Monday, 5 December 2011

Web proxy ဖြင့် ကျော်ပြီး Gmail အကောင့်သစ် ဖွင့်နိုင်


ဂျီမေးလ်အကောင့် အသစ်ဖွင့်ရန် အခက်အခဲ ကြုံနေရာမှ ယခုအခါ ကိုယ်တိုင် အခမဲ့ အကောင့်အသစ် လျှောက်ထားနိုင်တော့မည် ဖြစ်သည်။  Unknown Object  ဆိုင်များကို အခကြေးငွေပေး၍ ဆောင်ရွက်စရာ မလိုတော့ဘဲ ယခု နည်းလမ်းကို အသုံးပြုပါက အကောင့်အသစ်ကို လွယ်ကူစွာ ရရှိနိုင်မည်။ ဂျီမေးလ် အကောင့်အသစ် ဖွင့်လိုသူများ အနေဖြင့် ဂျီမေးလ် အကောင့်ကို Web Proxy မှ ကျော်ပြီး ဖွင့်၍ ရနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဂျီမေးလ် အကောင့်များသည် ယခုအခါ သမားရိုးကျနည်းနှင့် ဖွင့်ရန် ခက်ခဲနေပြီး အခုနောက်ပိုင်း မြန်မာပြည်တွင် ဂျီမေးလ် အကောင့်ဖွင့်ရန် ခက်ခဲနေသည်မှာ ကာလ အတော်တန်ကြာခဲ့ပြီ ဖြစ်သည်။

ထိုကဲ့သို့ Proxy ကျော်ဖွင့်ရာ၌ Login Name ကို Check Availability မစစ်ရဘဲ လိုအပ်သည်များကို အားလုံး ဖြည့်စွက်ပြီး နောက်ဆုံး Account လုပ်ရန် နှိပ်လိုက်သည့်အခါ Login Name မရလျှင် ပြန်ဖြည့်ထည့်ပြီး ပြန်ဖွင့်ရမည်နည်းမှာ - ပထမဦးစွာ http://hidemyass.com ကို အရင်သွားရမည် ဖြစ်သည်။ ပြီးလျှင် Box ထဲတွင် https://mail.google.com ဟု ရိုက်ထည့်ပြီး Hide My Ass Button ကိုနှိပ်ရမည်။ ထို့သို့ နှိပ်၍ Access denied ဟုပေါ်နေလျှင် https://mail.google.com ဟု ရိုက်ထည့်ရမည်ဖြစ်ပြီး Box အောက်နားလေးမှ SSL Security ကို On ထားရသည်။ ထိုကဲ့သို့ ပြုလုပ်ပြီး Gmail Window ကျလာလျင် Creat an account ကိုကလစ်လိုက်ပြီး ပုံမှန် ဆောင်ရွက်နေကျ အတိုင်း ဖြည့်စွက်ပြီး အကောင့်ဖွင့်ရမည် ဖြစ်သည်။ သို့သော် ဤသို့ အကောင့်အသစ် ဖွင့်ရာ၌ ကွန်နက်ရှင် ကောင်းမွန်ရန် လိုအပ်ပြီး ကွန်နက်ရှင် နှေးနေလျှင် သုံးလေးခေါက်လောက် ကြိုးစားဖြည့်စွက်ပြီး ဖွင့်ရန် F5 ခလုတ်ကို နှိပ်ပေးရမည် ဖြစ်သည်။ (IT Weekly)

Tuesday, 29 November 2011

..............Coming soon.................

Monday, 28 December 2009

အင်တာနက်လက်ကိုင်ဖုန်းများ စတင်ရောင်းချ

၂၀၁၁ ဇန်နဝါရီ ၈ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည့်  9th ICT Week ပြပွဲကို ပြင်ဦးလွင် CyberCity တွင် ကျင်းပသွားမည်ဖြစ်ပြီး အင်တာနက်အသုံးပြုနိုင်သည့်  McWill ဖုန်းများကို  ကနဦးတပ်ဆင်ခ ကျပ် ငါးသိန်းဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။  ၄င်းဖုန်းသည်  လက်ကိုင်ဖုန်း အမျိုးအစားဖြစ်ပြီး  သွားလေရာ တွင်အင်တာနက်ကို  ဖုန်းလိုင်းကွန်ယက်ရှိသည့်  မည်သည့်နေရာက မဆို အဆင်ပြေစွာ အသုံးပြုနိုင်မည် ဟို သိရသည်။  ကွန်ပျူတာဖြင့်လည်း  ချိတ်ဆက် အသုံးပြုနိုင်မည့်  ၄င်းဖုန်းသည်  အမြန်နှုန်းပေါ်မူတည်၍  ကောက်ခံ သွားမည်ဟု သိရသည်။

(အင်တာနက်ဂျာနယ်)

Friday, 13 November 2009

မြန်မာ အွန်လိုင်းဘဏ်စနစ် စတင်

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းများ အဖွံ့ဖြိုးဆုံး ကာလများဖြစ်ခဲ့တဲ့ ၂၀၀၁-၂၀၀၂ ခုနှစ် တွေတုန်းက  ပုဂ္ဂလိက
ဘဏ်လုပ်ငန်းအချို့မှ အွန်လိုင်းအသုံးပြုဘဏ်စနစ်ကို စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ကြဖူးပါတယ်။
အဲဒီတုန်းက တီဗွီကြော်ငြာတွေမှာလည်း ခဏခဏတွေ့ခဲ့ဖူးပါတယ်။ ကဒ်အမျိုးမျိုး၊စက်အမျိုးမျိုးနဲ့ ငွေသွင်းငွေ
ထုတ်လုပ်ခဲ့တဲ့ပုံရိပ်တွေ စာဖတ်သူလည်းမှတ်မိကောင်းမှတ်မိနိုင်ပါလိမ့်မယ်။  ဒီလိုအဆင်ပြေချောမွေ့တဲ့စနစ်
ဟာ မကြာခင်မှာပဲ အခက်အခဲအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးကြောင့် လုံးဝပျက်သုဉ်းခဲ့ရပါတယ်။
ယခုအခါမှာတော့ မြန်မာ့စီးပွားရေးဘဏ်မှ အွန်လိုင်းအသုံးပြုဘဏ်စနစ်ကို  စတင်အကောင်အထည်ဖော်နေ
ပြီလို့သတင်းများမှာတွေ့မြင်လာရပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်ဘဏ်တွေမှာ  အွန်လိုင်းဘဏ် စ
နစ်ကို စတင်အကောင်အထည်ဖော်နေပါပြီ။ ၂၀၁၀ခုနှစ်ထဲမှာတော့ တစ်နိုင်ငံလုံးရှိဘဏ်များမှာ  ဆက်လက်
အကောင်အထည်ဖော်မယ်လို့လည်း ကြားသိရပါတယ်။

