မြင်တဲ့အတိုင်းပါပဲ
မျက်လှည့်ပညာရှင် ခရစ်စ်အိန်ဂျယ်ရဲ့ မျက်လှည့်ပြကွက်များထဲက ရေပေါ်လမ်းလျှောက်ပြတဲ့ အံ့မခန်းပြ
ကွက်တစ်ခုပါ။ သူဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၆၇ခုနှစ် ဒီဇင်ဘာ၁၉ရက်နေ့မှာ မွေးဖွား
ပါတယ်။သူ့ကို အမေရိကန်မျက်လှည့်ပညာရှင်၊ ၀ိဇ္ဖာပညာရှင်၊ ဂီတပညာရှင်၊ အခက်အခဲများထဲကရုန်းထွက်
တတ်သူ၊ စတန့်ထွင်သမားလို့လည်းနာမည်ကြီးသလို ဒေးဗစ်ကော်ပါဖီးထက်အစွမ်းထက်သူလို့တောင် အချို့
များက တင်စားကြပါတယ်။ သူ့ကိုသူခါးကနေနှစ်ပိုင်းဖြတ်၊ အစာအိမ်ထွက်ကျလာသည့်တိုင် လှုပ်ရှားနိုင်သေး
တဲ့ သူ့ရဲ့ အံ့မခန်းပညာတွေကြောင့်ပါ။ မျက်လှည့် စိတ်ဝင်စားတဲ့သူများကတော့ သူ့ကို ချီးကျူးကြသလို၊
ဘာသာရေးအရကောက်ချက်ချတဲ့သူများကတော့ မကောင်းဆိုးဝါးမွေးပြီးလုပ်စားတယ်။ နတ်ပူးတယ်လို့ ဝေ
ဖန်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြကွက်များကတော့ ရေကိုဘီယာလုပ်ပြတဲ့ ပြကွက်များအပါအ၀င် အံ့ဖွယ်နဲ့ရင်
သတ်ရှုမောစရာကောင်းလှပါတယ်။ ကဲ သူ့ရဲ့ မျက်လှည့်ဗီဒီယိုကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီလိပ်စာ ကို
သွားလိုက်ပါ။ (wiki)

No comments:
Post a Comment