Thursday, 12 March 2009

Google voice

Google ဟာ၎င်းရဲ့အရင်က GrandCentral အစီအစဉ်ကိုပြန်လည်အသက်သွင်းလိုက်ပါပြီ။ အခုအစီအစဉ်မှာ
စာတိုပို့စနစ်၊ အသံပို့စနစ်၊ တယ်လီဖုန်းခေါ်ဆိုခြင်း စတာ တွေပါဝင်ပါတယ်။တယ်လီဖုန်းခေါ်ဆိုခြင်းကတော့
တစ်ခြား ဝန်ဆောင်မှုများလို အကန့်အသတ်တွေ ရှိမြဲပါပဲ။  အဲဒါက အမေရိက အတွင်းမှာ ခေါ်ဆိုခြင်းများက
တော့ အခမဲ့ဖြစ်ပေမဲ့ နိုင်ငံတကာဖုန်းတွေကို ခေါ်ဆိုရင်တော့ ပိုက်ဆံပေးရတာပါပဲ။  အရင်တုန်းက သုံးစွဲသူ
အသစ်တွေကိုလက်မခံပေမယ့် ရက်အနည်းငယ်အတွင်းမှာသုံးစွဲသူအသစ်တွေ signup လုပ်လို့ရတော့မှာပါ။


အပြည့်အစုံကိုတော့ ဒီနေရာ မှာ ဖတ်ရှုနိုင်ပါတယ် ..

Tuesday, 10 March 2009

အမူအရာနဲ့ ထိန်းချုပ်နိုင်တဲ့ ကိရိယာ

အပြုံး ဒါမှမဟုတ် မျက်ခုံးပင့်ခြင်းများလိုအချက်ပြခြင်းတစ်ခုနဲ့ iPod မှာလာနေတဲ့သီချင်းကိုမကြာမီမှာပြောင်း
လဲနိုင်တော့မယ်လို့ အေအက်ဖ်ပီသတင်းဌာနကဖော်ပြပါတယ်။  နောက်ထပ်အံ့သြစရာကောင်းတာတစ်ခုက
အဲဒီလိုအချက်ပြရုံနဲ့ အဝတ်လျှော်စက်ကို ဖွင့်နိုင်တော့မယ်ဆိုတာပါပဲ။
ဒီကိရိယာလေးဟာ နားကြပ်လေးတစ်စုံနဲ့တူတယ်။ ဒါပေမဲ့ အနီအောက်ရောင်ခြည်နဲ့ အလုပ်လုပ်ပါတယ်။ အဲ
ဒီအနီအောက်ရောင်ခြည်ကနေမှ သေးငယ်တဲ့လုပ်ရှားမှုလေးတွေကိုတိုင်းတာပါတယ်။အဲဒီလိုအချက်အလက်
ကလေးတွေကို ဘယ်ကရမလဲ။ ခုနက မျက်ခုံးပင့်ခြင်းလိုအမူအရာအမျိုးမျိုးကနေရမှာပါ။ EarSwitchလို့ခေါ်
တဲ့ဒီကိရိယာလေးကို အီလက်ထရောနစ်စက်ကိရိယာတွေ ထိန်းချုပ်တဲ့ ကွန်ပျူတာအသေးစားလေးနဲ့  ဆက်
သွယ်လိုက်တယ်။ အဲဒီအခါမှာ အရာရာတိုင်းကိုလက်လွတ်ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အိုဆာကာတက္ကသလိုလ်
က တီထွင်သူ ကဇူဟိရို တနီဂူချီကပြောပါတယ်။ "ခင်ဗျားရဲ့ပါးစပ်ကို လှုပ်ရုံနဲ့ အခန်းမီးတွေကိုဖွင့်နိုင်မယ်။ဒါ
မှမဟုတ် အဝတ်လျှော်စက်ကို ဖွင့်လို့ရပါလိမ့်မယ်"။ ပြီးတော့  အဲဒီကိရိယာလေးဟာ အချက်အလက်တွေကို
သိမ်းဆည်းပေးပြီးဘာသာပြန်ပေးနိုင်မှာပါ။ ပြီးတော့ မသန်မစွမ်းသူများအတွက် ရမုကွန်ထရိုးလို အသုံးချနိုင်
မှာပါ။  ကင်မရာနဲ့ကွန်ပျူတာတွေကနေ  လေအေးပေးစက်အထိ မသန်မစွမ်းသူများကို ကူညီနိုင်ပါလိမ့်မယ်။
ဒီကိရိယာလေးကို ဂျပန်နဲ့တစ်ခြားနိုင်ငံတွေမှာ မှတ်ပုံတင်လုပ် သိသာထင်ရှားအောင်လုပ်ဖို့ စီစဉ်ထားတယ်
လို့ဆိုပါတယ်။  နောက်နှစ်နှစ်  ဒါမှမဟုတ် သုံးနှစ်အတွင်းလောက်မှာ  ဈေးကွက်တင်မယ်လို့ဆိုထားပါတယ်။
ဘယ်လောက်အသုံးဝင်တဲ့ကိရိယာလေးလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ ခင်ဗျာ...(AFP)