credit card နမူနာ
၎င်းအွန်လိုင်းဘဏ်စနစ်ဟာ အီလက်ထရောနစ်ဘဏ်စနစ်ဖြစ်တဲ့အတွက် အင်တာနက်အွန်လိုင်းတင်မက မိ
မိဘယ်နေရာပဲရောက်ရောက် မိမိစုထားတဲ့ငွေကိုမိမိလိုအပ်တဲ့ပမာဏအတိုင်းထုတ်ယူနိုင်မှာဖြစ်ပါတယ်။၎င်း
စနစ်ကြောင့်  ဘဏ်လုပ်ငန်းအတွက်  အချိန်ပေးရမှုတွေ  နည်းသွားမှာဖြစ်သလို  ငွေထုတ်ချင်သူတွေအတွက်
လည်း သက်သာလွယ်ကူစွာနဲ့ ထုတ်ယူခြင်း၊ လွှဲခြင်းစတာတွေကို ပြုလုပ်နိုင်မှာပါ။
အကျိုးဆက်အနေနဲ့ကတော့ အွန်လိုင်းဘဏ်စနစ်ကြောင့် ဝန်ဆောင်ခတွေ တက်သွားမှာဖြစ်ပါတယ်။  သို့ပေ
မယ့် ပုဂ္ဂလိကဘဏ်များထက်တော့ မပိုဘူးလို့လည်းဆိုပါတယ်။ ၄င်းအွန်လိုင်းဘဏ်စနစ်ကို ပြည်တွင်းအိုင်တီ
ပညာရှင်များ၊ပုဂ္ဂလိကနည်းပညာကုမ္ပဏီများမှပံ့ပိုးပေးထားပြီးအစိုးရဘဏ်စနစ်ဖြစ်တဲ့အတွက်ပုဂ္ဂလိကဘဏ်
များလို ငွေကြေးခဝါချခြင်းများ၊  ငွေကြေးမနိုင်နင်းခြင်းများ  မဖြစ်ပေါ်နိုင်ဘူး။  ရေရှည်တည်တန့်မယ်လို့လည်း
ခန့်မှန်းနိုင်ပါတယ်။
အွန်လိုင်းဘဏ် စနစ်ဖြစ်တဲ့အတွက်  အင်တာနက်အွန်လိုင်း၊  ဒစ်ဂျစ်တယ်ကီးကဒ်များကို  အသုံးပြုပြီး ဆောင်
ရွက်ရတော့မှာပါ။ မကြာသေးမီကလုပ်ခဲ့တဲ့စစ်တမ်းအရ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူဦးရေဟာ  ၁
ရာခိုင်နှုန်းပဲရှိပါတယ်။ နောက်  အင်တာနက်လိုင်းတပ်ဆင်ခ ဈေးကြီးလွန်းနေသေးတဲ့အတွက်  အိမ်တိုင်းအိမ်
တိုင်း အသုံးမပြုနိုင်ကြသေးပါဘူး။ အများစုဟာ အင်တာနက်ကဖေးဆိုင်များကို အားကိုးနေရဆဲပါ။ နောက်ပြီး
အင်တာနက်ဆက်သွယ်မှုမကောင်းပြန်ရင်လည်း စားသုံးသူတွေဘက်က စိတ်ညစ်စရာ၊ စိတ်ကသိကအောက်
ဖြစ်စရာတွေဖြစ်လာနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ကီးကဒ်များကို အသုံးပြုပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက် လျှပ်
စစ်မီးဖူလုံဖို့လည်းအရေးကြီးပါတယ်။
ယခုလောလောဆယ်အကောင်အထည်ဖော်နေတဲ့  အွန်လိုင်းဘဏ်စနစ်ကို  လောလောဆယ်  နေပြည်တော်
ရန်ကုန်နဲ့ မန္တလေးစတဲ့မြို့တွေမှာ စတင်အသုံးပြုနေပြီး  နောက်ပိုင်းမှာ   တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်
ရွက်နိုင်ဖို့စီစဉ်နေပါတယ်။ ဘဏ်တွေမှာ မည်သို့မည်ပုံဆောင်ရွက်ရမယ်၊  စနစ်တွေကဘယ်လိုရှိတယ်၊  စည်း
မျဉ်းစည်းကမ်းဥပဒေတွေက  ဘာတွေရှိတယ်၊  ဒါတွေကိုတော့  အတိအကျ ထုတ်ပြန်တာမျိုးတော့မရှိသေးပါ။
သို့ပေမယ့် မကြာမီအချိန်အတွင်းမှာ ထုတ်ပြန်တော့မယ်လို့ မျှော်လင့်ရပါတယ်။
ယခုလို မြန်မာနိုင်ငံမှာ အွန်လိုင်းဘဏ်စနစ်စတင်လာပြီဖြစ်တဲ့အတွက် paypal ကဲ့သို့ အွန်လိုင်းမှငွေချေခြင်း
လုပ်ငန်းများလည်း ပေါ်ပေါက်လာတော့မှာပါ။ ၄င်းနဲ့ အတူ ပြည်တွင်းမှာပဲ မြန်မာ့အွန်လိုင်းစီးပွားရေး၊ အင်တာ
နက် မားကတ်တင်း၊ အွန်လိုင်းမှ ပစ္စည်းဝယ်ယူခြင်း၊ အွန်လိုင်းရှော့ပင်ထွက်ခြင်း၊ စတာတွေဖွံ့ဖြိုးလာမှာဖြစ်တဲ့
အတွက်  မြန်မာ့စီးပွားရေးဘဏ်မှ  အကောင်အထည်ဖော် လုပ်ဆောင်နေတဲ့  အွန်လိုင်းဘဏ်စနစ်ကို  ကြိုဆို
ကြောင်းဖော်ပြလိုက်ပါတယ်။
(မှီငြမ်း-7daynews, livingcolour)

Tuesday, 10 November 2009

YangonUnitedFanClub


ရန်ကုန်ယူနိုက်တက်ကို အားပေးတဲ့ပရိတ်သတ်များအတွက် ဖန်ကလပ်ဖိုရမ်ထွက်ပေါ်လာပါပြီ။  ဒီဖိုရမ်ထဲမှာ
မြန်မာနေရှင်နယ်လိဂ်အသင်းပေါင်းစုံနဲ့ ပက်သက်တဲ့  သတင်းတွေ၊ ဘောလုံးသမားတွေရဲ့  အကြောင်းတွေ၊
သူတို့ရဲ့ကစားကြပုံ၊ ကွင်းတွင်းကွင်းပြင်မှ ပရိတ်သတ်အသံတွေ၊ မျှဝေခံစားလိုတဲ့အကြောင်းတွေ၊ စတာတွေ
ကိုသိရှိခံစားနိုင်ကြသလို အသင်းနဲ့ ပက်သက်ပြီး ဝေဖန်အကြံပေးလိုတာတွေကိုလည်း ကြိုဆိုလျက်ပါ။  ဒီ အ
သင်းတင်မက အခြားအသင်းများကို ကြိုက်နှစ်သက်တဲ့သူတွေလည်း ၀င်ရောက်ဆွေးနွေးဖတ်ရှုနိုင်မှာပါ။

၂၀၀၈ခုနှစ်ဒီဇင်ဘာလကစပြီးမြန်မာအစိုးရဟာနှစ်ပေါင်းတစ်ရာကျော်ကြာအပျော်တမ်းဘောလုံးစနစ်မှကြေး
စားအဆင့်သို့ ကူးပြောင်းပေးခဲ့ပါတယ်။  အဲဒီကစပြီး ကြေးစားဘောလုံးအသင်း၊  ဘောလုံးသမား၊ စတာတွေ
ပေါ်ထွန်းလာပြီး  နောက်ဆုံး  ဘောလုံးအကယ်ဒမီကျောင်းများအထိ  ဖွင့်လှစ်နိုင်ခဲ့ပါတယ်။  မြန်မာ့ဘောလုံး
လောက တိုးတက်ဖွံ့ဖြိုးဖို့ လုပ်နေတဲ့အထဲမှာ  အင်တာနက်အွန်လိုင်းမှ လှုပ်ရှားမှုများဟာလည်း တစ်ထောင့်
တစ်နေရာက ပါဝင်နေပါတယ်။ ဒီလို  ဘောလုံးအသင်းဝဘ်ဆိုဒ်များ၊ ဖိုရမ်များလွှင့်တင်ခြင်းဖြင့်  နိုင်ငံတကာ
ဈေးကွက်ကို လွယ်ကူစွာထိုးဖောက်နိုင်မှာမို့ အသင်းတိုင်းအသင်းတိုင်းဟာ  အွန်လိုင်းကို ကောင်းစွာအသုံးချ
ပြီး ၀ဘ်ဆိုဒ်များရေးသားပြီးလွှင့်တင်နေကြတာပါ။

