နောက်ထပ် ကျွန်တော် SMS အတိုလေးတွေရေးထားတာ ရှိသေးတယ်။ ဖော်ပြပေးပါ့မယ်.....
Thursday, 30 October 2008
SMS စာစုများ
အညွှန်း
ဂျီအက်စ်အမ်ကမ္ဘာ
ဆင်းရဲ...ချမ်းသာ
ကိုယ်တိုင်ရေးထားတာတော့မဟုတ်ပါဘူး။ အွန်လိုင်းပေါ်တက်ရင်း၊ စာလျှောက်ဖတ်ရင်း ကြိုက်လို့ ကူးယူ
ဖော်ပြခြင်းပါ။ လူ့သဘာဝကို တော်တော်လေး ထင်ဟပ်စေပါတယ်။ ဖတ်ကြည့်ပါ။
.......................................
အိမ်ပြောင်းတာ မကြာသေးတဲ့ အမျိုးသမီး တစ်ဦးက သူ့အိမ်ဘေးမှာ ဆင်းရဲသားအိမ်လေး တစ်အိမ်ရှိနေ
တာကို သတိထားလိုက်မိတယ်။ ဆင်းရဲသားအိမ်မှာ မုဆိုးမနဲ့ ကလေးနှစ်ယောက်နေတယ်။
တစ်ညမှာ ရပ်ကွက်တစ်ခုလုံး ရုတ်တရက် မီးပြတ်သွားခဲ့တယ်။ မီးပြတ်တော့ အမျိုးသမီးက ဖယောင်းတိုင်
ထွန်းပြီးနေတယ်။ သိပ်မကြာဘူး... တစ်စုံတစ်ယောက်ရဲ့ တံခါးခေါက်သံကို သူကြားလိုက်တယ်။ တံခါးဖွင့်
ကြည့်တော့ ဘေးအိမ်က ကလေးငယ်တစ်ယောက် စိတ်လှုပ်ရှားတဲ့အသံနဲ့ " အန်တီ.. အန်တီတို့အိမ်မှာ
ဖယောင်းတိုင်ရှိလား " လို့မေးလိုက်တယ်။
အမျိုးသမီးက " အင်း... ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား ? ခဏခဏလာတောင်းနေ
အမျိုးသမီးက " အင်း... ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် မဝယ်နိုင်ပါလား ? ခဏခဏလာတောင်းနေ
မှာ စိုးရတယ်။ ပေးလို့မဖြစ်ဘူး... " လို့တွေးပြီး " မရှိဘူး " လို့ အသံမာနဲ့အော်ပြီး တံခါးပိတ်ဖို့ပြင်လိုက်တယ်။
အဲဒီအချိန်မှာ ကလေးငယ်က မျက်နှာချိုလေးနဲ့ " အန်တီက အိမ်ပြောင်းလာစမို့ ဖယောင်းတိုင် မရှိဘူးဆို
တာ သမီးတို့သိတယ်။ မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးဖယောင်းတိုင် လာပို့တာ " လို့ပြော
ပြီး အင်္ကျီ အိတ်ထဲ ထည့်ထားတဲ့ ဖယောင်းတိုင်ကို ထုတ်ပေးလိုက်တယ်။
အမျိုးသမီးက ဘာမှပြန်မပြောနိုင်ဘဲ ကလေးငယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တော့တယ်.....
အမျိုးသမီးက ဘာမှပြန်မပြောနိုင်ဘဲ ကလေးငယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်တော့တယ်.....
အညွှန်း
အက်ဆေး
Wednesday, 29 October 2008
ပျော်ရွှင်ပါစေ...သရဲပွဲတော်ည
happy halloween night
happy halloween night
သရဲပွဲတော်ည သမိုင်း ဖတ်ချင်ရင်...
