ဦးနှောက်ရဲ့ မှတ်သားနိုင်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်မှုအားကောင်းစေတဲ့ အွန်လိုင်းဂိမ်းဆိုဒ်လေးပါ။ အွန်လိုင်း
ပေါ်လျှောက်လည်ရင်း အမှတ်မထင်တွေ့လိုက်တဲ့ ဂိမ်းဆိုပေမဲ့ တော်တော်အသုံးဝင်မှာပါ။ ဘာကြောင့်လဲဆို
တော့ တခါတရံမှာ လူတွေဟာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊စိတ်လေလို့ပဲဖြစ်ဖြစ်၊လူမှုရေးနဲ့ ဦးနှောက်စွမ်းရည်
များကျဆင်းတတ်ကြပါတယ်။နောက်ပြီးအသက်ရလာတာနဲ့အမျှဦးနှောက်ဟာနှေးကွေးသွားတတ်ကြပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ဒီအွန်လိုင်းဂိမ်းဆိုဒ်လေးက ကူညီမှာပါ။ ဘယ်လိုကူညီမှာပါလိမ့်။ သူ့ဆိုဒ်ထဲမှာ ဒီလိုရေး
ထားပါတယ်။
လူ့ဦးနှောက်ဟာ အသက်၃၀ အစောပိုင်းလောက်မှာ နှေးကွေးသွားတာကို သိပါသလား။ သတင်းကောင်းတစ်
ခုကတော့ ဒီလိုနှေးကွေးသွားတာကို မြန်အောင်လုပ်လို့ရပါတယ်။ ပြီးတော့ ဘယ်လို အသက်အရွယ်မှာပဲဖြစ်
ဖြစ် ဦးနှောက်ရဲ့ အခြေခံစွမ်းရည်တွေကို တိုးတက်အောင်လုပ်လို့ရပါတယ်။ ဒါကတော့ Lumosity လို့ခေါ်တဲ့
ဦးနှောက်လေ့ကျင့်ရေး အစီအစဉ်က သင့်ဦးနှောက်ရဲ့အကောင်းဆုံးစွမ်းရည်ကို ထိန်းထားနိုင်မှာပါ။ ဒီအစီအ
စဉ်မှာ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်ဂိမ်းတွေပါဝင်ပါတယ်။ ပြီးတော့ အာရုံကြောကျွမ်းကျင်ပညာရှင်များ
ဦးဆောင်တဲ့ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့် အစီအစဉ်များထဲက တစ်ချို့တစ်ဝက်ဖြစ်ပါတယ်။
ဒီဆိုဒ်ကို သုံးရင် ဒါတွေမြတ်မယ်။ ဘာတွေဘာလိမ့်။ ရှင်းရှင်းလင်းလင်း၊ မြန်မြန်ဆန်ဆန်တွေးခေါ်နိုင်ခြင်း၊ နာ
မည်များ၊ နံပါတ်များ၊ ဦးတည်ရာဘက်များ စတာတွေကို ပိုမိုမှတ်မိနိုင်ခြင်း၊ ဦးနှောက်လန်းဆန်းတက်ကြွမှုကို
တိုးတက်စေနိုင်ခြင်း၊ စိတ်စွမ်းရည်ကိုပါတိုးတက်စေနိုင်ခြင်း၊ အလုပ်လုပ်နေချိန် ဒါမှမဟုတ်ကားမောင်းနေချိန်
တွေမှာ ပိုမိုအာရုံစူးစိုက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို အမြတ်ရမှာပါ။
ဂိမ်းဆိုဒ်ထဲမှာတင် ဘယ်လိုဆော့ရမယ်ဆိုတာပြထားပြီးသားပါ။ စိတ်အခြေအနေကောင်းနေတဲ့အချိန်တွေမှာ
ကစားရင် ပျော်လည်းပျော်ရမယ်။ဦးနှောက်စွမ်းရည်လည်းပိုတက်မယ်။အရမ်းစိတ်ညစ်နေတဲ့အချိန်ဆော့မယ်
ဆိုရင်တော့ စိတ်လေနေတဲ့အချိန်ဖြစ်လေ့ရှိတဲ့ အာရုံစူးစိုက်မှုမရတာတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်း
တာတွေ စတဲ့အပျက်စာရင်းတွေအားလုံးကို တစ်ထောင့်တစ်နေရာက ဖြေရှင်းနိုင်မှာပါ။ သွားရမယ့်ဆိုဒ်လေး
က www.lumosity.com ပါ။ ကဲ အခုပဲပျော်ရွှင်စရာပြတင်းပေါက်ကလေးကနေ ပျော်ရွှင်စရာကမ္ဘာငယ်လေး
ဆီကို သွားမယ်။ စိတ်ညစ်တာတွေ စိတ်လေတာတွေ ထားခဲ့တော့ ။ စိတ်လေကောင်ကြီး ငါ့ကိုယ်ထဲက အ
မြန်ထွက်သွား !!!!!!
3 comments:
Siteရဲ့ Linkကို မှတ်သွားပါတယ်...
ရှဲ့ရှဲ့နော်... :)
မိုက်တယ်ဗျာ..။ အခုလို Share ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါပဲ...။
ကြယ်စင်လေးရေ...
ခုလိုတင်ပြပေးတာ ကျေးဇူးအထူးရှင့်...
မေဒီလည်းသွားဆော့လိုက်ဦးမယ်... :P
Post a Comment