Monday, 2 February 2009

မုန့်ဟင်းခါး

မြန်မာ့ရိုးရာအစားအစာတစ်ခုဖြစ်သော မုန့်ဟင်းခါးသည်  အချဉ်ဖောက်ပြုလုပ်သည့် ဆန်ခေါက်ဆွဲဖတ်(မုန့်
ဖတ်)လေးများ၊ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်တို့ကို အတူတွဲဖက်စားသုံးရသည့် သွားရည်စာတစ်
မျိုးဖြစ်သည်။ မုန့်ဟင်းခါးအား မြန်မာနိုင်ငံ၏ အမျိုးသားစားဖွယ်တစ်ခုအဖြစ် အချို့က ယူဆကြသည်။ မြန်မာ
နိုင်ငံတစ်ဝန်းရှိ မြို့၊ရွာတိုင်းတွင် မုန့်ဟင်းခါးရောင်းချကြပြီး နံနက်စာမှ  နေ့လည်နေ့ခင်း  အစာပြေအပြင် ည
လည်စာ အဖြစ်ပါ နှစ်ခြိုက်စွာ စားသုံးလေ့ရှိကြသည်။ ထို့ပြင် မုန့်ဟင်းခါးသည် အာဟာရအားဖြင့်  ပရိုတင်း ၊
ကာဗိုဟိုက်ဒရိတ် နှင့် ဓာတ်ဆားများပါဝင်ပြီး ချက်ပုံချက်နည်း ရိုးရှင်းလွယ်ကူသည့်အပြင်  စရိတ်ပါသက်သာ
သောကြောင့် မြန်မာလူမျိုးတိုင်း နှစ်သက်သော အစားအစာလည်းဖြစ်သည်။
မုန့်ဟင်းခါးသမိုင်း
ရှေးမြန်မာ့သမိုင်းတစ်လျှောက်တွင်မုန့်ဟင်းခါးနှင့်ပက်သက်၍ကျောက်စာ၊ပေစာများဖြင့် မှတ်တမ်းတင်ခဲ့ခြင်း
မရှိသဖြင့် မုန့်ဟင်းခါးပေါ်ပေါက်ရာ ဇာတိနှင့် ခေတ်ကာလအား သိရှိရန်  များစွာခက်ခဲလှသည်။  မုန့်ဟင်းခါး
အား အစောဆုံး အထောက်အထားဖြင့်တွေ့ရှိရသည့်နေရာမှာ ကုန်းဘောင်ခေတ်စာဆို ဦးပုည၏လင်္ကာများ
အနက်မှ တစ်ခုတွင် ဖြစ်ပြီး မုန့်ဟင်းခါး ဟု သုံးနှုန်းခဲ့သည်။ ယနေ့တိုင် အချို့ဒေသများတွင် မုန့်ဟင်းခါး အား
မုန့် မုန့်ဟင်း အစရှိသဖြင့် ခေါ်ဝေါ်လျက်ရှိဆဲဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်
ပြီးဖြစ်သည်ဟု ယူဆကြသည်။ တဖန်  ပျူမြို့ဟောင်းများ  တူးဖော်ရာတွင် ဆန်မှုန့်နှင့်  အချဉ်ဖောက်ပြုလုပ်
သော  ကိရိယာအများအပြားတူးဖော်ရရှိခဲ့သောကြောင့်  ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့် နှင့် မုန့်
ဟင်းခါး ပေါ်ပေါက်နေခဲ့နိုင်ကြောင်း ကောက်ချက်ဆွဲကြသည်။ထို့ပြင်မုန့်ဟင်းခါးသမိုင်းကိုစနစ်တကျ သုတေ
သန ပြုရန်ကြိုးခဲ့သော  ဒေါက်တာ ခင်မောင်ညွန့်၏အဆိုအရ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်း
ချက်နည်းမျိုးစုံစာရင်းတွင် ရှာမတွေ့ခဲ့ခြင်းကြောင့် သာမန်အရပ်သား လူအများတို့၏ အစားအစာသာဖြစ်နိုင်
ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦးတစ်ယောက်မျှ အရေးတယူ မှတ်တမ်းမတင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဆို
သည်။
ယေဘုယျ အသုံးပြုသောပစ္စည်းများ
မုန့်ဖတ်၊ ငါးအဖြစ် (ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ငါးသလောက်၊ ငါးရွှေ) အပြင်၊ အခြားသောငါးများလည်း အသုံး
ပြုလေ့ရှိသည်။  ငါးနှစ်မျိုး  သို့မဟုတ်  သုံးမျိုးစပ်  အသုံးပြုခြင်းသည်  ငါးတစ်မျိုးတည်း အသုံးပြုခြင်းထက် ပို
ကောင်းသည်ဟုဆိုသည်။ ငါးရှားပါးသောဒေသများတွင် ကြက်သား၊အမဲသားတို့ကို အသုံးပြုလေ့ရှိသည်။ ဆီ၊
