၁။
သူတို့သည် ကိစ္စများကို ရှုထောင့်သစ်မှကြည့်တတ်ကြသည်။ အများသိနှင့်ပြီးသောအကြောင်းအရာတစ်ခုနှင့်
ပက်သက်၍ မျှော်လင့်မထားသော အမြင်မျိုးရှိတတ်ကြသည်။
၂။
သူတို့၏ အမြင်သည် ကျယ်ပြန့်သည်။ သူတို့နေ့စဉ် သာမန်တွေ့ကြုံနေရသော ကိစ္စများ၊ အတွေ့အကြုံများကို
ကျော်လွန်၍ အကြောင်းအရာမျိုးစုံကို တွေးနိုင်ကြ ပြောနိုင်ကြသည်။
၃။
သူတို့သည် စိတ်အားထက်သန်ကြသည်။ သူတို့၏ဘဝတွင် လုပ်ကိုင်နေသည့် အရာများကို စွဲလမ်းကြောင်း၊
သင်နှင့်တွေ့ကြုံနေရသည့် ခဏတွင် သင်ပြောပြနေသည့် အကြောင်းအရာကိုလည်း စိတ်ဝင်စားကြောင်း ပြ
သကြသည်။
၎။
သူတို့သည် သူတို့အကြောင်းကို အမြဲတမ်းပြောမနေကြ။
၅။
သူတို့သည် စပ်စုတတ်ကြသည်။ ဘာဖြစ်လို့လဲဟူသည့်မေးခွန်းမျိုးကို မေးတတ်ကြသည်။ သင်ပြောပြသည့်
အကြောင်းအရာကို ပို၍သိချင်ကြသည်။
၆။
သူတို့သည် ကိုယ်ချင်းစာတတ်ကြသည်။ သင်၏နေရာကနေကြည့်တတ်ကြသည်။ သင်ပြောနေသည့် ကိစ္စကို
နားလည်ရန်ကြိုးစားတတ်ကြသည်။
၇။
သူတို့သည် ဟာသဥာဏ်ရှိသည်။ ကိုယ့်ကိုယ်ကို ရယ်စရာလုပ်ရန်လည်း ဝန်မလေးကြ။ အကောင်းဆုံးစကား
ပြောတတ်သည့် သူများသည် သူတို့အကြောင်းကို သူတို့ရယ်စရာများ မကြာခဏပြောလေ့ရှိတတ်ကြသည်။
၈။
သူတို့မှာ သူတို့ကိုယ်ပိုင်စကားပြောသည့် စတိုင်ရှိကြသည်။
ခင်မောင်ညို (ဘောဂဗေဒ)
ကျွန်တော်တို့အားလုံးစကားပြောရမည် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်
ခင်မောင်ညို (ဘောဂဗေဒ)
ကျွန်တော်တို့အားလုံးစကားပြောရမည် စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်
2 comments:
ကောင်းပါတယ်ခင်ဗျာ။
ဖတ်မှတ်သ္ဂားပါတယ်ခင်ဗျ။
ကျေးဇူးပါ...
ဒီပို့စ်လေးဖတ်ခွင့်ရတာ ကျေနပ်မိတယ်..။ ဒီနေ့အတွက် မှတ်သားစရာ တစ်ခုရလိုက်လို့ပါ..။
တင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်..း-)
Post a Comment