တစ်နေ့မှာ ဖခင်တစ်ယောက်ဟာ သူ့ရဲ့ချမ်းသာကြွယ်ဝတဲ့ မိသားစုတစ်ခုနဲ့အတူ သူ့သားငယ်လေးကိုခေါ်ပြီး
လူတွေ ဘယ်လောက်ဆင်းရဲမွဲတေတယ်ဆိုတာပြဖို့ လယ်ယာတွေရှိတဲ့နိုင်ငံကို အပျော်ခရီးတစ်ခုထွက်ခဲ့ကြ
လူတွေ ဘယ်လောက်ဆင်းရဲမွဲတေတယ်ဆိုတာပြဖို့ လယ်ယာတွေရှိတဲ့နိုင်ငံကို အပျော်ခရီးတစ်ခုထွက်ခဲ့ကြ
တယ်။ သူတို့ဟာ အလွန်ဆင်းရဲတဲ့မိသားစုလေးတစ်ခုမှာ တစ်နေ့နဲ့တစ်ည တည်းခိုကြပြီးအချိန်တွေကို ကုန်
လွန်စေတယ်။ သူတို့ အဲဒီခရီးကနေပြန်လာတဲ့အခါ ဖခင်ဖြစ်သူကသူ့သားကိုမေးတယ်။ "ဒီအပျော်ခရီးထွက်ရ
တာဘယ်လိုနေလဲ"။
"အရမ်းကောင်းတာပဲ ဖေဖေ"
"ဒီလောက်ဆင်းရဲတဲ့လူတွေကို သားတွေ့ခဲ့ပြီမဟုတ်လား" ဖခင်ဖြစ်သူကမေးတယ်။
"ဟုတ်"
"ဒါဆို သားဘာတွေလေ့လာသင်ယူခဲ့သလဲ"
သားဖြစ်သူကဖြေတယ်။ "သားတွေ့ခဲ့တဲ့ဟာတွေက သားတို့အိမ်မှာ ခွေးတစ်ကောင်ပဲရှိတယ်။ သူတို့မှာလေး
ကောင်ရှိတယ်။ သားတို့မှာ ဥယျာဉ်နားအထိရောက်တဲ့ ရေကန်လေးရှိတယ်။ သူတို့မှာ အဆုံးမရှိတဲ့မြစ်ငယ်
လေးရှိတယ်။ သားတို့က ဥယျာဉ်လေးထဲမှာ မီးချောင်းတွေထွန်းတယ်။ သူတို့မှာကြယ်လေးတွေရှိတယ်။သား
တို့ဒိုင်ဗင်ထိုးလို့တဲ့နေရာက ရှေ့ခြံကွက်လပ်ထိရောက်တယ်။ သူတို့မှာ မိုးကုပ်စက်ဝိုင်းကြီးရှိတယ်။
ကောင်လေးပြောပြီးတဲ့နောက်မှာ သူ့အဖေက ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
သူ့သားက ထပ်လောင်းပြောတယ်။..."သားတို့ဘယ်လောက်ဆင်းရဲတယ်ဆိုတာပြလို့ ...ကျေးဇူးပဲ ဖေဖေ"
အရာရာတိုင်းဟာ ရှုမြင်တဲ့ပေါ်မှာပဲမူတည်တယ်ဆိုတာ မမှန်ပေဘူးလား။ သင့်မှာ အချစ်၊ သူငယ်ချင်းတွေ၊
မိသားစုလေး၊ ကျန်းမာရေး၊ ကောင်းတဲ့ဟာသလေးတွေ၊ ဘဝအပေါ်ကောင်းတဲ့အမြင်လေးတွေ.. ဒါတွေအား
လုံးရှိရင် သင့်မှာ အရာရာရှိမှာပါပဲ !
သင်ဟာ ဒီအချက်လေးတွေကို တစ်ခုမှဝယ်နိုင်မှာမဟုတ်ပါဘူး။ သင့်မှာ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှု
တစ်နည်း စိတ်ကူးပုံဖော်ကြည့်မယ်ဆိုရင် သင်ဟာ ပိုင်ဆိုင်မှုအားလုံးကိုရရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ သင်ဟာ
ဘဝအပေါ်မှာထားတဲ့ စိတ်ဓာတ်ရေးရာ ချို့တဲ့ရင်တော့ သင့်မှာ ဘာမှရှိမှာမဟုတ်ပါဘူး !
(www.inspirationpeak.com)
2 comments:
လာလည်သွားတယ် ကြယ်စင်ရေ....
ဒါပေါ့ဗျာ တယောက်နဲ့ တယောက် အမြင်ဘယ်တူပါ့မလဲလေ အဲဒါကြောင့်လဲ ဒီနေ့ထိ စစ်ပွဲတွေ ဖြစ်နေတာပေါ့ဗျာ။
မှတ်သားစရာ ပို့စ်လေးပါပဲဗျာ။
Post a Comment