ဒီဖိုရမ်ဟာလည်း  မြန်မာ့ဘောလုံးလောက တိုးတက်ရေး အတွက် အုတ်တစ်ချပ်  သဲတစ်ပွင့်  ပါဝင်နေတာမို့
ဘောလုံးချစ်ပရိသတ်များကလည်း  တစ်ထောင့်တစ်နေရာက လွယ်ကူစွာဝင်ရောက်ရေးသားအကြံပေးဆွေး
ကြမယ်လို့ ထင်မြင်မိပါတယ်။
(မှီငြမ်း-fwd mail)

Sunday, 8 November 2009

Criss Angel ရဲ့ ရေပေါ်လမ်းလျှောက် မျက်လှည့်ပြကွက်


မြင်တဲ့အတိုင်းပါပဲ

မျက်လှည့်ပညာရှင်  ခရစ်စ်အိန်ဂျယ်ရဲ့  မျက်လှည့်ပြကွက်များထဲက  ရေပေါ်လမ်းလျှောက်ပြတဲ့  အံ့မခန်းပြ

ကွက်တစ်ခုပါ။ သူဟာ အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ၁၉၆၇ခုနှစ် ဒီဇင်ဘာ၁၉ရက်နေ့မှာ မွေးဖွား

ပါတယ်။သူ့ကို အမေရိကန်မျက်လှည့်ပညာရှင်၊ ၀ိဇ္ဖာပညာရှင်၊ ဂီတပညာရှင်၊ အခက်အခဲများထဲကရုန်းထွက်

တတ်သူ၊ စတန့်ထွင်သမားလို့လည်းနာမည်ကြီးသလို ဒေးဗစ်ကော်ပါဖီးထက်အစွမ်းထက်သူလို့တောင် အချို့

များက တင်စားကြပါတယ်။ သူ့ကိုသူခါးကနေနှစ်ပိုင်းဖြတ်၊ အစာအိမ်ထွက်ကျလာသည့်တိုင် လှုပ်ရှားနိုင်သေး

တဲ့  သူ့ရဲ့  အံ့မခန်းပညာတွေကြောင့်ပါ။  မျက်လှည့် စိတ်ဝင်စားတဲ့သူများကတော့  သူ့ကို  ချီးကျူးကြသလို၊

ဘာသာရေးအရကောက်ချက်ချတဲ့သူများကတော့ မကောင်းဆိုးဝါးမွေးပြီးလုပ်စားတယ်။  နတ်ပူးတယ်လို့ ဝေ

ဖန်ကြပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပြကွက်များကတော့ ရေကိုဘီယာလုပ်ပြတဲ့ ပြကွက်များအပါအ၀င် အံ့ဖွယ်နဲ့ရင်

သတ်ရှုမောစရာကောင်းလှပါတယ်။ ကဲ သူ့ရဲ့ မျက်လှည့်ဗီဒီယိုကို ကြည့်ချင်တယ်ဆိုရင်တော့  ဒီလိပ်စာ  ကို

သွားလိုက်ပါ။ (wiki)

Wednesday, 4 November 2009

Web စာမျက်နှာကို PDF အခမဲ့ ပြောင်းပေးမယ့်ဆိုဒ်တွေ

Website စာမျက်နှာ ဒါမှမဟုတ် HTML တွေကနေ PDF(E-book)ကိုအွန်လိုင်းမှာအခမဲ့ပြောင်းပေးမယ့်ဆိုဒ်

ဒီဆိုဒ်ဟာ ၀ဘ်ဆိုဒ်လိပ်စာရိုက်ထည့်ပြီး ကလစ်နှိပ်ရုံနဲ့ ၀ဘ်စာမျက်နှာကို အီးဘုတ်ပြောင်းပေးပါတယ်။  တစ်

ခုကောင်းတာက ဆော့ဖ်ဝဲမလို ရီဂျစ်စတာလုပ်စရာမလိုဘဲ အွန်လိုင်းမှာတင် အလွယ်တကူအခမဲ့ပြောင်းနိုင်

တာပါ။ ပြောင်းထားတဲ့ဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ HTML တွေထည့်ပြီးလည်း ပြောင်းနိုင်ပါသေးတယ်။

www.web2pdfconvert.com




ဒီဆိုဒ်က အလွန်ရိုးရှင်းပြီး အလွန်လွယ်ကူပါတယ်။ ဒေါင်းလုပ်လုပ်တဲ့နေရာမှာလည်း လွန်စွာလျင်မြန် လွယ်

ကူပါတယ်။ အခြားဆိုဒ်တွေလို pdf ကို ဒေါင်းတဲ့အခါ ဘာမှနှိပ်လို့မရတာမျိုးမရှိပါဘူး။

တစ်ခုမကောင်းတာကတော့ မြန်မာဆိုဒ်များကိုပြောင်းတဲ့အခါ အဆင်မပြေတာပါ။ မြန်မာဘာသာ အွန်လိုင်း

အင်တာနက်ဂျာနယ်ကိုပြောင်းကြည့်တဲ့အခါ အောက်ကလို ဖြစ်သွားပါတော့တယ်။ :)


အင်တာနက်က မြန်မာဆို သိဘူးနော် :P

Tuesday, 29 September 2009

အင်တာနက်မှ ပိုက်ဆံရှာခြင်း

အင်တာနက်မှာပိုက်ဆံရှာနည်း မြောက်များစွာရှိပါတယ်။ ကုန်ပစ္စည်းရောင်းပေးရင်းပိုက်ဆံရှာခြင်း၊   အချက်
အလက်များထည့်သွင်းပေးခြင်းဖြင့်  ပိုက်ဆံရှာခြင်း၊   ဆာဗေးများလုပ်၍ပိုက်ဆံရှာခြင်း၊  စာရေးသားခြင်းဖြင့်
ပိုက်ဆံရှာခြင်း  စသဖြင့်ပေါ့။   အဲ နောက်ဆုံးတစ်ခု  အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ပိုက်ဆံရှာနည်း ကတော့
ကြော်ငြာဝဘ်ဆိုဒ်များကို ကြည့်ရှုခြင်းဖြင့် ပိုက်ဆံရှာနည်းပဲဖြစ်ပါတယ်။ PTC လို့ခေါ်ပါတယ်။