Sunday, 8 March 2009

myanmar glitter texts

ကွန်မန့်ဆိုတာ  ဘလော့ဂ်ပိုင်ရှင်၊ ဝဘ်ဆိုဒ်ပိုင်ရှင်များရဲ့  အားဆေးလို့ကြားဖူးပါတယ်။  ဘလော့ဂ်နဲ့  တစ်ခြား
ဆိုဒ်တွေအတွက် နိုင်ငံခြားဘာသာစကားများနဲ့လုပ်ထားတဲ့ကွန်မန့်တွေကို တွေ့ဖူးမှာပါ။လင်းလင်းလက်လက်
တောက်ပြောင်နေတဲ့ ကွန်မန့်စာလေးတွေ ပုံလေးတွေကိုလည်း တွေ့ဖူးမှာပါ။ကွန်မန့်လေးများကိုမြန်မာများ
ကလည်း  အားကျမခံလုပ်ကြပါတယ်။  ဒီလိုလေးတွေပါ...
ကဲ .. ဘလော့ဂ်သမားများကို အားဆေးတိုက်ရအောင်... :D

Saturday, 7 March 2009

အိပ်ရေးပျက်ခြင်း

နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သည့်အခြေအနေသည် လူတစ်ဦးအား ရူးသွားစေလောက်သောစိတ်ကျန်းမာရေး
ပြဿနာတစ်ခုဖြစ်ကြောင်း ဆရာဝန်များက သတိပေးပြောကြားလိုက်သည်။ အထူးသဖြင့် လူလတ်ပိုင်းနှင့်လူ
ကြီးပိုင်းများတွင် အိပ်ရေးမဝသောအခြေအနေများသည် စိတ်ဖိစီးမှုကိုပိုမိုဖြစ်ပေါ်စေပြီးစိတ်ကိုကစဉ့်ကလျား
ဖြစ်လာနိုင်ကြောင်းသိရှိရသည်။ အမေရိကန်ရှိဆရာဝန်များသည် အိပ်ရေးမဝမှုများပြားလာပါကစိတ်ကျန်းမာ
ရေးကို ကြီးမားစွာ ထိခိုက်နိုင်ကြောင်း ယုံကြည်လျက်ရှိနေသည်။ ဟားဗတ်မှ ဒေါက်တာရောဘတ်က ရှင်းပြခဲ့
သည်။ ယခုကဲ့သို့ ဒေါက်တာရောဘတ်နှင့်အဖွဲ့တို့က တွေ့ရှိလာမှုသည် အိပ်စက်နေစဉ်အနှောင့်အယှက်ပေး
မှုခံရပါက စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်စေသည်ဟူသော အယူအဆဟောင်းကို ပြန်လည်အသက်ဝင်
လာစေသည်။ ကမ္ဘာအရပ်ရပ်မှ ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အိပ်ရေးမဝမှုနှင့် စိတ်ကျန်းမာရေးဆက်
စပ်နေမှုကို ယခင်ကတည်းက အသိအမှတ်ပြုထားပြီးဖြစ်ကာ အိပ်ရေးပျက်ခြင်းသည်  ဦးနှောက်ကို ဆိုးရွားစွာ
ထိခိုက်စေနိုင်ကြောင်း လက်ခံထားကြသည်။ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာမတ်ဝေါ်ကာက  အိပ်
ရေးပျက်ခံကာ  သုတေသနလုပ်ငန်းအတွက်  ကူညီခဲ့ကြသည့် စေတနာရှင်များကို  စမ်းသပ်စစ်ဆေးကြည့်ရာ
စမ်းသပ်ခံသူအားလုံး၏ ၆၀%ကျော်သည် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် အခြေအနေများ  ပေါ်ပေါက်နေ
သည်ကို  လေ့လာတွေ့ရှိခဲ့ကြောင်း  ပြောကြားခဲ့သည်။ ထို့ပြင် အလိုလိုနေရင်း စိတ်တိုနေခြင်းနှင့် မှတ်ဥာဏ်
အားနည်းလာခြင်းစသည့် အခြေအနေများကိုလည်း အိပ်ရေးပျက်သည့်လူအများစုတွင်တွေ့ရှိရတတ်ကြောင်း
ပညာရှင်များက ပြောကြားသွားသည်။ (planet.com.mm)

Tuesday, 3 March 2009

နိုင်ငံတကာရုပ်ရှင်

နိုင်ငံတကာရုပ်ရှင်ဆိုဒ်လေးတစ်ခုပါ။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ကျော်ကရုပ်ရှင်များကို စုစည်းထားပါ
တယ်။  ရုပ်ရှင်တစ်ခုချင်းစီရဲ့ ဇာတ်လမ်းအကျဉ်း ကိုပါထည့်သွင်းဖော်ပြထားပါတယ်။ ရုပ်ရှင်ဆိုဒ်ဆိုပေမယ့်

တစ်ခြားဖျော်ဖြေရေးတွေပါတင်ထားပါတယ်။ ကာတွန်း၊ သီချင်း၊ သုတ၊ ဟာသ၊ အစရှိသဖြင့်ပေါ့။ အခုလော
လောဆယ် အများကြီးမဟုတ်သေးပေမယ့် နောက်နောင် ထပ်တင်နိုင်ရင် တင်နိုင်သလိုအောင်မြင်မယ့်ဆိုဒ်
လေးလို့ထင်မြင်မိပါတယ်။ သွားရမယ့်ဆိုဒ်လေးက

