...............
ပထမကမ္ဘာစစ်
ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သို့သောစစ်ပွဲမျိုး သမိုင်းတွင်တစ်ခါမှ မ
ဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး (Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ်အကြာတွင် နောက်တစ်
ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးဖြစ်လာသောကြောင့် ပထမကမ္ဘာစစ်ဟုခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်
အတွင်းတွင် စစ်သည်ပေါင်း ၉သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က သာမန်
ပြည်သူများ အများဆုံးဖြစ်သည်။ ကျဆုံးသော စစ်သည်များအား ဦးခေါင်းမှနေ၍ ခြေဖျားထိဆက်လိုက်လျှင်
၁၅၀၈၄ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ရှိသည်ဟုပြောကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်
ပတ်ပတ်ပါက ထက်ဝက်နီးခန့်ရှိမည်ဖြစ်သည်။
ပါဝင်သော နိုင်ငံများ
ပထမကမ္ဘာစစ်အတွင်းတွင် နိုင်ငံအုပ်စုကြီး နှစ်ခုပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဗြိတိန်၊ ပြင်သစ်နှင့် ရုရှတို့ပါဝင်
သော မဟာမိတ်နိုင်ငံများ (Allied powers) နှင့် ဂျာမနီ၊ သြစတြီးယားနှင့် ဟန်ဂေရီ တို့ပါဝင်သော ဗဟိုအင်
အားကြီး နိုင်ငံများ (Central power) တို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းတွင် မဟာမိတ်နိုင်ငံများ
ဘက်မှ ဂျပန်နိုင်ငံ စသောနိုင်ငံများ ပါဝင်လာပြီး ဗဟိုအင်အားကြီးနိုင်ငံများဘက်မှ တူရကီ၊ ဘူလ်ဂေးရီးယား
စသော နိုင်ငံများပါဝင်လာခဲ့သည်။ စစ်ပွဲကြီးပြီးကာနီးတွင်မှ အမေရိကန်နိုင်ငံသည် မဟာမိတ်များဘက်မှ ပါ
ဝင်လာခဲ့သည်။ စစ်ပွဲကြီးအပြီးတွင် ဗဟိုအင်အားကြီးနိုင်ငံများ ရှုံးနိမ့်၍ မဟာမိတ်နိုင်ငံများ အနိုင်ရရှိခဲ့သည်။
................
................
စစ်ဖြစ်ပွားသော နေရာများ
တိုက်ခိုက်မှုအားလုံးသည် အင်္ဂလိပ်ရေလက်ကြားမှ ဆွစ်ဇာလန်အကြား အရှေ့ဥရောပ အပါအဝင် ဥရောပ
တိုက်၌ ဖြစ်ပွားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကတိုက်တို့တွင်လည်း အနည်းငယ်ဖြစ်ပွားခဲ့
သည်။
စစ်ဖြစ်ရသည့်အကြောင်းအရင်းများ
အရင်းရှင်နိုင်ငံကြီးများအကြား အချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်လာသောကြောင့် ပထမကမ္ဘာစစ်ကြီး စတင်
ဖြစ်ပွားခဲ့သည်။ စစ်ကြီးဖြစ်ပွားစေသော အကြောင်းအရင်းများမှာ-
(၁) ကိုလိုနီနယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာခြင်း
(၂) အမျိုးသားရေးဝါဒများ ပြင်းထန်လာခြင်း
