ပုံပြင်ရဲ့အစကတော့ ဘဲဥအကောင်ပေါက်တာပါပဲ။ ဘဲငှက်ကလေးတွေထဲက တစ်ကောင်ကို အတူနေတဲ့ ဘဲ
တွေက စကားနဲ့ရော၊ စိတ်နဲ့ပါ အတော်အနှောင့်အယှက်ပေးကြတယ်။ သူဟာဝမ်းနည်းစွာနဲ့ပဲစပါးကျီထဲကနေ
ခြေဦးတည့်ရာ လျှောက်သွားနေခဲ့တယ်။ ပြီးတော့ ဘဲရိုင်းတွေနဲ့အတူတူနေတယ်။ ငှက်အုပ်တွေကို အမဲလိုက်
သမားတွေ ထောင်မဖမ်းမချင်း ငန်းတွေနဲ့နေတယ်။ နောက်ပိုင်းမှာတော့သူဟာ အဘွားအိုတစ်ယောက်နေတဲ့
အိမ်ကိုတွေ့သွားတယ်။ ဒါပေမဲ့ အဘွားအိုရဲ့ကြောင်နဲ့အိမ်မွေးကြက်တွေကသူ့ကိုနစ်နစ်နာနာကျီစားကြတယ်။
ဒါနဲ့ပဲ သူဟာ အဲဒီနေရာကနေ ထွက်ခွာခဲ့တယ်။ သူဟာ ပြောင်းရွှေ့နေထိုင်တတ်တဲ့ ငန်းရိုင်းတစ်အုပ်ကိုတွေ့
သွားပြီး အရမ်းဝမ်းသာ အရမ်းစိတ်လှုပ်ရှားသွားတယ်။ ဒါပေမဲ့ သူတို့နဲ့ အပေါင်းအသင်းလုပ်လို့မရခဲ့ဘူး။
ဆောင်းတွင်းရောက်လာတယ်။ လယ်သမားတစ်ယောက်က အေးခဲနေတဲ့ ဘဲငှက်ကလေးတစ်ကောင်ကို အိမ်
ဆောင်းတွင်းရောက်လာတယ်။ လယ်သမားတစ်ယောက်က အေးခဲနေတဲ့ ဘဲငှက်ကလေးတစ်ကောင်ကို အိမ်
ယူလာခဲ့တယ်။ ဒါပေမဲ့ လယ်သမားကြီးရဲ့မွေးကင်းစ ကလေးလေးတွေရဲ့ ဆူညံသံကြောင့် အဲဒီအိမ်ကနေ သူ
ထွက်ပြေးသွားတယ်။ သူဟာ ဝမ်းနည်းစရာကောင်းလှတဲ့ ဆောင်းရာသီကို အပြင်မှာပဲ ကုန်လွန်စေခဲ့တယ်။
ဒါပေမဲ့ နွေဦးရောက်လာတဲ့အခါ လှပလွန်းလှတဲ့ ဘဲငန်းတစ်အုပ်က သူတို့လို အရွယ်ရောက်လာပြီဖြစ်တဲ့ အ
တွက် ဘဲကလေးကို ကြိုဆိုခဲ့ကြတယ်။
(မူရင်းရေးသားသူ-Hans Christian Andersen)
(ကြယ်စင်က ဘာသာပြန်သည်)
5 comments:
ပထမကွ မန့်ပြီနော်။ ဘာသာပြန်ကောင်းတယ်ဗျာ။ ပုံပြင်လေးက ကောင်းပါတယ်။ ပျော်ရွှင်ပါစေ
အင်းပေါ့ ပတ်ဝန်းကျင်းနဲ့ အဆင်ပြေအောင်နေထိုင်းရင်း လှပတဲ့ ကမ္ဘာကို တည်ဆောက်ရမှာပဲနော်... :)
ဘဲလေးနောက်ဆုံးတော့အဖော်တွေရသွားတာပေါ့။ ချစ်စရာပုံပြင်လေးနော်။ အတွေးအခေါ်လည်းပါတယ်။
အသွေးတူ အသားတူတွေ ကြားမှာ သူပျော်မှာပါ။
စင်ကရဲ့ အိမ်လေးမှာ တင်ထားတဲ့ ပုံပြင်တွေက ဖတ်လို့ကောင်းတယ်။ ကျနော့်ရဲ့ ငယ်ဘ၀ကို လွမ်းဆွတ်စေပါတယ်ဗျာ။ စိတ်မရှိပါနဲ့။ ကျနော် စင်ကဆီ အားတိုင်း ရောက်ချင်လို့ လင့်လိုက်မယ်ဗျ။ အဟဲ။
Post a Comment