PTC = Paid To Click

ကြော်ငြာဝဘ်ဆိုဒ်များကို  ကြည့်ရှုရုံနဲ့ ပိုက်ဆံပေးတဲ့ဆိုဒ်ပါ။ အဲဒီမှာ မေးစရာတစ်ခုရှိပါတယ်။ ဝဘ်ဆိုဒ်တစ်ခု
ကြည့်ရုံနဲ့ ပိုက်ဆံတကယ်ပေးသလားဆိုတဲ့မေးခွန်းပါ။ သည်ဘက်ခေတ်တွေမှာ  အင်တာနက်မားကတ်တင်း
ဆိုတာ ခေတ်စားလာပါတယ်။ အင်တာနက်အွန်လိုင်းကနေ ထိုင်ရာမထ ပိုက်ဆံရှာနိုင်နေပါပြီ။ ဝဘ်ဆိုဒ်တစ်
ခုဝင်ကြည့်ရုံနဲ့ ပိုက်ဆံရတဲ့ပေးတဲ့ဆိုဒ်တွေ တစ်ပုံတစ်ပင်ကြီးပါ။ ဥပမာ သင်က ဝဘ်ဆိုဒ်တစ်ခုလုပ်ပြီး ခုနက
ပြောသလို ဝဘ်ဆိုဒ်တစ်ခုဝင်ကြည့်ရုံနဲ့တင် ပိုက်ဆံပေးတဲ့ဆိုဒ်တစ်ခုမှာ မိမိဝဘ်ဆိုဒ်ကို  အကောင့်လုပ်ထား
တယ်ဆိုရင် ကိုယ့်ဝဘ်ဆိုဒ်ကို တစ်ခြားသူတစ်ယောက် ဝင်ကြည့်ရုံနဲ့တင် ကိုယ်က  ပိုက်ဆံရပါတယ်။ အဲဒီလို
ဆိုဒ်တွေဟာလည်း အင်တာနက်မှာ  တစ်ပုံတစ်ပင်ကြီးပါ။ ယခုပြောမယ့်ဆိုဒ်ဟာလည်း အဲဒီလိုစနစ်ကျင့်သုံး
ထားပြီး သဘောတရားကို ပြင်ဆင်ထားတဲ့အတွက် ၄င်းဆိုဒ်မှာအကောင့်လုပ်ပြီး ကြော်ငြာကြည့်ရုံနဲ့တင် ဝင်
ငွေရနေနိုင်တာပါ။
နောက်ပြီး အင်တာနက်ဆိုတာ ယုံကြည်စိတ်ချရတဲ့ဆိုဒ် အမှန်တကယ်ရိုးသားပြီးပြောရင်ပြောတဲ့အတိုင်းလုပ်
တဲ့ဆိုဒ်များအတော်ကိုရှားပါတယ်။ များသောအားဖြင့် ယုံကြည်စိတ်ချရမှုမရှိတဲ့ဆိုဒ်တွေအများကြီးပါ။ ပိုက်ဆံ
တကယ်ပေးသလားမပေးဘူးလားဆိုတာကတော့ ကိုယ့်အတွေ့အကြုံပေါ်မှာပဲ  မူတည်ပါတယ်။  ကျွန်တော်
ကိုယ်တိုင်တွေ့ခဲ့တဲ့ ကိုယ်တိုင်ပိုက်ဆံရထားတဲ့ဆိုဒ်လေးကတော့




အထက်ပါဆိုဒ် တကယ်ပေးသလားမပေးဘူးလားဆိုတာကိုတော့ အောက်ပုံမှာရှုပါ။

Neobux မှ ပေးငွေ ၂ ဒေါ်လာ Alertpay ထဲရောက်လာသော သက်သေ

အထက်ပါပုံဟာ ကျွန်တော်ကိုယ်တိုင်အသုံးပြုပြီး ကိုယ်တိုင်ပိုက်ဆံရထားတဲ့သက်သေတစ်ခုဖြစ်ပါတယ်။  ယုံ
ကြည်တာမယုံကြည်တာ  ကျွန်တော့်အပိုင်းမဟုတ်ပါဘူး။  ၄င်းဆိုဒ်ဟာ  ၉၉.၉၉ရာနှုန်း  ပိုက်ဆံ တကယ်ပေး
ကြောင်း အာမခံပါတယ်။ ၀.၀၁ ရာနှုန်းကတော့ ၄င်းဆိုဒ်ရဲ့ စည်းကမ်းများနဲ့ မညီလို့ပဲဖြစ်ဖြစ်၊ အမှားအယွင်း
တစ်ခုကြောင့်ပဲဖြစ်ဖြစ် ၄င်းဆိုဒ်မှငွေမပေးခြင်းပါ။ စည်းကမ်းချက်များကိုလည်းနောက်ပိုင်းမှာဖော်ပြပေးသွား
မှာပါ။

Neobux ဘယ်လိုအလုပ်လုပ်သလဲ

၎င်းဟာ ကြော်ငြာဝဘ်ဆိုဒ်ကြည့်ရုံနဲ့ ပိုက်ဆံပေးပါတယ်။ စစဝင်ချင်း မန်ဘာတစ်ယောက်အနေနဲ့ တစ်နေ့ကို
ကြော်ငြာဝဘ်ဆိုဒ်လေးခု  ကြည့်ခွင့်ပေးပါတယ်။ ကြော်ငြာတစ်ခုစီကို ၀.၀၁ ဒေါ်လာပေးပါတယ်။  လေးခု ဆို
တော့ ၀.၀၄  ဒေါ်လာပေါ့။ အနည်းဆုံး ၂ ဒေါ်လာပြည့်ရင် ထုတ်နိုင်ပါပြီ။ နောက်ပိုင်းမှာ ဝင်ငွေတိုးအောင် ပြု
လုပ်နည်းများကိုလည်း ဖော်ပြပေးပါ့မယ်။

ပေးငွေကို ဘယ်လိုထုတ်မလဲ

အွန်လိုင်းမှာ ငွေချေခြင်း၊ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း စသည်များကို ခြားခံအနေနဲ့ ဆောင်ရွက်ပေးတဲ့ အဖွဲ့ အ
စည်း ဝဘ်ဆိုဒ်များရှိပါတယ်။ ၄င်းဆိုဒ်များ ထောက်ပံ့ပေးထားတဲ့  ဘယ်ဆိုဒ်မှာမဆို ငွေချေတဲ့ဆိုဒ်များမှတစ်
ဆင့် ငွေချေခြင်း အပါအဝင် ဘဏ်လုပ်ငန်းများကို လုပ်ဆောင်နိုင်ပါတယ်။  ခုပြောထားတဲ့ဆိုဒ်ဟာ ငွေချေ စ
နစ်သုံးခုကို ထောက်ပံ့ပေးထားပါတယ်။

Paypal, Alertpay and Neteller များပဲဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုဟာ  မြန်မာနိုင်ငံနဲ့ မသင့်တော်တဲ့အတွက် ချန်လှပ်ထားလိုက်ပါတယ်။  ၄င်းငွေချေဆိုဒ်များ
ကိုထောက်ပံ့ပေးထားတဲ့အတွက်  ပေးငွေများကို  အထက်ပါ စနစ်များမှတစ်ဆင့် ထုတ်နိုင်ပါတယ်။ ကိုယ့်ဆီ
ဘယ်လိုရအောင်ထုတ်မလဲဆိုတာကတာ့  မြန်မာနိုင်ငံမှ သူငယ်ချင်းများအတွက်ကတော့  အခက်အခဲတစ်ခု
အဖြစ်တည်ရှိနေပါဦးမယ်။ ဒါပေမဲ့ ယာယီသာဖြစ်ပါလိမ့်မယ်။

