Saturday, 28 February 2009

စန္ဒရားတီးမယ်




စန္ဒရားတီးလို့ရတဲ့  အသုံးအဆောင် တစ်ခုပါ။  စန္ဒရားတီးရင်းလည်း  သီချင်းဖွင့်လို့ရတဲ့ ခလုတ်လေးတွေ ပါ ပါ
တယ်။ သံစဉ်လေးတွေပေါ်အောင် ကွန်ပျူတာကီးလေးတွေကိုလည်းထည့်ပေးလိုက်ပါတယ် ။ ဘာသံစဉ်လေး
တွေထွက်လာမလဲ။ လက်တည့်စမ်းကြည့်ပေါ့ နော် ...
JingleBells
 j,j,j, j,j,j ,j,l, g,h,j k,k,k,k,k,j,j,j,j,h,h,j,h, l, j,j,j, j,j,j, j,l,g,h,j,k,k
,k,k,k,j,j,j,l,l,k,h,g,
Kingdom Hearts Theme 
 S F D H F F H F # H Q Q W Q L Q J E W L # # L R E W Q W E W J L J W E Q L # 
YMCA 
 q,l,h q,l,e,q,q,l,h, q,l,h, q,l,e,q,q,l,h k,k,k,k,k,k,k,k,k,k,l g,d,d,s,a,s,d,g d,
g,h,d,d,s,a,s,d,g
Disturbia B (TAB)
 w,w,r,q,l,l,#,l,# w,w,r,q,l,l,#,l,#,,,,r,r,r,e,w,q,l,,,r,r,t,w,w,q,w,,,r,e,w,q,l,,,
r,t,t,w,q,w,,,l,l,l,#,l,#
jjjd fffs llle lllr lllt llr lle llt lel lrl ltl lyl lul lililyl lyl ltl lrl ttti 
rrru pioiuytrewq
Genial 
 g klq l j g klql l j g klql  j j k j g g poi u o u i y u p o i u o p o i u o u i y 
u t y t e e 
 
နောက်ထပ်လည်း တီးလုံးနဲ့ ပက်သက်တဲ့ ဟာလေးတွေရှိပါသေးတယ်။ သွားချင်ရင်တော့...

www.buttonbeats.com ပါ။

(ဒီလင့်ခ်ကို www.politenesskid.multiply.com မှ သိရပါတယ်)

Sunday, 22 February 2009

ILBC SCIENCE FAIR 2007

ရဟတ်ယာဉ်

ရဟတ်ယာဉ်
ရဟတ်ယာဉ်သည်  လေထဲတွင် သွားလာနိုင်ယုံမျှမကဘဲ  ဒေါင်လိုက် တည့်တည့်မတ်မတ်ပင်  တက်ဆင်း နိုင်
သောယာဉ်အမျိုအစားဖြစ်ပြီး ပင့်အားရရှိနိုင်ရန် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသောပန်ကာဒလက်များတပ်
ဆင်ထားကြသည်။ ၄င်းတို့အတွက် ပင့်အားကို Rotor  ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်၊
ဆင်းနိုင်ကြသည်။ လေယာဉ်ပျံများထက် ရဟတ်ယာဉ်များ၏အားသာချက်မှာ တည့်တည့်တက်ဆင်းနိုင်သော
ကြောင့် ပြေးလမ်းမလိုအပ်ခြင်းနှင့် လေထဲတွင် ရပ်တန့်နိုင်ခြင်းတို့ဖြစ်သည်။ ရဟတ်ယာဉ်များသည်  သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မီးသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
နှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များဖြစ်ကြသည်။
အေဒီ (၄၀၀) ခန့်ကတည်းက တရုတ်ကလေးငယ်များသည် ပန်ကာဒလက်သုံး၍ လေထဲပျံတက်နိုင်သော က
စားစရာများ ကစားခြင်းတို့မှာ ရဟတ်ယာဉ်များပေါ်ပေါက်လာခြင်း၏ ကနဦးအစဖြစ်သည်။ ၁၇၅၄တွင် ရုရှတို့
က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ပျံတက်နိုင်သော ယာဉ်ပုံစံကို  ရေးဆွဲခဲ့ကြသည်။ ၁၈၆၀ မှ ၁၈၈၀
ကာလအတွင်း ရဟတ်ယာဉ်ပုံစံမျိုးစုံကို  တီထွင်ခဲ့ကြသည်။  ၁၈၈၀တွင်  သောမက်စ်အက်ဒီဆင်က  ရဟတ်
ယာဉ်ပုံစံငယ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ပြင်သစ်ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီ
ထွင်ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အ
မြင့် (၂) ပေခန့်မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြားပြင်သစ် ပညာရှင်တစ်ဦးက ပေ(၂၀)အ
မြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့သည်။ ၁၉၅၁တွင် အမေရိကန်ရေတပ်က တာဘိုင်အင်
ဂျင်သုံးရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉)ရာစုနှောင်းပိုင်းရောက်လာသောအခါ ပိုမို၍ပေါ့ပါး လျင်မြန်
ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
လီယိုနာဒို ဒါဗင်ချီသည်လည်း လေထဲသို့ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန်လွန်သွားကဲ့သို့ဒလက်ပါဝင်သော
ပုံကို ရေးဆွဲစိတ်ကူးခဲ့ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟုသူ့ခေတ်အခါက
လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့စကီးသည် အောင်မြင်မှုရအောင် တီ
ထွင်နိုင်ခဲ့သည်။
 စစ်ဘက်သုံးရဟတ်ယာဉ်များ
AH-64 Apache
တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။ ပထမဆုံးပျံသန်းမှုကို
၁၉၇၅ စက်တင်ဘာ၃၀ တွင်ပြုလုပ်ခဲ့သည်။ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈)သန်းရှိသည်။(၁၉၉၆)
ခုနှစ်မှတန်ဖိုးဖြစ်သည်။ ထိုသို့သော ရဟတ်ယာဉ်ပေါင်း ၂၀၀၀ ခန့်ထုတ်လုပ်ပြီးဖြစ်သည်။
..............
 
