နိုင်ငံပိုင်သတင်းစာများရဲ့ကြေငြာချက်အရ ၂၀၀၇ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီး
ကို ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ တစ်နှစ်လုံးမှာမှ လက်ချိုးရယ်လို့ရ
တဲ့ ရုပ်ရှင်ကားများထဲမှ အကောင်းဆုံးရုပ်ရှင်ဆုများကို ချီးမြင့်မှာဖြစ်ပါတယ်။ အကယ်ဒမီ အကယ်ဒမီ နဲ့ ပြော
ပြောနေပေမယ့် မြန်မာနိုင်ငံရဲ့ အကယ်ဒမီသမိုင်းကြောင်းသိသူခပ်ရှားရှားရယ်ပါ။ ကျွန်တော်အပါအဝင်ပေါ့...
ဒီနေ့တော့ အကယ်ဒမီ ဆိုတာကြီးနဲ့ပက်သက်တဲ့ ဗဟုသုတအကြောင်းလေးကို မျှဝေပါရစေ ... ဒီလိုပါ ....
မြန်မာနိုင်ငံတွင် ရုပ်ရှင်ထုပ်လုပ်ရေးလုပ်ငန်းသည် ၁၉၂၀ပြည့်နှစ်တွင်ပေါ်ထွန်းလာခဲ့ပြီးပထမဆုံးအကယ်ဒမီ
ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ဖြစ်သည်။ ၁၉၅၂-၅၃ခုနှစ်တို့တွင် ဇာတ်ကားဆု(၃)ဆု၊ ပညာသည်ဆု
(၂)ဆုဖြင့် စုစုပေါင်းထူးချွန်ဆု(၅)ဆု ချီးမြင့်ခဲ့သည်။ ပထမအကောင်းဆုံးဇာတ်ကားဆု-ရွှေကိန္နရီရုပ်၊ ဒုတိယ
အကောင်းဆုံးဇာတ်ကားဆု-ငွေဒေါင်းရုပ်၊တတိယအကောင်းဆုံးဇာတ်ကားဆု-ကြေးခြင်္သေ့ရုပ်၊ အကောင်းဆုံး
အမျိုးသားပညာသည်ဆု-ရွှေရင်ထိုး၊ အကောင်းဆုံးအမျိုးသမီးပညာသည်ဆု-ရွှေရင်ထိုး.....စသည်ဖြင့် အဆင့်
အလိုက်ဆုများချီးမြင့်ခဲ့သည်။ ၁၉၅၂ခုနှစ်တွင် ပထမဆုံးအကြိမ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဗြိတိသျှ
ဘားမားရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ မာလာရီ ဇာတ်ကား၌အကောင်းဆုံး သရုပ်ဆောင်ထားသော
ဦးကျော်ဝင်းမှာ ပထမဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံးဆုချီးမြင့်ခြင်း
ခံရသည့်ဇာတ်ကားမှာ အေဝမ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင်ရိုက်ကူးသော ချစ်သက်ဝေ ဇာတ်ကားဖြစ်
သည်။ အဆိုပါဇာတ်ကားတွင်သရုပ်ဆောင် ကြည်ကြည်ဌေး မှာ မြန်မာ့ပထမဆုံး အမျိုးသမီး ထူးချွန်ဆုကိုရရှိ
ခဲ့သည်။
၁၉၅၄ခုနှစ်တွင် ပထမဆုံးချီးမြင့်သော ဒါရိုက်တာ ထူးချွန်ဆုကို သြော်မိန်းမ ဇာတ်ကားရိုက်ကူးသူ ဦးသုခ မှရ
ရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု ဒုတိယ ရရှိခဲ့သည်။ ၁၉၅၅ခုနှစ်
တွင်ဇာတ်ကားထူးချွန်ဆုကို ပထမ၊ဒုတိယ၊တတိယ ခွဲမနေတော့ဘဲ အကောင်းဆုံးဇာတ်ကားဆုတစ်ဆုတည်း
ကိုသာ ချီးမြင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေ
ခြင်းဖြစ်ရာအထူးဆုအနေဖြင့် ဝင်းမော်မှ ဖိုးပြုံးချို ဇာတ်ကားဖြင့် ၁၉၅၅ခုနှစ်တွင် ပထမဆုံးချီးမြင့်ခြင်းခံရပြန်
သည်။ ၁၉၅၆ခုနှစ်တွင် အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုအဖြစ် ထပ်တိုးချီးမြင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ လွမ်းငွေ့တဝေ
ဝေ ဇာတ်ကားဖြင့်ရရှိခဲ့သည်။၁၉၆၂ခုနှစ်တွင်ထူးထူးခြားခြားပေးအပ်ခဲ့သည့်ဆုမှာဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်