ရလာတဲ့ငွေတွေကို ဘယ်မှာသုံးမှာလဲ

ခုနက ပြောခဲ့တဲ့ ငွေချေဆိုဒ်များဟာ အွန်လိုင်းကနေ တစ်ဆင့် ငွေချေနိုင်တဲ့အတွက် ရလာတဲ့ပိုက်ဆံများကို
ဝဘ်ဆိုဒ်များ ဝယ်ယူခြင်း၊ ဆော့ဖ်ဝဲများဝယ်ယူခြင်းအပြင် အီးဘုတ်များဝယ်ယူခြင်း စတာတွေလုပ်ဆောင်နိုင်
ပါလိမ့်မယ်။

Neobux Account လုပ်နည်း

ကိုသွားပြီး ဘယ်ဘက်ဘောက်စ် အောက်မှ အကောင့်လုပ်သော ခလုတ်ကိုနှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။
ဘယ်ဘက်ဘောက်စ်ကတော့ ကြော်ငြာရှင်များအတွက် ဖြစ်လို့ တကူးတက ဖော်ပြမပေးတော့ပါဘူး။
Neobux ဝင်ငွေရအောင် ဘယ်လိုလုပ်မလဲ


အရင်ဆုံး Homepage မှတစ်ဆင့် login ဝင်လိုက်ပါ။ (Secondary password ချန်ထားနိုင်ပါတယ်)

ပြီးရင် ဝင်ထားတဲ့ စာမျက်နှာရဲ့ ညာဘက်ထိပ်ဆုံးမှ View advertisements ကိုနှိပ်ပါ။


အထက်ပါအတိုင်း ကြော်ငြာ လင့်ခ်လေးခုကိုတွေ့ရပါလိမ့်မယ်။ အဲဒီထဲကတစ်ခုကိုနှိပ်လိုက်ပါ။ ပုံမှာပြထားတဲ့
အတိုင်း အနီရောင်အစက်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီ အနီရောင်အစက်လေးကို နှိပ်လိုက်ရင်တော့

အောက်မှာပြထားတဲ့အတိုင်း စာမျက်နှာအသစ်တစ်ခုပေါ်လာပါလိမ့်မယ်။



အဲဒါကတော့ ကြော်ငြာရှင်တစ်ယောက်ရဲ့ဝဘ်ဆိုဒ်ပါပဲ။ စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာ အောက်ပါအတိုင်း
အကောင့်ထဲကို ငွေသွင်းလိုက်ပြီဖြစ်ကြောင်း ပြသပါလိမ့်မယ်။



ပြီးရင်တော့ ကြည့်ထားတဲ့စာမျက်နှာကို ပိတ်ပြီး ကျန်တဲ့ လင့်ခ်သုံးခုကို ဆက်နှိပ်ပြီးကြည့်ပါ။  ဝင်ဝင်ချင်း မန်
ဘာတစ်ယောက်အတွက်လေးခုပဲကြည့်ခွင့်ရှိပြီးနောက်နေ့များမှာလည်းဒီနေ့ကြည့်ခဲ့တဲ့ဆိုဒ်များကိုပဲပြန်ကြည့်
ရမှာပါ။ လင့်ခ်အသစ်များရောက်မလာပါဘူး။ တစ်ခါတစ်လေမှာတော့ တစ်ခုနှစ်ခုရောက်လာတတ်ပါတယ်။
..........................................................
စာမျက်နှာမြေပုံအနှစ်ချုပ် (အကြမ်း)


အထက်ပါပုံဟာ၎င်းဆိုဒ်ရဲ့စာမျက်နှာများပြမြေပုံပါ။အောက်မှာပေးထားတဲ့စာမျက်နှာပုံအသီးသီးကို အထက်
ပါပုံမှ လင့်ခ်များမှ တစ်ဆင့်သွားရမှာဖြစ်ပါတယ်။  ဘယ်လိုသွားရမယ်ဆိုတာ  ကွင်းစကွင်းပိတ်နဲ့  ဖော်ပြပေး
သွားမှာပါ။
........................................................
ဝင်ငွေတိုးအောင်လုပ်နည်း

ဝင်ဝင်ချင်းမန်ဘာတစ်ယောက်အနေနဲ့ တစ်နေ့ကိုကြော်ငြာလေးခုပဲကြည့်ခွင့်ရှိတဲ့အတွက် အချို့သူငယ်ချင်း
များ စိတ်မရှည်ဖြစ်ကြပါလိမ့်မယ်။ ဝင်ငွေတိုးအောင်လုပ်လို့ရတဲ့နည်းတွေ ရှိပါတယ်။  ပထမဆုံးတစ်ခုကတာ့
နှိပ်စရာဝဘ်ဆိုဒ်လင့်ခ်များကို  ဝယ်ယူခြင်းပဲဖြစ်ပါတယ်။  ၅ဒေါ်လာနဲ့ ဝယ်ယူနိုင်ပြီး နှိပ်စရာ ဝဘ်ဆိုဒ်များကို
နှစ်ဆထိတိုးလိုက်တဲ့အတွက် တစ်နေ့ဝင်ငွေပိုတိုးလာနိုင်ပါတယ်။  နောက်တစ်ခုကတော့  ကိုယ်လုပ်ထားတဲ့
အကောင့်နဲ့ အခြားသူများကို ညွှန်းပြီး အကောင့်လုပ်ကြော်ငြာကြည့်ခိုင်းခြင်းဖြင့် ၄င်း နှိပ်သောသူများထဲကမှ
တစ်ဝက်ကို ကိုယ်ကရရှိနိုင်ပါလိမ့်မယ်။



(Banners လင့်ခ်မှတစ်ဆင့်သွားပါ)
အထက်ပုံပါ လင့်ခ်များထဲမှ ကြိုက်နှစ်သက်ရာတစ်ခုကို ကော်ပီကူးယူပြီး  အခြားသူများအား  အကောင့်လုပ်
ကြော်ငြာကြည့်စေခြင်းဖြင့်  ၄င်းတို့နှိပ်သမျှထဲမှ  တစ်ဝက်ကို  ကိုယ်ကရတဲ့အတွက် အဲဒီလိုများများလုပ်လေ
ကိုယ်က ပိုက်ဆံပိုရလေဖြစ်ပါတယ်။  လင့်ခ်ကိုတိုက်ရိုက်ပေးနိုင်သလို  မိမိမှာဘလော့ဂ်တစ်ခုရှိနေရင်လည်း
ကိုယ့်ဘလော့ထဲမှာ neobux ကုဒ်ကိုယူပြီးပုံအနေနဲ့ထည့်ထားနိုင်ပါတယ်။

Referral များကို ကိုယ်တိုင်မညွှန်းပဲ ငှားရမ်းခြင်း

သူကတော့ နှိပ်နေတဲ့သူများရဲ့အကောင့်ကို ခဏငှားပြီး ၄င်းတို့နှိပ်သမျှထဲကတစ်ဝက်ကို ကိုယ်ကရရှိခြင်းပါ။
တိုက်ရိုက် နဲ့  ငှားရမ်းစနစ်နှစ်ခုစလုံးဟာ သူများနှိပ်ရင်  တစ်ဝက်ရတဲ့အတွက်  သူနှိပ်ရင် သူ့အကောင့်ထဲကို
ဝ.၀၁ ဒေါ်လာရောက်သွားသလိုကိုယ့်ထဲကိုလည်း ၀.၀၀၅ ဒေါ်လာရောက်လာပါတယ်။ တစ်လကို ၀.၇၅ ဒေါ်
လာကနေစပြီး ငှားလို့ရပါတယ်။ ငှားပြီးကိုယ်က  ထိုင်နေလို့တော့မရပါဘူး။  ကိုယ်ကလည်းနှိပ်ပေးမှ ကိုယ်ရ
တဲ့ကလစ်အရေအတွက်နဲ့မြှောက်ပြီး ပိုက်ဆံရပါတယ်။ တစ်ရက်ပျက်လို့ရှိရင်တော့ မနေ့ကပျက်ခဲ့တဲ့အတွက်
ပျက်ခဲ့တဲ့ရက်က ပိုက်ဆံကို ကိုယ်ကမရပါဘူး။ ငှားခကို ကိုယ့်အကောင့်ထဲမှာစုပြီး  ငွေချေနိုင်သလိုငွေချေတဲ့
ဆိုဒ်များကနေလည်း ငွေချေလို့ရနိုင်ပါတယ်။ အောက်ပုံကိုကြည့်ပါ။