Eurocopter Tiger
၎င်းအမျိုးအစားမှာတိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်းနာမည်
အတိုင်းပင်ဖြစ်သည်။ ပထမဆုံးပျံသန်းမှုကို ၁၉၉၁ ဧပြီတွင်ပြုလုပ်ခဲ့သည်။ စတင်တာဝန်ထမ်းဆောင်သောခု
နှစ်မှာ ၂၀၀၃ခုနှစ်ဖြစ်သည်။ အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဂျာမဏီ၊ ပြင်သစ်၊ သြစတြေးလျ နှင့်စပိန်နိုင်
ငံတို့ဖြစ်သည်။ တစ်စီးတန်ဖိုးမှာ ကန်ဒေါ်လာ (၃၈-၄၈)သန်းဖြစ်သည်။ (wikimyanmar)
..............
ယခုအခါ စစ်ဘက်သုံးတင်မက တစ်အိမ်ထောင်စုသုံး ရဟတ်ယာဉ်များကို တစ်ချို့နိုင်ငံများတွင် လိုင်စင်ပေး
အသုံးပြုလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း များမကြာသော ကာလတွင် မတလ ရဟတ်
ယာဉ် ၊ စက ရဟတ်ယာဉ် ၊ နောက် နံပါတ်ပြားမပါသော ရဟတ်ယာဉ်များ ရောက်ရှိလာတော့မည်မှာ မြေ
ကြီးလက်ခက်မလွဲပင်ဖြစ်ပါတော့သည်။ :) :) :)