(၃) မဟာမိတ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းလာခြင်း
(၄) လက်နက်အပြိုင်အဆိုင်တပ်ဆင်လာခြင်း
စသည်တို့ကြောင့်ဖြစ်သည်။
စစ်ဖြစ်ရခြင်းအကြောင်းအရင်းများ
ပထမကမ္ဘာစစ်သည် ၁၉၁၄၊ ဇွန်လ (၂၈) ရက်နေ့တွင် သြစတြီးယားအိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် နှင့်
့်
ကြင်ယာတော်တို့ ဘော့စနီးယားနိုင်ငံ ဆာရာယေဗို မြို့တွင် လုပ်ကြံခံရရာမှ စတင်ခဲ့သည်။ ဘော့စနီးယား
နိုင်ငံသည် ၁၉၀၈ ခုနှစ်တွင် သြစတြီးယားနိုင်ငံ၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ဆားဘ်လူမျိုးများသည်
သြစတြီးယားလက်အောက်မှ လွတ်မြောက်၍ အိမ်နီးချင်း ဆားဘီးယားနှင့် ပေါင်းစည်းလိုကြသည်။ သြစတြီး
ယားမင်းသားကို လုပ်ကြံသူမှာ ဘလက်ဟန်း ဟုခေါ်သော အကြမ်းဖက်အသင်းဝင် ဘော့စနီးယားအမျိုးသား
တစ်ဦးဖြစ်သည်။ သူသည် ဆားဘီးယားနှင့် ဘော့စနီးယားပေါင်းစည်းရေးကို လိုလားသူဖြစ်သည်။ ဆားဘီး
ယားနိုင်ငံမှ ယင်းကဲ့သို့ လုပ်ကြံမှုမျိုးပေါ်ပေါက်အောင်အားပေးသည်ဟုဆိုကာ သြစတြီးယားက ဆားဘီးယား
ကို ပြင်းထန်သည့်ရာဇသံများပို့ခဲ့သည်။ သြစတြီးယား၏ ရာဇသံကို ဂျာမနီက ထောက်ခံခဲ့သည်။ ထိုရာဇသံ
ပါ အချက်အလက်များသည် ဆားဘီးယား၏ လွတ်လပ်ရေးကို ထိပါးသောကြောင့် လည်းကောင်း၊ ရုရှနိုင်ငံ၏
ထောက်ခံမှုရရှိသောကြောင့်လည်းကောင်း၊ ဆားဘီးယားသည် သြစတြီးယားကို ရင်ဆိုင်ရန် စစ်ပြင်ဆင်မှု
များ ပြုလုပ်ခဲ့သည်။ ထို့နောက် ရာဇသံကို လက်မခံနိုင်ကြောင်း၊ သြစတြီးယားအား အကြောင်းကြားခဲ့သည်။
ထို့ကြောင့် ၁၉၁၄၊ ဇူလိုင် (၂၈) တွင် သြစတြီးယားက ဆားဘီးယားကို စစ်ကြေငြာခဲ့သည်။ သြစတြီးယားနှင့်
ဆားဘီးယားတို့ စစ်ဖြစ်ရာတွင် သြစတြီးယားဘက်မှ ဂျာမနီသည်လည်းကောင်း၊ ဆားဘီးယားဘက်မှ
ပြင်သစ်၊ ရုရှ နှင့် အင်္ဂလန်တို့မှလည်းကောင်း အသီးသီးပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ကိုလိုနီခွဲဝေးပေးမည်ဟူ
သော အင်္ဂလန်နှင့် ပြင်သစ်တို့၏ ဆွဲဆောင်မှုကြောင့် ၁၉၁၅တွင် အီတလီသည် ယင်းတို့ဘက်မှ ပါဝင်တိုက်
ခိုက်ခဲ့သည်။

.................
ပထမကမ ၻာစစ္ပံုရိပ္မ်ား
Péronne မြို့မြင်ကွင်း
................
စစ်ကြီးအပြီး အမေရိကန်နှင့်ပြင်သစ် တပ်ဖွဲ့များ ဓာတ်ပုံအရုက်ခံကြစဉ်
(ရထားအမြှောက်)
...................
ဗြိတိသျှတပ်ဖွဲ့၏ အလွန်လေးလံသော လမ်းပေါ်သွားအမြှောက်
.................
အမေရိကန်၏ မိုင်၃၀ ထိကျည်ရောက်သော ရထားအမြှောက်
........................
ဂျာမန်တို့ရဲ့လက်နက်
............
ဂျာမန်တို့ရဲ့ကျည်ဆန်ခွံကြီး
................
