ရဟတ်ယာဉ်
ရဟတ်ယာဉ်သည် လေထဲတွင် သွားလာနိုင်ယုံမျှမကဘဲ ဒေါင်လိုက် တည့်တည့်မတ်မတ်ပင် တက်ဆင်း နိုင်
သောယာဉ်အမျိုအစားဖြစ်ပြီး ပင့်အားရရှိနိုင်ရန် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသောပန်ကာဒလက်များတပ်
ဆင်ထားကြသည်။ ၄င်းတို့အတွက် ပင့်အားကို Rotor ဟုခေါ်သည့် ပန်ကာများမှ ရရှိကြပြီး တည့်တည့် တက်၊
ဆင်းနိုင်ကြသည်။ လေယာဉ်ပျံများထက် ရဟတ်ယာဉ်များ၏အားသာချက်မှာ တည့်တည့်တက်ဆင်းနိုင်သော
ကြောင့် ပြေးလမ်းမလိုအပ်ခြင်းနှင့် လေထဲတွင် ရပ်တန့်နိုင်ခြင်းတို့ဖြစ်သည်။ ရဟတ်ယာဉ်များသည် သယ်ယူ
ပို့ဆောင်ရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ မီးသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
နှင့် စစ်ဘက်ကဏ္ဍတို့တွင် ကျယ်ပြန့်စွာ အသုံးပြုသော ယာဉ်များဖြစ်ကြသည်။
အေဒီ (၄၀၀) ခန့်ကတည်းက တရုတ်ကလေးငယ်များသည် ပန်ကာဒလက်သုံး၍ လေထဲပျံတက်နိုင်သော က
စားစရာများ ကစားခြင်းတို့မှာ ရဟတ်ယာဉ်များပေါ်ပေါက်လာခြင်း၏ ကနဦးအစဖြစ်သည်။ ၁၇၅၄တွင် ရုရှတို့
က ပန်ကာဒလက်ကို အသုံးပြု၍ လေထဲသို့ပျံတက်နိုင်သော ယာဉ်ပုံစံကို ရေးဆွဲခဲ့ကြသည်။ ၁၈၆၀ မှ ၁၈၈၀
ကာလအတွင်း ရဟတ်ယာဉ်ပုံစံမျိုးစုံကို တီထွင်ခဲ့ကြသည်။ ၁၈၈၀တွင် သောမက်စ်အက်ဒီဆင်က ရဟတ်
ယာဉ်ပုံစံငယ်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၁၉၀၆ခုနှစ်တွင် ပြင်သစ်ညီနောင်နှစ်ဦးက ရဟတ်ယာဉ်ကို တီ
ထွင်ကြံဆခဲ့ကြပြီး ၁၉၀၇ စက်တင်ဘာ (၂၉) တွင် စမ်းသပ်ပျံသန်းနိုင်ခဲ့ရာ လေထဲတွင် တစ်မိနစ်ကြာခဲ့ပြီး အ
မြင့် (၂) ပေခန့်မြင့်အောင် ပျံသန်းနိုင်ခဲ့သည်။ ထိုနှစ်ထဲတွင်ပင် အခြားပြင်သစ် ပညာရှင်တစ်ဦးက ပေ(၂၀)အ
မြင့်သို့ ပျံသန်းနိုင်သော ရဟတ်ယာဉ်ကို တီထွင်နိုင်ခဲ့သည်။ ၁၉၅၁တွင် အမေရိကန်ရေတပ်က တာဘိုင်အင်
ဂျင်သုံးရဟတ်ယာဉ်ကို စမ်းသပ်နိုင်ခဲ့သည်။ (၁၉)ရာစုနှောင်းပိုင်းရောက်လာသောအခါ ပိုမို၍ပေါ့ပါး လျင်မြန်
ပြီး စွမ်းဆောင်ရည် မြင့်မားသော ရဟတ်ယာဉ်များ တီထွင်နိုင်လာခဲ့ကြသည်။
လီယိုနာဒို ဒါဗင်ချီသည်လည်း လေထဲသို့ဒေါင်လိုက်တက်ဆင်းပျံသန်းနိုင်ရန်လွန်သွားကဲ့သို့ဒလက်ပါဝင်သော
ပုံကို ရေးဆွဲစိတ်ကူးခဲ့ဖူးသည်။ ရဟတ်ယာဉ်တီထွင်မှုဆိုင်ရာအကြံအစည်များကို မဖြစ်နိုင်ဟုသူ့ခေတ်အခါက
လေကြောင်းဆိုင်ရာပညာရှင်များက ငြင်းဆိုနေသည့်ကြားထဲမှ ဆိုင်မော့စကီးသည် အောင်မြင်မှုရအောင် တီ
ထွင်နိုင်ခဲ့သည်။
စစ်ဘက်သုံးရဟတ်ယာဉ်များ
AH-64 Apache
တိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ အမေရိကန်နိုင်ငံမှ ထုတ်လုပ်သည်။ ပထမဆုံးပျံသန်းမှုကို
၁၉၇၅ စက်တင်ဘာ၃၀ တွင်ပြုလုပ်ခဲ့သည်။ တစ်စီးတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၈)သန်းရှိသည်။(၁၉၉၆)
ခုနှစ်မှတန်ဖိုးဖြစ်သည်။ ထိုသို့သော ရဟတ်ယာဉ်ပေါင်း ၂၀၀၀ ခန့်ထုတ်လုပ်ပြီးဖြစ်သည်။
..............
Eurocopter Tiger
၎င်းအမျိုးအစားမှာတိုက်ခိုက်ရေးရဟတ်ယာဉ်အမျိုးအစားဖြစ်သည်။ ထုတ်လုပ်သည့်ကုမ္ပဏီမှာလည်းနာမည်
အတိုင်းပင်ဖြစ်သည်။ ပထမဆုံးပျံသန်းမှုကို ၁၉၉၁ ဧပြီတွင်ပြုလုပ်ခဲ့သည်။ စတင်တာဝန်ထမ်းဆောင်သောခု
နှစ်မှာ ၂၀၀၃ခုနှစ်ဖြစ်သည်။ အသုံးပြုလျက်ရှိသော နိုင်ငံများမှာ ဂျာမဏီ၊ ပြင်သစ်၊ သြစတြေးလျ နှင့်စပိန်နိုင်
ငံတို့ဖြစ်သည်။ တစ်စီးတန်ဖိုးမှာ ကန်ဒေါ်လာ (၃၈-၄၈)သန်းဖြစ်သည်။ (wikimyanmar)
..............
ယခုအခါ စစ်ဘက်သုံးတင်မက တစ်အိမ်ထောင်စုသုံး ရဟတ်ယာဉ်များကို တစ်ချို့နိုင်ငံများတွင် လိုင်စင်ပေး
အသုံးပြုလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း များမကြာသော ကာလတွင် မတလ ရဟတ်
ယာဉ် ၊ စက ရဟတ်ယာဉ် ၊ နောက် နံပါတ်ပြားမပါသော ရဟတ်ယာဉ်များ ရောက်ရှိလာတော့မည်မှာ မြေ
ကြီးလက်ခက်မလွဲပင်ဖြစ်ပါတော့သည်။ :) :) :)
2 comments:
ဒီစာသားတွေ ကျနော် မြင်ဖူးသလိုပဲ .. . . :D
စာသားတွေ အောက်ဆုံးက Source ကို Link ပေးလိုက်ရင် ပိုကြည့်ကောင်းမယ် ထင်တယ်ဗျာ .. ။
Post a Comment