ဒေသတွင်းဆေးကုစားသူတစ်ယောက်ရဲ့ ခြေထောက်နားကအိတ်ထဲမှာ ပြန့်ကျဲနေတဲ့ အမှုန့်တွေ၊ သစ်ခေါက်
တွေ၊ ဆေးဖက်ဝင်အပင်တွေရှိပါတယ်။ အဲဒီကနေထွက်လာတဲ့ ဆိုးဝါးတဲ့အနံ့တွေကို အခန်းကျဉ်းလေးကနေ
ရနေရပါတယ်...
အလင်းရောင်အနည်းငယ်သာရှိတဲ့ ဒီအခန်းကျဉ်းလေးထဲမှာ ဘာဘာခြူကူရီ ဟာ ကြေမွထားတဲ့ အမြစ်တွေနဲ့
ရေကို ရေခွက်တစ်ဝက်စာပမာနနဲ့ရောမွှေနေပါတယ်။ ပြီးတော့ ဆေးကုသမှုလာယူတဲ့မိန်းမကြီးတစ်ယောက်
ကိုတိုက်လိုက်တယ်။ သူမဟာ အဲဒီရောထားတဲ့ခွက်ကို သောက်လိုက်တယ်။ အရသာက ခါးလွန်းတဲ့အတွက်
တွန့်သွားတယ်။
ဘာဘာ ခြူကူရီဟာ နိုင်ဂျီးရီးယားမှာ နေ့တဓူဝဖျားနာမှုအမျိုးမျိုးကို ကုသပေးနေတဲ့ တိုင်းရင်းဆေးကုသသူ
များထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီဖျားနာမှုတွေထဲမှာ အေအိုင်ဒီအက်စ်လို ကုသလို့မရတဲ့ရောဂါလည်း အ
ပါအဝင်ဖြစ်ပါတယ်။ သူကရှင်းပြတယ်။ "ကျွန်တော့်အဖိုးက တောတွင်းမုဆိုးပေါ့။ ကျွန်တော်တို့ဟာ ဆေးဖက်
ဝင်အပင်တွေကို အတူတူလိုက်ရှာစုကြတယ်။ပြီးတော့ဆေးကိုဘယ်လိုကျိုရတယ်ဆိုတာသင်ပြပေးတယ်လေ"
ခြူကူရီရဲ့ကြေငြာချက်ဟာ သိပ္ပံ နဲ့ဆိုင်တဲ့ဘာအခြေခံမှမရှိပါဘူး။ ဒါပေမဲ့ သူပြောတဲ့ ဟွာဆာဘာသာစကား
အရ သူ့ကုသစရိတ်က ဆေးရုံတွေထက် ပိုနည်းပါတယ်။ ဒါကြောင့် ဒေသတွင်းမှာရှိတဲ့လူတွေက သူနဲ့ကုနိုင်
ကြပါတယ်။ သူက ဟွာဆာစကားနဲ့ပြောပါတယ်။ "လူတွေက ကျွန်တော့်ကို ယုံကြည်ကြတယ်ဗျ။ ဘာဖြစ်လို့
လဲဆိုတော့ ကျွန်တော့်ဆေးလုပ်ငန်းတွေကို သူတို့တွေ့မြင်ကြလို့ပဲ..."
