လူတစ်ယောက် အသက်ရှုတဲ့အခါ လေကို ပါးစပ် ဒါမှမဟုတ် နှာခေါင်းကနေရှုသွင်းလိုက်တယ်။ ရှုသွင်းလိုက်
တယ်။ ရှုသွင်းလိုက်တဲ့လေဟာ အသက်ရှုလမ်းကြောင်းမှာ ပါဝင်တဲ့ နေရာအဆင့်ဆင့်ကို ဖြတ်ပြီး နောက်ဆုံး
မှာ အဆုတ်ထဲကိုရောက်သွားပါတယ်။ ရင်ခေါင်းကြွက်သားမကြီးကလည်း ကြွက်သားကျုံ့ခြင်း၊ ဆံ့ခြင်းတို့ကို
ပြုလုပ်ခြင်းဖြင့် လေရှုသွင်းချိန်မှာ အောက်ဘက်ကို ကျသွားလိုက်၊ လေရှုထုတ်ချိန်မှာ အပေါ်တက်လာလိုက်
ဖြစ်ပေါ်စေပြီး အသက်ရှုတဲ့ဖြစ်စဉ်မှာ ဝင်ရောက်ပါဝင်လေ့ရှိပါတယ်။ အာရုံကြောတစ်ခုဖြစ်တဲ့ phrenic
nerve ဟာ ရင်ခေါင်းကြွက်သားမကြီးရဲ့ လှုပ်ရှားမှုနဲ့ အာရုံခံစားမှုကို လုပ်ဆောင်ပေးပါတယ်။
ကြို့ထိုးခြင်းဆိုတာ...
အကြောင်းအမျိုးအမျိုးကြောင့် ၄င်း nerve က လှုံ့ဆော်မှုကို ခံရမယ်ဆိုရင် ရင်ခေါင်းကြွက်သားများဟာ အ
လိုအလျောက်လှုပ်ရှားလာတတ်ပါတယ်။ (မျက်စေ့နဲ့မြင်ရတဲ့ကြွက်သားတွေ လှုပ်ရင်တော့ အသားလှုပ်တယ်
လို့ခေါ်ပါတယ်။ တဆတ်ဆတ်နဲ့ ဖြစ်တဲ့သဘောပါ)
အဲဒီ လှုံ့ဆော်မှုကြောင့် ကြို့ထိုးမယ့်သူဟာ အသက်ကို ပြင်းပြင်းနဲ့ မြန်မြန်ရှုလိုက်ပါတယ်။ အဲဒီအချိန်မှာ
(epiglottis) လို့ခေါ်တဲ့ လေပြွန်ဖုံးဟာ ရုတ်တရက်ပိတ်သွားပါတယ်။ ဒီအခါမှာ လေအဝင်အထွက်က ရုတ်
တရက် ရပ်သွားပါမယ်။ ဆိုတော့ လူတိုင်းကြားနေကျ ကြို့ထိုးသံလေးဖြစ်ပေါ်လာပါတယ်။ ကြို့ထိုးအောင်
လှုံ့ဆော်ပေးတဲ့ အရာအများအပြားရှိပါတယ်။ အဲဒါတွေကတော့
(၁) ရင်ပြည့်လွန်းခြင်း
အစာအိမ်ဟာ ရင်ခေါင်း ကြွက်သားမကြီးရဲ့ အောက်မှာ တည်ရှိပါတယ်။ ဒါကြောင့် အစာတွေအများကြီး စား
လိုက်မယ်ဆိုရင် အာရုံကြောကတဆင့် ရင်ခေါင်းကြွက်သားမကြီးကိုလှုံ့ဆော်မှုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်
့်
ကြို့ထိုးတာပါ။
(၂)အပူအစပ်များစားခြင်း
(၃)ဆေးလိပ်အလွန်အကျွံသောက်ခြင်း
(၄)အရက်အလွန်အကျွံသောက်ခြင်း သို့မဟုတ် တစ်ကြိမ်တည်းနှင့် အများအပြားသောက်လိုက်ခြင်း
(၅)အစာအိမ်အတွင်းနှင့် အပြင်တွင် အပူချိန်ကွာခြားမှု ရုတ်တရက်များလာခြင်း (အလွန်အေးသော၊ ပူသော
အစာများ စားမိလျှင် ဖြစ်တတ်ပါသည်။)
(၆)စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးခြင်း စတဲ့အချက်တွေဖြစ်ပါတယ်။
တစ်ချို့သော ရောဂါများဖြစ်တဲ့ (၁) ကိုယ်တွင်း ဇီဝကမ္မဆိုင်ရာ ပြဿနာများ (၂) အာရုံကြောမကြီးနှင့် ဆိုင်