Tuesday, 28 October 2008
လျှပ်စစ်ကား
ဂျပန်နိုင်ငံဟာ ကားဈေးကွက်မှာ ကမ္ဘာ့နံပါတ်တစ်နေရာမှာရှိနေပါတယ်။
အခုလည်း Pivo 2 လို့အမည်ပေးထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်
ကားလေးကို တိုကျို ကားပြပွဲတစ်ခုမှာ ပြသခဲ့ပါတယ်။ ၄င်းမော်တော်
ကားလေးရဲ့ဘီးဟာ ၉၀ဒီဂရီ လှည့်လို့ရတဲ့အပြင် ဘယ်ဘက်ကိုမဆိုလှည့်
လို့ရတဲ့ စနစ်ပါရှိပါတယ်။ ဒီစနစ်ဟာ ကားထိုးဖို့ခက်ခဲတဲ့ ကားပါကင်တွေ
မှာ တော်တော်လေးအသုံးဝင်မှာပါ။ စက်ရုပ်မျက်လုံးလေးတွေပါ သလို
လုပ်ထားတဲ့ ဒီကားလေးဟာ ကားမောင်းနေစဉ်မှာ ကားမောင်းသူကို
ဂျပန်စကားနဲ့ အင်္ဂလိပ်စကားတွေ တတွတ်တွတ်နဲ့ပြောနေမှာပါ။ ကားသ
မား အပျင်းပြေပေါ့။ - အောက်ပုံများကတော့ မြင်ကွင်းအမျိုးမျိုးကရိုက်
ရိုက်ထားတဲ့ပုံလေးတွေပါ။
ကားရှေ့က မြင်ကွင်းလေး...
အတွင်းပိုင်းကလည်းဒီလို...
စတီရာရင် လေးကလည်းချစ်စရာ
အညွှန်း
အံ့ဖွယ်
ကားလောက်ကြီးတဲ့ မော်တော်ဆိုင်ကယ်
မော်တော်ဆိုင်ကယ်တဲ့...
...............................................................................
ဒီလို ဆိုင်ကယ်နဲ့ လူတိုက်မိလို့ကတော့...
စက္ကူနဲ့ လုပ်ထားတဲ့ လူအရိုးစု
.............................................................................
လူ့ခေါင်းပုံ ကိုစက္ကူနဲ့ လုပ်ထားတာပါ။
ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်ဆို တာ ဒီပုံကိုစောင်းဆိုတာလား...
..................................................................
မျက်လုံးများက စကားပြောနေသည် ဆိုတာ သည်ပုံက ဖြစ်လာတာပါ။
အညွှန်း
အံ့ဖွယ်
Monday, 27 October 2008
မီးထွန်းပြပွဲ
၂ဝဝ၈ ခုနှစ် အောက်တိုဘာလ ၂ဝ ရက်နေ့က ဘာလင်နိုင်ငံမှာ မီး
ထွန်းပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပုံမှာပြထားတာကတော့ (ဘယ်-ယာ)
ထိုးထောင်ထွက်နေတဲ့ မြို့တော် စကိုင်းလိုင်း နဲ့ ရုပ်မြင်သံကြားလွှင်
တာဝါတိုင်တို့ ပဲဖြစ်ပါတယ်။ ဘာလင်နိုင်ငံမှာ သည်လိုအထိမ်းအမှတ်
အဆောက်အအုံတွေ အများကြီးရှိပါတယ်။ (ဆင်ဟွာ)
ယိမင်ရေကြီး
ယီမင်နိုင်ငံ ဟဒရာမောက် မြို့လေးရဲ့ အရှေ့ဘက်မှာ ရေကြီးရေလျှံ
ခဲ့တာကြောင့် အိမ်များ ပျက်စီးသွားခဲ့ပါတယ်။ အနည်းဆုံး လူပေါင်း
၅၈ ယောက်လောက်သေဆုံးခဲ့ပါတယ်။ Oct 25.2008 (ဆင်ဟွာ)
နောက်ဆုံးကုထုံး
အစ္စရေးအလှ ပြင်ဆိုင်တစ်ဆိုင်မှာ စားသုံးသူတစ်ယောက် အဆိပ်
မရှိတဲ့ မြွှေခြောက်ကောင်နဲ့ အနှိပ်ခံနေပါတယ်။ ကြီးမားတဲ့ တွားသွား
သတ္တဝါအတော်များများဟာ အတွင်းပိုင်း တစ်ရှုးများအတွက် ကောင်း
မွန် ပါတယ်။ မျက်နှာလို နူးညံ့တဲ့ နေရာတွေအတွက် စံပါပဲ။ နာနေတဲ့
ကြွက်သားတွေကို 70 ဒေါ်လာပေးရုံနဲ့ စားသုံးသူတွေကို ၄င်းမြွှေများ
နဲ့ ကုသပေးနေပါတယ်။ (ဆင်ဟွာ)
Subscribe to:
Posts (Atom)