တစ်ခုလုံးကို အထမြောက်အောင်ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ
အတွေ့ဇာတ်ကားကြီးဖြင့် အကောင်းဆုံးဇာတ်ပို့ဆုများ အဦးဆုံးရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေးဖြစ်သည်။ အောင်
ထွန်းလေးသည် ၁၉၇၇ခုနှစ်တွင် အဖေတစ်ခုသားတစ်ခု ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင်ဆုကို
ရရှိခဲ့သည်။
၁၉၉၁ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆုအပြင်ငွေသားနှစ်သောင်းကို ချီးမြင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင်
အများဆုံး အထောက်အပံ့ပေးနိုင်သောဆုတစ်ဆုရရှိခဲ့သည်။ ထိုဆုမှာ ပရိသတ်ကို ငိုအောင်၊ရယ်အောင်၊ ရင်
ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာနိုင်ငံ၏ဂီတဖခင်ကြီး တစ်ဦးဖြစ်
သည့် ဂီတလုလင်မောင်ကိုကို မှ ၁၉၉၁ခုနှစ်တွင် မယ်သီတာလိုမိန်းကလေး ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့
သည်။ ၁၉၉၃ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြင့်ခြင်းမပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင်တပ်ဆင်သော ငွေ
ကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြင့်ခဲ့သည်။ ရှားရှားပါးပါး ပရိသတ်
သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြင့်ခဲ့သေးသည်။
ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ သရဖူ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေ
သောသူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏အဆင့်အတန်းကို
ဖော်ပြနေသောတည်းဖြတ်ဆုကို ၁၉၉၇ခုနှစ်တွင် ချီးမြင့်ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်) မှ သူ့ကျွန်မခံပြီ ဇာတ်
ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ်ချီးမြင့်ခံ
ခဲ့ရသော ဆုတစ်ဆုချင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ သိမှတ်ဖွယ်ရာ ရုပ်ရှင်ထူးချွန်ဆု သမိုင်းများကို ... ... .
ဤနေရာ တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။ (ညွှန်း-wikimyamar)
ဒီအစီအစဉ်လေးကို ပံ့ပိုးကူညီတာကတော့ ..... :)
နောင်ဆို ရုပ်ရှင်သမိုင်းအကြောင်းပြောလျှင် စူပါသည်လည်း မပါမပြီးဖြစ်တော့မည်ဖြစ်သောကြောင့်.... အခုပဲ
ဝယ်သောက်ပါတော့လို့ ကြေငြာလိုက်ရပါသည်။ စူပါကို ကြော်ငြာခလေးတောင်းဦးမှ ... :)
(ရွှင်လန်းချမ်းမြေ့ပါစေ...)
2 comments:
ကျကျနနကို ဖတ်သွားပါတယ်။
(အလှည့်ကျစနစ်ပဲ မဟုတ်လား)
နောက်နှစ်ကျွန်တော်ယူမှာ (အကယ်ဒမီဟုတ်ဘူး၊ မိန်းမ)
ခုလိုမျှဝေပေးလို့ ကျေးဇူးပါ။
အခုလို အသေးစိတ်ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ကိုကြယ်စင်ကရေ...
Post a Comment