Wednesday, 19 November 2008

ကိုယ့်ချစ်

မျက်လုံးတွေထဲမှာ
မျက်ရည်တွေကုန်ခန်းနေပြီ။
မျက်စိလည်လမ်းမှားပြီးရောက်လာခဲ့တဲ့မင်းအချစ်
မျက်စိကလည်ကလည်နဲ့ ငါ့ကိုလှည့်စားဦးမှာလား။
မျက်နှာများတဲ့မင်းအကြောင်း ငါသိပြီးသားပါ။
မျက်မှန်တပ်ထားတဲ့ မင်းနှလုံးသားကို
မျက်မုန်းကျိုးတယ်။
မျက်တောင်မခတ်ဘဲ ချစ်နေမယ့် ငါ့အချစ်
မျက်ဝန်းလေးထဲလဲပြိုခဲ့တဲ့ ငါ့အချစ်၊ အားလုံးပျက်စီးကုန်ပြီ။
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်လေးအတွင်းမှာ
မျက်ထောင့်နီနေတဲ့ ဘီလူးမတစ်ယောက်ကို ငါတွေ့လိုက်ပါပြီ။
ဒါပေမဲ့... ကိုယ့်ရင်ထဲကိုပြန်လာပါ။
မျက်မှန်တပ်ထားတဲ့ မင်းနှလုံးသားကို... ကိုယ်...
မျက်ကပ်မှန်တပ်ပေးမယ်။
မျက်ထောင့်နီနေတဲ့ မင်းကို မျက်စဉ်းခတ်ပေးမယ်။
ဒါပေမဲ့ ...
ကိုယ့်နှလုံးသားကိုတော့ ဝါးမြိုမပစ်လိုက်ပါနဲ့။
မျက်ကန်းတစ်ယောက်ကိုတော့ နားလည်ပေးပါကွာ...

3 comments:

တီချမ်း said...

မျက်ထောင့်နီနေတဲ့ ဘီလူးမတစ်ယောက်ကို ငါတွေ့လိုက်ပါပြီ။

တစ်ကောင်ဆိုပိုကောင်းမယ်
အားပေးနေတယ်
တို့လဲရေးထားတာခံစားကြည့်ပါအုံး

ဆင်းရဲသား (နင်းပြား)

ဆည်ကြီးတွေ၊ မြောင်းကြီးတွေ
ဆောက်ပေးလဲ
ဆင်းရဲတွင်းကနက်မြဲ

ဆာလောင်မှုတွေနဲ့
ဆယ်ပြားစေ့ကိုခွာနေလဲ
ဆိုက်ကားသမားအတွက်ကတော့
ဆယ်ပင်သာသာကန်စွန်းစည်းရယ်ပါ
ဆွမ်းတောင်ကပ်စရာမရှိ
ဆံပင်ညှပ်စရာပိုက်ဆံမရှိ

ဆိုင်တွေပေါ်မှာတော့
ဆီတစ်ထပ် သားတစ်ထပ်ပေါ့
ဆေးမရှိတဲ့
ဆောင်း
ဆွယ်တာကလဲမရှိတော့
ဆင်းရဲသားငါ့မှာ
ဆင်းစိုက်စိုက်စိတ်တွေကိုပိုက်ပြီး
ဆာဆာနဲ့
ဆွေးရပြန်တာပဲ

ဆံရစ်ဝိုင်းကလေးတောင်
ဆံတောက်ဖြစ်တော့
ဆတ်စလူးထပြီး
ဆတ်ဖလူးပန်းလေးကိုပန်ကာ
ဆိုင်ရာလူကိုမျှော်တတ်နေပြီလေ

ဆန်းစစနေရယ် ငါ့အတွက်ကျတော့
ဆည်းဆာတောင်ရောက်နေပြီလား
ဆွေးလိုက်တာနော်

ဆန္ဒတွေရယ်ပြည့်ပါတော့လို့
ဆုတောင်းမိပါတယ်

ဆာနေသူအတွက်ကတော့
ဆားနဲ့ပဲစားရစားရပါ
ဆိတ်တို့၊ဆတ်တို့
ဆိုတာ ဂျိုပါမပါတောင်မေ့နေခဲ့တာကြာပြီပဲလေ။ ။

A Chen
7:26 am
21st Feb 2009
Home
Bkk

မီးတောက် said...

မျက်ထောင့်နီနေတဲ့ မင်းကို မျက်စဉ်းခတ်ပေးမယ်
ဒါပေမယ့်
ကိုယ့်နှလုံးသားကိုတော့ ၀ါးမြိုမပစ်လိုက်ပါနဲ့
မျက်ကန်းတစ်ယောက်ကိုတော့ နားလည်ပါကွာ

အဲဒီစာကြောင်းတိုင်းကို ရင်ထဲကိုရောက်စေတယ်
ခင်ဗျာ ကောင်းလိုက်တဲ့ ကဗျာလေး

အဖြူရောင်နတ်သမီး said...

“မျက်လုံးကို ပြူးရောပဲ”....
ကဗျာလေးက...ကောင်းလွန်းလို့.....