ငံပြာရည်၊ အချိုမုန့်၊ ဆား၊ နနွင်းမှုန့်၊ ငှက်ပျောအူ၊ ဆန်လှော်မှုန့်၊ ကြက်သွန်နီ၊ဖြူ ၊ ပဲမှုန့်၊ ချင်း၊ ငရုတ်ကောင်း၊
စပါးလင် စသည်တို့ပါဝင်သည်။ အသုံးပြုသော ပစ္စည်းများမှာ ချက်လုပ်နည်းအပေါ်တွင်လည်းကောင်း ဒေသ
အလိုက် ရရှိနိုင်မှုအပေါ်တွင်လည်းကောင်း မူတည်၍ ကွဲပြားလေ့ရှိသည်။
တွဲဖက်စားသုံးလေ့ရှိသော ပစ္စည်းများ
အကြော်မျိုးစုံ၊ နံနံပင်၊ ရှောက်သီး၊ သံပုရာသီး၊ ပဲသီး၊  ခရမ်းချဉ်သီး၊  ငရုတ်သီးအလှော်မှုန့်၊  ကြက်သွန်မြိတ်၊
ကြက်ဥ၊ ဘဲဥ၊ ပဲသွေး၊ ငါးသလောက်ဥ၊ ငါးအီကြာကွေး စသည်တို့ပါဝင်သည်။
ဒေသအလိုက် မုန့်ဟင်းခါးများ
မြန်မာနိုင်ငံဒေသအသီးသီးတွင် ချက်လုပ်နည်းနှင့် အသုံးပြုသော ပစ္စည်းများ ကွဲပြားမှုကြောင့်အရသာနှင့် အ
ပြင်အဆင်လည်း အမျိုးမျိုးကွဲပြားကြသည်။  အကြမ်းဖျင်းအားဖြင့် ရန်ကုန် နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ
ဟန် မုန့်ဟင်းခါးများမှာ လူကြိုက်အများဆုံးဖြစ်သည်။  ရန်ကုန်မုန့်ဟင်းခါး၊  မြောင်းမြမုန့်ဟင်းခါး၊  ပုသိမ်မုန့်
ဟင်းခါး၊  ဘိုကလေးမုန့်ဟင်းခါး၊  ဟင်္သာတမုန့်ဟင်းခါး၊ ဖျာပုံမုန့်ဟင်းခါး၊ အင်းလေးမုန့်ဟင်းခါး၊ တောင်ငူမုန့်
ဟင်းခါး၊ ရခိုင်မုန့်ဟင်းခါး (အာပူလျှာပူ)၊ ထားဝယ်မုန့်ဟင်းခါး၊ တပင်တိုင်မုန့်ဟင်းခါး ဟူ၍ ရှိသည်။
မုန့်ဟင်းခါးယဉ်ကျေးမှု
မုန့်ဟင်းခါးသည်  မြန်မာ့လူ့အဖွဲ့အစည်းအတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး ဖြစ်သော အစားအစာ
ဖြစ်သည့်အားလျော်စွာ နေရာ၊ ဒေသ၊ အချိန်အခါမရွေးရနိုင်သော အစားအစာဖြစ်သည်။ နာမည်ကျော် ဆိုင်
ကြီး၊ ကနားကြီးများတွင်သာမက လမ်းဘေး ပလက်ဖောင်းပေါ်ရှိဆိုင်ကယ်များတွင်လည်းကောင်း၊ ဆိုင်းထမ်း
ခေါင်းရွက်ဗျက်ထိုး၊ လက်တွန်းလှည်း၊  ဆိုက်ကားများဖြင့် လှည့်လည် ရောင်းချသူများထံတွင်လည်းကောင်း
ဝယ်ယူရရှိနိုင်သည်။ မြို့ကြီးအချို့ရှိ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဘူတာရုံ အစရှိသည့် လူစည်ကားရာ အရပ်များ
တွင် ၂၄နာရီ  ပတ်လုံးရောင်းချသည့် ဆိုင်များ ရှိလေ့ရှိသည်။  ထို့ပြင် မုန့်ဟင်းခါးသည် လူမျိုး ဘာသာမရွေး
စားသုံးနိုင်ခြင်းကြောင့် အလှူမင်္ဂလာ၊ ဆွမ်းကျွေးကဲ့သို့ သာရေးများမှ အသုဘရှု နာရေးအထိ မပါမဖြစ်သော
အစားအစာဖြစ်သည်။ ယခုအခါတွင် မုန့်ဟင်းခါးသည် မြန်မာလူမျိုးများသွားရောက်အလုပ်လုပ်ကိုင်၊ အခြေချ
ရာ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်၊ အမေရိကန် နှင့် အခြားကမ္ဘာ့  နိုင်ငံအများအပြားသို့
မြန်မာများနှင့်အတူ ပျံ့နှံ့ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်  ပြည်ပဈေးကွက်အတွက်  အထူးရည်ရွယ်  ထုတ်
လုပ်လာသော အသင့်ချက်ပြုတ်နိုင်သည့် မုန့်ဟင်းခါး ခြောက်ထုပ်များလည်း ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။
 အဝေးရောက်နေတဲ့ သူငယ်ချင်းများ အတွက် အမိမြေကမုန့်ဟင်းခါးကို လွမ်းနိုင်အောင်

