Tuesday, 10 February 2009

ကော်ဖီ

 အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီ (Coffee)
  ကော်ဖီနဲ့ပက်သက်တဲ့ ယုံတမ်းပုံပြင်အများအပြားရှိပါတယ်။ ကိုယ်ကလည်းကော်ဖီနံ့ ရရင်ကို မနေနိုင်တဲ့ 
ကော်ဖီချိုးဆိုတော့တတ်နိုင်သလောက်လေးတွေရှာပြီးဖော်ပြလိုက်ပါတယ်။ယုံတမ်းပုံပြင်ဆိုပေမဲ့လည်းကော်
ဖီ မြင်ရင်ကို မနေနိုင်တဲ့သူတွေကတော့ ဘာပဲပြောပြော ကော်ဖီအကြောင်းလေး ဗဟုသုတတော့ ရသွားမှာ
ပါ ။ ကဲ ဖတ်ကြည့်ပါဦး ။
(၁၇)ရာစု မတိုင်မီက ဥရောပတိုက်ရှိ လူများသည် ကော်ဖီကို သောက်ရမှန်းမသိခဲ့ကြပေ။ ထိုစဉ်က  အက်ဗီ
ဆီးယားနိုင်ငံနှင့် အာရေဗျကျွန်းဆွယ်တို့တွင် ကော်ဖီကိုမြိန်ရှက်စွာသောက်သုံးနေကြပြီဖြစ်သော်လည်း မည်
သည့်အချိန်က စတင်သောက်သုံးခဲ့ကြသည်ကို အတိအကျ မပြောနိုင်ကြချေ။
စတင်တွေ့ရှိပုံ
ကော်ဖီကို စတင်တွေ့ရှိပုံအကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပုံပြင်အမြောက်အများရှိသည်။ (၃) ရာစု နှစ်ကုန်
လောက်တွင်အာရေဗျမှခရစ်ယာန်ဘုန်းတော်ကြီးတစ်စုသည် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် အက်ဗီဆီးယား
နိုင်ငံရှိ တောတောင်ထူထပ်ရာ ဒေသသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ တစ်ခါသော် ထိုဘုန်းတော်ကြီးများ
မွေးမြူထားသည့်  သိုးနှင့်ဆိတ်တို့သည် ညရောက်သော်လည်း  အိပ်စက်ခြင်းမရှိဘဲ မြူးထူးခုန်ပေါက်၍ သွား
လာနေကြသည်ကို တအံ့တသြတွေ့မြင်ကြရသည်။ ညဆက်တိုက်ပင် ထိုသို့ဖြစ်နေသည့်အတွက် ဘုန်းတော်
ကြီးများသည်  သိုးနှင့်ဆိတ်တို့စားသောက်လေ့ရှိသော သစ်ပင်များကို လိုက်လံ စစ်ဆေး၍ စားသုံးကြည့်ရာမှ
အပင်တစ်မျိုး၏ အရွက်နှင့်အသီးတို့ကြောင့် ဖြစ်ရကြောင်း တွေ့ရှိရလေသည်။ ထိုအပင်မှာ ကော်ဖီပင်ဖြစ်၍
ကော်ဖီရွက်နှင့် ကော်ဖီသီးများကို  စားသုံးမိသော ဘုန်းတော်ကြီးများမှာ စိတ်ရွှင်မြူး၍ အိပ်မပျော်နိုင်အောင်
ဖြစ်ကြရသည်ဟုဆို၏။  ထိုသမိုင်းပုံပြင်မှာ ယုံတမ်းမျှသာ ဖြစ်နိုင်သော်လည်း (၁၅) ရာစုနှစ်ခန့်က  မက္ကာမြို့
သို့ဘုရားဖူးသွားကြသော မွတ်ဆလင်တို့သည်ညဘက်တရားအားထုတ်ချိန်များတွင်အိပ်ငိုက်ပြေစေရန်ကော်
ဖီစေ့ကို လှော်၍အမှုန့်ကြိတ်ပြီးလျှင်ရေတွင်ဖျော်ကာသောက်သုံးခဲ့ကြကြောင်းအထောက်အထားများရှိသည်။
ပျံ့နှံ့သွားခြင်း
