ကိုယ်ပိုင်ကျောင်း
ဥပဒေ
ပြဋ္ဌာန်းပြီးပါက
ကျူရှင်အားလုံး
ဖျက်သိမ်းရမည်
ဖြစ်ကြောင်း
ကျူရှင်ဆရာ
အသိုင်းအဝိုင်းမှ
သိရသည်။
ကိုယ်ပိုင်ကျောင်း
ဥပဒေမူကြမ်းကို
ယခုအခါ
ပြည်ထောင်စု
ရှေ့နေချုပ်ရုံးသို့
ပေးပို့ပြီး
သဘောထားမှတ်ချက်
တောင်းခံသည့်
အဆင့်သို့
ရောက်ရှိနေပြီ
ဖြစ်ကြောင်းနှင့်
မကြာမီ
လွှတ်တော်သို့
တင်ပြကာ
ဥပဒေအဖြစ်
ပြဋ္ဌာန်းတော့မည်
ဖြစ်ကြောင်း
သိရသည်။
“ကိုယ်ပိုင်ကျောင်း
ဥပဒေပေါ်လာရင်
ကျူရှင်ဥပဒေ
ဖျက်သိမ်းရမယ်။
ဥပဒေသစ်ဆိုတာ
ဥပဒေဟောင်းကို
ဖျက်သိမ်းချင်လို့
ပြဋ္ဌာန်း
တာလေ”
ဟု
ဝါရင့်ကျူရှင်ဆရာဒေါက်တာဦးဝင်းဦး(Dr.Bio)ကပြောသည်။
ကျူရှင်ဥပဒေ ရုပ်သိမ်းလိုက်ပါက တစ်နိုင်ငံလုံးရှိ ကျူရှင်အားလုံးလည်း ဖျက်သိမ်းရမည်ဖြစ်ကြောင်း သိရသည်။ “ဥပဒေ မရှိတော့ရင် ကျူရှင်တွေက ဖျက်သိမ်းရမှာပဲ။ ဆက်ဖွင့်နေရင်တော့ တရားမဝင် ဖြစ်သွားပြီလေ။ ဥပဒေမရှိတဲ့အတွက် ပြဋ္ဌာန်းချက် ဥပဒေ တစ်ခုခုနဲ့တော့ ညှိနှိုင်းမှာပေါ့” ဟု ယင်းက ပြောသည်။ ယင်းအတွက်ကြောင့် ကျူရှင်များသည် ကိုယ်ပိုင်ကျောင်းတစ်ကျောင်း ဖွင့်လှစ်ရန် သတ်မှတ်ချက်များ ပြည့်စုံပါက ကိုယ်ပိုင်ကျောင်းအဖြစ် ပြောင်းလဲ ဖွင့်လှစ်နိုင်ပြီး၊ မဖွင့်လှစ်နိုင်ပါက ပိတ်သိမ်းရမည် ဖြစ်သည်။ “ကိုယ်ပိုင်ကျောင်း ဥပဒေ ပေါ်လာရင် ကျူရှင်ဆရာတွေအတွက် အခက်ခဲတွေ အများကြီး ရှိလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျူရှင်အားလုံးက ကိုယ်ပိုင်ကျောင်း ဖွင့်နိုင်မှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုယ်ပိုင်ကျောင်းဥပဒေက အချက်အချို့ကို ပြင်ဆင်ပေးနိုင်ဖို့တော့ လိုပါတယ်” ဟု ၎င်းပုဂ္ဂိုလ်က ပြောသည်။ (Hot news weekly journal)

No comments:
Post a Comment