Wi Max ဆိုတာဘာလဲ...
Wi Max ဆိုတာ World Wide Interoperability for Microwave Access ရဲ့အတိုကောက်ဖြစ်ပါတယ်။ ရေဒီယို
ကြိမ်နှုန်းခွင်တွေသုံးပြီး digital bits ပမာဏများစွာကို ကြိုးမဲ့စနစ်နဲ့ ထုတ်လွှတ်ချိတ်ဆက်နိုင်မယ့် နည်းပညာ
ဖြစ်တယ်။ mobile computer နဲ့ handhelds တွေကနေ ကြိုးမဲ့ချိတ်ဆက်နိုင်တဲ့ Wi-fi wireless network တွေကို
ထပ်ဆင့် တိုးချဲ့မွမ်းမံထားတဲ့ စနစ်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိအသုံးပြုနေတဲ့ Broadband entertainment
နဲ့ Internet Access တွေဟာ Fibrotics cable line တွေအပေါ် အခြေခံတည် ဆောက်ထားတာဖြစ်လို့ ကုန်ကျ
စရိတ် အင်မတန်ကြီးပါတယ်။ WiMax ဟာ ကြိုးမဲ့ရေဒီယို နည်းပညာကို အသုံးပြုထားတာကြောင့် ကုန်ကျ
စရိတ်များစွာသက်သာတယ်။ WiFi နဲ့ WiMax ဘာကွာသလဲဆိုတော့ လက်ရှိလေဆိပ်၊ ကော်ဖီဆိုင်၊ ဟိုတယ်
တွေမှာ Hotspot တွေထားပြီး အင်တာနက်နဲ့ ကြိုးမဲ့ ချိတ်ဆက်နိုင်အောင်လုပ်ထားတဲ့ WiFi စနစ်ဟာမီတာအ
နည်းငယ်လောက်အကွာအဝေးထိ ချဉ်းကပ်ပြီးမှ ဆက်သွယ်လို့ရတယ်။ WiMax ကတော့ မိုင် ၃၀ အကွာအ
ဝေးက လှမ်းဆက်သွယ်နိုင်တယ်။ အချက်အလက်သယ်ဆောင် ဝင်ဆံ့မှုအားမှာလည်း အဆ ၅၀ ပိုလာမယ်။
အသုံးပြုသူတွေအတွက်ဘာတွေပေးစွမ်းမလဲ
TV,TiVo, note book PC နဲ့ Smart phone အသုံးပြုတွေအားလုံးမှာ WiMax access chip တပ်ဆင်လိုက်တာနဲ့
မြန်နှုန်းမြင့် အင်တာနက်ချိတ်ဆက်မှုတွေကို သွားလာလှုပ်ရှားရင်း ကြိုးမဲ့စနစ်နဲ့ အသုံးပြုလာနိုင်တယ်။ Ultra-
fast, Websurfing, video telephone calls နဲ့ Movie viewing တွေကိုအင်တာနက်ဆက်ကြောင်းကနေလုပ်ဆောင်
လာနိုင်တယ်။ အပြိုင်အဆိုင် လုပ်ဆောင်လာတာနဲ့အမျှ ကုန်ကျစရိတ်တွေလည်း သက်သာလာမယ်။
(ကွန်ပျူတာဂျာနယ် ၂၀၀၈ခု ဧပြီ အမှတ် ၁၇၀)
No comments:
Post a Comment