ဂူးဂဲလ်အာ့သ်၊ အိုးရှန်း စတဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်ကြည့်ရှုလို့ရတဲ့ ဝန်ဆောင်မှုများဟာ ဆော့ဖ်ဝဲ
လိုပါတယ်။ ဒေါင်းလုပ်ဆွဲဦး။ အင်စတောလုပ်ဦးဆိုတော့ အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေရာတွေ
ဆို အခက်ကြုံရပါတယ်။ ဒါလေးက ဒေါင်းလုပ်လည်းမလိုအင်စတောလည်းမလိုဘဲသူ့ဝက်ဘ်ဆိုဒ်ထဲမှာတင်
ကြည့်လို့ရပါမယ်။ သင်ကြိုက်တဲ့ ဝဘ်ဆိုဒ်လိပ်စာထည့်ရိုက်ပြီး ဝင်ရုံနဲ့ သူ့ဝက်ဘ်ဆိုဒ်ရဲ့ တည်နေရာကိုပါ
တစ်ခါတည်းဖော်ပြသွားမှာဖြစ်ပါတယ်။ နောက်တစ်မျိုးက အိုင်ပီလိပ်စာထည့်ပြီးလည်းတည်နေရာကိုရှာနိုင်
ပါတယ်။ အများဆုံးအကျယ်ချဲ့ကြည့်နိုင်မယ့် ပုံရိပ်ကတော့အောက်မှာပြထားတဲ့အတိုင်းပါပဲ
ပုံမှာ ရန်ကုန်မြို့ လမ်းဆုံမီးပွိုင့်တစ်နေရာကို ရိုက်ထားခြင်းပါ။ ကားလေးတွေသွားတာကို မြင်နေရတယ်။
နောက် တိုက်တာအဆောက်အဦတွေရဲ့အရိပ်တွေ၊ နောက်ဆုံး သစ်ပင်ကြီးတွေရဲ့ အရိပ်တွေကိုပါ မြင်နေ
ရတာပါ။ အောက်ပုံကတော့ ရန်ကုန်မြို့ကန်တော်ကြီးထဲက အနှီငှက်နှစ်ကောင်ပါ။
နောက်တစ်ခုက ဝက်ဘ်လိပ်စာရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကို ဖော်ပြခြင်းဖြစ်ပါတယ်။
www.planet.com.mm ရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကိုဖော်ပြပေးပါတယ်။ လတ္တီကျု၊လောင်တီကျု
ကအစ၊ နိုင်ငံအမည်၊ နိုင်ငံတော်အလံ၊ ရက်စွဲ၊ နိုင်ငံကုဒ်၊ ဒေသ(ဥပမာ ရန်ကုန်)၊တည်နေရာကုဒ်(ဒီနိုင်ငံ
ကတော့ ဖော်ပြထားခြင်းမရှိပါ။
ဒီလိပ်စာလေးက အင်တာနက်ကောက်နက်ရှင် မကောင်းတဲ့နေရာတွေအတွက်သင့်လျော်ပါတယ်။ ဘာ့လို့
လဲဆိုတော့ ခုနက ပြောခဲ့သလို ဒေါင်းလုပ်မလို၊ အင်စတောမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်လို့ပါ။ ဘယ်လို
သွားရမလဲဆိုတော့ ပထမဦးဆုံး Google စာမျက်နှာကိုသွားပါ။ ပြီးရင် အောက်မှာပြထားတဲ့အတိုင်း ဝဘ်
ဆိုဒ်လိပ်စာရိုက်ထည့်ရတဲ့ဘောက်စ်က အလံလေးမှာ ကလစ်လုပ်ရုံပါပဲ။
အလွယ်ကူဆုံးကတော့ ဒီလိပ်စာ ကိုကလစ်ရုံပါ။
ဒီနည်းလေးက ကြာပြီဖြစ်ပေမယ့် ကျွန်တော်ကတော့ အခုမှတွေ့တယ်။ ဒါကြောင့်ကျွန်တော့်လိုမတွေ့သေး
တဲ့ သူငယ်ချင်းများ လည်းရှိကောင်းရှိမှာပါ။ ၄င်းပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီး ကိုယ်သိတာလေးမျှဝေပါ၏
No comments:
Post a Comment