(Account Summary > Referrals လင့်ခ်များမှတစ်ဆင့်သွားပါ)

Paypal or Alertpay အကောင့်ရှိပြီးသူများအတွက်

သည်ဆိုဒ်ဟာ အကောင့်လုပ်ပြီး အချက်ပေါင်း ၁၀၀ ပြည့်မှ Referralsများနဲ့ပက်သက်တဲ့ကိစ္စများကို လက်ခံ
ပါတယ်။ ငွေချေစနစ်များမှာ အကောင့်ရှိပြီး ပိုက်ဆံရှိပြီးသူများအတွက်ကတော့ ကလစ် ၁၀၀  နှိပ်ပြီးသွားရင်
Direct referral ရော Rental referral ရော နှစ်မျိုးစလုံးကို စိတ်ကြိုက်ငှားသုံးနိုင်ပါပြီ။



(Rented လင့်ခ်မှသွားပါ။)
ကိုယ်ငှားထားတဲ့ Referral များရဲ့ ကလစ်နှိပ်ကြော်ငြာကြည့်ထားပုံဇယားပါ။

ပုံမှာကြည့်ပါ။ အောက်ဆုံးက တစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှကြော်ငြာလင့်ခ် ၇ ခုကြည့်ပါတယ်။ ကလစ်
နှိပ်တာနည်းတဲ့သူများကိုလည်း အခြားတစ်ယောက်နဲ့လဲနိုင်ပါတယ်။ အစိမ်းရောင်ခလုတ်လေးနှိပ် ၈ဆင့်ပေး
ပြီး လဲနိုင်ပါတယ်။

Neobux မှ ငွေထုတ်နည်း

သည်ဆိုဒ်ဟာ ကနဦးမန်ဘာများအတွက် အနည်းဆုံး ၂ ဒေါ်လာပြည့်ရင် ထုတ်နိုင်ပါပြီ။ သို့သော်  ဒုတိယငွေ
ထုတ်ခြင်းမှစပြီး တစ်ဒေါ်လာစီတိုးသွားကာ နောက်ဆုံး ဆယ်ဒေါ်လာပြည့်မှ  ရပ်သွားပါတယ်။  ဆိုလိုတာက
ပထမငွေထုတ်ခြင်း  အနည်းဆုံး ၂ဒေါ်လာ ဒုတိယငွေထုတ်ခြင်း ၃ဒေါ်လာ စသဖြင့်ပေါ့။ ကနဦးမန်ဘာ တစ်
ယောက်အနေနဲ့ ဘယ်လိုငွေထုတ်ရမလဲဆိုတာ အောက်ပုံမှာကြည့်ပါ။




(Account Summary လင့်ခ်မှတစ်ဆင့်သွားပါ)
ကိုယ့်အကောင့်ထဲမှာ ၂ဒေါ်လာပြည့်ပြီးသွားရင်တော့ ညာဘက်ဆုံးက ခလုပ်လေးစိမ်းလာပြီး ထုတ်လို့ရပါပြီ။
နှိပ်လိုက်ရင်တော့ ငွေချေစနစ်နှစ်မျိုးပေါ်လာပါလိမ့်မယ်။ တစ်ခုအဆင်မပြေရင် တစ်ခုရွေးနိုင်ပါတယ်။

ငွေချေစနစ် အကောင့်မရှိသူများ အောက်ပါလင့်ခ်များကို နှိပ်ပြီး အကောင့်လုပ်နိုင်ပါတယ်။







ငွေထုပ်ပြီးဖြစ်ကြောင်း ဘယ်လိုအသိပေးမလဲ

သည်ဆိုဒ်ဟာ အထက်ပါငွေချေဆိုဒ်များကို ထောက်ပံ့ပေးထားတဲ့အတွက် ကိုယ့်အကောင့်မှာ ငွေ ၂ဒေါ်လာ
ရလာပြီဆိုရင်တော့ ထောက်ပံ့ပေးထားတဲ့ဆိုဒ်များမှ ထုတ်ယူနိုင်ပါတယ်။ သည်ဆိုဒ်ရဲ့ စည်းကမ်းချက်များအ
ရ ထုတ်ပြီးပိုက်ဆံရယူရန် ၄၈နာရီ ကြာမယ်လို့ရေးထားသော်လည်းပဲ ကျွန်တော်ထုတ်ပြီး  ပိုက်ဆံရတဲ့အချိန်
ကတော့ စက္ကန့်အနည်းငယ်သာ ကြာပါတယ်။ ၄င်းကို Instant payment လို့ခေါ်ပါတယ်။



ညာဘက်ဆုံးက စိမ်းနေပြီဖြစ်တဲ့ ခလုတ်ကလေးကို နှိပ်လိုက်ရင်တော့ အထက်ပါအတိုင်း ပြပါလိမ့်မယ်။  ငွေ
ထုတ်ပြီးသွားရင်တော့ ထုတ်ပြီးသွားကြောင်းကို  ဆိုဒ်ထဲက  အခြေအနေပြစနစ်မှာကြည့်နိုင်သလို ကိုယ်လုပ်
ထားတဲ့ ငွေချေစနစ် အီးမေးလ်ထဲသို့လည်း ငွေထည့်ပြီးဖြစ်ကြောင်း အသိပေးပါလိမ့်မယ်။ အထက်ပါအတိုင်း
စာတမ်းအစိမ်းလေးမြင်ရပြီဆိုရင်တော့ ကိုယ်လုပ်ထားတဲ့ငွေချေစနစ်အကောင့်ထဲကို ဝင်ကြည့်လိုက်ပါ။

Neobux မှပေးငွေ ၂ဒေါ်လာကို အံ့သြပျော်ရွှင်စွာ မြင်ရပါလိမ့်မယ်။


Account upgrade လုပ်နည်း

ဝင်ငွေပိုတိုးအောင်လို့ ကိုယ့်အကောင့်ကို Upgrade ပြုလုပ်နိုင်ပါတယ်။



အထက်ပါလင့်ခ်အတိုင်းနှိပ်ပြီး  အသေးစိတ်လေ့လာနိုင်ပါတယ်။ ပြုလုပ်ရန်လိုအပ်တဲ့ အချက်အလက်များကို
တော့ ညာဘက်ဘေးမှာ ဖော်ပြထားပါတယ်။  လိုအပ်ချက်သုံးခုရှိပါတယ်။ တစ်ခုချင်းစီ  ပြည့်မီသွားရင်တော့
တစ်ခုချင်းစီ ဖျက်ပစ်ပါတယ်။ နောက်ဆုံး သုံးခုစလုံးဖျက်ပစ်မှ လုပ်ဆောင်နိုင်ပါတယ်။  အသေးစိတ်လေ့လာ
ချင်သေးတယ်ဆိုရင်