www.i-filmfest.blogspot.com
 

Saturday, 28 February 2009

စန္ဒရားတီးမယ်




စန္ဒရားတီးလို့ရတဲ့  အသုံးအဆောင် တစ်ခုပါ။  စန္ဒရားတီးရင်းလည်း  သီချင်းဖွင့်လို့ရတဲ့ ခလုတ်လေးတွေ ပါ ပါ
တယ်။ သံစဉ်လေးတွေပေါ်အောင် ကွန်ပျူတာကီးလေးတွေကိုလည်းထည့်ပေးလိုက်ပါတယ် ။ ဘာသံစဉ်လေး
တွေထွက်လာမလဲ။ လက်တည့်စမ်းကြည့်ပေါ့ နော် ...
JingleBells
 j,j,j, j,j,j ,j,l, g,h,j k,k,k,k,k,j,j,j,j,h,h,j,h, l, j,j,j, j,j,j, j,l,g,h,j,k,k
,k,k,k,j,j,j,l,l,k,h,g,
Kingdom Hearts Theme 
 S F D H F F H F # H Q Q W Q L Q J E W L # # L R E W Q W E W J L J W E Q L # 
YMCA 
 q,l,h q,l,e,q,q,l,h, q,l,h, q,l,e,q,q,l,h k,k,k,k,k,k,k,k,k,k,l g,d,d,s,a,s,d,g d,
g,h,d,d,s,a,s,d,g
Disturbia B (TAB)
 w,w,r,q,l,l,#,l,# w,w,r,q,l,l,#,l,#,,,,r,r,r,e,w,q,l,,,r,r,t,w,w,q,w,,,r,e,w,q,l,,,
r,t,t,w,q,w,,,l,l,l,#,l,#
jjjd fffs llle lllr lllt llr lle llt lel lrl ltl lyl lul lililyl lyl ltl lrl ttti 
rrru pioiuytrewq
Genial 
 g klq l j g klql l j g klql  j j k j g g poi u o u i y u p o i u o p o i u o u i y 
u t y t e e 
 
နောက်ထပ်လည်း တီးလုံးနဲ့ ပက်သက်တဲ့ ဟာလေးတွေရှိပါသေးတယ်။ သွားချင်ရင်တော့...

www.buttonbeats.com ပါ။

(ဒီလင့်ခ်ကို www.politenesskid.multiply.com မှ သိရပါတယ်)

Sunday, 22 February 2009

ILBC SCIENCE FAIR 2007

ရဟတ်ယာဉ်

ရဟတ်ယာဉ်
ရဟတ်ယာဉ်သည်  လေထဲတွင် သွားလာနိုင်ယုံမျှမကဘဲ  ဒေါင်လိုက် တည့်တည့်မတ်မတ်ပင်  တက်ဆင်း နိုင်
သောယာဉ်အမျိုအစားဖြစ်ပြီး ပင့်အားရရှိနိုင်ရန် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသောပန်ကာဒလက်များတပ်
ဆင်ထားကြသည်။ ၄င်းတို့အတွက် ပင့်အားကို Rotor  ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်၊
ဆင်းနိုင်ကြသည်။ လေယာဉ်ပျံများထက် ရဟတ်ယာဉ်များ၏အားသာချက်မှာ တည့်တည့်တက်ဆင်းနိုင်သော
ကြောင့် ပြေးလမ်းမလိုအပ်ခြင်းနှင့် လေထဲတွင် ရပ်တန့်နိုင်ခြင်းတို့ဖြစ်သည်။ ရဟတ်ယာဉ်များသည်  သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မီးသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
နှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များဖြစ်ကြသည်။
အေဒီ (၄၀၀) ခန့်ကတည်းက တရုတ်ကလေးငယ်များသည် ပန်ကာဒလက်သုံး၍ လေထဲပျံတက်နိုင်သော က
စားစရာများ ကစားခြင်းတို့မှာ ရဟတ်ယာဉ်များပေါ်ပေါက်လာခြင်း၏ ကနဦးအစဖြစ်သည်။ ၁၇၅၄တွင် ရုရှတို့
က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ပျံတက်နိုင်သော ယာဉ်ပုံစံကို  ရေးဆွဲခဲ့ကြသည်။ ၁၈၆၀ မှ ၁၈၈၀
ကာလအတွင်း ရဟတ်ယာဉ်ပုံစံမျိုးစုံကို  တီထွင်ခဲ့ကြသည်။  ၁၈၈၀တွင်  သောမက်စ်အက်ဒီဆင်က  ရဟတ်
ယာဉ်ပုံစံငယ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ပြင်သစ်ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီ
ထွင်ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အ
မြင့် (၂) ပေခန့်မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြားပြင်သစ် ပညာရှင်တစ်ဦးက ပေ(၂၀)အ
မြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့သည်။ ၁၉၅၁တွင် အမေရိကန်ရေတပ်က တာဘိုင်အင်
ဂျင်သုံးရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉)ရာစုနှောင်းပိုင်းရောက်လာသောအခါ ပိုမို၍ပေါ့ပါး လျင်မြန်
ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
လီယိုနာဒို ဒါဗင်ချီသည်လည်း လေထဲသို့ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန်လွန်သွားကဲ့သို့ဒလက်ပါဝင်သော
ပုံကို ရေးဆွဲစိတ်ကူးခဲ့ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟုသူ့ခေတ်အခါက
လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့စကီးသည် အောင်မြင်မှုရအောင် တီ
ထွင်နိုင်ခဲ့သည်။
 စစ်ဘက်သုံးရဟတ်ယာဉ်များ
AH-64 Apache
တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။ ပထမဆုံးပျံသန်းမှုကို
၁၉၇၅ စက်တင်ဘာ၃၀ တွင်ပြုလုပ်ခဲ့သည်။ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈)သန်းရှိသည်။(၁၉၉၆)
ခုနှစ်မှတန်ဖိုးဖြစ်သည်။ ထိုသို့သော ရဟတ်ယာဉ်ပေါင်း ၂၀၀၀ ခန့်ထုတ်လုပ်ပြီးဖြစ်သည်။
..............
 
