား " လို့ ဆိုကရေးတီးကမေးပြန်တော့ ကျောင်းသားတွေ
က ဝိုင်းရယ်ကြပြီး စိတ်ထဲမှာလည်း " ဒီလောက်လွယ်တဲ့ကိစ္စကို ဘာဖြစ်လို့မလုပ်နိုင်ရမှာလဲ " လို့တွေးမိကြ
တယ်။
တစ်လကျော်လွန်ပြီးနောက် ဆိုကရေးတီးက ကျောင်းသားတွေကို " တစ်နေ့အကြိမ် ၃ဝဝ လွှဲတဲ့သူ လက်
ထောင်ပါ " ဆိုတော့ ကျောင်းသား ၉ဝ% က ဂုဏ်ယူတဲ့ဟန်နဲ့ ကျွန်တော်လုပ်နိုင်တယ်ဆိုပြီး လက်ထောင်
ကြတယ်။
နောက်တစ်လမှာ ဆိုကရေးတီးကအရင်အတိုင်းကျောင်းသားတွေကိုမေးပြန်တယ်။ ဒီတစ်ခေါက်လက်ထောင်
တဲ့သူက ၈ဝ% လောက်ပဲကျန်တော့တယ်။ အချိန်တစ်နှစ်ကြာတဲ့အခါ ဆိုကရေးတီးက မေးပြန်တယ်။ " အ
လွယ်ဆုံးကြိုးလွှဲနည်းကိုဘယ်ကျောင်းသားတွေလေ့ကျင့်နေသေးလဲ"။ ဒီအချိန်မှာစာသင်ခန်းထဲရှိတဲ့ကျောင်း
သားအားလုံး ငြိမ်ကျသွားပြီး ကျောင်းသားတစ်ယောက်ပဲလက်ထောင်ခဲ့တယ်။ အဲဒီကျောင်းသားဟာ နောင်
တစ်ချိန်မှာ ဂရိဒဿနိကပညာရှင်အဖြစ် ကျော်ကြားလာခဲ့တဲ့ ပလေတို ပဲဖြစ်တယ်။
လောကမှာ အလွယ်ကူဆုံးနဲ့ အခက်ဆုံးအလုပ်က " ကြံ့ကြံ့ခိုင်မှု၊ ဇွဲလုံ့လ " ပဲဖြစ်တယ်။ အလွယ်ကူဆုံးလို့
ပြောရခြင်းက လုပ်ဖို့ဆန္ဒရှိရင် လူတိုင်းလုပ်ဆောင်နိုင်သလို အခက်ဆုံးလို့ပြောရခြင်းက တကယ်လုပ်နိုင်တဲ့
လူဦးရေနည်းပါးတဲ့အတွက်ကြောင့်ဖြစ်တယ်။ အောင်မြင်ခြင်းက ဇွဲလုံ့လရှိသူတွေရဲ့နောက် ထပ်ကြပ်မကွာ
လိုက်နေပါတယ်။ (နိုင်းနိုင်းစနေ)
No comments:
Post a Comment