တင်ပေးလိုက်ပါတယ်။ အမိမြေမှာရှိနေတဲ့ သူငယ်ချင်းများ အတွက်ကတော့ သွားရည်ယိုစေလိုတဲ့

ရည်ရွယ်ချက်နဲ့ပေါ့.... :)
(wikimyanmar)

8 comments:

Tun Tun said...

မုန်.ဟင်းခါး အကြောင်း တော်တော်သိတာပဲနော်။

Unknown said...

မုန့်ဟင်းခါးဆို..အသေကြိုက်...။

ငှက်ပျောဖတ်လေး ထည့်ပေးပါဦးဗျို့ ...

သိုင်းခရု..

:P

Welcome said...

ဗဟုသုတအလို့ငှာ ဖတ်သွာတယ်။
ကိုယ်တိုင်ချက်ဖို့ထက် လမ်းထိပ်ပဲ ပြေးဖို့ များပါတယ်။

ညီနေမင်း said...

မုန့်ဟင်းခါးငတ်နေပါတယ်ဆိုမှ မုန့်ဟင်းခါးပြပြီးတော့ ကျွေးလဲမကျွေးဘူး.. ပြောရင်းနဲ့ ဗိုက်ထဲက တဂွီဂွီနဲ့ မြည်နေတယ်
မုန့်ဟင်းခါးဆို အရမ်းကြိုက်။ ရန်ကုန်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ မုန့်ဟင်းခါးဆိုင်ကို တန်းပြေးတာပဲ

Anonymous said...

ဟင်... ခုမှပဲ မုန့်ဟင်းခါးရာဇ၀င်သိတယ်ဗျ ဟိ အရင်ကသိဘူး
ဗိုက်ပြည့်ပြီးတာပဲဆိုပြီးစာလိုက်တာပဲဗျ။ ဒါနဲ့ကျနော်က
မျောက်မဒေါ်ချို အဲလေမှားလို့ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးပဲကြိုက်
တာဗျ။ ဒါပေမဲ့ ခုတော့ ရှိတာလေးပဲ ပါးဖျဲနားဖျဲစားသွားတယ်ဗျာ။

molay88 said...

ဟာဗျာ...တော်တော်ဆိုးတာဘဲ..လူကိုအဲလိုတော့ မနှိပ်စက်ပါနဲ့ဗျာ...။စား ချင်လွန်းလို့ အခုဘဲပြန်လာ လိုက်ချင်ပြီ..။မုန့်ဟင်းခါး ရာဇ၀င် လေးပါပြောပြတဲ့ အတွက် ကျေးဇေူး ပါဘဲ..။မုန်းဟင်းခါး နဲ့ ပတ်သတ်လို့တော့ ...ဟင်း ဟင်း..။

ရွှေပြည်သူ (ShwePyiThu) said...

မုန့်ဟင်းခါးကို ဘယ်လောက်စားစား မမုန်းတဲ့သူဆိုတော့ ဒီပို့စ်ကို အရမ်းကို နှစ်သက်မိပါတယ်။ သမိုင်းအပါအ၀င် သေချာအသေးစိတ်ရေးပေးထားလို့ ကျေးဇူးတင် ချီးကျူးမိပါတယ် မောင်လေး။ မုန့်ဟင်းခါးကို ရှေးတုန်းက သာမာန်အရပ်သားတွေပဲ စားတာလို့ သိရတော့ နန်းတွင်းကလူတွေကိုတောင် သနားသွားတယ်း)

Anonymous said...

မုန့် ဟင်ရည်လေး နည်းနည်းလောက် ပေး ပါဗျို့ ....။

ကြိုက်မှကြိုက်