Eurocopter Tiger
၎င်းအမျိုးအစားမှာတိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်းနာမည်
အတိုင်းပင်ဖြစ်သည်။ ပထမဆုံးပျံသန်းမှုကို ၁၉၉၁ ဧပြီတွင်ပြုလုပ်ခဲ့သည်။ စတင်တာဝန်ထမ်းဆောင်သောခု
နှစ်မှာ ၂၀၀၃ခုနှစ်ဖြစ်သည်။ အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဂျာမဏီ၊ ပြင်သစ်၊ သြစတြေးလျ နှင့်စပိန်နိုင်
ငံတို့ဖြစ်သည်။ တစ်စီးတန်ဖိုးမှာ ကန်ဒေါ်လာ (၃၈-၄၈)သန်းဖြစ်သည်။ (wikimyanmar)
..............
ယခုအခါ စစ်ဘက်သုံးတင်မက တစ်အိမ်ထောင်စုသုံး ရဟတ်ယာဉ်များကို တစ်ချို့နိုင်ငံများတွင် လိုင်စင်ပေး
အသုံးပြုလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း များမကြာသော ကာလတွင် မတလ ရဟတ်
ယာဉ် ၊ စက ရဟတ်ယာဉ် ၊ နောက် နံပါတ်ပြားမပါသော ရဟတ်ယာဉ်များ ရောက်ရှိလာတော့မည်မှာ မြေ
ကြီးလက်ခက်မလွဲပင်ဖြစ်ပါတော့သည်။ :) :) :)