ဒီလောက်လက်နက်ကြီးတွေနဲ့ ပစ်မှတော့ လူတွေသန်းနဲ့ချီ မသေဘဲနေပါ့မလားခင်ဗျာ။
ဒုတိယကမ္ဘာစစ်
ဒုတိယကမ္ဘာစစ်ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်းခေါ်ကြပြီး ပထမ
ကမ္ဘာစစ်၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းရှင်များက သုံးသပ်ကြသည်။ ကမ ၻာ့
အင်အားကြီး နိုင်ငံများက မဟာမိတ်နှစ်ဖွဲ့ အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနှင့် ဝင
်
ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း၁၀၀ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်
တိုက်ခိုက်ကြသူများသည် ၄င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် Science နည်းပညာများကို
သုံးစွဲကြကာ စစ်ပွဲအတွင်းအသာစီးရရန်ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်
များအပြင် အရပ်ဖက်ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်းသန်း၇၀လောက် သေကြေ ပျက်
ဆီးခဲ့ရာတွင် အများစုမှာ အရပ်သားများဖြစ်ကြသည်။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်း
အားဖြင့် အမေရိကန်ဒေါ်လာ ၁ထရီလီယံ (၁၀၀၀ဘီလီယံ၊ ဒေါ်လာသန်းပေါင်း တစ်သန်း)ခန့်မျှ ကုန်ကျခဲ့
ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရသည်။
ပထမကမ္ဘာစစ်ပွဲအပြီးအခြေအနေ
ပထမကမ္ဘာစစ်အပြီးတွင် ကျင်းပသည့် ဗာဆိုင်းညီလာခံသည် အမှန်တကယ်တွင် စစ်နိုင်နိုင်ငံများက စစ်ရှုံးနိုင်ငံများထံမှ အကျိုးအမြတ်များကို တောင်းယူခြင်း၊ စစ်ရှုံးနိုင်ငံများကို စာချုပ်ပါအချက်အလက်များ ဖြင့်တား
ဆီး ချုပ်ချယ်ရန်ကြိုးစားကြသည့်ညီလာခံသာဖြစ်သည်။ ထိုညီလာခံတွင် အကျိုးအများဆုံးအနေနှင့် အင်္ဂလိပ်
နှင့် ဂျပန်၊ ပြင်သစ်တို့သည် စစ်ရှုံးနိုင်ငံများထံမှ ကိုလိုနီနယ်အများအပြားကို လွှဲပြောင်းရယူ ပိုင်ဆိုင်ခဲ့ကြ
သည်။ စစ်ရှုံးနိုင်ငံဖြစ်သည့် ဂျာမနီ (ယခင်သြစတီးယား) မှာ ကိုလိုနီနယ်များသာမက ဥရောပတိုက်ပေါ်ရှိ
နိုင်ငံ၏နယ်နိမိတ်များကိုပါ ခွဲဝေပေးခဲ့ရသည့်အတွက် အနစ်နာဆုံးဖြစ်ခဲ့ရသည်။ စစ်ရှုံးနိုင်ငံမဟုတ်သည့်တိုင်
အီတလီမှာ မည်သည့်အကျိုးအမြတ်မှ မယ်မယ်ရရ မရရှိဘဲ တိုင်းပြည်အခြေအနေဆိုးရွားသည်သာ အဖတ်
တင်ခဲ့သည်။ စစ်နိုင်သည့် ဂျပန်မှာလည်း ဝေစုများရသည့်တိုင် လက်ျာအစွန်းရောက် အမျိုးသားရေးစစ်ဝါဒီ
များက အုပ်ချုပ်လာသည့်အတွက် နယ်ချဲ့ခြင်းကို လိုလိုလားလားပြင်ဆင်ဆက်လုပ်ရန် အားသန်နေခဲ့ပြန်
သည်။ စစ်ရှုံးနိုင်ငံများအနေနှင့်လည်း အဖက်ဖက်မှ ဖိနှိပ်ခံရသည့်အတွက် တိုင်းပြည်အခြေအနေမှာ ဆိုးဆိုး
ဝါးဝါး ဖြစ်နေခဲ့ရပြီး တိုင်းပြည်အတွင်း အစွန်းရောက်အမျိုးသားရေးဝါဒဖြစ်ပေါ်လာရေးအတွက် တွန်းအားပေး
နေသကဲ့သို့ ရှိနေခဲ့ပြန်သည်။ အပြည့်အစုံသို့
No comments:
Post a Comment