သောရောဂါများ (၃) မေ့ဆေးပေးထားသောသူများ (၄) စိတ်မကျန်းမာသောသူများ (၅) အချို့သောဆီးချို
သမားများ (၆) ကျောက်ကပ်အားနည်းသူများစသည်တို့မှာ ၄၈နာရီထက်ကြာအောင် ကြို့ထိုးတတ်တာတွေ့
ရတတ်ပါတယ်။
ဘယ်လိုပျောက်အောင်လုပ်မလဲ
ကြို့ထိုးတာဟာ အချိန်တော်တော်များများမှာ သူ့အလိုလို ပျောက်တတ်ပါတယ်။ ဘာမှလုပ်ပေးစရာမလိုပါ
ဘူး။ အချိန်အရမ်းကြာလို့ ခံစားနေရတဲ့သူသိပ်မောပန်းလာမယ်ဆိုရင်တော့ ရိုးရှင်းတဲ့နည်းလေးတွေနဲ့ အရင်
စကုသနိုင်ပါတယ်။ အဲဒါတွေကတော့...
၁။ အသက်ရှုတာ ခဏအောင့်ထားလိုက်ပါ။
သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏတက်လာပါလိမ့်မယ်။ ဒါဆို သက်သာသွားပါလိမ့်မယ်။
၂။ ရေသောက်ကြည့်ပါ။
၃။ အိတ်တစ်အိတ်ထဲကို ပါးစပ်နဲ့နှာခေါင်းထည့်ပြီး အသက်ရှုသွင်းရှုထုတ်လုပ်ပါ။ ဒါဆိုလည်း ကိုယ်ရှုထုတ်
လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ကိုယ်ပြန်ရှုသလိုဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ တက်လာပါလိမ့်
မယ်။ ဒီနည်းလေးတွေက vagus nerve လို့ခေါ်တဲ့ ဦးနှောက်နဲ့အစာအိမ်အူလမ်းကြောင်းကို ဆက်သွယ်ပေး
ထားတဲ့ အာရုံကြောကို လှုံ့ဆော်ပေးပြီး ကြို့ထိုးခြင်းကို သက်သာစေပါတယ်။
၎။ သကြားကို လျှာအောက်မှာ ငုံထားပေးပါ။
အချိန်ကြာမြင့်စွာ ကြို့ထိုးနေတတ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။ ဆေးအနေနဲ့ကတော့ .....
chlorpromazine ဆိုတဲ့ဆေးကိုသောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အို
တွေကိုတော့ မတိုက်သင့်ပါဘူး။
ဆရာဝန်တစ်ယောက်အနေနဲ့ကတော့...
၁။ နှာခေါင်းပိုက် (suction tube) ကို နှာခေါင်းက တဆင့်ထည့်ပြီး ရှေ့တိုးနောက်ဆုတ် အနည်းငယ်ပြုလုပ်
ပေးခြင်းအားဖြင့် pharynx ကို လှုံ့ဆော်ပေးခြင်း။ (မသုံးမဖြစ်မှသုံးပါတယ်။)
၂။ Phrenic nerve ကို မလှုပ်ရှားအောင် လုပ်ထားခြင်း၊ ဖြတ်တောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ (လက်တွေ့
မှာ တွေ့ခဲပါတယ်။)
အချိန်တော်တော်ကြာ ကြို့ထိုးနေပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ (www.moonthetpan.com)
1 comment:
ကြို့ ထိုးခြင်းကို အလွယ်တကူ ပျောက်စေခြင်ရင် သကြားကို ရေနွေးနဲ့ ဖြော် သောက်ပါ ။ ချိုချဉ်ငုံ ပြီးရေသောက် ခြင်းဖြင့်လည်း သက်သာပျောက်ကင်း နိုင်သည် ။
Post a Comment