(၁၇) ရာစုသို့ရောက်သောအခါ ဥရောပသို့ ကော်ဖီသောက်ခြင်းဓလေ့ကူးစက်လာ၍  ကော်ဖီဆိုင်များအနှံ့အ
ပြားပေါ်ပေါက်လာ၏။အင်္ဂလန်ပြည်တွင်ကော်ဖီဆိုင်များကို၁၆၅၂ခုနှစ်မှစ၍တည်ထောင်ခဲ့ကြောင်းသိရသည်။
(၁၇)ရာစုအကုန်တိုင်အောင် ဥရောပတိုက်ရှိလူများသည် အနံ့အရသာနှင့်ပြည့်စုံသော မိုးကား(Mocha) ခေါ်
အာရေဗျကော်ဖီကိုသာ သောက်သုံးခဲ့ကြသည်။
ကော်ဖီပင်ပေါက်ရောက်ရာ ဒေသများ
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်သည်။ ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်
ငံနှင့် အနောက်အိန္နိယကျွန်းစုတို့မှအပ ကော်ဖီကိုအကြီးအကျယ်စိုက်ပျိုးသော ဒေသများမှာ အမေရိကတိုက်
အလယ်ပိုင်း၊  မက္ကဆီကို၊  အာရေဗျကျွန်းဆွယ်၊  အာဖရိကတိုက်နှင့် အိန္နိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်
ကျွန်း၊ ဆူမားတြားကျွန်း၊ ဂျာဗားကျွန်း နှင့် ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများဖြစ်ကြသည်။ (wikimyanmar)
အောက်ပါတို့ကတော့ ဘာသာပြန်ထားတာလေးပါ။
ကော်ဖီသမိုင်း
ယုံတမ်းပုံပြင်အရပြောရမယ်ဆိုရင်တော့ ကော်ဖီကို အီသီယိုးပီးယားမှာ တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ ကော်ဖီ
ရိုင်းအနေနဲ့ပေါက်ရောက်တာပါ။ အဲဒီမှာရှိတဲ့ သိုးကျောင်းသားတွေက ကော်ဖီစေ့တွေစားစားပြီး ညညအိပ်မ
ပျော်ဘဲမြူးတူးလန်းဆန်းနေတဲ့သိုးတစ်အုပ်ကို သတိထားတွေ့ရှိသွားတာက  စတယ်လို့ပြောရမှာပါ။  နောက်
ယုံတမ်းပုံပြင်တစ်ခုကတော့  မိုခါး ဒါမှမဟုတ် ကော်ဖီဆိုတဲ့နာမည်ကို ပေးပါတယ်။ အာရေဗျလူမျိုးတစ်ဦးကို
သူ့နောက်လိုက်တွေနဲ့ အတူ သဲကန္တာရတစ်ခုကို  အစာငတ်သေအောင် ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲဒီ
မှာ အိုမရ်လို့ခေါ်တဲ့ အာရေဗျတစ်ယောက်နဲ့ သူ့အဖော်တွေဟာ အမျိုးအမည်မသိတဲ့ အပင်ကရတဲ့ အသီးကို
ပြုတ်ပြီးစားကြပါတယ်။ အဲဒီအသီးတွေက အာရေးဗျပြည်ပြေးတွေရဲ့အသက်ကို ကယ်နိုင်ရုံတင်မက အနီးဆုံး
မြို့ဖြစ်တဲ့ Mocha မြို့ကိုပါ ဂုဏ်ဆောင်နိုင်ခဲ့ပါတယ်။  ဒီအဖြစ်အပျက်ကို အစွဲပြုပြီး အဲဒီအပင်နဲ့ အဖျော်ရည်
ကို Mocha လို့ အမည်ပေးခဲ့ကြပါတယ်။ 
ကိုးရာစုလောက်က မွတ်ဆလင်မ်ကမ္ဘာမှာ ကော်ဖီကို ဆေးအနေနဲ့ စတင်အသုံးပြုခဲ့ကြတယ်။ နောက်ပိုင်းမှာ