Friday, 20 February 2009

ကမ္ဘာကြီးကို ဘောင်ခတ်ကြည့်မယ်

ဂူးဂဲလ်အာ့သ်၊ အိုးရှန်း စတဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်ကြည့်ရှုလို့ရတဲ့  ဝန်ဆောင်မှုများဟာ  ဆော့ဖ်ဝဲ
လိုပါတယ်။ ဒေါင်းလုပ်ဆွဲဦး။ အင်စတောလုပ်ဦးဆိုတော့ အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေရာတွေ
ဆို အခက်ကြုံရပါတယ်။ ဒါလေးက ဒေါင်းလုပ်လည်းမလိုအင်စတောလည်းမလိုဘဲသူ့ဝက်ဘ်ဆိုဒ်ထဲမှာတင်
ကြည့်လို့ရပါမယ်။  သင်ကြိုက်တဲ့ ဝဘ်ဆိုဒ်လိပ်စာထည့်ရိုက်ပြီး ဝင်ရုံနဲ့ သူ့ဝက်ဘ်ဆိုဒ်ရဲ့ တည်နေရာကိုပါ
တစ်ခါတည်းဖော်ပြသွားမှာဖြစ်ပါတယ်။ နောက်တစ်မျိုးက အိုင်ပီလိပ်စာထည့်ပြီးလည်းတည်နေရာကိုရှာနိုင်
ပါတယ်။ အများဆုံးအကျယ်ချဲ့ကြည့်နိုင်မယ့် ပုံရိပ်ကတော့အောက်မှာပြထားတဲ့အတိုင်းပါပဲ
ပုံမှာ ရန်ကုန်မြို့ လမ်းဆုံမီးပွိုင့်တစ်နေရာကို ရိုက်ထားခြင်းပါ။  ကားလေးတွေသွားတာကို မြင်နေရတယ်။
နောက် တိုက်တာအဆောက်အဦတွေရဲ့အရိပ်တွေ၊ နောက်ဆုံး သစ်ပင်ကြီးတွေရဲ့ အရိပ်တွေကိုပါ မြင်နေ
ရတာပါ။ အောက်ပုံကတော့ ရန်ကုန်မြို့ကန်တော်ကြီးထဲက အနှီငှက်နှစ်ကောင်ပါ။
 
နောက်တစ်ခုက ဝက်ဘ်လိပ်စာရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကို ဖော်ပြခြင်းဖြစ်ပါတယ်။
 
www.planet.com.mm ရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကိုဖော်ပြပေးပါတယ်။ လတ္တီကျု၊လောင်တီကျု
ကအစ၊ နိုင်ငံအမည်၊ နိုင်ငံတော်အလံ၊ ရက်စွဲ၊ နိုင်ငံကုဒ်၊ ဒေသ(ဥပမာ ရန်ကုန်)၊တည်နေရာကုဒ်(ဒီနိုင်ငံ
ကတော့ ဖော်ပြထားခြင်းမရှိပါ။
ဒီလိပ်စာလေးက အင်တာနက်ကောက်နက်ရှင် မကောင်းတဲ့နေရာတွေအတွက်သင့်လျော်ပါတယ်။ ဘာ့လို့
လဲဆိုတော့ ခုနက ပြောခဲ့သလို ဒေါင်းလုပ်မလို၊  အင်စတောမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်လို့ပါ။ ဘယ်လို
သွားရမလဲဆိုတော့ ပထမဦးဆုံး Google စာမျက်နှာကိုသွားပါ။ ပြီးရင် အောက်မှာပြထားတဲ့အတိုင်း ဝဘ်
ဆိုဒ်လိပ်စာရိုက်ထည့်ရတဲ့ဘောက်စ်က အလံလေးမှာ ကလစ်လုပ်ရုံပါပဲ။
အလွယ်ကူဆုံးကတော့ ဒီလိပ်စာ ကိုကလစ်ရုံပါ။
ဒီနည်းလေးက ကြာပြီဖြစ်ပေမယ့် ကျွန်တော်ကတော့ အခုမှတွေ့တယ်။ ဒါကြောင့်ကျွန်တော့်လိုမတွေ့သေး
တဲ့ သူငယ်ချင်းများ လည်းရှိကောင်းရှိမှာပါ။ ၄င်းပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီး ကိုယ်သိတာလေးမျှဝေပါ၏

Thursday, 19 February 2009

ဟုတ်သော်ရှိ ...

ပုံပေါ်နှိပ်၍အကြီးချဲ့ကြည့်နိုင်ပါသည်။
 
 ဒီဓာတ်ပုံလေးကို mandalaygazatte.com မှ ကူးယူဖော်ပြပါတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့။ 
ရက်စွဲ
(24.12.2008)