နိုင်ဂျီးရီးယားမှာရှိတဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းသောလူတွေဟာ တစ်နေ့မှာမှတစ်ဒေါ်လာလောက်ပဲ ဝင်ငွေရှိပါ
တယ်။ ဒါကြောင့် ခြူကူရီလို လူတိုင်းတက်နိုင်လောက်တဲ့ ကုသမှုလိုမျိုး ဆေးကုသသူတွေဆီကို လာဖို့တွန်း
အားပေးနေတာပါ။ ဒါပေမဲ့ ကမ္ဘာမှာ အေအိုင်ဒီအက်စ်လို ဒုတိယအရေအတွက်အမြင့်ဆုံး ဖြစ်တဲ့ ရောဂါကို
နိုင်ဂျီးရီးယားက အတုအယောင် ဆေးကုဆရာတွေက ကြီးမားတဲ့ စီးပွားရေးသဖွယ် ကုသပေးနေပါတယ်။
တိုင်းရင်းဆေးသိပ္ပံ NIPRDဌာနမှ ဒေါက်တာ ရယ်မီ ကူနဲလ်ကတော့ တိုင်းရင်းဆေးသမားတော်တွေဟာ အေ
အိုင်ဒီအက်စ်လိုရောဂါနဲ့ တစ်ခြားရောဂါတွေကို တိုက်ခိုက်ကုသရာမှာ မဟာမိတ်ဖွဲ့နိုင်လိမ့်မယ်လို့ ယုံကြည်
ပါတယ်။ သူက ရှင်းပြပါတယ်။ "သမားတော်တွေက ဆေးဖက်ဝင်အပင်တော်တော်များများနဲ့ အလုပ်လုပ်နေ
ကြတာပါ။ ပြီးတော့ ဒီဆေးဖက်ဝင်တွေက အများယုံကြည်လက်ခံတဲ့ ဆေးပညာမှာ ထုတ်ကုန်အသစ်တွေကို
ပံ့ပိုးပေးနိုင်ပါတယ်။"
ဒေါက်တာ ကူနဲလ်နဲ့ NIPRD ဌာနတို့ဟာ နိုင်ဂျီးရီးယားမှာ တိုင်းရင်းဆေးမှာ အသုံးပြုတဲ့ သစ်ဥသစ်ဖုရာပေါင်း
များစွာကိုစမ်းသပ်နေပါတယ်။၎င်းဌာနဟာ၂၀၀၀ခုနှစ်မှာဆစ်ကယ်လ်ဆဲလ်ကုသမှုကို တိုးတက်စေခဲ့ပါတယ်။
ဒီနှစ်ထဲမှာတော့ ဆီးချိုကုသမှုကို ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ သူတို့ဌာန ဓာတ်ခွဲခန်းရဲ့ ဆေးဖက်ဝင်ဥယျာဉ်
ထဲမှာ တီဘီ၊ ငှက်ဖျား နဲ့ အေအိုင်ဒီအက်စ်ကို ဆန့်ကျင်တဲ့ ခုခံအားတက်စေတဲ့ ဆေဝါးတွေကို စမ်းသပ်နေပါ
တယ်။ "ကျွန်တော်တို့ဟာ ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တဲ့ လုပ်ငန်းတွေကို ဆေးဖက်ဝင်အပင် တစ်ရာကျော်နဲ့စမ်း
သပ်ရာမှာ ဆယ်ခု လောက်က အာနိသင်ပြနေပါပြီ" လို့ NIPRD ရဲ့ ဒါရိုက်တာ ဒေါက်တာယူဖို့အင်ယမ်က ရှင်း
ပြပါတယ်။ ဒါပေမဲ့ ခြူကူရီရဲ့ ကုထုံးတွေထဲက ဘယ်ကုထုံးမှ သိပ္ပံနည်းကျလက်တွေ့မပြနိုင်သေးပါဘူး။ မည်
သို့ပင်ဆိုစေကာမူ ခြူကူရီရဲ့ မိသားစုထဲမှာ တိုင်းရင်းဆေးနဲ့ကုသနေတာ ရာစုနှစ်တစ်ခုကျော်ကျော်လောက်
ရှိနေပါပြီ။ သိပ္ပံပညာရှင်များကတော့ ရှေးလူကြီးတွေနဲ့ သူ့ရဲ့အတွေ့အကြုံတွေက ပျောက်ကင်းနိုင်လောက်
တဲ့ ကုထုံးတွေက ထောင်ပေါင်းများစွာသော ဆေးဖက်ဝင်အပင်တွေနဲ့ ပြုလုပ်တဲ့ ရောဂါရှာဖွေကုသရေးလုပ်
ငန်းတွေမှာတော့ တစ်ထောင့်တစ်နေရာက ကူညီနိုင်မှာပါ။ (CNN)
No comments:
Post a Comment