ကော်ဖီကို အရသာခံဖို့နဲ့ သောက်စရာကောင်းတဲ့ အရာအဖြစ် ကြိုက်နှစ်သက်ခဲ့ကြပါတယ်။  ၁၄ရာစုအတွင်း
မှာတော့ အာရေးဗျ မှာ ကော်ဖီပင်အချို့ကိုစိုက်ပျိုးခဲ့ကြပါတယ်။ သူတို့ဟာအုပ်စုလိုက်ဝင်ရောက်စီးနင်းတိုက်
ခိုက်ကြတဲ့အခါ  ကော်ဖီစေ့တွေကို  အဓိကအာဟာရအရင်းအမြစ်အဖြစ် သားကောင်တွေရဲ့ အဆီထဲမှာ မြှုပ်
နှံထားခဲ့ကြပါတယ်။တူရကီတွေကတော့ သောက်စရာတစ်ခုအဖြစ်မွေးစားခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။
တခါတရံမှာ လေးညှင်းပွင့်၊ သစ်ကြံပိုးခေါက်၊ ဂျင်းမျိုးနွယ်ဝင်အပင်များထည့်ပြီး ခေါင်ရည် ဖြစ်အောင်လုပ်ကြ
လေ့ရှိပါတယ်။
၁၅ဝဝမတိုင်မီလောက်မှာ တူရကီ၊ နောက် အီတလီတို့မှာရောက်ရှိပြီးသွားပြီဖြစ်ပါတယ်။ ၁၇၂၀ မှာ ပြင်သစ်
မရိန်းတပ်အရာရှိ GabrielMathieu deChieu ဟာ မာတီနီကာ ကို ပဲရစ်စ်ကနေ ကော်ဖီပင် သုံးပင်ယူလာ
ခဲ့ပါတယ်။ ခရီးလမ်းမှာ သုံးပင်ထဲက တစ်ပင်ပဲရှင်ခဲ့ပါတယ်။ အဲဒီအပင်ကနေ ကမ္ဘာသစ်ဆီကို ကော်ဖီတွေစ
တင်စိုက်ပျိုးခဲ့ကြတာပါပဲ။  ကော်ဖီဆိုင်တွေကိုတော့ နိုင်ငံကြီးတွေရဲ့ မြို့တော် ၊ နောက်ပိုင်းမှ  မြို့ကြီးတော်
တော်များများမှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။ ၁၆၀၀ ပြည့်နှစ်နောက်ပိုင်းမှာပေါ့။ အဲဒီကနေမှ တစ်ဆင့် အိမ်
မှာသောက်သုံးတဲ့ အထိ ပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။ 
ဒါကတော့ ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ လူတို့ စတင်အသုံးပြုသောက်သုံးလာတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။
(justaboutcoffee) မှ ဘာသာပြန်ပါတယ်။

6 comments:

ဒေါင်းမင်း said...

ကော်ဖီအကြောင်းသေချာအခုမှသိတယ်။။ကျေးဇူးအခုလို
ရှင်းပြတာ..

molay88 said...

ကော်ဖီနဲ့ပတ်သတ်ပြီးတော်တော်လေးကိုမဟုသုတ ရသွားပါတယ်ဗျာ..။အစားအသောက်နဲ့ ပတ်သတ်ပြီးတော်တော်လေး လေ့လာပုံရတယ်..။နောက်ပိုင်း ဘာတွေတင်အုံးမလဲ ဆို တာစောင့်နေမယ် နော်။

Anonymous said...

ကော်ဖီကိုကြိုက်ပေမယ့်
သမိုးအကြောင်းလေး
ခုလိုသိရတော့ ကော်ဖီအရသာကို
ကောင်း2 ပိုခံစားတက်သွားတာပေါ့နော်

Anonymous said...

coffee လာသောက်သွားတယ်။

Anonymous said...

Thanks for this post!

Han Thit Nyeim said...

စိတ်ဝင်စားစရာပဲဗျို့။ ပို့စ်ကောင်းလေးပါပဲ