Wednesday, 18 February 2009

ဝါး laptop

 
ဝါး laptop
ဝါးသစ်ကို  အိမ်ထောင်ပရိဘောဂများ၊ အိမ်တွင်းအလှဆင်မှု၊ အသုံးအဆောင်များ  နဲ့  အဝတ်အစားများ  စတဲ့
ထုတ်ကုန်များအတွက်  တွင်ကျယ်စွာ  အသုံးပြုနေကြပါတယ်။   ဝါးဟာ  ခံနိုင်ရည်ရှိပြီး အလွန်သန်မာပါတယ်။
ပြီးတော့ ရေအနည်းငယ်နဲ့ လွယ်ကူလျင်မြန်စွာပေါက်ရောက်ကြီးထွားပါတယ်။ နောက် အရေးကြီးဆုံးလုပ်ငန်း
ဆောင်တာကတော့  ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ကျစေတာပါပဲ။ ပိုးမွှားကျရောက်မှုကိုလည်း ခံနိုင်ရည်ရှိ
ပါတယ်။ ဝါးသစ်နုတ်ဘွတ်မိတ်ဆက်ခြင်းကို ASUS က  ရှင်းရှင်းလင်းလင်း  ပြသခဲ့ပြီးဖြစ်ပါတယ်။
အရွယ်ရောက်ပြီးသား မိုဆိုဝါးသစ် ပြောရမယ်ဆိုရင် နှစ်နှစ်သားလောက်ရှိတဲ့ ဝါးကို ဝါးလပ်တော့မှာ အသုံးပြု
ခဲ့ပါတယ်။ ဒါဟာ ဝါးသစ်ရဲ့ သဘာဝသက်တမ်းနဲ့ အတူတူပဲဆိုတာကို ပြပါတယ်။ ပြီးတော့ ထုတ်လုပ်မှုပုံစံဟာ
လည်း လောင်စာဆီအသုံးပြုတဲ့ သတ္တုတွေထက်စာရင် ပိုပြီးတော့ စွမ်းအင်ချွေတာရာရောက်ပါတယ်။ နောက်
တစ်ဖန်  ဝါးလပ်တော့ဟာ သုံးစွဲသူတွေကို ကွန်ပျူတာနဲ့ ပိုရင်းနှီးကျွမ်းဝင်စေပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဝါး
လပ်တော့ နဲ့ ပက်သက်ပြီး တစ်ဦးတစ်ယောက်ချင်းအနေနဲ့  ကိုယ်ရေးကိုယ်တာ  အတွေ့အကြုံ တွေကိုရစေပါ 
တယ်။ 
ဝါးသစ်ကို တရုတ်ယဉ်ကျေးမှုမှာ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက သူ့အရည်အသွေးတွေကိုထုတ်ဖော်ရင်း
အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။  အခု ရှေးကျတဲ့ဝါးသစ်ကို ခေတ်မီအသုံးအဆောင်ဖြစ်အောင်  တီထွင်ကြံဆ
အသုံးပြုနေပါပြီ။ ဝါးသစ်လို ပတ်ဝန်းကျင်နဲ့ ရင်းနှီးပြီးသားသဘာဝပစ္စည်းတစ်ခုကို အသုံးပြုခြင်းအားဖြင့် နည်း
ပညာနဲ့ သဘာဝကို အားကောင်းကောင်းနဲ့ စတိုင်ကျကျ လိုက်လျောညီထွေဖြစ်စေပါတယ်။
မသိသေးသူများအတွက်သာ  ဗဟုသုတရစေရန်အလို့ငှာ  တင်ပေးလိုက်ပါတယ်။  ဝယ်ချင်သူများအတွက်က
တော့ ဒီလိပ်စာ ကိုသွားလု အဲ သွားဝယ်နိုင်ပါတယ်။ :)

Tuesday, 17 February 2009

laptop အလန်းလေးများ

laptop ဒီဇိုင်းဆန်းလေးများကို ရွေးပြီးတင်လိုက်ပါတယ်။  ဒီ  laptop တွေက အချိန်ကန့်သတ်ချက် မရှိပါ။

တစ်ချို့လည်း ကြာပြီဖြစ်ပါလိမ့်မယ်။ တစ်ချို့လည်း နောက်ဆုံးပေါ် ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ အထူးအဆန်း
တွေကိုမှ  စိတ်ဝင်စားတဲ့သူတွေအတွက်ကတော့ ဘာပဲပြောပြော အသစ်ပဲပေါ့ .. နော့ ..ကဲ ခံစားနိုင်ပါပြီ ..
............
...........
...........
............
...........
............
............
...........
...........
............
............
.............
..............
...........
............
.............
..............
............
............
.............
..............
..........
အကုန်ကြိုက်လား... ဒါဆိုရင် အကုန်သာ အလကားယူသွားပေတော့ ..  :)

IC to JAPAN

(kingofstar7.com)

