စိတ်ကျန်းမာရေးပညာရှင်တွေဟာ စိုးရိမ်ပူပန်မှု ကို ပုံသေနည်းတစ်ခုထုတ်ထားပါတယ်။ အဲဒါကတော့ စိုးရိမ်
ပူပန်မှုဆိုတာ မသေချာမရေရာမှုနဲ့ မိမိကိုယ်ကိုမိမိထိန်းနိုင်မှုအားနည်းခြင်းတို့ပေါင်းစပ်ပြီးဖြစ်ရတယ်လို့ဆိုပါ
တယ်။ မိမိကိုယ်မိမိ ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်ချင်သူတွေဟာ စိုးရိမ်ပူပန်မှု ပိုပြီးဖြစ်လေ့ရှိပါတယ်။ ဘာ့
ကြောင့်လဲဆိုတော့ သူတို့ဟာ သူတို့စိတ်ကိုသူတို့ ထိန်းသိမ်းရာမှာ မြင့်မြင့်ကြီးမှန်းထားလို့ တကယ်တမ်းကျ
တော့ စိတ်ကိုထိန်းသိမ်းနိုင်စွမ်းအားနည်းလေ့ရှိကြသူတွေဖြစ်နေလို့ပါပဲ။ တစ်ဖန် တစ်ဦးတည်းအထီးကျန်နေ
ရခြင်းဟာလည်း စိုးရိမ်ပူပန်မှုကို ဖြစ်စေပါတယ်။ အထီးကျန်တစ်ဦးတည်းဖြစ်နေတဲ့အခါ တိုင်ပင်ဖော်တိုင်ပင်
ဖက် မရှိတဲ့အတွက် ကိစ္စရပ်တိုင်းအပေါ် မသေချာမှုတွေ၊ မယုံကြည်နိုင်မှုတွေပိုလာပါတယ်။ မသေချာတဲ့ အ
နာဂတ်ကာလအတွက် တွေးပြီး စိုးရိမ်ပူပန်မှုတွေ ပိုလာတတ်ပါတယ်။ သူများတကာ ပျော်ရွှင်မှုတွေကိုကြည့်
ပြီး မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ကာ ၀မ်းနည်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ခံစားလာရတတ်ပါတယ်။
မကြာမီကာလတွေမှာလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ သူတစ်ပါးအပေါ် မုဒိတာပွားပြီး မျှဝေခံစားတတ်
သူတွေဟာ ပျော်ရွှင်စရာကောင်းတဲ့၊ စိတ်ဖိစီးမှုနည်းတဲ့ ဘ၀ပိုင်ရှင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ တကယ်
တော့ ဒီလိုမုဒိတာပွားနိုင်တယ်ဆိုတာ လက်တွေ့မှာ ပြောသလောက် လွယ်လွယ်လေး မလုပ်နိုင်ကြတာမို့
စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေခံစားကြရတာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ရတဲ့ သောကဝေဒနာတွေက
ဝေးစေလိုရင် မိမိကိုယ်ကို ယုံကြည်ချက်ထားပါ။ သေချာရေရာတဲ့အနာဂတ်ကို လေ့ကျင့်ပျိုးထောင်ပါ။ ရောင့်
ရဲတင်းတိမ်တတ်ပါ။ မုဒိတာပွားတတ်ပါ။ ဒါဆို သောကဘေးက ဝေးမှာဖြစ်ပါတယ်။ (HealthDigest vol.6/no.19)
2 comments:
တကယ်ကောင်းတဲ့ စာသားတွေပါ
မိမိကိုယ်မိမိ ယုံကြည်ချက် မရှိတဲ့နေ့တွေမှာ
ကျွန်မတစ်ယောက် ပူပန်သောကတွေနဲ့ ဗျာများခဲ့တာတွေ
များခဲ့ပါတယ်။ ဒီ post လေးက အားလုံးအတွက် သင့်လျှော် နာယူ သင့်တယ်လို့ ထင်မိပါတယ်
အစ်မလည်း အရမ်းစိုးရိမ်ပူပန်တတ်သူပါ။ ကိုယ့်ကိုကိုယ် ယုံကြည်ချက် သေချာမထားနိုင်သေးလို့ ထင်ပါရဲ့။ ဒီပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ် မောင်လေး...
Post a Comment