After your upgrade , စာတန်းနောက်က More info ကိုနှပ်ပြီးလေ့လာနိုင်ပါတယ်။

စာမျက်နှာပြမြေပုံအနှစ်ချုပ် (အချော)



Account Summary
မိမိဝဘ်ဆိုဒ်ကိုကြော်ငြာခြင်း၊  အကောင့်ကို  ဝင်ငွေတိုးအောင်လုပ်ခြင်း၊  ပိုက်ဆံထုတ်ခြင်း၊  မိမိအကောင့်၏
လုပ်ငန်းပြဇယား၊ Referral ငှားရမ်းခြင်း၊ ဝယ်ယူခြင်းပြုလုပ်နိုင်သော လင့်ခ်များပါဝင်သည်။

Banners
တစ်ခြားသူများအား refer လုပ်ရန် လင့်ခ်များပါဝင်သည်။

Personal
မိမိအကောင့်နှင့်ပက်သက်၍အချက်အလက်များကို ပြောင်းလဲနိုင်သည်။ လျှို့ဝှက်နံပါတ်များကို ပြောင်းလဲနိုင်
သလို paypal , alertpay မေးလ်များပြောင်းရန်စာမျက်နှာဖြစ်သည်။

Advertisements
မိမိကြော်ငြာထားသော ဝဘ်ဆိုဒ်များ (ကြော်ငြာမထားလျှင် ဘာမျှပေါ်မည်မဟုတ်ပါ)

Direct
Referral link မှတစ်ဆင့်အကောင့်လုပ်နှိပ်နေသူများ၏ အချက်အလက်များကြည့်ရှုနိုင်သည်။

Rented
ငှားရမ်းထားသော Referral များ၏ ကလစ်နှိပ်နှုန်းကို သိစေရန်နှင့် လူအပြောင်းအလဲများလုပ်နိုင်သည်။

Statistics
မိမိနှိပ်လိုက်သော ကလစ်အရေအတွက်များ၊  ငှားရမ်းထားသူများ၏  ကလစ်အရေအတွက်များ  ရထားသော
ပိုက်ဆံပမာဏကို ဇယားဖြင့်ဖော်ပြထားသည်။

History
မိမိပြုလုပ်ထားသော အပြူအမူများကို  မှတ်တမ်းတင်ထားသော  အချက်အလက်များပါဝင်သည်။ ( ဘယ်နေ့
မှစ၍ မန်ဘာဖြစ်သည်။ ဘယ်သူတွေ မိမိအောက်တွင် အလုပ်လုပ်နေသည် စသည်များပါဝင်သည်။ )

စည်းကမ်းချက်များ

 ဝဘ်ဆိုဒ်တိုင်းမှာ သူ့စည်းကမ်းနဲ့သူရှိပါတယ်။  ၄င်းစည်းကမ်းများကို မလိုက်နာရင်တော့ ကိုယ့်အကောင့်ကို
ယာယီ ထိန်းသိမ်းခြင်းသော်လည်းကောင်း၊ အမြဲတမ်းထိန်းသိမ်းခြင်းသော်လည်းကောင်း   အရေးယူခံရနိုင်ပါ
တယ်။ ဒီလိုမဖြစ်ရအောင် စည်းကမ်းချက်အနည်းငယ်ကို အကျဉ်းချုပ်ဖော်ပြပေးသွားပါမယ်။

ကွန်ပျူတာ တစ်လုံးအကောင့်တစ်ခုနှုန်း

သည်ဆိုဒ်ဟာ အိမ်ကနေပိုက်ဆံရှာဖို့ လုပ်ပေးထားတဲ့အတွက် ကွန်ပျူတာတစ်လုံးကို အကောင့်တစ်ခုပဲလုပ်
ခွင့်ပေးပါတယ်။ တစ်ခုထက်ပိုသော အကောင့်များကို ယာယီပိတ်ပစ်ခြင်းသော်လည်းကောင်း၊ အမြဲတမ်းပိတ်
ပစ်ခြင်းသော်လည်းကောင်း လုပ်ခံရနိုင်ပါတယ်။

အင်တာနက်ဆိုင်များမှ အသုံးပြုခြင်း

စည်းကမ်းချက်များထဲမှာ အင်တာနက်ကဖေးဆိုင်များမှ အသုံးပြုခြင်းကို လက်မခံသော်လည်း တကယ်တမ်း
သုံးလို့ရပါတယ်။ သို့ပေမယ့် ခုနကပြောခဲ့သလို အကောင့်များကိုမမှန်မကန်လုပ်ခဲ့မယ်ဆိုရင်တော့ အရေးယူ
ခံရနိုင်ပါတယ်။

Proxy အသုံးပြုခြင်း

login ဝင်ဖို့ proxy သုံးနိုင်သော်လည်း ကြော်ငြာကြည့်ဖို့ အသုံးပြုခြင်းလက်မခံပါ။


၎င်းဟာ ဘာကိုညွှန်းတာလဲဆိုတော့ ဥပမာ ကိုယ်ကမြန်မာနိုင်ငံကနေ အကောင့်လုပ်နှိပ်နေတယ်။ နိုင်ငံခြား
ရောက်သွားရင်လည်း ဒီဆိုဒ်ကို အသုံးပြုနိုင်တဲ့သဘောပါ။  ဒါကြောင့်လက်ခံတာပါ။  ဘာကြောင့်ပြောတာလဲ
ဆိုတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံဟာ အိုင်ပီနံပါတ်များမတူသလို  အချိန်များလည်း မတူညီကြပါ။ သည်ဆိုဒ်ဟာ
တစ်နေ့ကြော်ငြာလေးခုပဲကြည့်ခွင့်ပေးဖို့ ၄င်းတင်ထားတဲ့ဆာဗာအချိန်နဲ့  ကိုယ့်နိုင်ငံရဲ့အချိန်ကို  အသုံးပြုပါ
တယ်။  ကိုယ့်အိုင်ပီပြောင်းသွားတာနဲ့  ကိုယ်ဝင်လိုက်တဲ့နိုင်ငံရဲ့   အချိန်လည်းပြောင်းသွားပါတယ်။ အဲတော့
ကြော်ငြာအသစ်ကြည့်ဖို့ကြိုးစားတယ်ဆိုပြီး မမှန်မကန်လုပ်မှုနဲ့ အကောင့်ထိန်းသိမ်းခံရနိုင်ပါတယ်။

အလိုအလျောက်နှပ်သော ဆော့ဖ်ဝဲအသုံးပြုခြင်းကို လက်မခံခြင်း

အချို့သော ကိုယ်တိုင်နှိပ်ရမှာပျင်းတဲ့သူများက  အလိုအလျောက်နှိပ်ပေးတဲ့  ဆော့ဖ်ဝဲများကို  အသုံးပြုကြပါ
တယ်။ ထိုသို့အသုံးပြုခြင်းကို ဒီဆိုဒ်က လက်မခံပါဘူး။ စစ်ဆေးတွေ့ရှိက အရေးယူခြင်းခံရနိုင်ပါတယ်။

Referral များကို မမှန်မကန်လုပ်ခြင်း

ညွှန်းခြင်းများမှ ပိုက်ဆံပေးသော်လည်း ၄င်းအညွှန်းများကို  ကိုယ်တစ်ယောက်တည်းသုံးပြီး  ပိုက်ဆံရချင်ရင်
တော့ အရေးယူခြင်းခံရနိုင်ပါတယ်။

အခက်အခဲပြဿနာများ

Login ဝင်ရန်ကြာနေခြင်း

Login ဝင်တာကြာနေရင်တော့ Refresh လုပ် စိတ်ရှည်ရှည်ထားပြီး ဝင်နိုင်ပါတယ်။

တစ်ရက်ကလစ် ၄ ခုနှုန်း

ဒီဆိုဒ်ဟာ တစ်နေ့ကို ကြော်ငြာလေးခုကြည့်ခွင့်ပေးပါတယ်။ကြော်ငြာကြည့်တာကုန်သွားပြီးနောက်တစ်ခါပြန်
ဝင်ရင်တော့ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။

You already viewed this advertisement in the last 24 hours ...