Sunday, 15 February 2009

ဦးနှောက်စွမ်းရည်တိုးတက်အောင်

ဦးနှောက်ရဲ့ မှတ်သားနိုင်မှုစွမ်းရည်နဲ့ အာရုံစူးစိုက်မှုအားကောင်းစေတဲ့  အွန်လိုင်းဂိမ်းဆိုဒ်လေးပါ။ အွန်လိုင်း
ပေါ်လျှောက်လည်ရင်း  အမှတ်မထင်တွေ့လိုက်တဲ့ ဂိမ်းဆိုပေမဲ့ တော်တော်အသုံးဝင်မှာပါ။ ဘာကြောင့်လဲဆို
တော့ တခါတရံမှာ လူတွေဟာ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊စိတ်လေလို့ပဲဖြစ်ဖြစ်၊လူမှုရေးနဲ့ ဦးနှောက်စွမ်းရည်
များကျဆင်းတတ်ကြပါတယ်။နောက်ပြီးအသက်ရလာတာနဲ့အမျှဦးနှောက်ဟာနှေးကွေးသွားတတ်ကြပါတယ်။
ဒီလိုဖြစ်လာတဲ့အခါ ဒီအွန်လိုင်းဂိမ်းဆိုဒ်လေးက ကူညီမှာပါ။  ဘယ်လိုကူညီမှာပါလိမ့်။  သူ့ဆိုဒ်ထဲမှာ  ဒီလိုရေး
ထားပါတယ်။
လူ့ဦးနှောက်ဟာ အသက်၃၀ အစောပိုင်းလောက်မှာ နှေးကွေးသွားတာကို သိပါသလား။ သတင်းကောင်းတစ်
ခုကတော့  ဒီလိုနှေးကွေးသွားတာကို  မြန်အောင်လုပ်လို့ရပါတယ်။ ပြီးတော့ ဘယ်လို အသက်အရွယ်မှာပဲဖြစ်
ဖြစ် ဦးနှောက်ရဲ့ အခြေခံစွမ်းရည်တွေကို တိုးတက်အောင်လုပ်လို့ရပါတယ်။ ဒါကတော့ Lumosity လို့ခေါ်တဲ့
ဦးနှောက်လေ့ကျင့်ရေး အစီအစဉ်က သင့်ဦးနှောက်ရဲ့အကောင်းဆုံးစွမ်းရည်ကို ထိန်းထားနိုင်မှာပါ။  ဒီအစီအ
စဉ်မှာ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့်ဂိမ်းတွေပါဝင်ပါတယ်။ ပြီးတော့ အာရုံကြောကျွမ်းကျင်ပညာရှင်များ
ဦးဆောင်တဲ့ ဦးနှောက်စွမ်းရည်တိုးတက်စေမယ့် အစီအစဉ်များထဲက တစ်ချို့တစ်ဝက်ဖြစ်ပါတယ်။ 
ဒီဆိုဒ်ကို သုံးရင် ဒါတွေမြတ်မယ်။ ဘာတွေဘာလိမ့်။ ရှင်းရှင်းလင်းလင်း၊ မြန်မြန်ဆန်ဆန်တွေးခေါ်နိုင်ခြင်း၊ နာ
မည်များ၊  နံပါတ်များ၊  ဦးတည်ရာဘက်များ စတာတွေကို ပိုမိုမှတ်မိနိုင်ခြင်း၊ ဦးနှောက်လန်းဆန်းတက်ကြွမှုကို
တိုးတက်စေနိုင်ခြင်း၊ စိတ်စွမ်းရည်ကိုပါတိုးတက်စေနိုင်ခြင်း၊ အလုပ်လုပ်နေချိန် ဒါမှမဟုတ်ကားမောင်းနေချိန်
တွေမှာ ပိုမိုအာရုံစူးစိုက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကို အမြတ်ရမှာပါ။
ဂိမ်းဆိုဒ်ထဲမှာတင် ဘယ်လိုဆော့ရမယ်ဆိုတာပြထားပြီးသားပါ။ စိတ်အခြေအနေကောင်းနေတဲ့အချိန်တွေမှာ
ကစားရင် ပျော်လည်းပျော်ရမယ်။ဦးနှောက်စွမ်းရည်လည်းပိုတက်မယ်။အရမ်းစိတ်ညစ်နေတဲ့အချိန်ဆော့မယ်
ဆိုရင်တော့ စိတ်လေနေတဲ့အချိန်ဖြစ်လေ့ရှိတဲ့ အာရုံစူးစိုက်မှုမရတာတွေ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်း
တာတွေ  စတဲ့အပျက်စာရင်းတွေအားလုံးကို တစ်ထောင့်တစ်နေရာက ဖြေရှင်းနိုင်မှာပါ။ သွားရမယ့်ဆိုဒ်လေး
က www.lumosity.com ပါ။ ကဲ အခုပဲပျော်ရွှင်စရာပြတင်းပေါက်ကလေးကနေ ပျော်ရွှင်စရာကမ္ဘာငယ်လေး
ဆီကို သွားမယ်။ စိတ်ညစ်တာတွေ စိတ်လေတာတွေ ထားခဲ့တော့ ။ စိတ်လေကောင်ကြီး  ငါ့ကိုယ်ထဲက အ
မြန်ထွက်သွား !!!!!!

