မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းများ အဖွံ့ဖြိုးဆုံး ကာလများဖြစ်ခဲ့တဲ့ ၂၀၀၁-၂၀၀၂ ခုနှစ် တွေတုန်းက ပုဂ္ဂလိက
ဘဏ်လုပ်ငန်းအချို့မှ အွန်လိုင်းအသုံးပြုဘဏ်စနစ်ကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။
အဲဒီတုန်းက တီဗွီကြော်ငြာတွေမှာလည်း ခဏခဏတွေ့ခဲ့ဖူးပါတယ်။ ကဒ်အမျိုးမျိုး၊စက်အမျိုးမျိုးနဲ့ ငွေသွင်းငွေ
ထုတ်လုပ်ခဲ့တဲ့ပုံရိပ်တွေ စာဖတ်သူလည်းမှတ်မိကောင်းမှတ်မိနိုင်ပါလိမ့်မယ်။ ဒီလိုအဆင်ပြေချောမွေ့တဲ့စနစ်
ဟာ မကြာခင်မှာပဲ အခက်အခဲအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် လုံးဝပျက်သုဉ်းခဲ့ရပါတယ်။
ယခုအခါမှာတော့ မြန်မာ့စီးပွားရေးဘဏ်မှ အွန်လိုင်းအသုံးပြုဘဏ်စနစ်ကို စတင်အကောင်အထည်ဖော်နေ
ပြီလို့သတင်းများမှာတွေ့မြင်လာရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ဘဏ်တွေမှာ အွန်လိုင်းဘဏ် စ
နစ်ကို စတင်အကောင်အထည်ဖော်နေပါပြီ။ ၂၀၁၀ခုနှစ်ထဲမှာတော့ တစ်နိုင်ငံလုံးရှိဘဏ်များမှာ ဆက်လက်
အကောင်အထည်ဖော်မယ်လို့လည်း ကြားသိရပါတယ်။
credit card နမူနာ
၎င်းအွန်လိုင်းဘဏ်စနစ်ဟာ အီလက်ထရောနစ်ဘဏ်စနစ်ဖြစ်တဲ့အတွက် အင်တာနက်အွန်လိုင်းတင်မက မိ
မိဘယ်နေရာပဲရောက်ရောက် မိမိစုထားတဲ့ငွေကိုမိမိလိုအပ်တဲ့ပမာဏအတိုင်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။၎င်း
စနစ်ကြောင့် ဘဏ်လုပ်ငန်းအတွက် အချိန်ပေးရမှုတွေ နည်းသွားမှာဖြစ်သလို ငွေထုတ်ချင်သူတွေအတွက်
လည်း သက်သာလွယ်ကူစွာနဲ့ ထုတ်ယူခြင်း၊ လွှဲခြင်းစတာတွေကို ပြုလုပ်နိုင်မှာပါ။
အကျိုးဆက်အနေနဲ့ကတော့ အွန်လိုင်းဘဏ်စနစ်ကြောင့် ဝန်ဆောင်ခတွေ တက်သွားမှာဖြစ်ပါတယ်။ သို့ပေ
မယ့် ပုဂ္ဂလိကဘဏ်များထက်တော့ မပိုဘူးလို့လည်းဆိုပါတယ်။ ၄င်းအွန်လိုင်းဘဏ်စနစ်ကို ပြည်တွင်းအိုင်တီ
ပညာရှင်များ၊ပုဂ္ဂလိကနည်းပညာကုမ္ပဏီများမှပံ့ပိုးပေးထားပြီးအစိုးရဘဏ်စနစ်ဖြစ်တဲ့အတွက်ပုဂ္ဂလိကဘဏ်
များလို ငွေကြေးခဝါချခြင်းများ၊ ငွေကြေးမနိုင်နင်းခြင်းများ မဖြစ်ပေါ်နိုင်ဘူး။ ရေရှည်တည်တန့်မယ်လို့လည်း
ခန့်မှန်းနိုင်ပါတယ်။
အွန်လိုင်းဘဏ် စနစ်ဖြစ်တဲ့အတွက် အင်တာနက်အွန်လိုင်း၊ ဒစ်ဂျစ်တယ်ကီးကဒ်များကို အသုံးပြုပြီး ဆောင်
ရွက်ရတော့မှာပါ။ မကြာသေးမီကလုပ်ခဲ့တဲ့စစ်တမ်းအရ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေဟာ ၁
ရာခိုင်နှုန်းပဲရှိပါတယ်။ နောက် အင်တာနက်လိုင်းတပ်ဆင်ခ ဈေးကြီးလွန်းနေသေးတဲ့အတွက် အိမ်တိုင်းအိမ်
တိုင်း အသုံးမပြုနိုင်ကြသေးပါဘူး။ အများစုဟာ အင်တာနက်ကဖေးဆိုင်များကို အားကိုးနေရဆဲပါ။ နောက်ပြီး
အင်တာနက်ဆက်သွယ်မှုမကောင်းပြန်ရင်လည်း စားသုံးသူတွေဘက်က စိတ်ညစ်စရာ၊ စိတ်ကသိကအောက်
ဖြစ်စရာတွေဖြစ်လာနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ကီးကဒ်များကို အသုံးပြုပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လျှပ်
စစ်မီးဖူလုံဖို့လည်းအရေးကြီးပါတယ်။
ယခုလောလောဆယ်အကောင်အထည်ဖော်နေတဲ့ အွန်လိုင်းဘဏ်စနစ်ကို လောလောဆယ် နေပြည်တော်
ရန်ကုန်နဲ့ မန္တလေးစတဲ့မြို့တွေမှာ စတင်အသုံးပြုနေပြီး နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်
ရွက်နိုင်ဖို့စီစဉ်နေပါတယ်။ ဘဏ်တွေမှာ မည်သို့မည်ပုံဆောင်ရွက်ရမယ်၊ စနစ်တွေကဘယ်လိုရှိတယ်၊ စည်း
မျဉ်းစည်းကမ်းဥပဒေတွေက ဘာတွေရှိတယ်၊ ဒါတွေကိုတော့ အတိအကျ ထုတ်ပြန်တာမျိုးတော့မရှိသေးပါ။
သို့ပေမယ့် မကြာမီအချိန်အတွင်းမှာ ထုတ်ပြန်တော့မယ်လို့ မျှော်လင့်ရပါတယ်။
ယခုလို မြန်မာနိုင်ငံမှာ အွန်လိုင်းဘဏ်စနစ်စတင်လာပြီဖြစ်တဲ့အတွက် paypal ကဲ့သို့ အွန်လိုင်းမှငွေချေခြင်း
လုပ်ငန်းများလည်း ပေါ်ပေါက်လာတော့မှာပါ။ ၄င်းနဲ့ အတူ ပြည်တွင်းမှာပဲ မြန်မာ့အွန်လိုင်းစီးပွားရေး၊ အင်တာ
နက် မားကတ်တင်း၊ အွန်လိုင်းမှ ပစ္စည်းဝယ်ယူခြင်း၊ အွန်လိုင်းရှော့ပင်ထွက်ခြင်း၊ စတာတွေဖွံ့ဖြိုးလာမှာဖြစ်တဲ့
အတွက် မြန်မာ့စီးပွားရေးဘဏ်မှ အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့ အွန်လိုင်းဘဏ်စနစ်ကို ကြိုဆို
ကြောင်းဖော်ပြလိုက်ပါတယ်။
(မှီငြမ်း-7daynews, livingcolour)
1 comment:
Online banking သုံးနေတုံး connection ကျသွားရင် ဘယ့်နှယ် လုပ်မတုံးဗျ .. .
Post a Comment