တစ်ခြားတစ်ယောက်ဝင်ကြည့်သွားခြင်း

တစ်ခါတစ်လေမှာ ကိုယ်ကဝင်ကြည့်သော်လည်း အောက်ပါအတိုင်းပြနေတယ်ဆိုရင်

Another user using your IP address already viewed 
this advertisement in the last 24 hours...


ဖိုရမ်လိုဟာမျိုးပဲဖြစ်ဖြစ် တစ်ခြား history စာမျက်နှာလိုမျိုးပဲဖြစ်ဖြစ်သွားပြီးမှ ကြော်ငြာပြန်ကြည့်ပါ။

Paypal, Alertpay (One IP per login)

၎င်းဆိုဒ်များကိုဝင်ရင် အိုင်ပီတစ်ခုတည်းနဲ့ပဲဝင်တာအကောင်းဆုံးပါ။ ပရောက်ဆီသုံးရင်လည်း တစ်မျိုးတည်း
ပဲဖြစ်ရပါ့မယ်။ သို့မဟုတ်ရင်တော့ အထက်ပါအကောင့်များအဖျက်ခံရနိုင်ပါတယ်။
(neobux အကောင့်ကိုတော့ မထိခိုက်ပါဘူး။ သို့ပေမယ့် paypal , alertpay မေးလ်ပြောင်းရပါ့မယ်)

Neobux နဲ့ ပက်သက်ပြီးလေ့လာချင်သေးတယ်ဆိုရင်



စာမျက်နှာအောက်ဆုံးကအထက်ပါလင့်ခ်များမှတစ်ဆင့် စည်းကမ်းချက်တွေ သူ့ရဲ့သဘောထားတွေကို လေ့
လာနိုင်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ကျွန်တော်ပြောခဲ့တဲ့ဆိုဒ်လေးနဲ့ပက်သက်ပြီး အတော်အသင့်သိသွားပြီဆိုတော့အွန်လိုင်း
ကနေ ပိုက်ဆံရှာပြီး အပိုဝင်ငွေရနိုင်ပါပြီ။ အဝေးရောက်နေတဲ့ သူငယ်ချင်းများ (သုံးတတ်ရင်) ၄င်းနဲ့ပိုက်ဆံရ
နိုင်ပြီး ကျောင်းတက်နိုင်သလို ဝဘ်ဆိုဒ်ဝယ်ချင်လို့ အခက်တွေ့နေတဲ့  မိတ်ဆွေတွေလည်း  ဒီကနေတစ်ဆင့်
တစ်ဖက်တစ်လမ်းက ပိုက်ဆံအပိုဝင်လာနိုင်ပါလိမ့်မယ်။ အဝေးရောက်နေတဲ့ ဖိုရမ်များ လူမှုရေးဆိုဒ်များရေး
သားနေကြတဲ့ သူငယ်ချင်းအဖွဲ့တွေလည်း တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်ပြီး ပိုက်ဆံပိုရှာနိုင်ပြီး အပို
Fund ရလာနိုင်ကြပါလိမ့်မယ်။ အားလုံးပဲအဆင်ပြေနိုင်ကြပါစေ။

For more informations, Contact : neobuxcash4mm@gmail.com


(ကြယ်စင်က စမ်းသပ်ပြီးမှ ရေးသားသည်)

Sunday, 27 September 2009

Gtalk ထဲက Google search


Gtalk ထဲမှာတင် ဆိုဒ်များကို အလွယ်တကူ ရှာလို့ရမယ့်နည်းလေးပါ။ သင့် Gtalk ထဲမှာ
webtoim1@gmail.com ကိုသာ Add လိုက်ပါ။ online ဖြစ်လာပြီဆိုရင်တော့ကြိုက်သလိုရှာနိုင်ပါပြီ

ရှာနည်းကတော့ - google(space)(texts)


ကဲ ကော်နက်ရှင်စုတ်နေတဲ့အချိန်တွေမှာ အလွယ်တကူ အသုံးတည့်တဲ့လင့်ခ်တွေကို ခဏတွင်းချင်းရှာနိုင်ပါ
လိမ့်မယ်။ အဲဒီထဲမှာ အခြားသော ဆားဗစ်များလည်း ပါပါသေးတယ်။ စမ်းကြည့်နိုင်ပါတယ်။ အဆင်ပြေပါစေ

Thursday, 3 September 2009

Gtalk မှ တစ်ဆင့် Gmail ဖွင့်နိုင်



ဂျီမေးလ်မဖွင့်တတ်သူတွေအတွက် အလွယ်ကူဆုံးနည်းလေးပါ။ ဝိုင်းပြထားတဲ့နေရာလေးကိုသာကလစ်လိုက်
လိုက်ပါ။  စက္ကန့်အနည်းငယ်ကြာတဲ့အခါ  ဂျီမေးလ်စာမျက်နှာ ပွင့်လာပါလိမ့်မယ်။ အချိန်အတော်ကြာထိ ပွင့်မ
လာရင်တော့  နှစ်ကြိမ်လောက်ထပ်နှိပ်လိုက်ပါ။   သုံးခုလောက်ပွင့်လာပါလိမ့်မယ်။  နှစ်ခုကိုပိတ်ပြီး ပထမဆုံး
ပွင့်လာတဲ့ စာမျက်နှာကိုသာ စောင့်ဖတ်ပါ။ တော်တော်နဲ့ တက်မလာဘူးဆိုတာက ကော်နက်ရှင်ကြောင့်  ဖြစ်
ပါလိမ့်မယ်။  ပွင့်လာတဲ့ ဂျီမေးလ်စာမျက်နှာဟာ မြေခွေးမီးလျှံနဲ့   ပွင့်လာဖို့များပါတယ်။  နောက်တစ်နည်းရှိပါ
သေးတယ်။ ကွန်ပျူတာ  စကရင်ညာဘက်ထောင့်အောက်နားမှာ ဝင်လာတဲ့  မေးလ်ပေါ်ကို ကလစ်နှိပ်တာပါ။
မေးလ်ထဲမှာ ပါဝင်တဲ့အချက်အလက်များကို ဂျီမေးလ်စာမျက်နှာနဲ့ တစ်ခါတည်းဖော်ပြပေးပါတယ်။ အဲဒီကနေ
မှ Inbox ထဲကို သွားနိုင်ပါတယ်။ ဖုန်းနဲ့အမှာစကားပါးထားတာကိုတော့ အဲဒီဘေးနားက ဖုန်းသင်္ကေတလေး
ကိုနှိပ်ပါ။ စာမျက်နှာအသစ်ပွင့်လာရင် နားထောင်နိုင်ပါပြီ။



မြန်မာနိုင်ငံက သူငယ်ချင်းများ အဆင်ပြေနိုင်ကြပါစေ...
(ကြယ်စင်က စမ်းသပ်ပြီးမှ ရေးသားသည်။)