Wednesday, 11 February 2009

စိုးရိမ်ပူပန်မှု

စိတ်ကျန်းမာရေးပညာရှင်တွေဟာ စိုးရိမ်ပူပန်မှု ကို ပုံသေနည်းတစ်ခုထုတ်ထားပါတယ်။ အဲဒါကတော့ စိုးရိမ်
ပူပန်မှုဆိုတာ မသေချာမရေရာမှုနဲ့ မိမိကိုယ်ကိုမိမိထိန်းနိုင်မှုအားနည်းခြင်းတို့ပေါင်းစပ်ပြီးဖြစ်ရတယ်လို့ဆိုပါ
တယ်။ မိမိကိုယ်မိမိ  ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်ချင်သူတွေဟာ စိုးရိမ်ပူပန်မှု ပိုပြီးဖြစ်လေ့ရှိပါတယ်။  ဘာ့
ကြောင့်လဲဆိုတော့ သူတို့ဟာ  သူတို့စိတ်ကိုသူတို့ ထိန်းသိမ်းရာမှာ မြင့်မြင့်ကြီးမှန်းထားလို့  တကယ်တမ်းကျ
တော့ စိတ်ကိုထိန်းသိမ်းနိုင်စွမ်းအားနည်းလေ့ရှိကြသူတွေဖြစ်နေလို့ပါပဲ။ တစ်ဖန် တစ်ဦးတည်းအထီးကျန်နေ
ရခြင်းဟာလည်း စိုးရိမ်ပူပန်မှုကို ဖြစ်စေပါတယ်။ အထီးကျန်တစ်ဦးတည်းဖြစ်နေတဲ့အခါ တိုင်ပင်ဖော်တိုင်ပင်
ဖက် မရှိတဲ့အတွက် ကိစ္စရပ်တိုင်းအပေါ် မသေချာမှုတွေ၊ မယုံကြည်နိုင်မှုတွေပိုလာပါတယ်။ မသေချာတဲ့ အ
နာဂတ်ကာလအတွက် တွေးပြီး စိုးရိမ်ပူပန်မှုတွေ ပိုလာတတ်ပါတယ်။ သူများတကာ  ပျော်ရွှင်မှုတွေကိုကြည့်
ပြီး မိမိကိုယ်မိမိ အားမလိုအားမရဖြစ်ကာ ၀မ်းနည်းမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ ခံစားလာရတတ်ပါတယ်။
မကြာမီကာလတွေမှာလုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ သူတစ်ပါးအပေါ် မုဒိတာပွားပြီး  မျှဝေခံစားတတ်
သူတွေဟာ  ပျော်ရွှင်စရာကောင်းတဲ့၊ စိတ်ဖိစီးမှုနည်းတဲ့ ဘ၀ပိုင်ရှင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။ တကယ်
တော့  ဒီလိုမုဒိတာပွားနိုင်တယ်ဆိုတာ လက်တွေ့မှာ  ပြောသလောက်  လွယ်လွယ်လေး  မလုပ်နိုင်ကြတာမို့
စိတ်ဖိစီးမှုတွေ၊  စိုးရိမ်စိတ်တွေခံစားကြရတာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်ပူပန်ရတဲ့ သောကဝေဒနာတွေက
ဝေးစေလိုရင် မိမိကိုယ်ကို ယုံကြည်ချက်ထားပါ။ သေချာရေရာတဲ့အနာဂတ်ကို လေ့ကျင့်ပျိုးထောင်ပါ။ ရောင့်
ရဲတင်းတိမ်တတ်ပါ။ မုဒိတာပွားတတ်ပါ။ ဒါဆို သောကဘေးက ဝေးမှာဖြစ်ပါတယ်။ (HealthDigest vol.6/no.19)