Friday, 20 February 2009

ကမ္ဘာကြီးကို ဘောင်ခတ်ကြည့်မယ်

ဂူးဂဲလ်အာ့သ်၊ အိုးရှန်း စတဲ့ ကမ္ဘာကြီးကို မျက်ခြေမပြတ်ကြည့်ရှုလို့ရတဲ့  ဝန်ဆောင်မှုများဟာ  ဆော့ဖ်ဝဲ
လိုပါတယ်။ ဒေါင်းလုပ်ဆွဲဦး။ အင်စတောလုပ်ဦးဆိုတော့ အင်တာနက်ကော်နက်ရှင်မကောင်းတဲ့နေရာတွေ
ဆို အခက်ကြုံရပါတယ်။ ဒါလေးက ဒေါင်းလုပ်လည်းမလိုအင်စတောလည်းမလိုဘဲသူ့ဝက်ဘ်ဆိုဒ်ထဲမှာတင်
ကြည့်လို့ရပါမယ်။  သင်ကြိုက်တဲ့ ဝဘ်ဆိုဒ်လိပ်စာထည့်ရိုက်ပြီး ဝင်ရုံနဲ့ သူ့ဝက်ဘ်ဆိုဒ်ရဲ့ တည်နေရာကိုပါ
တစ်ခါတည်းဖော်ပြသွားမှာဖြစ်ပါတယ်။ နောက်တစ်မျိုးက အိုင်ပီလိပ်စာထည့်ပြီးလည်းတည်နေရာကိုရှာနိုင်
ပါတယ်။ အများဆုံးအကျယ်ချဲ့ကြည့်နိုင်မယ့် ပုံရိပ်ကတော့အောက်မှာပြထားတဲ့အတိုင်းပါပဲ
ပုံမှာ ရန်ကုန်မြို့ လမ်းဆုံမီးပွိုင့်တစ်နေရာကို ရိုက်ထားခြင်းပါ။  ကားလေးတွေသွားတာကို မြင်နေရတယ်။
နောက် တိုက်တာအဆောက်အဦတွေရဲ့အရိပ်တွေ၊ နောက်ဆုံး သစ်ပင်ကြီးတွေရဲ့ အရိပ်တွေကိုပါ မြင်နေ
ရတာပါ။ အောက်ပုံကတော့ ရန်ကုန်မြို့ကန်တော်ကြီးထဲက အနှီငှက်နှစ်ကောင်ပါ။
 
နောက်တစ်ခုက ဝက်ဘ်လိပ်စာရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကို ဖော်ပြခြင်းဖြစ်ပါတယ်။
 
www.planet.com.mm ရိုက်ထည့်ခြင်းအားဖြင့် တည်နေရာကိုဖော်ပြပေးပါတယ်။ လတ္တီကျု၊လောင်တီကျု
ကအစ၊ နိုင်ငံအမည်၊ နိုင်ငံတော်အလံ၊ ရက်စွဲ၊ နိုင်ငံကုဒ်၊ ဒေသ(ဥပမာ ရန်ကုန်)၊တည်နေရာကုဒ်(ဒီနိုင်ငံ
ကတော့ ဖော်ပြထားခြင်းမရှိပါ။
ဒီလိပ်စာလေးက အင်တာနက်ကောက်နက်ရှင် မကောင်းတဲ့နေရာတွေအတွက်သင့်လျော်ပါတယ်။ ဘာ့လို့
လဲဆိုတော့ ခုနက ပြောခဲ့သလို ဒေါင်းလုပ်မလို၊  အင်စတောမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်လို့ပါ။ ဘယ်လို
သွားရမလဲဆိုတော့ ပထမဦးဆုံး Google စာမျက်နှာကိုသွားပါ။ ပြီးရင် အောက်မှာပြထားတဲ့အတိုင်း ဝဘ်
ဆိုဒ်လိပ်စာရိုက်ထည့်ရတဲ့ဘောက်စ်က အလံလေးမှာ ကလစ်လုပ်ရုံပါပဲ။
အလွယ်ကူဆုံးကတော့ ဒီလိပ်စာ ကိုကလစ်ရုံပါ။
ဒီနည်းလေးက ကြာပြီဖြစ်ပေမယ့် ကျွန်တော်ကတော့ အခုမှတွေ့တယ်။ ဒါကြောင့်ကျွန်တော့်လိုမတွေ့သေး
တဲ့ သူငယ်ချင်းများ လည်းရှိကောင်းရှိမှာပါ။ ၄င်းပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီး ကိုယ်သိတာလေးမျှဝေပါ၏

Thursday, 19 February 2009

ဟုတ်သော်ရှိ ...

ပုံပေါ်နှိပ်၍အကြီးချဲ့ကြည့်နိုင်ပါသည်။
 
 ဒီဓာတ်ပုံလေးကို mandalaygazatte.com မှ ကူးယူဖော်ပြပါတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိပေါ့။ 
ရက်စွဲ
(24.12.2008)